Tuesday, July 30, 2013

နိုင်ငံရေးဖြစ်စဉ်အားလုံး သက်ဦးဆံပိုင် အာဏာရှင်ကြီးကပဲ ကြိုးဆွဲခဲ့

ဟိုတလောက တပ်ချုပ်ကြီးဟောင်းရဲ့မြေး ဖိုးလပြည့်က မော်တော်ပီကယ်ကို လမ်းကြောင်းရှင်းမပေးလို့ ပါး ခေါ်ရိုက်တယ်။ ခေါ်ပီး ဒူးထောက်ခိုင်းတယ်။ မျက်နာ ရေခဲရေနဲ့ ပက်တယ်။
အားလုးသိပီးသား။ ဘာမှ လုပ်လို့မရဘူး။ ထိုင်ကြည့်နေရုံပဲ။ 
အခုတစ်ခါ တပ်ချုပ်ကြီးရဲ့ ကိုယ်ရေးအရာရှိက တောင်သူလယ်သမားတွေကို သေနတ်ပြခြိမ်းခြောက်ပီး အကုန်သတ်ပစ်ပစ်မယ် တဲ့။ ခြောက်လုံးပြူးကြီးနဲ့ လူအင်အားလေးယောက်ပဲ ရှိတဲ့ လယ်သမားတွေကို ယာမြေထဲက မထွက်ရင် ပစ်မယ်ဆိုပီး ပစ္စတိုကို ဆွဲထုတ်သတဲ့။ လယ်သမားဦးကြီးများ ခွေးပြေးဝက်ပြေး ပြေးပီး ထမင်းထုပ်တောင် လယ်ကွင်းထဲ ကျန်ရစ်ခဲ့ သတဲ့။ 
အဲ့ဒါ မကျေနပ်လို့ ရဲစခန်းသွားတိုင်တော့ တရားရုံးသွားတဲ့။ တရားရုံးသွားတော့ ရဲစခန်းပြန်သွားတဲ့။ နေပြည်တော်ရဲချုပ်ရုံးသွားတော့ အမှုဖွင့်မပေးနိုင်ဘူးတဲ့။ 
စင်ကာပူက လူတွေ ပြောသလို ဆိုရင် တိုက်ချိသိုင်းပညာ နဲ့ ကစားနေကြတာလေ။ ဗမာတွေ ပြောသလိုဆိုရင်တော့ ဘောလီဘောပုတ်နေကြတာပေါ့။ 
အဘိုးကြီးနဲ့ ပက်သက်တဲ့လူဆိုရင် အခုချိန်ထိ မည်သူမည်ဝါမှ မတို့ရဲမထိရဲမဆိတ်ရဲကြလေတဲ့ မြန်မာ့တရားဥပဒေဘက်တော်သားများ သစ္စာရှိကြပုံက တော်တော်ချီးကျူးစရာကောင်းပါတကား။ 
ဒီလိုသာဆို ဗမာပြည်က အခုချိန်ထိ သက်ဦးဆံပိုင်အာဏာရှင်လက်အောက်ကမလွတ်မြောက်သေးဘူးလို့ တစ်ထစ်ချပြောလို့ရတာပေါ့နော်။
ဪ......အရုပ်တွေအရုပ်တွေ။ 
လက်ရှိ ရှိရှိသမျှ နိုင်ငံရေးဖြစ်စဉ်အားလုံးဟာ သက်ဦးဆံပိုင် အာဏာရှင်ကြီးကပဲ ကြိုးဆွဲနေတာ ကြိုးကစားနေတယ်ဆိုတာ မုချဒက်ထိပါပဲ။ 
တောင်ဒီမိုကရေစီ မြောက်ဒီမိုကရေစီ ဘီမိုကရေစီ ဘာမှ အော်မနေနဲ့။ ဘာမှမဟုတ်ဘူး။ တစ်နေ့ ဟိုကောင်မင်းဆင်းတော့ ဟိုကောင်မင်းတက်တော့ ဆိုရင် ပီးသွားပီ။ 
ဘာမှ မျှော်လင့်မနေကြပါနဲ့ လို့။