Tuesday, July 30, 2013

ကံထူး သူများ


ယခင်ဇတ်လမ်းအစက..

"ငါးနှစ်အတွင်းမှာ..ဘာလုပ်ပြမယ်..
ညာလုပ်ပြမယ်..ဆင်ဖမ်းမယ်၊ကျားဖမ်းမယ်..
ဇလီဖါးတုံးသွားကြားထိုးမယ်.."

ဟု လေကျယ်ခဲ့သော..တာဝန်ရှိပုဂ္ဂိုလ်များ..
ယခုနောက်ပိုင်းတွင်.
အသာရှိုသွားကြသည်ကို..တွေ့ရှိရပါသည်..၊

အဲဒါသည်..သူတို့အပြစ်မဟုတ်..

တိုင်းပြည်တစ်ခုကို စေတနာရှိရှိဖြင့်..
တိုးတက်အောင်မထူထောင်သူများကို..
၎င်းတို့ တစ်သက်တွင်..၊
မမြင်ဖူး..မတွေ့ဖူးခဲ့ကြသဖြင့်...
ကာလအပိုင်းအခြားကို သဘောမပေါက်ပဲ
မသိပဲ..လေထွား..ခဲ့ကြခြင်း.ဖြစ်ပါသည်.၊

ပွဲစားတစ်ယောက် ပစ္စည်းရောင်းသကဲ့သို့.
ရောင်းရရင်ပြီးရော..၊သူ့အတွက်အမြတ်ရရင်ပြီးရော..
စကားများကဲ့သို့ဖြစ်ပါသည်..၊
လွယ်လွယ်ပြောသည်..
မစားရ၀မခန်းပြောသည်.
ပြီးပြီးရောပြောကြပါသည်..၊

ယခုနောက်ပိုင်း ထပ်မံကြားလာရသော..
စကားကတော့..

"နိုင်ငံတစ်နိုင်ငံထူထောင်တာဟာမလွယ်ဘူး..
အိမ်နီးချင်းနိုင်ငံတွေလိုဖြစ်ချင်ရင်..
တဖြည့်ဖြည်းနဲ့ တစ်ဆင့်ချင်းကြိုးစားရမယ်..
လွယ်တာမှတ်လို့.."
ဟူသောစကားပင်ဖြစ်ပါသည်..

ထိုလေသံများသည်..တာဝန်ရှိသူများထံမှရော.လော်ဘီများထံမှပါ...
တစ်ပြိုင်နက်ထွက် နေသောစကားဖြစ်ပါသည်..၊

ထိုစကားသည် မှန်ကန်သောစကားပင်ဖြစ်ပါသည်..
သယံဇာတကြွယ်ဝသောတိုင်းပြည်တစ်ခုကို..
ဖွက်တက်နေသောဘ၀မှ..ပြန်ထူထောင်ရန်လွယ်ကူသည်ဟု
ယူဆနိုင်သော်လည်း၊ ကာလတိုအတွင်းအောင်မြင်အောင်
လုပ်ဆောင်ရန်မလွယ်ကူပေ..၊

အုပ်ချုပ်သူများအရည်အချင်းမရှိညံ့ဖျင်းပါက ပိုဆိုးနိုင်ပါသည်..၊

အဲသည်တော့ စဉ်းစားစရာတစ်ခုဖြစ်လာပါသည်..၊

တိုင်းပြည်ကို သူ့ကျွန်ဘ၀မှလွတ်မြောက်သကဲ့သို့..
သေချာပြန်လည်ထူထောင်နေကြရသော်လည်း..

ငါးနှစ်သက်တမ်းတစ်ခုလုံးအချိန်ပေးတာတောင်..
တိုးတက်မှုမှာ ယောင်ယောင်လေးသာသိသာစေခဲ့သည်အထိ.
အခြေအနေဆိုးခဲ့ကြသော်လည်း...၊

သမိုင်းတရားခံများမှာ..

အဘယ့်ကြောင့်..အခွင့်ထူးခံနေကြရသနည်း..

ထိုသူတို့ကို အဘယ်ကြောင့် ကာကွယ်ပေးထားရသနည်း..၊

ထိုသူများကိုအဘယ့်ကြောင့် ဖုံးဖိဖါထေးနေကြရသနည်း..၊

ထိုသူတို့၏အရှုပ်ထုတ်များကို..
ဘာကြောင့်အချိန်ပေးဖြေရှင်းနေကြသေးသနည်း..

ထိုသူတို့၏ချေးထုတ်များကို ဘာကြောင့် အလေးအနက်ထား..
ကြုံးနေကြရသနည်း...၊

ကြုံးတာကိုလူမြင်မည်စိုးသဖြင့်.
ပါးစပ်ထဲတောင်..ကောက်ထည့်ပြီး...
ဖုံးဖိလိုက်ကြသေးသည်..

အတော်ကို ရှားမှရှားသော..တိုင်းပြည်ဖြစ်ပေသည်.၊