Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, March 18, 2014

“ ဖွဲ့စည်းပုံပြင်ရေး အချိန် တစ်နှစ်ခွဲ လိုသလား ”



စည်သူအောင်မြင့်
The ladies ဂျာနယ်၊ မွန်းတည့်နေ ဂျာနယ်။ ၁၅-၃-၁၄။

အခုရက်ပိုင်း ဖွဲ့စည်းပုံ ပြင်ဆင်ပေးဖို့ ပြည်သူတွေရဲ့ တောင်းဆို ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပေမယ့် တကယ် ပြင်ဆင်ပေးဖို့ တာဝန်ယူထားတဲ့ လွှတ်တော်ထဲမှာတော့ အသံ ပြန်တိတ်ဆိတ်သွားပြန်ပါပြီ။ အကြောင်းကတော့ လွှတ်တော်နာယက သူရဦးရွှေမန်း လမ်းညွှန်လိုက်တဲ့ ဖွဲ့စည်းပုံပြင်ရေး အချိန်ဇယား သတ်မှတ်ထားမှုနဲ့ ဆွေးနွေးချက်တွေကို လျှို့ဝှက်ထားရမယ် ဆိုတဲ့ မူ စတဲ့ အကြောင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ လွှတ်တော်ထဲက ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းဟာ လွှတ်တော်နာယက သူရဦးရွှေမန်း ပြောသလို ရွေးကောက်ပွဲ မတိုင်ခင် ခြောက်လ အလို၊ တစ်နည်းအားဖြင့် အချိန်တစ်နှစ်ခွဲလောက် ယူသင့်ပါသလား၊ အဲလောက် အချိန်ယူလိုက်ရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
သူရဦးရွှေမန်းရဲ့ လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီ ဆီ ပို့တဲ့ လမ်းညွှန်ချက်မှာ အချိန်ဇယားနဲ့ ပါတ်သက်ပြီး ၁ (ဃ) မှာ “ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မကျင်းပမီ အနည်းဆုံး ၆ လ အလိုတွင် ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် လုပ်ငန်း အစီအစဉ်ပြ အချိန်ဇယား သတ်မှတ်ဆောင်ရွက်ရန်” ဆိုပြီး ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ထုတ်ပြောဖူးတာက ရွေးကောက်ပွဲကို အကြမ်းဖျဉ်းအားဖြင့် ၂၀၁၅ ဒီဇင်ဘာ ၀န်းကျင်လောက် လုပ်ပေးမယ်လို့ ဆိုပါတယ်။ သူရဦးရွှေမန်းပြောတဲ့ ရွေးကောက်ပွဲ မတိုင်ခင် ခြောက်လ ဆိုတာဟာ ၂၀၁၅ ဇွန်၊ ဇူလိုင်လောက်ကို ရည်ညွှန်းပုံ ရပါတယ်။ တိတိကျကျ ပြောမထားပါဘူး။ မတော်တဆ ရွေးကောက်ပွဲ နောက်ဆုတ်သွားရင် သူတို့ရဲ့ ဖွဲ့စည်းပုံပြင်ရေး အချိန် ဒီထက် နောက်ကျမှ ပြီးလည်း ရတယ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်စေပါတယ်။ သူရဦးရွှေမန်း အဲဒီ လမ်းညွှန်ချက် ထုတ်ပြန်ခဲ့တာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ပါ။ အကြမ်းဖျဉ်းတွက်လိုက်ရင် ဖွဲ့စည်းပုံ ပြင်ရေး အချိန် တစ်နှစ်ခွဲလောက် ထပ် ယူလိုက်တဲ့ သဘောဖြစ်ပါတယ်။
လက်ရှိ ဖွဲ့စည်းပုံ ပြင်ရေး လွှတ်တော်တွင်း ဆောင်ရွက်နေမှုဟာ ပြင်ပကို သတင်းထုတ်ပြန်ခြင်း မပြုရ ဆိုတဲ့ အချက်ကြောင့် ဘာအကြောင်းအရာတွေကို ဘယ်လို ပြင်ဆင်မယ် ဆိုတာ ပြည်သူတွေ မသိနိုင်ပါဘူး။ သူရဦးရွှေမန်းရဲ့ လမ်းညွှန်ချက်ကို စေ့စေ့စပ်စပ် လေ့လာကြည့်ရင် တိကျတာ တစ်ချက်ပဲ ပါပါတယ်။ အပုဒ် ၁။ (၅)(ဃဃ) မှာ ပါတဲ့ “ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ များနှင့် ပြည်ထောင်စုဝန်ကြီးအဆင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအဖြစ် ခန့်အပ်တာဝန်ပေးရာ၌ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များကိုသာ ခန့်အပ်ခြင်းဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ညီညွတ်မှု ရှိစေရေး ” ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကျန်တာတွေအားလုံးဟာ ခြုံငုံပြောဆိုတာတွေ ဖြစ်ပြီး တစ်ချို့ အချက်တွေကိုတော့ “လိုအပ်ပါက ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ခြင်း” ဆိုတာလောက် ပါပါတယ်။ အဓိက ပြောချင်တာကတော့ ဘာပြင်မယ် တိတိကျကျ ပြည်သူတွေ မသိနိုင်ပါဘူး။
ဒီအတွက် ကော်မတီဆီကနေ ပြင်ဆင်မယ့် မူကြမ်း တစ်ခု ထွက်လာ၊ လွှတ်တော်တွင်း တရားဝင် ဆွေးနွေးမယ် ဆိုတဲ့ အချိန်ကျမှ ပြည်သူတွေ သိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန် ပြည်သူလူထု လိုလားတဲ့၊ ပြင်စေလိုတဲ့ တကယ့် အရေးကြီးတဲ့ အချက်တွေ ပါဝင်မလာဘူးဆိုရင် လုပ်ရကိုင်ရ အတော်ခက်သွားပါပြီ။ ပြည်သူ့ဆန္ဒ ဖော်ထုတ် တောင်းဆိုကြမယ်၊ တွန်းတွန်းတိုက်တိုက် လုပ်ကိုင်ကြမယ် ဆိုရင်လည်း သိပ်မကြာခင် ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲအတွက် အနှောင့်အယှက် အဟန့်အတား ဖြစ်သွားစေနိုင်ပါတယ်။ အဲလို အနေအထားမှာ ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံတွေနဲ့ ပြည်သူလူထု ဘေးကြပ်နံကြပ် အခြေအနေ ဆိုက်စေနိုင်ပါတယ်။ ရွေးကောက်ပွဲကို ထိခိုက်ခံရမလား၊ ဒါမှမဟုတ် အဲဒီ လွှတ်တော်က ဆုံးဖြတ်တာကိုပဲ လက်ခံလိုက်ပြီး အဲဒီ ပြင်ထားပြီးသားဆိုတဲ့ ဖွဲ့စည်းပုံနဲ့ပဲ ရွေးကောက်ပွဲ ၀င်လိုက်ရမလား ဆိုတဲ့ ပြသနာမျိုးပဲ ဖြစ်ပါတယ်။
ပြောရရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာဟာ အရင် န၀တ စစ်အစိုးရက ၁၉၉၃ ခုနှစ်မှာ အမျိုးသား ညီလာခံ ခေါ်ပြီး စိတ်ကြိုက်ရေးဆွဲခဲ့တာပါ။ အားလုံးသိကြတဲ့အတိုင်း အဲဒီ ဖွဲ့စည်းပုံကို ၂၀၀၈ ခုနှစ်ကျမှ အတည်ဖြစ်အောင် လုပ်ခဲ့ကြပါတယ်။ ကြားထဲမှာ စုစုပေါင်း အချိန် ၁၅ နှစ်လောက် ယူခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတာ ၂၀၁၀ ဆိုရင် စုစုပေါင်း အချိန် ၁၇ နှစ်လောက် ကြာသွားပါတယ်။ ဒါဟာ မလိုလားအပ်တဲ့ အချိန်ဆွဲနည်းတစ်မျိုးဖြစ်တယ်ဆိုတာ ပြည်သူတွေကရော၊ နိုင်ငံတကာကရော အားလုံး သိကြပါတယ်။ အခု သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဘက်ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုပြီး စ လုပ်နေတာ ပြီးခဲ့တဲ့ ၂၀၁၃ နှစ်လည် ကတည်းကပါ။ အဲဒီ အချိန်က စ တွက်ရင် ဥပဒေကြမ်း ထွက်ပြီးသည်အထိ နှစ်နှစ်လောက် အချိန်ယူမယ် ဆိုတဲ့ အဓိပ္ပါယ် ထွက်ပါတယ်။ ဒါဟာ အတော်လေးကို မသင့်တော်တဲ့ အချိန်ယူမှု၊ အချိန်ဆွဲမှု တစ်ခုပဲ ဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် လက်ရှိ လွှတ်တော်က လုပ်နေတဲ့ ဒီ အချိန်ဆွဲတဲ့ နည်းဗျူဟာ ဟာ အရင် စစ်အာဏာရှင်တွေ ခေတ်က လုပ်သွားတဲ့ ပုံစံအတိုင်း ဖြစ်နေပြီး ပြည်သူလူထုကလည်း အတော် စိတ်ကုန်နေပါပြီ။ နိုင်ငံရေး နည်းပရိယာယ်တွေကိုလည်း မလိုချင်တော့ပါဘူး။ ဒီ ဖွဲ့စည်းပုံနဲ့ ပါတ်သက်ပြီး ပြင်ဆင်မယ့် တကယ့်မူကြမ်းတစ်ရပ်ရဖို့ စစ်တပ်၊ ပြည်ခိုင်ဖြိုး၊ အတိုက်အခံ၊ တိုင်းရင်းသား တကယ့် ထိပ်ပိုင်းက ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေး အဖြေရှာရင် ရက်တိုတိုနဲ့ ထွက်လာနိုင်ပါတယ်။ ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲ လောက်ကို ရည်ရွယ်ပြင်ဆင်မယ် ဆိုရင် နည်းနည်းကျဉ်းကျဉ်းနဲ့ ပြင်ဆင်လို့ ပြီးနိုင်ပါတယ်။ ဒါကို ပညာရှင်တွေက အချောရေး လွှတ်တော်က အတည်ပြုပေးလိုက်ရုံပါပဲ။ တကယ့်တကယ် ဒီမိုကရေစီကျဖို့၊ တိုင်းရင်းသား တန်းတူရေးကိစ္စတွေ ပိုပြီး ပြည့်စုံဖို့ကိုတော့ ၂၀၁၅ ရွေးကောက်ပွဲ အပြီးနောက်ပိုင်း တဖြေးဖြေး လုပ်သွားလို့ ရနိုင်ပါတယ်။ ဒီ အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး မြန်မြန်ဆန်ဆန် ပြီးအောင် အချိန်သတ်မှတ်ချက် ပြန်ပြင်ပါ၊ လက်တွေ့မကျတဲ့ အကြောင်းပြချက်နဲ့ ဖွဲ့စည်းပုံပြင်ရေး ခက်ခဲအောင် လုပ်မနေပဲ တွေ့ဆုံဆွေးနွေးတဲ့ နည်းကနေ မြန်မြန်ပြင်နိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

Monday, March 17, 2014

ကတိလေးတွေတည်နေတုန်းပဲလား

၂၀၁၀ အတွင်းက နေ့ရက်များဖြစ်သည်..။

ထိုအချိန်... ရိုဟင်ဂျာအမည်ခံဘင်္ဂံလီများ အား
ဝှိုက်ကဒ်များ စတင်ထုတ်ပေးနေချိန်ဖြစ်သည်..။

ဘင်္ဂံလားဒေရှ့်နယ်စပ်အကုန်လုံး..
သောသောအုပ်အုပ်ဖြစ်နေသည်..
ဌာနဆိုင်ရာများ အာဏာပိုင်များကလည်း..
လျင်သူစားစတမ်းဆိုသည့်အတိုင်း...
ကဒ်လည်း ထုတ်ပေး..လာဘ်လည်းတောင်းနေကြသည်..၊
ဘူးသီးတောင်မောင်တော ဒေသရှိ စစ်အာဏာပိုင်များအပါအ၀င်
ဌာနဆိုင်ရာများ က္ကုနြေ္ဒ ပျက်လောက်အောင်ပင်...
အူအလွန်စိုသော...ရွှေရောင်နေ့ရက်များပင်ဖြစ်သည်..။

"၀ှိုက်ကဒ်က ကန့်သတ်ထားတယ်..၊
ဦးရာလူရမယ်"..ဟု ၀ါဒဖြန့်ကာ...
ဘင်္ဂံလီများအား နည်းမျိုးစုံဖြင့်..တောင်းပြီး..
လာဘ်လာဘများ သောသောညံညံတောင်းခဲ့ကြသည်။
ဗိုက်ခွေးနမ်းခြင်းပင်တည်း..

ဘင်္ဂံလီများမှာလည်း...
ဘင်္ဂံလားဒေ့ရှ်နိုင်ငံက လက်မခံသမျှ..
အတိုးချပြီး စစ်အစိုးရအား ကျေးဇူးတင်နေကြသည်.၊
သူတို့၏ ဘ၀နှင့်ဆိုင်သော ကျေးဇူးရှင်များပင်တည်း..
သူတို့ ဘာပဲလုပ်ရလုပ်ရ လုပ်ကြမည်ဖြစ်သည်.။

ထိုအခွင့်ရေးကို ထိထိရောက်ရောက်အသုံးချလိုက်သည်ကတော့..
ကြံ့ခိုင်ရေးပါတီဝင် စစ်အာဏာရှင်များနှင့်...
ဘင်္ဂံလီအမတ်များပင်ဖြစ်သည်..။
ထိုအချိန်တွင် ရခိုင်ဒေသ၏ စည်းရုံးရေးတာဝန်ယူထားသော
ကြံ့ခိုင်ရေးပါတီမှ...ဗိုလ်ချုပ်ဟောင်းမောင်ဦးအပါအ၀င်..
ဘူးသီးတောင်မှ ကြံ့ဖွတ်ကိုယ်စာလှယ် ရွေမောင်နှင့်
မောင်တောကိုယ်စားလှယ် အောင်ဇော်ဝင်း (ရှိုင်းဆောက်လုပ်ရေး)
တို့ပင်ဖြစ်သည်..၊

ကဒ်ပေးထားပြီးသော ဘင်္ဂံလီများအားလုံးကို..
သူတို့၏ ကြံ့ခိုင်ရေးပါတီကို..မဲပေးရန်ကြိုတင်ကြံစည်ခဲ့ပါသည်၊

ထို့ကြောင့် တိုင်းရင်းသားပါတီဖြစ်သောရခိုင်ပါတီကို..
ဘူးသီးတောင်မောင်တောမြေအား ချမနင်းစေရန်
ရည်ရွယ်ချက်သည်...white card များကြောင့်..
အောင်မြင်ခဲ့ကြပါသည်.။

အသိအမှတ်ပြု ယာယီ သက်သေခံကတ်ပြား
(WHITE CARD) ကိုင်ဆောင်ထားသူများမှာ..

ဘင်္ဂလီ လူမျိုး
အသက်(၁၀)နှစ်နှင့် (၁၈)နှစ်ကြား -
ကျား (၉၈၇၉၄)ဦး၊
မ (၉၉၀၉၄)ဦး၊
ပေါင်း (၁၉၇၈၈၈)ဦး။

အသက်(၁၈)နှစ်အထက် -
ကျား (၂၂၆၁၂၇)ဦး၊
မ (၂၄၆၈၈၆)ဦး၊
ပေါင်း (၄၇၃၀၁၃)ဦး။

စုစုပေါင်း (၆၇၀၉၀၁)ဦး
(ရခိုင်ပြည်နယ်အစိုးရ စာရင်းဇယားအရ)

၂၀၁၀ ရွေးကောက်ပွဲတွင်..

ဘင်္ဂံလီ ဖွတ်အမတ် အောင်ဇော်ဝင်း ၊ ရွေမောင် ၊ ဌေးဝင်း
(၃) ဦးစလုံးသည်..ဘူးသီးတောင်နှင့်မောင်တောနယ်များတွင်..
ဝှိုကဒ်ဒ်ဖြင့်မဲပေးခွင့်ရခဲ့ကြသော..ဘင်္ဂံလီများကောင်းမှုကြောင့်..
မဲတစ်ဆ ကျော်အသာဖြင့် အနိုင်ရရှိခဲ့ပါသည်.။

ပြန်တွေးမိလေ...ရင်နာလေဖြစ်သည်..။
စစ်အစိုးရသည် ၄င်းတို့တွင်တွင်အော်ခဲ့သော..
လူမှုရေးဦးတည်ချက် များကို ၄င်းတို့ကိုယ်တိုင်..
မြောင်းထဲပစ်ချခဲ့ပေသည်။

မည်သူ အမျိုးသားသစ္စာဖေါက်သနည်း ?

----------------------

ထိုမျှဖြင့် ငြိမ်ငြိမ်မနေပဲ..၊

ဘင်္ဂံလီများအား white card ကိုင်ရာမှ..
ပန်းရောင်ကဒ်ဖြင့်နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု.
ရွေးကောက်ပွဲအနိုင်ရသွားသူ ရှိုင်းဆောက်လုပ်ရေးမှ..
ပိုင်ရှင်ဖြစ်သော.. အောင်ဇော်ဝင်းက ဘင်္ဂံလားဒေရှ့်နိုင်ငံ
ကော့ဘဇားမြို့တွင်ထုတ်ဝေသည့် DAINIK COX’S BAZAR 
သတင်းစာသို့ပြောကြားခဲ့ရုံမျှမက..

လွတ်တော်အမတ်ဖြစ်လင့်ကစား..
နယ်စပ်ဒေသရှိ ဘင်္ဂံလီမျာအား...လူမျိုတုံးသတ်ဖြတ်မှု
များအကြောင်းကို စိတ်မကောင်းသည့်လေသံဖြင့်..
အယ်လ်ဂျားဇီးယားတွင် ဘင်္ဂံလီအမတ်ရွေမောင်က..
အင်တာဗျူး ခဲ့သေးသည်..

ထိုဖြစ်စဉ်များကို လွှတ်တော်ထဲတွင်အင်အားအများဆုံးဖြစ်သော
ပြည်ခိုင်ဖြိုးပါတီနှင့် ၂၅ ရာခိုင်နှုန်းသော စစ်ဗိုလ်များက..
တုတ်တုတ်မျှ မလှုပ်ဝံ့ခဲ့ကြချေ...၊
တစ်သံမျှ...ထွက်ခြင်း..ပြုခြင်းမရှိပါချေ..။

ထိုဘင်္ဂံလီအမတ်များကို ပြန်ကြည့်ပါကလည်း..
ရိုဟင်ဂျာသမိုင်းလိမ်လူမျိုးကို ထောက်ခံသူများဖြစ်နေပြီး
ထိုသူတို့ရာဇ၀င်မှာ ၁၉၈၈ နောက်ပိုင်းမှ ရန်ကုန်မြို့သို့
နယ်စပ်ဒေသဖြစ်သော..မောင်တောမြို့နယ် ငခူရစသော
ဒေသများမှ လာရောက်အခြေချပြီး..
အရှင်မွေးနေချင်းကြီးဆိုသလို..လုပ်ပိုင်ခွင့်များ ရနေသည်မှာ
မြင်မကောင်းအောင်ဖြစ်နေချေပြီ...
အပေးအယူများလည်း ရှိခဲ့သည်ဟုသိရသည်..

မည်သူနှင့်အပေးအယူရှိသည်ကို လေ့လာလိုကလေ့လာစေလိုပါသည်။

သမိုင်းတရားခံ လို့ သတ်မှတ်ပါက လွန်မည်မထင်ပေ..၊

--------------------------

ရင်နာစရာအကောင်းဆုံးအချက်တစ်ခုကိုထပ်မံပြောပြလိုပါသည်။

လူအများမသိစေအောင် ဖွတ်လော်ဘီများမှဖုံးကွယ်ထားချက်ပင်ဖြစ်သည်

NLD လွှတ်တော်ထဲဝင်ပြီးကာစ..NLD က ဒေါက်တာမြတ်ဥာဏစိုးရဲ့ "
အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ နိုင်ငံတွင်း ၀င်ရောက်နေခြင်း၊ 
မသမာသောနည်းဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းကို
စီမံချက်ချမှတ် အရေးယူရန်" ဆိုတဲ့ အဆိုတစ်ခုတင်လိုက်ပါသည်။

ဖွတ်ပါတီ..တမတ်သားများကို..
ခါယမ်းသွားစေမဲ့...
ပထမဆုံးဆောက်နဲ့ထွင်းခဲ့သောအဆိုပင်ဖြစ်သည်။

သူပြောတာလေးကို ပြန်တင်ပြရရင်..။

''အိမ်နီးချင်းနိုင်ငံများက လူမျိုးခြားများ စိမ့်ဝင်ရောက်ရှိနေခြင်း၊
နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မသမာသော နည်းလမ်းများဖြင့် 
ရယူ ကိုင်ဆောင်ထားခြင်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ..လူဦးရေ အများဆုံး နိုင်ငံနှစ်ခုကြားမှာ ရှိပါတယ်။
အနောက်ဘက်မှာဆိုရင် လူဦးရေ သန်း ၂၀၀ နီးပါးရှိပြီး 
လူဦးရေပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံနဲ့လည်း
နယ်နိမိတ်ချင်း မိုင်ပေါင်းရာချီ ထိစပ်နေတဲ့ နိုင်ငံနဲ့လည်း ထိစပ်နေပါတယ်။
မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ လူမျိုးခြားတွေ ၀င်ရောက်နေပါတယ်။
အနောက်ဘက်မှာလည်း သူတို့နိုင်ငံရဲ့ အကျယ်အ၀န်းနဲ့ မမျှတဲ့အတွက် 
လူမျိုးခြားတွေ စိမ့်ဝင်လာနေတာကို စိုးရိမ်ဖွယ် တွေ့ရပါတယ်။
နိုင်ငံသား ဥပဒေတွေလည်း ရှိပါတယ်။ 
တရားမ၀င် ၀င်ရောက်လာတာတွေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့
မညီညွတ်တာတွေအပြင် သူတို့ရဲ့ မျိုးဆက်တွေဟာ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ထားတာ တွေ့ရပါတယ်။ 
အကျင့်ပျက်၊ ခြစားကာ တိုင်းပြည်ရဲ့ မျက်နှာမထောက်တဲ့
အကျင့်ပျက်ဝန်ထမ်းတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ခဲ့ရတာတွေကို တွေ့နေ ရပါတယ်။
နိုင်ငံသား စိစစ်ရေးကတ်မှာ အချက် အလက်တွေ အကုန်မထည့်ဘဲ 
ထုတ်ပေးရတာတွေ ရှိပါတယ်။
ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ မငြိမ်မသက်ဖြစ်စေဖို့ ပြုလုပ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။
တရားမ၀င် စိမ့်ဝင်လာတာတွေ၊ စိစစ်ရေးကတ် ကိုင်ထားတာတွေ၊ 
လူမျိုးခြားတွေကို အရေးယူပေးဖို့ အချိန်ရောက်နေပါပြီ'' ......

ထိုသို့ ရဲရဲတောက်တင်ပြခဲ့သော..NLD ပါတီရဲ့အဆိုအား..
NLD ပါတီနှင့် ရခိုင်ပါတီမှလွဲပြီး...ထောက်ခံမည့်သူမရှိပေ..။

ထိုအဆို ရှုံးနိမ့်သွားပါသည်.. ၊ မှတ်တမ်းတင်ခြင်းတောင်မခံရပါ။

--------------------

နောက်တစ်ခုလည်းရှိပါသည်..

ရခိုင်ပါတီမှ...ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒါက်တာအေးမောင်ရဲ့ အဆိုပါ.၊

"၂၀၁၂ ခုနှစ်၊ဇွန်လအတွင်းရခိုင်ပြည်နယ်၌ အင်္ဂလီဆူပူမှုကြောင့်ဖြစ်ပွားခဲ့သည့်
ပဋိပက္ခများအပေါ် ဆင်ခြင်သုံးသပ်ပြီး နိုင်ငံတော်၏ အချုပ်အခြာ အာဏာ 
တည်တံ့ခိုင်မြဲရေးအတွက် နယ်စပ်လုံခြုံရေး၊ 
နယ်မြေအုပ်ချုပ်ရေးနှင့် လူဝင်လူထွက် စီမံခန့်ခွဲရေးဆိုင်ရာ မဟာဗျူဟာမြောက်ရေတို၊ ရေရှည်အထူးအစီအမံတို့ဖြင့်
ဦးစားပေးဆောင်ရွက်ရန်..ဆိုတဲ့အဆိုပါ..

အဲဒီအဆိုလည်း ကန့်ကွက်ခံရပြီး စုတ်ပြတ်သတ်စွာရှုံးနိမ့်ခဲ့ရပါတယ်..
ဘယ်သူတွေထ ကန့်ကွက်တာလဲ ဆိုတော့..ဖွတ်ပါတီမှ ဦးလှဆွေပါ..၊

---------------------

နောက်ဆုံးတစ်ခု ကျန်ပါသေးတယ်..
ဒေါက်တာအေးမောင်ရဲ့ အဆိုပဲဖြစ်ပါတယ်..၊

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (က) တွင် 
ပါရှိသော "နိုင်ငံ သား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ်
ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထား သူ ဖြစ်ခြင်း" ဆိုသည့်
စကားရပ် အစား "နိုင်ငံသားဖြစ်ခြင်း"နိုင်ငံ သား၊ ဧည့်နိုင်ငံသား၊
နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထား သူ ဖြစ်ခြင်း"
ဆိုသည့် စကားရပ် အစား "နိုင်ငံသားဖြစ်ခြင်း" ဟု
ပြင်ဆင် သင့်ကြောင်း အဆိုဖြစ်ပါတယ်။။

အဲဒီအဆိုလဲ ကန့်ကွက်ခံရပါတယ်...
ထုံးစံအတိုင်း ဦးလှဆွေပါပဲ

------------------------------ 

နောက်ဆုံးပြောရရင်... 
NLD အပါအ၀င်
နိုင်ငံရေးပါတီတွေနဲ့ ရခိုင်ပါတီတွေဟာ.....
အမျိုးသားရေးနဲ့ပတ်သက်ပြီး..လုပ်နိုင်သလောက်
လုပ်ခဲ့ကြတာကိုတွေ့ရပါတယ်..၊

အဲဒါကိုဖိအားပေးကန့်ကွက်လို့မအောင်မြင်တာကိုကျတော့
လက်ညိုးမထိုရဲ့...မဝေဘန်ရဲကြပဲ..

အထောက်အထားမဲ့ စကားတွေနဲ့..
ဖွတ်လော်ဘီတွေရဲ့ flow မှာမြောပါပြီး..
ကလေးကလား...အဓိပ္ပါယ်မရှိတာတွေကို..
မလုပ်ကြဖို့ပြောလိုပါတယ်..၊

သမိုင်းတရားခံ..စစ်စစ်ကို...ကြည့်တတ်ရင်မြင်ကြမှာပါ။

OIC အခုတစ်ခေါက် ဘာလာလုပ်တာလဲ..?
ဆိုတဲ့..အနေအထားလေးကို လေ့လာရင်..

အထက်မှာဖေါ်ပြခဲ့တဲ့ ဘင်္ဂံလီ ၈ သိန်း ကို
ကိတိခံထားတဲ့ ဦးသန်းရွှေရဲ့ စကား..
အသက်ဝင်နေတုန်းဆိုတဲ့အချက်ကို...
မသိချင်ယောင်ဆောင်နေလို့ မရနိုင်တော့ဘူးဆိုတာ
သဘောပေါက်ကြပေါ့ဗျာ..။

(လွပ်လပ်စွာရှဲကြပါ)
Thunder Payit

Sunday, March 09, 2014

**ရခိုင်သွေးချင်းမောင်နှမတို့ မမေ့သင့်သောသမိုင်း**

**ရခိုင်သွေးချင်းမောင်နှမတို့ မမေ့သင့်သောသမိုင်း**

စစ်အာဏာရှင်တို့သည် တိုင်းရင်းသား လူနည်းစု စာပေ၊ သမိုင်းပညာရှင်များကို နည်းအမျိုးမျိုးဖြင့် လုပ်ကြံ သတ်ဖြတ် ထောင်သွင်း အကျဉ်းချခဲ့ကြသည်မှာ ကြိမ်ဖန်များစွာ ရှိခဲ့ပြီ ဖြစ်သည်။

ရခိုင် သုတေသီ ပညာရှင်များအား စစ်အာဏာရှင်တို့ လုပ်ကြံမှုမှာ မြန်မာ စာပေပညာရှင်၊ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်ရင် အား ၁၉၆၆ ခုတွင် လုပ်ကြံ သတ်ဖြတ်ခြင်း မှ စတင်သည်ဟု ဆိုနိုင်သည်။ ဆရာကြီး ဦးကျော်ရင်သည် ရခိုင်ပြည်နယ် သံတွဲ ဇာတိဖြစ်ပြီး၊ မြန်မာစာ ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်စဉ်က ရခိုင်စာပေ ထွန်းကား ပြန့်ပွားရေးကို အစဉ်တစိုက် လုပ်ဆောင်ခဲ့သည်။ သူ့အား ဗိုလ်နေ၀င်းက ဘာမဟုတ်သည့် ဖြစ်ရပ်တစ်ခု အတွက် သတ်ဖြတ်ခဲ့လေသည်။ ၁၉၆၆ ခုနှစ် ရန်ကုန်မြို့ ပညာရေးနှီးနှော ဖလှယ်ပွဲ၏ ညစာ စားပွဲ တွင် အက ဖျော်ဖြေမှု တင်ဆက်နေချိန်တွင် ဖြစ်ပါသည်။ ရှေ့ဆုံးတန်းမှ ဗိုလ်နေ၀င်းနှင့် သူ့ဇနီး ဒေါ်နီနီမြင့်တို့ ရှေ့ဆုံးတန်းတွင် ထိုင်စဉ်၊ သူတို့ နောက်မှ ဦးကျော်ရင်က အမှတ်မထင် တံတွေး ထွေးမိခဲ့သည်။ ထိုတံထွေး ဒေါ်နီနီမြင့် ကို စဉ် မိရာမှ ဗိုလ်နေ၀င်းက စတင်ထိုးကြိတ်ပြီး၊ သူ့တပည့်များက “အဘ မလုပ်နဲ့ ကျွန်တော်တို့ ကြည့်လုပ်လိုက်မယ်” ဟု ဆိုကာ လူမဆန်အောင် နှိပ်စက် ညှင်းပန်းလိုက်သဖြင့် သေဆုံး သွားခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က သတင်းစာများတွင် အသဲရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါများဖြင့် ကွယ်လွန်ကြောင်း ဖော်ပြခဲ့ကြသည်။

လုပ်ကြံမှုကြောင့် ဒုတိယ မြောက် သေဆုံးရသူမှာ သုတေသီ ပါမောက္ခ ဦးစံသာအောင် ဖြစ်ပါသည်။ ဦးစံသာအောင်သည် ရူပဗေဒ ပါမောက္ခ ဖြစ်သော်လည်း ရခိုင်သမိုင်းဆိုင်ရာ စာအုပ်များစွာကို ရေးသားခဲ့သည်။ ထင်ရှားသည့် စာအုပ်များမှာ ရခိုင်ပြည်သုံး အက္ခရာ၊ အာနန္ဒစန္ဒြ ဝေသာလီမင်း၊ ရခိုင်ဒင်္ဂါးများ၊ ရခိုင် ဗုဒ္ဓအနုပညာ စသည့် စာအုပ်များဖြစ်သည်။ ရခိုင်ပြည်သုံး အက္ခရာ စာအုပ်တွင်၊ မြန်မာစာသည် ဝေသာလီခေတ် ရခိုင်အက္ခရာများမှ ဆင်းသက်နိုင်ကြောင်း၊ အထောက်အထား စုံလင်စွာ တင်ပြခဲ့သည်။ ထိုဖြစ်ရပ် အတွက် စစ်အာဏာရှင်တို့၏ ရန်ငြိုးထားခြင်း ခံရကာ၊ နာမကျန်း၍ ဆေးရုံတက်နေစဉ် ၁၉၈၁၊ မေ ၂၅ ရက် တွင် လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ဆရာကြီး ဦးစံသာအောင် ကွယ်လွန်ခြင်းကိုလည်း အဖျားရောဂါ ဟု နာမည်တပ်ခဲ့ကြသည်။

ထို့နောက် လုပ်ကြံ သတ်ဖြတ် ခံရသူမှာ ရခိုင်သမိုင်း ပညာရှင် ပဏ္ဍိတ် ဦးဦးသာထွန်း ဖြစ်ပါသည်။ ဆရာကြီး ဦးဦးသာထွန်းသည် ရခိုင်ရာဇ၀င် ကျမ်းများ၊ သမိုင်း စာအုပ်များသာမက၊ ရခိုင်ကျောက်စာ ပေါင်းချုပ်၊ ရခိုင်ကျောက်ဆစ်လက်ရာများ လေ့လာချက်၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ရခိုင်စည် ပြုလုပ်ပုံနှင့် တီးကွက် တီးလုံးများ၊ ရခိုင် ထိမ်းမြားမင်္ဂလာ ပန်းတျား တီးလုံး၊ တီးကွက်နှင့် ပြုလုပ်ပုံ၊ ရခိုင် သတ်ပုံ သတ်ညွှန်းခွဲထားခြင်း အဓိပ္ပာယ်ထွက်ပုံ စသည့် စာပေများ၊ ကောက်ဦးဆွမ်းတင်၊ ပိုးဝါ၊ ဗုဒ္ဓ ပူဇနိယ ဆီမီးခွက် အက၊ စသည့် တေးသီချင်းများကိုပါ ရေးသား ပြုစုခဲ့သည်။ ထိုကဲ့သို့ ယဉ်ကျေးမှု သမိုင်းများကို ဖော်ထုတ်သဖြင့် စစ်ဝါဒီတို့သည် ဆရာကြီးအား အငြိုးထားကာ မတရား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ် အပြစ်ပေးကာ စစ်တွေထောင်တွင် အကျဉ်းချ ထားခဲ့ရာမှ ထောင်ကျပြီး ၅ လ အကြာ ၁၉၉ဝ သြဂုတ် ၁၄ တွင် ကွယ်လွန်ခဲ့သည်။ ထောင်ထဲတွင် နအဖ စစ်ဝါဒီများက ဆရာကြီးအား ထမင်းကျွေးရာတွင် စိန် အစ ရှိသော အဆိပ်ပါသည့် အစားအစာများအား နေ့စဉ်လိုလို အနည်းငယ် ထည့်ကျွေး လုပ်ကြံခဲ့သည်ဟု ရခိုင် အမျိုးသားများက ယုံကြည်နေကြသည်။ သို့သော်လည်း နအဖ စစ်အာဏာရှင်များက ဆရာကြီး သေဆုံးရခြင်းသည် ဦးခေါင်းတွင် သွေးမတိတ်သည့် ရောဂါ (Cerebral Haemorrhage) ဖြင့် အကျဉ်းထောင် ဆေးရုံတွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း The Truth အမည်ရှိ ဆောင်းပါးများကို လုပ်ကြံ ဖန်တီး ရေးသားခဲ့သည်။

ထိုနည်းတူ ထင်ရှားသော ရခိုင်အမျိုးသား ပါမောက္ခ ဒေါက်တာ ဧကျော်နှင့် သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းတို့ကိုလည်း အကြောင်းအမျိုးမျိုး လုပ်ကြံ ဖန်တီး စွပ်စွဲကာ ဖမ်းဆီး ထောင်ချ ခဲ့ကြပါသည်။

အထက်ပါ ဖြစ်ရပ် သာဓက များကို ကြည့်ခြင်းဖြင့် နအဖ စစ်ဝါဒီတို့သည် သမိုင်း ဖြစ်ရပ်မှန်များကို ဖော်ထုတ်သော စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း သုတေသီများကို အငြိုး အာဃာတဖြင့် လုပ်ကြံ၊ သတ်ဖြတ်၊ ထောင်သွင်း အကျဉ်းချလေ့ ရှိကြောင်း သိနိုင်လောက်ပြီ ဖြစ်ပါသည်။

ထို့ကြောင့် ရခိုင်သမိုင်း သုတေတီ ရမ္မာဝတီ အသျှင်ပညာစာရအား စစ်ဝါဒီတို့ ယခု ကဲ့သို့ အကြောင်း အမျိုးမျိုးစွပ်စွဲ ၀ါဒဖြန့်ခြင်းမှာ ဆန်းတော့ မဆန်းကြယ်လှပါ။

သူတို့သည် အသျှင် ပညာစာရကို မာတုဂါမ ကိစ္စဖြင့် စွပ်စွဲကာ၊ ဖမ်းဆီး လူ ၀တ်လဲ ခဲ့သည်။ အကယ်၍ ဆရာတော် ပညာစာရသည် မာတုဂါမ ကိစ္စကို ကျူးလွန်သောကြောင့်သာ ဖမ်းဆီးရခြင်း ဖြစ်သည် ဆိုလျှင်၊ နအဖ၏ ရခိုင်ပြည်နယ် ဒုတိယ တိုင်းမှူးကိုယ်တိုင် လာရောက် ဖမ်းဆီးစရာ အကြောင်း မရှိပေ။ ထို့ပြင် ဆရာတော် အနှစ်နှစ်အလလ စုဆောင်းထားသော ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း၊ ဓားပြတိုက် လုယူ သွားစရာ အကြောင်း မရှိပေ။ ဘုန်းကြီးကျောင်းကိုပါ ချိတ်ပိတ်ပြီး မိဘမဲ့ ကလေးများကို ရပ်ဝေးမြေခြားသို့ ပို့စရာလည်း အကြောင်း မရှိပါ။ ဤ ဖြစ်ရပ်များကို ကြည့်ခြင်းဖြင့် ဆရာတော်အား ဖမ်းဆီးမှုမှာ နအဖ၏ တမင် အကွက်ချ စီစဉ်မှု ဖြစ်သည်ဟု သေချာပေါက် ပြောနိုင်ပါတော့သည်။

နအဖနှင့် သူ၏ အလိုတော်ရိများသည် ၄င်းတို့၏ လုပ်ကြံ ဖန်တီးမှုကို ကာကွယ်ရန် အလို့ငှာ ၀ါဒဖြန့်ပွဲကို ပင် လုပ်လိုက်သေးသည်။ ဆရာတော် ကျောင်းတိုက်တွင်းမှ ကွန်ဒုံးများ၊ ညစ်ညမ်း စီဒီများ ရရှိသည်ဟု ဆလိုက်ရှိုးဖြင့် ပြသကြသည်။ တိုင်ကြားသူ အလိုတော်ရိတို့၏ စာထဲတွင် ဆရာတော်သည် ညစ်ညမ်း ဗီဒီယိုများကို ကြည့်ရှုကြောင်း ဖြင့်ပင် ဖော်ပြပါရှိသည်။ သူတို့ ဘာပဲ ပြောပြော ထိုတွေ့ရှိသည် ဆိုသော အရာများကို သူတို့ ကိုယ်တိုင် ယူဆောင်ခဲ့ကြပြီး၊ ဓာတ်ပုံမှတ်တမ်း အတုများ ပြုလုပ်နိုင်သည်ကို အသိဥာဏ် ရှိသူတိုင်း နားလည် သဘောပေါက် ကြပါသည်။ စစ်တွေမြို့တွင် နေ့ခင်းချိန် မီးမလာသလို၊ မီးလာသော ညဘက် ၂ နာရီ ၃ နာရီ အချိန်များတွင် ဆရာတော်သည် ကလေးငယ်များကို သူ၏ ဘုန်းကြီးကျောင်း ဧည့်ခန်းအတွင်း ထားရှိသော တီဗီဖြင့် တီဗီပြလေ့ရှိသည်။ (ဘုန်းကြီးကျောင်းတွင် တီဗီနှစ်လုံး ရှိကြောင်း၊ အကြီးတစ်လုံး အသေးတစ်လုံး ဖြစ်ကြောင်း၊ အနီရောင် တီဗီ အသေးမှာ ပျက်နေပြီး ကြည့်မရကြောင်း ဆရာတော်နှင့် နီးစပ်သူများ ထံမှလည်း သိရသည်၊ အင်ဗာတာရှိကြောင်းကိုမူ သတိမထားမိပါဟုလည်း မျက်မြင်သက်သေများက ပြောဆိုသည်၊ ဘုန်းကြီးကျောင်းဝင်းထဲရှိ မီးစက်မှာလည်း တည်ဆောက်ရေး လုပ်ငန်းအတွက် သစ်ခွဲရာမှာသုံးကြောင်း၊ အခြားကိစ္စအတွက် သုံးတာ မတွေ့ရကြောင်း ထွက်ဆိုကြသည်။)။ ကလေးများကို တီဗီ ပြပြီးသည်နှင့် စစ်တွေမြို့တွင် လျှပ်စစ်မီး မရှိတော့ပါ။ မီးမရှိသော ညအချိန်တွင် ဆရာတော် အနေဖြင့် ထို မီးစက်ကို သုံးသည်ပဲ ထားအုံး၊ မီးစက်သံ တဂျုံးဂျုံးဖြင့် ညစ်ညမ်းခွေ ခိုးကြည့်သည် ဆိုခြင်းမှာ အလိုတော်ရိများ၏ ဖန်တီး လုပ်ကြံသော ပုံပြင်တစ်ပုဒ်ပဲ ဖြစ်ပါလိမ့်မည်။ နေ့လည်တွင် လုံးဝ မီးမလာသလို၊ ဧည့်သည်များ လာရောက်လေ့ရှိ သဖြင့် နေ့ခင်းတွင်လည်း ခိုးကြည့်ရန် လုံးဝ မဖြစ်နိုင်ပါ။ ဒီတော့ သူတို့ ပြောသော ညစ်ညမ်း ခွေများ ဆိုသည်မှာ နအဖက တမင်ယူဆောင်လာသော သူတို့ ဖန်တီးသည့် သက်သေခံ အတုများ ဖြစ်ရန်မှ တစ်ပါး အခြား နည်းလမ်း မရှိတော့ပါ။

နအဖနှင့် သူ၏ အလိုတော်ရိ စားဖားများ သည် လုပ်ကြံ ၀ါဒ ဖြန့်ရုံမျှမက၊ သူတို့၏ လုပ်ကြံ လိမ်လည်ချက်များကို ပိပိရိရိ ဖုံးကွယ် နိုင်ရန် အလို့ငှာ သက်သေများကို ပင် ဖျောက်ဖျက် ပစ်လိုက်သေးသည်။ ဆရာတော်၏ သက်သေများကား ကလေးသူငယ်များ။ ဆရာတော် ဘာလုပ်သည်ကို ကလေးငယ်များ (အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသားများ အပါအ၀င်) က မှန်ကန်စွာ သိပါသည်။ ထိုကလေးများကို ရပ်ဝေးမြေခြား ပို့လိုက်ခြင်းဖြင့် နအဖသည် ဆရာတော်ဖက်မှ ရပ်တည်မည့် သက်သေများကို ဖျောက်ဖျက်လိုက်ကာ၊ သူတို့၏ လိမ်ညာသော စွပ်စွဲချက်များ အတည် ဖြစ်အောင် စနစ် တကျ အကွက်ဆင် ဖန်တီးလိုက် ခြင်းပင် ဖြစ်သည်။ ကလေးများကို စစ်တွေမြို့မှ အခြားတစ်နေရာသို့ ပို့ဆောင်ပြီး၊ သက်သေ ဖျောက်ဖျက်ခြင်းကပင် သူတို့ လုပ်ရပ်သည် လုပ်ကြံမှု တစ်ခု သက်သက်သာ ဖြစ်သည်ဆိုသည်ကို သုံးသပ်၍ ရနိုင်ပါသည်။

တိုင်ကြားသူတို့၏ လက်ရေးမူတွင် တွေ့မြင်ရသော ဆရာတော်သည် စားကောင်းသောက်ဖွယ် အဆီအဦးများကို စားပြီး ကလေးငယ်များကို ပစ်ထားသည် ဆိုသည့် အချက်မှာမှာ လုံးဝ လိမ်ညာဖန်တီး တိုင်ကြားခြင်း ဖြစ်ကြောင်း၊ သေချာပေါက် ပြောနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဆရာတော်သည် နောက်ဆုံး NGO မာတေဇာခေတ် ရောက်သည့်တိုင် အနံ့အသက် ထွက်သော (လူတိုင်းစားဝင်နိုင်မည် မဟုတ်သော ဒေသအခေါ် ဘောက်သာဆန်၊ မဆလခေတ် သမ ဆန်ထက်ပင် အလွန့်အလွန်ညံ့သောဆန်)ကို နေ့စဉ် ဆွမ်းဖုန်းပေးကြောင်း၊ ဆရာတော် ကျောင်းတွင် တည်းခို စားသောက်ဖူးသော ရဟန်းတော်များနှင့်မျက်မြင် ကြုံတွေ့ဖူးသော လူပုဂ္ဂိုလ်များ၏ ထွက်ဆိုချက်များ အရ သိရှိရသောကြောင့် ဖြစ်ပါသည်။

ဆရာတော်သည် အလှူငွေများကို သူ၏ ဆွေးမျိုးများကို ပေးကာ အလွဲသုံးစား ပြုလုပ်ကြောင်း စွပ်စွဲချက် တစ်ခုကိုလည်း တွေ့ရပါသည်။ ဆရာတော်သည် ငယ်စဉ်ကပင် မိဘမဲ့ ဖြစ်ပြီး၊ သူနှင့် ဘ၀တူ မိဘမဲ့ ကလေးများ အကျိုးကို ဆောင်ရွက်နေသူ ဖြစ်ပါသည်။ ဆရာတော်၏ ဇာတိ ရွာနှင့် အနီးအနား ရွာများမှ ဘုန်းတော်ကြီးများ၏ ထွက်ဆိုချက်အရ ဆရာတော်၏ ဆွေးမျိုးသားချင်းများမှာ ယနေ့ထက်တိုင် သူတစ်ပါး၏ လယ်မြေများတွင် သူရင်းငှား အဖြစ် လုပ်ကိုင်နေရသော ဆင်းရဲသားများ ဖြစ်ကြောင်း၊ နေထိုင်သော အိမ်တွင် ၀ါးထရံပင် အနိုင်နိုင် ကာရံထားရကြောင်း သိရပေသည်။ ထို့ကြောင့် အဆိုပါ စွပ်စွဲချက်မှာ လုပ်ကြံသူ စားဖားတို့၏ စိတ်ကူးယဉ် ပုံပြင်များသာ ဖြစ်ပါတော့သည်။

နအဖ အလိုတော်ရိ စားဖားများ၏ မဟုတ်မှန် စွပ်စွဲ ချက်များထဲမှ အထက်ပါ စွဲချက်သုံးလေးခုလောက်ကို ဆွဲထုတ်ကြည့်လျှင်ပင် ဆရာတော်ကို လုပ်ကြံ ဖန်တီး ကလိမ်စေ့ ငြမ်းဆင် တိုင်ကြားခြင်း ဖြစ်ကြောင်း၊ သိသာ ထင်ရှားနေပါတော့သည်။ ထို့ကြောင့် ၄င်းတို့၏ အခြား စွပ်စွဲချက်များကိုလည်း ယုံနိုင်ဖွယ် မရှိတော့ပါ။

ဒါဆိုလျှင် အဘယ်ကြောင့် ဖမ်းသနည်း။

အဖြေက ရှင်းနေပြီးသား ဖြစ်သည်။

ဆရာတော်သည် ရခိုင်သမိုင်း ဖြစ်ရပ်မှန်များကို ဖော်ထုတ်သူ ရခိုင်အမျိုးသား သမိုင်းသုတေသီ။

သမိုင်းဖြစ်ရပ်မှန်အထောက်အထား စာရွက်စာတမ်းများနှင့် သမိုင်းဆိုင်ရာ ရာဇ၀င်ကျမ်းဂန်များစွာကို စုဆောင်း ထားသူ၊

နိုင်ငံခြား သမိုင်းသုတေသီများအား ရခိုင်သမိုင်း မှန်များကို ကမ္ဘာသို့ တင်ပြနိုင်အောင် စွမ်းဆောင်နိုင်သူ၊

အမျိုးသားရေး လုပ်ငန်းများ၊ နိုင်ငံရေး လုပ်ငန်းများ၊ ရခိုင်ဒေသ အကျိုးပြု လုပ်ငန်းများကို လုပ်ဆောင်နေသူ ရခိုင်မျိုးချစ်ပုဂ္ဂိုလ်

ဆရာတော်၏ ရာနှင့်ချီသော ကလေးငယ်များကို နောင်တစ်ချိန်တွင် နအဖ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ရခိုင်အမျိုးသား လွတ်မြောက်ရေး အတွက် အင်အားစု တစ်ရပ် ဖြစ်လာအောင် ဖန်တီးနိုင်သူ။ (ဆရာတော်၏ တပည့်အချို့ အိန္ဒိယ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော အခြေအနေထိပင် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ စစ်ထောက်လှမ်းရေးတို့ သတင်းရထားပြီး ဖြစ်ပါသည်။)

ဒီတော့ စစ်အာဏာရှင်များ အနေဖြင့် ဆရာတော်အား နောင် ရခိုင်စာပေ သမိုင်း လောက၊ နှင့် ရဟန်းဘောင်မှ ရာသက်ပန်ထွက်ခွါ၊ လူတော မတိုးစေခြင်း လုပ်ရပ်ကို ဖန်တီးရုံမှ တစ်ပါး အခြား နည်းလမ်း မရှိတော့ပါ။ ဤ နည်းကို ဖန်တီးခြင်းဖြင့် ဆရာတော်၏ အမျိုးသားရေး လုပ်ဆောင်ချက်များကို ထ၀ရ ချုပ်ငြိမ်းအောင် စနစ်တကျ အကွက်ချ ကိုင်တွယ် လိုက်တာပဲ ဖြစ်ပါတော့သည်။

အနောက်ပိုင်းတိုင်း ဒု-တိုင်းမှူးကိုယ်တိုင် လာရောက်ဖမ်းဆီးခြင်း၊ စစ်တွေ မြို့တော်ခန်းမတွင် ဖမ်းဆီးရခြင်း အကြောင်းကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းကပင် ၄င်းတို့အနေဖြင့် ဆရာတော်ကို ရန်သူ နံပါတ် ၁ ဟု သတ်မှတ် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိသာ ထင်ရှားနေပါသည်။

ယခုအခါ ပြည်တွင်း၊ ပြည်ပ ရခိုင် နိုင်ငံရေး လူမှုရေး အဖွဲ့ အစည်း အသီးသီးမှ ဆရာတော်အား ဖမ်းဆီးခြင်းကို ဆန့်ကျင်ကြောင်း ကြေညာချက်များ တဖွဲဖွဲ ထုတ်ပြန် တောင်းဆိုလာကြသည်ကို တွေ့မြင်နေရပြီ ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာမှ ရဟန်းတော်များကလည်း ဆရာတော်အား ဖမ်းဆီးမှုသည် လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး လုပ်ကြံမှု သက်သက်သာ ဖြစ်ကြောင်း မီဒီယာများက ထောက်ပြ ပြောဆိုနေကြသည်ကို တွေ့မြင်နေကြရပြီ ဖြစ်ပါသည်။ နိုင်ငံရေးအရ အရှိန်အ၀ါ ကြီးမားသူဖြစ်ပြီး၊ နိုင်ငံတကာ ရခိုင်အမျိုးသားအသင်းကြီး (ခေါ်) ကမ္ဘာ့ ရခိုင်အသင်းကြီး (World Arakanese Organization- WAO)၏ ဒု-ဥက္ကဌ ဖြစ်သူ၊ သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးချမ်းက လည်း ဆရာတော် အကျင့် သီလ ပျက်ယွင်းလိမ့်မည်ဟု မယုံကြည်နိုင်ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။ ဤ အချက်များကို ကြည့်လျှင်ပင် ဆရာတော်၏ လုပ်ရပ်များကို ရခိုင်အမျိုးသားများ နှင့် နိုင်ငံတကာက ထောက်ခံလျက် ရှိကြောင်း သိသာ ထင်ရှားနေပြီး၊ နအဖ၏ မတရားသော ၀ါဒဖြန့် ဖမ်းဆီးခြင်း လုပ်ရပ် တစ်ခုသာ ဖြစ်ကြောင်း ပေါ်လွင်နေပြီ ဖြစ်ပါသည်။

နောက်ဆုံးပြောရလျှင်……

နအဖတို့၏ မတရားသော အမိန့်အာဏာအောက်မှ မတရား စစ်ဆေးပြီး၊ ထွက်ပေါ်လာမည့် နအဖ စစ်ဝါဒီတို့၏ တရားရုံးမှ မည်သို့ပင် ဆုံးဖြတ်ချက် ချသည် ဖြစ်စေ၊ ထို အဖြေသည် .. မှန်ကန်သော အဖြေ တစ်ရပ် ဖြစ်လိမ့်မည်ကား လုံးဝ မဟုတ်သည်မှာ လုံးဝ သိသာ ထင်ရှားနေပါတော့သည်။

အထက်ပါ အကြောင်းအရာများကို ဖတ်ရှု့လေ့လာခြင်းဖြင့် ဓမ္မစစ် ရခိုင်တစ်မျိုးသားလုံး၏ ဘုံအန္တရာယ်ဟာ လက်ရှိ ချိတ်ထမိန်ဝတ် စစ်အစိုးရဆိုတာ မမေ့သင့်ပဲ NLD အပေါ် ရေလိုက်လွဲပြစ်တင် ခေါင်းစဉ်တပ်ခြင်းမှ ကင်းဝေးကြပါစေ---။။။

( Credit- ဒိုင်းခင်ခင် )

တရားအားထုတ် သူများ ဖတ်ရန်

(Credit- ငရဲ သား )
------------------------------------

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီး ပြန်လည်မွမ်းမံရေးနှင့် 
အဆင့်မြှင့်တင်ရေးအတွက် ဗြိတိသျှနိုင်ငံက 
ဘဏ္ဍာရေးအရ ကူညီမည်ဟု အောက်တိုဘာ ၂၄ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်သည်

“ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးဟာ
မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးအတွက်
နှစ်ပေါင်းများစွာ လုပ်ကိုင်နေခဲ့တာဖြစ်ပြီး 
ကျွန်တော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ 
ဒီဆေးရုံအဆင့်မြှင့်မွမ်းမံရေးအတွက် ကူညီမှာပါ”

(ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး ဂရင်းနင်း)

(ှSource : Kamayut Media)
--------------------------------

အဲဒီဖြစ်ရပ်ကို တွေ့တော့ 
လွန်ခဲ့တဲ့ နှစ်လလောက်က ကျွန်တော့ဆီ ပေးစာလေးကို သတိရတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ထိခိုက်ရှနာ လာကုတဲ့ 
လူနာရှင်တစ်ဦး ဆေးရုံကြီးအတွင်းက ဆေးဆိုင်မှာ ကြုံခဲ့တာလေးပါ။

အဘိုးကြီးက သူ့လူနာ အတွက် ဆေးရုံးကြီးထဲက
ဆေးလာဝယ်တုန်း နာမည်ကြီး မန္တလေးသား လူမျိုးခြားစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးပိုင်တဲ့ ဆေးဆိုင်မှာ ပြောခဲ့တယ်။

NLD ကို ကျေးဇူးတင်ရမယ်။ 
ဘာ့ကြောင့်လဲဆိုတော့ ဂွမ်း၊ ပတ်တီးနဲ့ အရက်ပြန်ကို NLD
ကတစ်ဆင့် ဆေးရုံကြီးကို နိုင်ငံတကာက လာလှူထားတာ 
ကျွန်တော့်လူနာ ရတယ်လို့ ပြောတယ်။

ဒါပေမယ့်

အဲဒီ ဆိုင်က တာဝန်ခံ လူမျိုးခြားအမျိုးသမီး က ပြန်ပြောတယ်။

သူတို့လာလှူထားတာ အရေးမကြီးဘူး။ ......။ 
ကျွန်မ တို့ မရောင်းရတော့ဘူး ..တဲ့။

ဒါ တကယ့်အဖြစ်အပျက်ပါ။

---------------------------

နောက် ဒီလို ပေးတယ်လို့ မကြားတော့ပါဘူး။
ပေးလည်း မပေးတော့ပါဘူး။

အဲဒီတော့

တွေးစရာတွေ အများကြီးဖြစ်လာပါတယ်။

----------------------------

အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ UK က
နိုင်ငံတကာဖွံဖြိုးရေးအဖွဲ့တို့ရဲ့ အစီအစဉ်နဲ့

အကူအညီ ပေးသူကပေးတယ်။

NLD ရဲ့ ကြီးကြပ်မှုနဲ့ ဂျပန်ဖောင်ဒေးရှင်းနဲ
့ INGO ပေါင်းစုံက ဆေးရုံသုံးပစ္စည်း လှူဒါန်းဖူးတယ်။

အဲဒါကို

လူမျိုးခြားစီးပွားရေးသမားက
မိမိဆေးဝါးပစ္စည်း မရောင်းရတော့ ..
တမျိုး ကြံစည်တယ်။

အဲဒီတော့ ပိုင်တဲ့သူကို ကပ်တယ်..
အကပ်ခံရတဲ့ တာဝန်ရှိသူက 
တစ်ခုခု လုပ်ပေးရတယ်။

နောက်တော့ ဒုံရင်းက ဒုံရင်းပါပဲ...

နစ်နာတာကတော့ ပြည်သူပါပဲ ....။

ဒါမျိုးတွေ နာဂစ်ကတည်းက ခံရသူတိုင်း သိကြမှာပါ ...။

အခုဟာက ပိုရင်နာစရာပါ ...။

ဆေးရုံမှာ စမ်းသပ်တဲ့စက်တွေကောင်းမယ်၊
ဓါတ်ခွဲခန်းကောင်းမယ်၊ ဆေးဝါးပစ္စည်း အပြည့်အစုံရှိမယ်ဆိုရင် ...

ဘယ်သူတွေ နစ်နာမလဲ ...။

---------------------------

အဲဒီလိုပဲ..

နိုင်ငံတစ်ခုမှာ ပြည်တွင်းကုန်ထုတ်လုပ်မှုတွေ တိုးတက်ခေတ်မီလာမယ်။

ထွက်သမျှ သယံဇာတတွေ ဈေးကောင်းနဲ့ ရောင်းရမယ်။

ပညာရေး၊ ကျန်းမာရေးနဲ့ နည်းပညာအကူအညီတွေ..
ပေါပေါ ရပြီး ထွန်းကားမယ်ဆိုရင်..

ဘယ်သူတွေ စားခွက်ပျောက်မလဲ ...။

ကဲ ...

တိုင်းပြည်ကို ဒီလို ကောင်းတာမျိုး .

ဘယ်သူတွေ အဖြစ်မခံချင်ကြသလဲ ....။

အားလုံး ဆက်စပ် တွေးကြည့်ကြရအောင် ဗျား ...

Wednesday, February 26, 2014

““ဘာလုပ်မှာလဲပြော””


အဖေ။ ကဲ … ငါ့သားက ဆယ်တန်းအောင်ပြီဆိုတော့ ဘာလုပ်မယ်စဉ်းစားထားလဲ သား။ ခုက နိုင်ငံရေး ခေတ်စားတာဆိုတော့က နိုင်ငံရေးသမားလုပ်ရင်ကောင်းမလားလို့ဗျ အဘရ။ ဟုတ်တာ မဟုတ်တာအပထားအပြောကောင်းရင် လူကြိုက်များ ဆိုပဲဗျ။ အမေ။ နိုင်ငံရေးသမားတော့ မလုပ်လေနဲ့သား။ သားရဲ့ အဖိုးက အမေ့ကို ပြောဖူးတယ်။ နိုင်ငံရေးသမား သေရင် ငရဲကျတတ်တယ်တဲ့။ ဘာလို့လဲဆိုတော့ နိုင်ငံရေးဆိုတာ ပရိယာယ် များတယ်တဲ့။ ဘာဆိုလိုတာမှန်းတော့ အမေလဲ မသိပါဘူး။ သား။ ဒါဆိုသားသိပြီအမေ၊ လတ်တလော ဂျာနယ်လစ်တွေ ခေတ်စားနေတယ်တဲ့။ သတင်းလွတ်လပ်ခွင့် ရသလိုသတင်းစာတွေလဲ အပြိုင်ထွက်လာတော့ လစာလဲ ကောင်း၊ နေရာတကာသိတော့ လူတွင်ကျယ်လဲ လုပ်လို့ရတယ်။ ပြီးတော့ သတင်းကျင့်ဝတ်အရ Balanceလဲ ဖြစ်ရတော့က ငရဲလဲ မကြီးတော့ဘူးပေါ့ အမေ။ တော်ပါသားရယ်။ ခုအခြေအနေက စာနယ်ဇင်းသမားတွေ က ဘေးလန့်တော့ ဘေးလန့်ပဲ။ ဒါပေမဲ့ ကိုယ့်အတွက် ဘေးအန္တရာယ် ကျရောက်မှာကို လန့်တဲ့ ဘေးလန့်တွေ ဖြစ်ကုန်ပြီဟဲ့။ Power ရှင်တွေ အငြိုငြင်ခံ ရေးတဲ့သူ တယ်ရှားဆိုပဲ ။ အဖေ။ ဒါဆို ငါ့သားကို စစ်ဗိုလ်ကြီ်း လုပ်ခိုင်းရင် ကောင်းမလားအမေကြီး။ သား။ စစ်ဗိုလ် က လတ်တလောမှာတော့ ခေတ်ကုန်နေပြီ အမေ။ ဟုတ်တယ်အဖေကြီးရေ။ ခေတ်ကုန်နေတဲ့အပြင် အိမ်သာနက်မှာဆိုလားပဲ။ မြင့်မြတ်တဲ့ ဒီမိုဘက်တော်သားတွေက စစ်ဗိုလ် စစ်သားတွေကို စစ်ခွေးလို့ ခေါ်သတဲ့။ ငါ့သားကို လူစင်စစ်ကနေ ခွေးတော့ အပြောမခံနိုင်ဘူး အဖေကြီးရယ်။ ဒီတော့သား စိတ်ကူးမလွဲနဲ့ ကျောင်းဆရာ လုပ်ပါလား။ အမေတို့နဲ့လဲမခွဲရဘူးပေါ့ အဖေ။ မဖြစ်ပါဘူး မိန်းမရယ်။ ကျောင်းဆရာတွေလဲ ခေတ်မကောင်းတော့ဘူး။ အရင်လို ကျူရှင်ပြရတာ ပေါ်တင်လုပ်လို့ မရတော့ဘူးဟ။ ခိုးကြောင်ခိုးဝှက် လုပ်နေရတာ ဘယ်နေ့မိပြီး ပြုတ်မယ်မသိဘူး။ လစာကလဲ စားလောက်တာ မဟုတ်ဘူးလေ။ နာ(၃) နာထဲမှာ ဗိုက်နာတာ မပါဘူးဟ။ သား။ ဒါဆို သားသိပြီ။ ဆရာဝန်လိုင်း လျှောက်ရင်ကော အမေ။ တော်ပါသားရယ်။ ပိုက်ဆံတော့ရလောက်ပါရဲ့။ ဒါပေမဲ့ ဂျာနယ်တွေမှာ ပါတာ မတွေ့ဘူးလား။ ပါရဂူကြီးတွေတောင် ဆေးကုမှားလို့ ပြသနာတွေတက်နေတာ ။ သာမန်ဆရာဝန်ဆို ပြောစရာတောင် မလိုလောက်တော့ဘူး။ နောင်ကျရင် နိုင်ငံခြားမှာလို တရားစွဲခံရလို့ ဒေါ်လာ သန်းချီလျော်နေရမယ်။ အမေတို့မှာ စားစရာ မရှိ၊ လျော်စရာကလဲ ငွေမရှိဖြစ်နေမယ်။ ပြီးတော့ အမေသိသလောက်က နာမည်ကြီး ပါရဂူတွေပဲ ချမ်းသာတာတဲ့.။ သာမန် ဘွဲ့ရလောက်ကတော့ နားကြပ် ၀ယ်ဖို့တောင် အနိုင်နိုင်ဆိုပဲ။ အဖေ။ အင်ဂျင်နီယာလိုင်ဆိုရင်တော့ ကောင်းမယ်ထင်တယ်။ သား။ ကောင်းတော့ကောင်းပါရဲ့ အဖေရယ်။ ဒါပေမဲ့ ကန်ထရိုက်က သူ့လူနဲ့ သူပဲရတာတဲ့ ။ ဒီတော့က သူ့လူတွေ ဆီမှာ အလုပ်ရဖို့ကလဲ လွယ်ဘူးလေ။ ပြီးတော့ ကျောင်းက သင်တာကလဲ ဘာမှ မတတ်ဘူးတဲ့။ အလုပ်ထဲရောက်မှ သင်ရတာတဲ့။ သားသူငယ်ချင်းရဲ့ အကိုတစ်ယောက်ဆို ကျောင်းသာပြီးလာတယ် AC / DC တောင် ခွဲမသိဘူးဆိုပဲ။ အမေ။ အကောင်းဆုံးအကြံရပြီ။ ဟိတ်ဟန်လဲရှိ ဘ၀အတွက်လဲ အဆင်ပြေမဲ့ အစိုးရ၀န်ထမ်း တစ်နေရာ ၀င်လျှောက်ပါလား။ အဖေ။ အစိုးရ၀န်ထမ်းကလဲ ခေတ်ကုန်သွားပြီအမေကြီးရေ။ ခေတ်ကောင်းမှီခဲ့သူတွေက ခုဆိုရင် အလုပ်က ထွက် ပြီး စီးပွားရေးတောင် လုပ်နေကြပြီ။ ဘာမှမရတဲ့ ငတ်တလှည့် ပြတ်တလှည့် ၀န်ထမ်းတွေပဲ ကျန်တော့တာ။ ပြီးတော့က ကြားပေါက်ကလဲ ဘာမှလဲ မရတော့ဘူး။ အတွယ်ပဲ ခံနေရတယ်တဲ့။ အမေ။ ဒါဆိုရင် ကုမ္မဏီ တစ်ခုခုမှာ အလုပ်လျှောက်ကြည့်ပါလား။ အဖေ။ အလုပ်ပါနဲ့ အမေကြီးရယ်။ အစိုးရ ၀န်ထမ်းကမှ အလုပ်ထုတ်ချင်ရင် အဆင့်ဆင့် နည်းဥပဒေအတိုင်း လုပ်ရတာ။ ချေပလို့လဲ ရသေး။ ကုမ္မဏီမှာက ကွိကနဲပဲဟ။ သား။ ဒါဆိုရင် အဖေရေ သားသိပြီ။ သားနိုင်ငံခြားမှာ အလုပ်သွားလုပ်မယ်။ အမေ။ မလုပ်ပါနဲ့သားရေ … ဟိုမှာ အသတ်ခံနေရဦးမယ်။ သား (စိတ်တိုဟန်ဖြင့်) ။ တော်ပြီ အမေရာ ။ ဒါဆို သားဘုန်းကြီးပဲဝတ်လိုက်တော့မယ် အဖေ။ ဟေ့ကောင် လျှောက်မလုပ်နဲ့။ အရင်ကသာဘုန်းကြီးတွေကို ရှေ့တန်းတင်ထားတာ။ ခုက ဘုန်းကြီးတွေဘုန်းကြီးအလုပ် မလုပ်ဘူးဆိုပြီး ပြန်ဆော်နေလို့ ဘုန်းကြီးတွေတောင် ဆွမ်းမစားရ မဲ့ကိန်းဆိုက်နေတယ်။ သား။ အဖေတို့ အမေတို့ရယ်။ ဒီလိုဆို သားမှာ ဘာမှကို လုပ်စရာ မရှိတော့ပါဘူး။ ဒါကြောင့် ကိုယ်လယ် ကိုယ်ထွန် ကိုယ်တိုင် စိုက်ပျိုးပြီး တောင်သူလယ်သမားကြီးပဲ လုပ်တော့မယ်ဗျာ။ အမေ အဖေမှ ငြိုးငယ်သော မျက်နှာဖြင့် - (အမေက မျက်ရည် ၀ဲလျက် ) ………………….................................................................. အဖေ အမေ ။ သားရယ် ၊ သားလယ်စိုက်ရအောင်က အဖေ အမေတို့ လယ်မြေတွေအသိမ်းခံရတဲ့ထဲ ပါသွားတယ်လေ။ ဘယ်မှာသွားစိုက်မှာလဲ …… ။ ------------------------------------------------------------------------ ( ဆရာဝန်ဖြစ်ဖို့ ကျွန်တော် ကြိုးစားမည် …… လူရည်ချွန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည် ….. မြန်မာ့သားကောင်းဇာနည် စစ်သားကြီးကို ကျွန်တော်မျှော်မှန်းရည် ………….. ) သီချင်းဝင်ရန်။ လိုက်ကာချ ( တစ်ခန်းရပ်၏) 

ရေးသားသူ- Than Htwe Zaw

Friday, February 21, 2014

မာန်အောင်နှင့် မူးယစ်ပြသနာ

မတတ်သာတဲ့အဆုံး ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရကိန်း ဆိုက်လာတော့ ရင်နာနာနဲ့ပဲ ထောင်းပါရစေ။

မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ ရခိုင်ပြည်နယ်ထဲက မာန်အောင်ကျွန်းဟာ တကယ်တော့ မြို့ငယ်လေးတစ်မြို့နဲ့ ကျေးရွာလေးတွေပဲ ရှိတဲ့၊ တခြားမြို့တွေနဲ့နှိုင်းယှဉ်ကြည့်ရင် ဖွံ့ဖြိုးတိုးတက်မှု အနည်းငယ်နိမ့်ကျနေသေးတဲ့ နေရာလေးတစ်ခုပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ကုလားပြဿနာဒဏ်ကို ခံစားနေရတဲ့အချိန်မှာ ဘင်္ဂလီမရှိတဲ့ မာန်အောင်ကျွန်းဟာ တခြားမြို့နယ်တွေနဲ့စာရင် အင်မတန်တည်ငြိမ်အေးချမ်းတဲ့ နေရာလေးပါ။ တနယ်တကျေးက ပြောင်းရွေ့အခြေချလာသူ နည်းပါးပြီး ဆွေမျိုးလှည့်ပတ်စပ်လို့ရတဲ့ ဒေသခံအများစုနေထိုင်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

ထူးခြားဖြစ်စဉ် သိပ်မရှိလို့ မီဒီယာတွေရဲ့ သတင်းဖော်ပြမှု မခံရသလောက်နည်းပါးတဲ့ ဒီဒေသကို ခြိမ်းခြောက်လာနေတာက မထင်မှတ်တဲ့ မူးယစ်ဆေးဝါးပြဿနာပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးထုတ်လုပ်တဲ့ ဒေသတွေနဲ့ မိုင်ပေါင်းများစွာဝေးကွာပြီး ရွာကြီးတစ်ရွာအကျယ်အ၀န်းလောက်ပဲရှိတဲ့ ဒီမာန်အောင်မြို့သေးသေးလေးမှာ ဘာကြောင့် ဒီပြဿနာပေါ်လာရတာလဲ။ အရင်တုန်းက မူးယစ်ဆေးသုံးစွဲတဲ့လူ မာန်အောင်မှာမရှိဘူးလားဆိုတော့ တစ်ယောက်စနှစ်ယောက်စ ရှိဖူးပါတယ်။ ဒိုင်ယာဇီဗင်လို ဆေးဆိုင်ကနေ အလွယ်တကူဝယ်လို့ရတဲ့ဟာမျိုးတွေကို သုံးစွဲတဲ့လူတွေပါ။ ဒါပေမယ့် ဒေသတွင်းမှာ တရားမ၀င် မူးယစ်ဆေးဝါး ရောင်းချတဲ့အဆင့်ထိ နေထိုင်ဖူးခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော် ကာလအတွင်း တစ်ခါမှမတွေ့ဖူးပါဘူး။ ခုတော့ အခြေအနေတွေ အဆိုးဖက်မှာ တိုးတက်လာနေပြီလို့ သိရပါတယ်။

မာန်အောင်က လူငယ်တွေနဲ့လူလတ်ပိုင်းတွေကြားမှာ မူးယစ်ဆေးသုံးစွဲမှုတွေ များပြားလာနေပါတယ်။ မူးယစ်ဆေးရောင်းချသူတွေ စီးပွားဖြစ်နေပါတယ်။ ဒေသတွင်းတာဝန်ရှိသူတွေက လိုင်းကြေးရလို့ ငြိမ့်နေကြပါတယ်။ ကျွန်တော်တို့ငယ်စဉ်က ဖဲဝိုင်း၊ကြက်ဝိုင်းနဲ့ အရက်ခိုးချက်သူလောက်ပဲ ဥပဒေချိုးဖောက်တယ်လို့ ပြောလို့ရတဲ့ ဒီဒေသမှာ တည်ဆဲဥပဒေကို မထီမဲ့မြင်လုပ်ရဲတဲ့လူတွေ၊ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရဲတဲ့လူတွေ ရှိလာတဲ့အနေအထားဟာ မာန်အောင်ကျွန်းရဲ့ အင်မတန်တည်ငြိမ်အေးချမ်းတဲ့ သဘာဝကို ဖျက်ဆီးနေကြပါပြီ။ ဘ၀တွေမပျက်ခင်အချိန်ထိတော့ မူးယစ်ဆေးရဲ့အရသာကို လောကနိဗ္ဗာန်လို့ ထင်နေကြအုန်းမှာပါပဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုခွဲကျော် ကာလတုန်းက မာန်အောင်ကျွန်းကို ဧည့်သည်ဆိုးတစ်ယောက် ရောက်ချလာဖူးပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံတလွှားရေပန်းစားတဲ့ တရားမ၀င် ချဲထီနဲ့နှစ်လုံးထီပါ။ ကူးစက်မှုအလွန်မြန်ဆန်တဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုလို မာန်အောင်မြို့ကနေစပြီး ရွာစွန်ဇနပုဒ်ထိပါမကျန် ချဲဒိုင်တွေ၊ကော်မရှင်စားတွေ မှိုလိုပေါက်ကုန်ပါတယ်။ ခေတ်မှီသူတိုင်း ချဲရောင်းကြသည်လို့ ပြောရမယ့်အတိုင်းပါပဲ။ တဖက်မှာလည်း အရူးအမူးချဲထိုးတဲ့လူတွေ၊ ချဲတွက်သမားတွေ၊ ချိုင်းကြည့်သူတွေ၊ အတိတ်ကောက်သူတွေကလည်း သောက်သောက်လဲပါပဲ။ ခုလိုမျိုး မိုဘိုင်းဖုန်းတွေ မရှိသေးတဲ့အချိန်ဖြစ်လို့ ချဲထွက်မယ့်နေ့ကျရင် မာန်အောင်တကျွန်းလုံးရဲ့ တစ်ခုတည်းသော တယ်လီဖုန်းအိတ်ချိန်းရုံးရှေ့မှာ ဂဏန်းထွက်အလာကို စောင့်နေတဲ့လူအုပ်ကြီးဟာ ဘုရားပွဲတော်တစ်ခုလောက်ကို စည်ကားနေခဲ့ပါတယ်။ ငွေဝင်တဲ့လူ၊ငွေရွှင်တဲ့လူ၊ငွေထွက်တဲ့လူ၊ ငွေပြတ်တဲ့လူစသဖြင့် ပုံမှန်တဲ့ပိုမိုတဲ့ ခံစားချက်တွေဖိစီးနေတဲ့မျက်နှာတွေဟာ ချဲပေါ်တဲ့အချိန်ကစပြီး မာန်အောင်ကျွန်းမှာ တစ်နေ့တခြား ပိုမိုများပြားလာခဲ့ပါတယ်။ တစ်နှစ်ကျော်လောက်အကြာမှာတော့ တိုက်ဆောက်တဲ့လူ၊အိမ်ပျောက်တဲ့လူ၊ ခြံပျောက်တဲ့လူ နောက်ဆုံး ဘ၀ပျောက်တဲ့လူတွေ မာန်အောင်ကျွန်းကနေ ပေါ်ထွက်လာပါတော့တယ်။ အပျော်သဘော အရက်ဖိုး၊ လက်ဖက်ရည်ဖိုး၊ ဈေးဖိုးလေးတွေ ဖဲ့ထိုးရာကနေ အိမ်ရောင်းခြံရောင်းပြီး ဟော့ဂဏန်းတွေကို စုံပြုံအော၊ မပေါက်တော့ တက်တက်ပြောင်၊ ပေါက်ပြန်တော့လည်း ဒိုင်ကမလျော်ပဲထွက်ပြေးလို့ ပြည်မမှာလို လမ်းဘေးမရောက်ပေမယ့် ထမင်းနေ့ညနပ်မမှန်တော့တဲ့ လူတန်းစားတွေ ပေါ်လာခဲ့ပါတယ်။ ထောက်လှမ်းရေးတွေ တန်ခိုးထွားတဲ့အချိန်ဖြစ်လို့ ထောက်လှမ်းရေးတွေကို ပုခုံးထမ်းထားကြတဲ့ ချဲဒိုင်တွေရဲ့ သြဇာကလည်း ဒေသတွင်းမှာ မသေးလှပါဘူး။ ချဲကြောင့် ချမ်းသာသွားတဲ့လူက လက်ဆယ်ချောင်းမပြည့်ပေမယ့် ဘ၀ပျက်သွားတဲ့လူတွေက စပါးတစ်တင်းစာမကပါဘူး။ ဘ၀ပျက်သွားတဲ့လူတွေထဲမှာ မိသားစုတစ်ခုလုံး ကစဥ့်ကလျားပြိုကွဲခဲ့ရတဲ့ ကျွန်တော်တို့မိသားစုလည်း ပါဝင်ခဲ့ပါတယ်။ ဆေးလိပ်ခုံပိုင်ရှင်ဘ၀ကနေ နေ့စဉ်ထမင်းနပ်မှန်ရေးအတွက် ကိုယ့်ဘာသာဆေးလိပ်လိပ်ပြီး ဈေးမှာပျံကျချရောင်းရတဲ့ဘ၀ထိ ထိုးဆင်းသွားပြီး နောက်ဆုံးမှာတော့ သမီးနှစ်ယောက်ကို မိဘအိမ်မှာအပ်၊ သားအကြီးဆုံးဖြစ်တဲ့ ကျွန်တော်နဲ့ မိဘနှစ်ပါးဟာ ထိုင်းနိုင်ငံကိုထွက်လာခဲ့ရပါတယ်။ ကျွန်တော့်ဖခင်ဟာ မာန်အောင်ပြန်ချင်တယ်လို့ တဖွဖွပြောရင်း ထိုင်းနိုင်ငံ ချုံဖော်မြို့မှာ ပုဇွန်ကန်အလုပ်သမားဘ၀နဲ့ ပင်ပန်းကြီးစွာ အလုပ်လုပ်ရင်း ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။

ချဲနှိပ်စက်တဲ့ ဒဏ်ရာဒဏ်ချက်တွေ အနာမကျက်သေးတဲ့ မာန်အောင်ကျွန်းကို ခုတစ်ခါ မူးယစ်ဆေးဝါးပြဿနာက ထပ်နှိပ်စက်ဖို့ ၀င်ရောက်လာနေပါပြီ။ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော၊ တစ်ကိုယ်ရေ မိသားစုဘ၀ ကောင်းစားဖို့ သွေးဖောက်ကြည့်ရင် ဆွေမျိုးမတော်တဲ့လူ မရှိသလောက်နည်းပါးတဲ့ ကိုယ့်ရပ်ကိုယ့်ရွာကလူတွေကို အသုံးချနေတဲ့ မူးယစ်ဆေးရောင်းချသူတွေ၊ သူတို့ဆီက လိုင်းကြေးတွေနဲ့ ဥပဒေကိုလူမသိအောင် ဖင်ခုထိုင်နေကြတဲ့ ကိုယ်ကျိုးရှာတာဝန်ရှိသူတွေကြောင့် ကျွန်တော်တို့မိသားစုလို ဘ၀ပျက်ရမယ့် မိသားစုတွေ၊ မိဘနဲ့ သေကွဲရှင်ကွဲ ကွဲရမယ့် ခလေးသူငယ်တွေ၊ သားသမီးနဲ့ သေကွဲရှင်ကွဲ ကွဲရမယ့် မိဘတွေ ဘယ်လောက်ထိတောင် ထပ်ပေါ်လာလေမလဲ။ အညွှန့်တလူလူနဲ့ မာန်အောင်ကျွန်းရဲ့ဂုဏ်ကိုဆောင်မယ့် လူငယ်မျိုးဆက်သစ်လေးတွေ ဘယ်လောက်တောင်များ မူးယစ်ဆေးကြောင့် ဘ၀ပျက်၊လူရာမ၀င်တဲ့ အနေအထားကို ရောက်သွားလေမလဲ။ မတွေးရဲစရာပါ။

ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေထဲမှာ ကိုယ့်မာန်အောင်သားထဲက ထိုင်း၊မလေးရှားနဲ့ ဗမာပြည်မမှာ မူးယစ်ဆေးကုန်ကူးသူတွေ၊ မူးယစ်ဆေးရာဇာအဆင့်ထိ ရောက်ပြီး ကြီးပွားသွားတဲ့လူတွေ၊ မူးယစ်ဆေးကုန်ကူးရင် ပစ်သတ်ခံရတဲ့လူတွေ၊ ထောင်ကျသွားတဲ့လူတွေနဲ့ ဆုံခဲ့ဖူးပါတယ်။ အဲတုန်းက ကိုယ့်ရပ်ကိုယ့်ရွာထိ ဒီမူးယစ်ဆေးတွေ ဒုက္ခပေးလာလိမ့်မယ်လို့ ယောင်လို့တောင် မတွေးမိခဲ့ပါဘူး။ အဲဒီလူတွေဆီကနေ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဗဟုသုတ၊အတွေ့အကြုံကို လိုချင်စိတ်သက်သက်နဲ့ ပတ်သက်မိခဲ့တဲ့ ကိုယ့်ကိုယ်ကိုလည်း ခုချိန်မှာ ခွင့်မလွှတ်နိုင်လောက်အောင် ရှက်နေမိပါတယ်။

တစ်နယ်လုံးဆွေမျိုးပတ်တော်နေတဲ့ မာန်အောင်လိုမြို့ငယ်လေးမှာ အနာဂတ်ထိဖြစ်လာမယ့် အခြေအနေကို သုံးသပ်ဖို့ထက် တဖက်သားရဲ့ စီးပွားရေးကို ရပ်ဆွေရပ်မျိုးအချင်းချင်း လက်ထောက်ချ တိုင်ကြားဖို့ကို မာန်အောင်ဒေသခံတွေ လက်တွန့်တတ်ကြပါတယ်။ မာန်အောင်မြို့ကနေ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ရဲ့ ဒေသအပေါ် အလေးထားမှု မရှိခြင်းဟာလည်း ဒီနေရာမှာ ပေါ်လွင်နေပါတယ်။ ရန်ကုန်အခြေစိုက် နိုင်ငံရေးအင်အားစုတွေထဲက မာန်အောင်သားနိုင်ငံရေး လှုပ်ရှားသူတွေဖက်က ဒေသတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေဆိုးတွေကို နိုင်ငံတော်အစိုးရကနေ ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ဖို့ သတိထားမိတဲ့အဆင့်ထိရောက်အောင် နိုင်ငံရေးနည်းလမ်းနဲ့ ထိုးဖောက်တာကိုလည်း ဒီစာရေးနေတဲ့အချိန်ထိ မတွေ့ရသေးပါဘူး။

ဒီဒေသနဲ့ပတ်သက်သူတိုင်းကို မေးခွန်းထုတ်ချင်ပါတယ်။ ဒီဒေသရဲ့ အနာဂတ်ကို ဖျက်လိုဖျက်ဆီးလုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေကြတော့မှာလား။ ခုချိန်မှာ အဖတ်ဆည်ဖို့ နောက်မကျသေးဘူးလို့ပဲ ပြောချင်ပါတယ်။ မာန်အောင်ကျွန်းကို ချစ်မြတ်နိုးသူတိုင်း မာန်အောင်ကျွန်းကို မူးယစ်ဆေးနွံထဲကနေ ကယ်တင်ဖို့ ကြိုးစားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

မြတ်သိန်းထွန်း (ဘွရှင်)

အယ်ဒီတာချုပ်

ဝံသာနုသတင်းဌာန
မတတ်သာတဲ့အဆုံး ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရကိန်း ဆိုက်လာတော့ ရင်နာနာနဲ့ပဲ ထောင်းပါရစေ။

မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ ရခိုင်ပြည်နယ်ထဲက မာန်အောင်ကျွန်းဟာ တကယ်တော့ မြို့ငယ်လေးတစ်မြို့နဲ့ ကျေးရွာလေးတွေပဲ ရှိတဲ့၊ တခြားမြို့တွေနဲ့နှိုင်းယှဉ်ကြည့်ရင် ဖွံ့ဖြိုးတိုးတက်မှု အနည်းငယ်နိမ့်ကျနေသေးတဲ့ နေရာလေးတစ်ခုပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ကုလားပြဿနာဒဏ်ကို ခံစားနေရတဲ့အချိန်မှာ ဘင်္ဂလီမရှိတဲ့ မာန်အောင်ကျွန်းဟာ တခြားမြို့နယ်တွေနဲ့စာရင် အင်မတန်တည်ငြိမ်အေးချမ်းတဲ့ နေရာလေးပါ။ တနယ်တကျေးက ပြောင်းရွေ့အခြေချလာသူ နည်းပါးပြီး ဆွေမျိုးလှည့်ပတ်စပ်လို့ရတဲ့ ဒေသခံအများစုနေထိုင်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

ထူးခြားဖြစ်စဉ် သိပ်မရှိလို့ မီဒီယာတွေရဲ့ သတင်းဖော်ပြမှု မခံရသလောက်နည်းပါးတဲ့ ဒီဒေသကို ခြိမ်းခြောက်လာနေတာက မထင်မှတ်တဲ့ မူးယစ်ဆေးဝါးပြဿနာပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးထုတ်လုပ်တဲ့ ဒေသတွေနဲ့ မိုင်ပေါင်းများစွာဝေးကွာပြီး ရွာကြီးတစ်ရွာအကျယ်အ၀န်းလောက်ပဲရှိတဲ့ ဒီမာန်အောင်မြို့သေးသေးလေးမှာ ဘာကြောင့် ဒီပြဿနာပေါ်လာရတာလဲ။ အရင်တုန်းက မူးယစ်ဆေးသုံးစွဲတဲ့လူ မာန်အောင်မှာမရှိဘူးလားဆိုတော့ တစ်ယောက်စနှစ်ယောက်စ ရှိဖူးပါတယ်။ ဒိုင်ယာဇီဗင်လို ဆေးဆိုင်ကနေ အလွယ်တကူဝယ်လို့ရတဲ့ဟာမျိုးတွေကို သုံးစွဲတဲ့လူတွေပါ။ ဒါပေမယ့် ဒေသတွင်းမှာ တရားမ၀င် မူးယစ်ဆေးဝါး ရောင်းချတဲ့အဆင့်ထိ နေထိုင်ဖူးခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော် ကာလအတွင်း တစ်ခါမှမတွေ့ဖူးပါဘူး။ ခုတော့ အခြေအနေတွေ အဆိုးဖက်မှာ တိုးတက်လာနေပြီလို့ သိရပါတယ်။

မာန်အောင်က လူငယ်တွေနဲ့လူလတ်ပိုင်းတွေကြားမှာ မူးယစ်ဆေးသုံးစွဲမှုတွေ များပြားလာနေပါတယ်။ မူးယစ်ဆေးရောင်းချသူတွေ စီးပွားဖြစ်နေပါတယ်။ ဒေသတွင်းတာဝန်ရှိသူတွေက လိုင်းကြေးရလို့ ငြိမ့်နေကြပါတယ်။ ကျွန်တော်တို့ငယ်စဉ်က ဖဲဝိုင်း၊ကြက်ဝိုင်းနဲ့ အရက်ခိုးချက်သူလောက်ပဲ ဥပဒေချိုးဖောက်တယ်လို့ ပြောလို့ရတဲ့ ဒီဒေသမှာ တည်ဆဲဥပဒေကို မထီမဲ့မြင်လုပ်ရဲတဲ့လူတွေ၊ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရဲတဲ့လူတွေ ရှိလာတဲ့အနေအထားဟာ မာန်အောင်ကျွန်းရဲ့ အင်မတန်တည်ငြိမ်အေးချမ်းတဲ့ သဘာဝကို ဖျက်ဆီးနေကြပါပြီ။ ဘ၀တွေမပျက်ခင်အချိန်ထိတော့ မူးယစ်ဆေးရဲ့အရသာကို လောကနိဗ္ဗာန်လို့ ထင်နေကြအုန်းမှာပါပဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုခွဲကျော် ကာလတုန်းက မာန်အောင်ကျွန်းကို ဧည့်သည်ဆိုးတစ်ယောက် ရောက်ချလာဖူးပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံတလွှားရေပန်းစားတဲ့ တရားမ၀င် ချဲထီနဲ့နှစ်လုံးထီပါ။ ကူးစက်မှုအလွန်မြန်ဆန်တဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုလို မာန်အောင်မြို့ကနေစပြီး ရွာစွန်ဇနပုဒ်ထိပါမကျန် ချဲဒိုင်တွေ၊ကော်မရှင်စားတွေ မှိုလိုပေါက်ကုန်ပါတယ်။ ခေတ်မှီသူတိုင်း ချဲရောင်းကြသည်လို့ ပြောရမယ့်အတိုင်းပါပဲ။ တဖက်မှာလည်း အရူးအမူးချဲထိုးတဲ့လူတွေ၊ ချဲတွက်သမားတွေ၊ ချိုင်းကြည့်သူတွေ၊ အတိတ်ကောက်သူတွေကလည်း သောက်သောက်လဲပါပဲ။ ခုလိုမျိုး မိုဘိုင်းဖုန်းတွေ မရှိသေးတဲ့အချိန်ဖြစ်လို့ ချဲထွက်မယ့်နေ့ကျရင် မာန်အောင်တကျွန်းလုံးရဲ့ တစ်ခုတည်းသော တယ်လီဖုန်းအိတ်ချိန်းရုံးရှေ့မှာ ဂဏန်းထွက်အလာကို စောင့်နေတဲ့လူအုပ်ကြီးဟာ ဘုရားပွဲတော်တစ်ခုလောက်ကို စည်ကားနေခဲ့ပါတယ်။ ငွေဝင်တဲ့လူ၊ငွေရွှင်တဲ့လူ၊ငွေထွက်တဲ့လူ၊ ငွေပြတ်တဲ့လူစသဖြင့် ပုံမှန်တဲ့ပိုမိုတဲ့ ခံစားချက်တွေဖိစီးနေတဲ့မျက်နှာတွေဟာ ချဲပေါ်တဲ့အချိန်ကစပြီး မာန်အောင်ကျွန်းမှာ တစ်နေ့တခြား ပိုမိုများပြားလာခဲ့ပါတယ်။ တစ်နှစ်ကျော်လောက်အကြာမှာတော့ တိုက်ဆောက်တဲ့လူ၊အိမ်ပျောက်တဲ့လူ၊ ခြံပျောက်တဲ့လူ နောက်ဆုံး ဘ၀ပျောက်တဲ့လူတွေ မာန်အောင်ကျွန်းကနေ ပေါ်ထွက်လာပါတော့တယ်။ အပျော်သဘော အရက်ဖိုး၊ လက်ဖက်ရည်ဖိုး၊ ဈေးဖိုးလေးတွေ ဖဲ့ထိုးရာကနေ အိမ်ရောင်းခြံရောင်းပြီး ဟော့ဂဏန်းတွေကို စုံပြုံအော၊ မပေါက်တော့ တက်တက်ပြောင်၊ ပေါက်ပြန်တော့လည်း ဒိုင်ကမလျော်ပဲထွက်ပြေးလို့ ပြည်မမှာလို လမ်းဘေးမရောက်ပေမယ့် ထမင်းနေ့ညနပ်မမှန်တော့တဲ့ လူတန်းစားတွေ ပေါ်လာခဲ့ပါတယ်။ ထောက်လှမ်းရေးတွေ တန်ခိုးထွားတဲ့အချိန်ဖြစ်လို့ ထောက်လှမ်းရေးတွေကို ပုခုံးထမ်းထားကြတဲ့ ချဲဒိုင်တွေရဲ့ သြဇာကလည်း ဒေသတွင်းမှာ မသေးလှပါဘူး။ ချဲကြောင့် ချမ်းသာသွားတဲ့လူက လက်ဆယ်ချောင်းမပြည့်ပေမယ့် ဘ၀ပျက်သွားတဲ့လူတွေက စပါးတစ်တင်းစာမကပါဘူး။ ဘ၀ပျက်သွားတဲ့လူတွေထဲမှာ မိသားစုတစ်ခုလုံး ကစဥ့်ကလျားပြိုကွဲခဲ့ရတဲ့ ကျွန်တော်တို့မိသားစုလည်း ပါဝင်ခဲ့ပါတယ်။ ဆေးလိပ်ခုံပိုင်ရှင်ဘ၀ကနေ နေ့စဉ်ထမင်းနပ်မှန်ရေးအတွက် ကိုယ့်ဘာသာဆေးလိပ်လိပ်ပြီး ဈေးမှာပျံကျချရောင်းရတဲ့ဘ၀ထိ ထိုးဆင်းသွားပြီး နောက်ဆုံးမှာတော့ သမီးနှစ်ယောက်ကို မိဘအိမ်မှာအပ်၊ သားအကြီးဆုံးဖြစ်တဲ့ ကျွန်တော်နဲ့ မိဘနှစ်ပါးဟာ ထိုင်းနိုင်ငံကိုထွက်လာခဲ့ရပါတယ်။ ကျွန်တော့်ဖခင်ဟာ မာန်အောင်ပြန်ချင်တယ်လို့ တဖွဖွပြောရင်း ထိုင်းနိုင်ငံ ချုံဖော်မြို့မှာ ပုဇွန်ကန်အလုပ်သမားဘ၀နဲ့ ပင်ပန်းကြီးစွာ အလုပ်လုပ်ရင်း ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။

ချဲနှိပ်စက်တဲ့ ဒဏ်ရာဒဏ်ချက်တွေ အနာမကျက်သေးတဲ့ မာန်အောင်ကျွန်းကို ခုတစ်ခါ မူးယစ်ဆေးဝါးပြဿနာက ထပ်နှိပ်စက်ဖို့ ၀င်ရောက်လာနေပါပြီ။ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော၊ တစ်ကိုယ်ရေ မိသားစုဘ၀ ကောင်းစားဖို့ သွေးဖောက်ကြည့်ရင် ဆွေမျိုးမတော်တဲ့လူ မရှိသလောက်နည်းပါးတဲ့ ကိုယ့်ရပ်ကိုယ့်ရွာကလူတွေကို အသုံးချနေတဲ့ မူးယစ်ဆေးရောင်းချသူတွေ၊ သူတို့ဆီက လိုင်းကြေးတွေနဲ့ ဥပဒေကိုလူမသိအောင် ဖင်ခုထိုင်နေကြတဲ့ ကိုယ်ကျိုးရှာတာဝန်ရှိသူတွေကြောင့် ကျွန်တော်တို့မိသားစုလို ဘ၀ပျက်ရမယ့် မိသားစုတွေ၊ မိဘနဲ့ သေကွဲရှင်ကွဲ ကွဲရမယ့် ခလေးသူငယ်တွေ၊ သားသမီးနဲ့ သေကွဲရှင်ကွဲ ကွဲရမယ့် မိဘတွေ ဘယ်လောက်ထိတောင် ထပ်ပေါ်လာလေမလဲ။ အညွှန့်တလူလူနဲ့ မာန်အောင်ကျွန်းရဲ့ဂုဏ်ကိုဆောင်မယ့် လူငယ်မျိုးဆက်သစ်လေးတွေ ဘယ်လောက်တောင်များ မူးယစ်ဆေးကြောင့် ဘ၀ပျက်၊လူရာမ၀င်တဲ့ အနေအထားကို ရောက်သွားလေမလဲ။ မတွေးရဲစရာပါ။

ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေထဲမှာ ကိုယ့်မာန်အောင်သားထဲက ထိုင်း၊မလေးရှားနဲ့ ဗမာပြည်မမှာ မူးယစ်ဆေးကုန်ကူးသူတွေ၊ မူးယစ်ဆေးရာဇာအဆင့်ထိ ရောက်ပြီး ကြီးပွားသွားတဲ့လူတွေ၊ မူးယစ်ဆေးကုန်ကူးရင် ပစ်သတ်ခံရတဲ့လူတွေ၊ ထောင်ကျသွားတဲ့လူတွေနဲ့ ဆုံခဲ့ဖူးပါတယ်။ အဲတုန်းက ကိုယ့်ရပ်ကိုယ့်ရွာထိ ဒီမူးယစ်ဆေးတွေ ဒုက္ခပေးလာလိမ့်မယ်လို့ ယောင်လို့တောင် မတွေးမိခဲ့ပါဘူး။ အဲဒီလူတွေဆီကနေ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဗဟုသုတ၊အတွေ့အကြုံကို လိုချင်စိတ်သက်သက်နဲ့ ပတ်သက်မိခဲ့တဲ့ ကိုယ့်ကိုယ်ကိုလည်း ခုချိန်မှာ ခွင့်မလွှတ်နိုင်လောက်အောင် ရှက်နေမိပါတယ်။

တစ်နယ်လုံးဆွေမျိုးပတ်တော်နေတဲ့ မာန်အောင်လိုမြို့ငယ်လေးမှာ အနာဂတ်ထိဖြစ်လာမယ့် အခြေအနေကို သုံးသပ်ဖို့ထက် တဖက်သားရဲ့ စီးပွားရေးကို ရပ်ဆွေရပ်မျိုးအချင်းချင်း လက်ထောက်ချ တိုင်ကြားဖို့ကို မာန်အောင်ဒေသခံတွေ လက်တွန့်တတ်ကြပါတယ်။ မာန်အောင်မြို့ကနေ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ရဲ့ ဒေသအပေါ် အလေးထားမှု မရှိခြင်းဟာလည်း ဒီနေရာမှာ ပေါ်လွင်နေပါတယ်။ ရန်ကုန်အခြေစိုက် နိုင်ငံရေးအင်အားစုတွေထဲက မာန်အောင်သားနိုင်ငံရေး လှုပ်ရှားသူတွေဖက်က ဒေသတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေဆိုးတွေကို နိုင်ငံတော်အစိုးရကနေ ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ဖို့ သတိထားမိတဲ့အဆင့်ထိရောက်အောင် နိုင်ငံရေးနည်းလမ်းနဲ့ ထိုးဖောက်တာကိုလည်း ဒီစာရေးနေတဲ့အချိန်ထိ မတွေ့ရသေးပါဘူး။

ဒီဒေသနဲ့ပတ်သက်သူတိုင်းကို မေးခွန်းထုတ်ချင်ပါတယ်။ ဒီဒေသရဲ့ အနာဂတ်ကို ဖျက်လိုဖျက်ဆီးလုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေကြတော့မှာလား။ ခုချိန်မှာ အဖတ်ဆည်ဖို့ နောက်မကျသေးဘူးလို့ပဲ ပြောချင်ပါတယ်။ မာန်အောင်ကျွန်းကို ချစ်မြတ်နိုးသူတိုင်း မာန်အောင်ကျွန်းကို မူးယစ်ဆေးနွံထဲကနေ ကယ်တင်ဖို့ ကြိုးစားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

မြတ်သိန်းထွန်း (ဘွရှင်)

အယ်ဒီတာချုပ်

ဝံသာနုသတင်းဌာန

Wednesday, February 19, 2014

ရွာသားအလှု၊ သူကြီးကောင်းမှု၊ တိုင်းပြည်ကို အပြောင်ရှင်းမယ့် မသူတော်များ

မြန်မာ့တောတောင်ရေမြေတွေ ပြုတ်ပြုတ်ပြုန်း တောင်ကတုံးလွင်တီးခေါင်တွေဖြစ် သဘာ ၀ ရာသီဥတုတွေ ဖောက်ပြန်ပြီး နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကြီးနဲ့ လူသိန်းချီ သေကြေ သွားရတာတောင် ဂရုမစိုက်ဘူးဆိုတဲ့ သဘောလားတော့မသိဘူး။

ဗမာပြည်လွတ်လပ်ရေး ယူတဲ့ ၁၉၄၈ ခုနှစ်မှာ တိုင်းပြည်မှာ သစ်တောဖုံးလွှမ်းမှု ဧရိယာ ၇၉ ရာခိုင်နှုန်း ရှိခဲ့တယ်။ သဘောက အင်္ဂလိပ် တွေကတောင် မြန်မာ့သဘာဝရေမြေေ တာတောင် ကို ပိုးစိုးပက်စက်ဖြစ်အောင် မလုပ်ခဲ့ဘူး ဆိုတဲ့သဘောပေါ့။ နောက် ၁၉၈၈ အရေးအခင်းကာလ အပြီး စစ်တပ်အာဏာ သိမ်းချိန်မှာလည်း တိုင်းပြည်ရဲ့ သစ်တော ဖုံးလွှမ်းမှု ဧရိယာ ဟာ ၆၁ ရာခိုင်နှုန်းကျော် ကျန်နေခဲ့သေးတယ်။ သဘောက အာဏာရှ င်နေ၀င်း ရဲ့ တံခါးပိတ်အစိုးရကလည်း ယုတ်မာပေမဲ့ မပက်စက်သလိုလို ပြောလို့ရသေး တာပေါ့လေ။

အင်း ၁၉၈၈ ကနေ ကနေ့ကာလအချိန်အထိမှာ ဘယ်လိုဖြစ်သွားသလဲ ဆိုတေှာ့ဗမြာ ပည် ရဲ့ သစ်တောဖုံးလွှမ်းမှု ဧရိယာက ၂၉ ရာခိုင်နှုန်းပဲ ကျန်ခဲ့တော့တယ်။ မကြံအပ်မ စည်ရာ ဒီသစ်ပင်တွေ ခုတ်လှဲ ရောင်းစားကြပြီး ကြီးပွားချမ်းသာသွားကြတာတွေကေ တာ့ မြန်မာ့သစ်လုပ်ငန်း ( Myanmar Timber Enterprise (MTE) ) အမည်ခံထား တဲ့ နောက်ကွယ်က စစ်တပ်ရယ်၊ ဦးပိုင် လီမိတက် ရယ် ခရိုနီ ဦးတေဇ အပါအ၀င် လက်ဆယ်ချောင်းတောင်မပြည့်တတ် တဲ့ အများပိုင်အမွေကို အလွဲသုံးစား ပြုပြီးမတရား ခိုးဝှက်စီးပွားရှာကြတဲ့ မရှက်တတ်တဲ့လူတစ်စုနဲ့ စစ်တပှ်ဗိုလ်ချူပ်တစ်စုပဲ။

တိုင်းပြည်ကတော့ ဒီ့လောက်တောင် သစိခုတ်ရောင်းနေတာတောင် ဘာများ လူမွေး သူေ ရာင် ပြောင်လာလို့တုန်း ပိုတောင် စုတ်စုတ်ပြတ်ပြတ် ဆင်းရဲသွားသေးတယ်။ အခုဒီငွေတွေ ဘယ်မတုန်း မေးကြည့် မေးတဲ့သူ ထောင်ချခံရမယ့် ဘုရားစူး ဗမာသူခိုး ဒီမိုကရေစီခေတ်။

အသေးစိတ်ထ့ပ်သိလိုကြရင်တော့ FREDA က ဦးအုန်း ကိုသာ ဆက်မေးကြပေတော့။

ပေးဆပ် ဖို့ အနစ်နာခံ ဘ၀ပျက်ပြီး မျိုးဆက်ပေါင်းများစွာ ခံစားကြရမှာကတော့ သူ တို့လိုချင်သလို လှည့်ချင်သလို လှည့်စားခံနေကြရတဲ့ ပညာမျက်စေ့ခေါင်းပါးအောင် အ ပိတ်ခံထားကြရ ရှာ သူ သန်း ခြောက်ဆယ်ကျော်မျှ သော တိုင်းပြည်က ပြည်သူလူထုေ တွပဲ။

ဝဋ်ရှိသမျှတော့ ခံကြဦးပေါ့ဗျာ။ တိုင်းပြည်ရဲ့သစ်တောဖုံးလွှမ်းမှု ဧရိယာ နောက်ထပ် ၁၀ ရာခိုင်းနှုန်းလောက်သာ ဒီ့ထက်ထပ်လျှော့ သွားဦးမယ်ဆိုရင်တော့ တိုင်းပြည်မှာ မိုးေ တာင် မှန်မှန်ရွာဖို့ခက်သွားပြီး အာဖရိက တိုင်းပြည် တချို့လို အစာငတ် ရေငတ် အစု လိုက်အပြုံလိုက် သေကြရမယ့် ကြမ္မာဆိုးက ရှေ့ကနေ ကတွတ်ဝ မှာ ဗျိုင်းစောင့်သလိုေ စာင့်နေတယ်။ ဒီလိုတွေ သေကုန်တော့ရော ဘာအရေးတုန်း ခုနက အခွင့်ထူးခံစားသွား ကြသူ လက်တစ်ဆုပ်စာကောတ့ ဟောင်ကောင်တို့ တရုတ်ပြည်တို့ စင်္ကာ့ပူ တို့မှာ ဇိမ်ခံ အိမ်တွေ ၀ယ်ထားကြ၊ စီးပွားရေးတွေ ပြောင်းထားကြပြီး အသာ ဒူးနှန့် ယပ်ခပ်ပြီး ပြုံးနေကြလိမ့်မပေါ့။ 

photo credit : Kyaw Kyaw Htay KG

Robert Elhose

Monday, February 17, 2014

၅၉(စ)ပြုတ်ရင် ဘာနိုင်ငံဖြစ်သွားမလဲ

ဒေါက်တာခင်နိုင်ဦး

ယနေ့ ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၅၉ (စ)အရ သမ္မတလောင်း ရွေးချယ်ခံချင်သူရဲ့ ချွေးမဟာတိုင်းတစ်ပါးသား ဖြစ်နေမယ်ဆိုရင် အဲ့သည်သူ အရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးသွား တယ်လို့ပြပါတယ်။ တကယ်တော့ သားသမီး ကိုတောင်မှ အဲ့သလိုချုပ်ချယ်ချင်လို့ မဖြစ်ပါ ဘူး။ ငါသမ္မတဖြစ်ချင်လို့ ငါ့သားနင်လည်း နိုင်ငံခြားသားမလုပ်နဲ့ နိုင်ငံခြားသား မိန်းမ ကိုလည်း မယူနဲ့လို့ ပိတ်ထားရမယ့် အဖြစ် မျိုးပါ။ လူဆိုတာက အသက် ၂၁ ဆိုရင် သူ့လမ်းသူရွေးပြီပဲ။

အခြေခံဥပဒေမှာဖော် ပြထားတဲ့ ပြဋ္ဌာန်းချက် ပုဒ်မ ၃၄၇ နိုင်ငံ တော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည် အရ နိုင်ငံသားတိုင်းဟာ အမှန်တကယ်ပဲ နိုင်ငံ ရေးမှာ ပါဝင်နိုင်ရပါလိမ့်မယ်။
ဒါ့အပြင်ပုဒ်မ ၃၄၈ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်သည် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည် သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ် ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်း ရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိ စေရ။ ဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် မို့ဆိုပြီး ခွဲခြားထားလို့ မရပါဘူး။ ဒါဟာ အခြေခံဥပဒေက ပေးပြီးသား နိုင်ငံသားအခွင့် အရေး ဖြစ်ပါတယ်။

ပုဒ်မ ၃၄၈ နှင့် ၃၄၇ ကို ပုဒ်မ ၅၉(စ)က ပြန်ပြီး ကန့်သတ်လိုက်တာ ဖြစ်တဲ့အတွက် ပြင်ကိုပြင်ရပါလိမ့်မယ်။ မပြင် ရင် ကျွန်တော်တို့ ဖွဲ့စည်းပုံဟာ ရှေ့နောက် မညီလို့ ရှက်စရာကြီးပါ။ ဒါကြောင့် နိုင်ငံတ ကာက ဥပဒေပညာရှင်တွေက အမှိုက်ပုံးဆိုပြီး တင်စားခေါ်ရအောင် စွမ်းတဲ့ ဖွဲ့စည်းပုံဖြစ် နေလို့ပါ။

၅၉(စ) မပြင်ရင် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်နိုင်ပြီလား၊ မဟုတ်ပါ ဘူး။ ၅၉(စ)ကို မပြင်လည်း ၀ှိုက်ကတ်ရတဲ့သူ တောင်မှ ပါတီထောင်ခွင့်ပေးထားလို့ ဘယ် အမျိုးဘာသာသာသနာ စောင့်ရှောက်တဲ့ ဥပ ဒေထုတ်ထုတ် ဘာသာခြားအပြင်ကို နိုင်ငံ သားမဟုတ်သူပါ လွှတ်တော်ထဲ ရောက်လာ နိုင်တဲ့ အခွင့်အရေး ပေးထားပါတယ်။ ဒါ ကြောင့် ထူးပြီးခြားမလားနိုင်ပါဘူး။

၅၉(စ) ကိုပြင်ရင် ဘာဖြစ်မလဲ၊

ဘာမှမဖြစ်ပါဘူး။ နိုင် ငံခြားက ဘယ်လိုလူမျိုးကမှလည်း တက်ပြီး သမ္မတလာဖြစ်လို့ မရပါဘူး။ အတော် များများက ၅၉(စ)ကို မဲနေတာ။ သူ့ထက် ကောင်းတဲ့ ၅၉(ခ) နဲ့ ချုပ်ထားပြီးသားဖြစ်ပါ တယ်။ ၅၉(က) နဲ့ (ခ) နဲ့တင် အားလုံးပွဲသိမ်း ပါတယ်။

၅၉(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေး ဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာ နိုင်ငံသားဖြစ်ရမည်။ သေသေချာချာပြန်ဖတ် ကြည့်ပါဦး။ သမ္မတလောင်းတစ်ဦးဟာ မိမိ ရော၊ မိမိရဲ့ မိဘနှစ်ပါးစလုံးဟာ မြန်မာနိုင်ငံ မှာပဲ မွေးဖွားကြီးပြင်းသူဖြစ်ရမယ်၊ တိုင်းရင်း သားတွေ ဖြစ်ရမယ်၊ မြန်မာနိုင်ငံသားဖြစ်ရ မယ် ဆိုတဲ့ အချက်နဲ့တင် ဘယ်မှာလာပြီး ဘယ်နိုင်ငံက ကုလားတွေ၊ တရုတ်တွေလာပြီး မြန်မာနိုင်ငံရဲ့ သမ္မတလာဖြစ်တော့မလဲ။ သူ တို့ဟာ နိုင်ငံသားဖြစ်ခဲ့တယ်ထားဦးတော့ တိုင်း ရင်းသားမှ မဟုတ်ကြပဲ။ သည်တော့ အမျိုး ဘာသာ၊ သာသနာစောင့်ရှောက်ဖို့ ၅၉(စ) မလိုပါ။။ ၅၉(ခ)နဲ့တင် ပွဲသိမ်းနေပါပြီ။

၅၉(စ) ကတော့ ထဘီဝတ်မိန်းမသားတစ်ဦးကို ဘောင်း ဘီဝတ်စစ်သားကြီးများက ကြောက်ပြီး ရေး ထားတဲ့ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်ပါ။ ဘုမသိ ဘ မသိ အမျိုးစောင့်သူများဟာ မလေ့လာဘဲ ကုန်းမအော်ကြပါနဲ့။ ၅၉(စ)ဖြုတ်လို့ ဘာသာခြား နိုင်ငံဖြစ်စရာအကြောင်း မရှိပါဘူး။ ဖြစ်စရာရှိ ကိုယ့်နိုင်ငံကို အကောင်းဆုံးမြှင့်တင်ပေးနိုင် မည့်သူကို ဆုံးရှုံးသွားမှာကိုပဲ စိုးရိမ်ကြပါ။ ၅၉(စ) မပြင်လို့ နစ်နာစရာရှိရင် ပြည်သူပဲနစ် နာမှာပါ။ ရေးခဲ့တဲ့ စစ်သားဘောင်းဘီကျွတ် တွေကတော့ နစ်နာစရာမရှိပါဘူး။

အမျိုးဘာ သာသာသနာ စောင့်ရှောက်မယ် အော်တဲ့ သူတွေ စိတ်ဆိုးထိုက်တာက ၅၉(စ) မဟုတ် ဘူး။ နိုင်ငံသားမဟုတ်ဘဲ ၀ှိုက်ကတ်ကိုင် တဲ့သူတွေ ပါတီထောင်ခွင့်ပေးတာကိုပါ။ အဲ့ ဒါကိုကော ဘယ်လို သဘောရလဲ။ ၅၉(စ)ကို ပဲ မြင်မြင်နိုင်လွန်းလို့ ပြောတာပါ။

သမ္မတ ရာထူး အရည်အချင်းအတွက် မြန်မာနိုင်ငံရဲ့ ဘယ်ဖွဲ့စည်းပုံမှာမှ ပြီးတော့ ဘယ်နိုင်ငံမှာမှ သားသမီး၊ ချွေးမ၊ သမက်တွေကို ကြည့်ပြီး ရွေးချယ်ခံပိုင်ခွင့်မရှိလို့ ပါတာ မတွေ့ဖူးပါဘူး။

၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်က နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းကို ပြပါဦးမယ်။ ၁၉၄၇ ဗိုလ် ချုပ်အောင်ဆန်းတို့ရေးခဲ့သော ဖွဲ့စည်းပုံပုဒ်မ ၄၉(က) မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါးသော်လည်းကောင်း ပြည် ထောင်စုနိုင်ငံ၏ ပိုင်နက်အတွင်း၌ မွေးဖွား ခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊ ထို့အပြင် (ခ) ပါလီမန်အမတ်အဖြစ် ရွေး ကောက်တင်မြှောက်ခံနိုင်သည့် အရည်အ ချင်းနှင့်လည်း ပြည့်စုံသော ပုဂ္ဂိုလ်မျိုးမဟုတ် လျှင် မည်သူမျှ နိုင်ငံတော် သမ္မတရာထူးအ တွက် ရွေးကောက်ခံနိုင်ခွင့်မရှိစေရ။ ကဲ ရှင်း ပလား။

ဒါကြောင့်မို့ ၅၉(စ) ဆိုတာ အမျိုး ဘာသာစောင့်ရှောက်ဖို့ ထည့်ဆွဲထားတာ မ ဟုတ်ဘူးဆိုတာ သိရမယ်။

၅၉(စ) ဆိုတာ ဒေါ်စု သမ္မတဖြစ်လို့မရအောင် ညစ်ပတ်ပြီး ရေးထားတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။ လူသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးကို ပိတ် ထားတဲ့ ၅၉(စ) ပြုတ်အောင်ကို ပြည်သူ့ အင်အားနဲ့ ဖြုတ်ချကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆောင်းပါးကဏ္ဍ
အမှတ်စဉ် ၉၈၊ သည်လေဒီးစ်နယူးစ်ဂျာနယ်

Saturday, February 15, 2014

ယဉ်ကျေးမှုမြို့တော်မှ နဂါးခြေရာများ



ရေးသားသူ- မောင်တာ


မြန်မာဘုရင်နောက်ဆုံးမင်းဆက် ထီးနန်းစိုးစံခဲ့ရာ ရတနာပုံနေပြည်တော်၏ နန်းမြို့ရိုးရှေ့ကျုံးပလက်ဖောင်းသည် လွန်ခဲ့သောဆယ်စုနှစ်မှစတင်ကာ တရုတ်လူမျိုးတို့ နံနက်ပိုင်း ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ရာနေရာတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။


ကျုံးရေပြင်တွင် မြူနှင်းများရစ်သိုင်းနေဆဲဖြစ်ပြီး အလင်းရောင်မသဲကွဲမီအချိန်ကတည်းကပင် ရွှေနန်းတော်ကျုံးဘေးပတ်လည်တွင် တရုတ်ရိုးရာ ထိုက်ကျိကစားသူများ၊ ၀ူရှူးကစားသူများ၊ လမ်းလျှောက်သူများဖြင့် စည်းကားနေပြီး ကျုံးဘေးလမ်းမပေါ်တွင် အရောင်အသွေးစုံ နောက်ဆုံးပေါ်ကားများ အစီရီရပ်တန့်ထားကာ အသက်အရွယ်မျိုးစုံ တရုတ်အမျိုးသား၊ အမျိုးသမီးများမှာလည်း နေ့သစ်တစ်ခုမစတင်မီ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နေကြသည်။


အစုလိုက်၊ အစုလိုက် ထိုက်ကျိကစားသူများက ကက်ဆက်များ၊ ဆောင်းဘောက်များဖြင့် တေးသီချင်းများ ကျယ်လောင်စွာဖွင့်ထားကြပြီး သူတို့ထံမှ တရုတ်သီချင်းနှင့် တရုတ်သံစဉ်များမှာ ကျုံးဘေးဝန်းကျင်ပျံ့လွင့်နေသည်။ မြန်မာတို့၏ အထွတ်အထိပ်၊ အလေးထားဂုဏ်ယူရာနေရာ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် မြို့၏အထိမ်းအမှတ်ပြယုဂ်ဖြစ်သည့် မန္တလေးနန်းတော်နှင့် ကျုံးမြို့ရိုးသည် တရုတ်သီချင်းသံစဉ်များဖုံးလွှမ်းခံနေရပြီး ခေါင်းဖော်နိုင်ခြင်းမရှိတော့။


ရှေးအစဉ်အဆက်ကတည်းက လာရောက်နေထိုင်မှုများရှိခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် တပ်မတော်အစိုးရအုပ်ချုပ်သည့် ကာလများတွင် မန္တလေးမြို့သို့ တရုတ်လူမျိုးများ အလုံးအရင်းဖြင့် ဆက်တိုက်ဝင်ရောက်လာခဲ့သည်။


ယဉ်ကျေးမှုမြို့တော်တွင် တရုတ်နိုင်ငံသားများ များလာခြင်းသည် စစ်အစိုးရလက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု ကြီးမားလာခြင်းနှင့် တိုက်ရိုက်ဆက်စပ်သည်။ 


“အာဏာပိုင်တွေက တရုတ်ကိုကြောက်ပြီး မျက်နှာသာပေးနေတယ်ဆိုရင်တော့ ဒီပြဿနာဖြစ်နေမှာပဲဗျ။ အစဉ်အဆက်မှာလည်း နိုင်ငံသားနဲ့ တရုတ်ဆိုရင် တရုတ်ကိုပဲ အာဏာပိုင်တွေက မျက်နှာသာပေးခဲ့တာ။ တရုတ်ကလည်း ပက်ပက်စက်စက်ကိုပဲ လာဘ်ထိုးတယ်။ လာဘ်လည်းထိုးနိုင်တယ်ဆိုတော့ အပေးအယူတည့်နေကြတယ်။ နိုင်ငံသားတွေကတော့ မျက်နှာသာပေးတာမခံရဘူး။ ဥပဒေအရရော။ အမျိုးစုံ မျက်နှာသာပေးမခံရဘူး။ နောက်ဆုံးလာဘ်စားတဲ့နေရာမှာတောင် နိုင်ငံသားဆီက များများလည်းမရသလို သိပ်လည်းမစားရဲဘူး။ တရုတ်နဲ့ကျတော့ လဘ်စားမှုလည်း ရဲရဲစားတယ်။ မျက်နှာသာလည်းပေးတယ်။ အဲဒီလိုနဲ့ အစဉ်အဆက် စစ်အစိုးရခေတ်ကတည်းက နေရာတွေရလာကြတယ်”ဟု မန္တလေးမြို့ခံ စာရေးဆရာနှင့် သတင်းစာဆရာဖြစ်သူ ဆရာကျော်ရင်မြင့်ကပြောသည်။


လက်ရှိအချိန်တွင် မန္တလေးမြို့တွင်း မြန်မာစကားမပြောသော တရုတ်များ တစ်နေ့တခြား တိုးပွားများပြားလာသည်။ မန္တလေးတွင် အခြေချနေထိုင်သူလား၊ ပတ်စ်ပို့ဖြင့် လာရောက်သူလား မကွဲပြားနိုင်သည့် မြန်မာစကားမပြောသော တရုတ်များသည် မန္တလေးမြို့တွင်းလမ်းမများပေါ် ဥဒဟိုသွားလာနေကြသည်။ မန္တလေးမြို့၏ အထင်ကရနေရာများ၊ လေဆိပ်၊ သင်္ဘောဆိပ်နှင့် ရထားဂိတ်၊ ကားဂိတ်များ၊ ဈေးများ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်တည်းခိုခန်းများတွင် တရုတ်စကားသံများ ဆူညံစွာကြားနေရသည်။


၁၉၈၀ ပြည့်နှစ်များအတွင်း နောက်ဆုံးကောက်ယူခဲ့သည့် သန်းခေါင်စာရင်းကို အခြေခံတွက်ချက်ထားသည့် ခန့်မှန်းလူဦးရေစာရင်းအရ မန္တလေးတိုင်းဒေသကြီးအတွင်း တရုတ်လူမျိုး ၇၄၄၀၀ ဦးကျော် နေထိုင်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရှိရသည်။ ၎င်းမှာ တိုင်းဒေသကြီးအတွင်းနေထိုင်သော လူဦးရေ 

၇ သန်းကျော်၏ ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ဗမာ၊ အိန္ဒိယ၊ ရှမ်းလူမျိုးစုများပြီးလျှင် စတုတ္ထအများဆုံးနေထိုင်သူလည်းဖြစ်သည်။


သို့သော် လက်ရှိအချိန်တွင် မန္တလေးမြို့ပေါ်၌ နေထိုင်သော တရုတ်လူမျိုးမှာ မြို့လူဦးရေ၏ သုံးပုံတစ်ပုံခန့်အထိရှိနိုင်ပြီး လူဦးရေသိန်းချီရှိနေပြီဟု မန္တလေးမြို့ခံများကပြောသည်။ ၂၀၁၂ ခုနှစ်အတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအတွက် ထိုင်းနိုင်ငံအခြေစိုက်အဖွဲ့အစည်းတစ်ခုမှ စစ်တမ်းကောက်ယူခဲ့ရာ တရုတ်လူမျိုးများမှာ မန္တလေးမြို့တွင်နေထိုင်သော လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်အထိ ရှိနိုင်သည်ဟု ဖော်ပြထားသည်။


“သူတို့ရဲ့ပိုင်ဆိုင်မူကတော့ တော်တော်များတယ်။ မြို့တွင်းပိုင်း အိမ်ခြံမြေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို တရုတ်နွယ်ဖွားတွေ ပိုင်ဆိုင်ထားတယ်လို့ ခန့်မှန်းမိပါတယ်။ ဟိုတယ်ဆောက်ချင်တယ်ဆိုတာမျိုး မြေကွက်ကျယ်ကျယ်နဲ့ စီမံကိန်းတင်ပြလာရင် ပိုင်ဆိုင်သူက သူတို့တွေပဲ ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အတိအကျစာရင်းကောက်ယူထားတာ။ စစ်တမ်းပြုစုထားတာမျိုးတော့ မရှိပါဘူး”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့်မြေအသုံးချမှုစီမံခန့်ခွဲရေးဌာနမှ ဌာနခွဲမှူးဦးသန်းဝေကပြောသည်။


မန္တလေးမြို့တွင် တရုတ်လူမျိုးများပြားလာခြင်းက မြို့ခံများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများအပေါ် ထူးခြားသည့်ရိုက်ခတ်မှုများရှိလာသည်။ အထူးသဖြင့် စီးပွားရေးနှင့် လူမှုရေးပိုင်းတို့တွင် တရုတ်တို့နေရာယူလာခြင်းက မြို့ခံများ၏ နေ့စဉ်ဘ၀လှုပ်ရှားမှုများအပေါ် များစွာပြောင်းလဲသွားစေသည်ဟု မြို့ခံများကဆိုသည်။


မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိကကျောင်းအများစုသည် အင်္ဂလိပ်စာ၊ မြန်မာစာအပြင် တရုတ်စာကိုပါ တွဲဖက်သင်ကြားနေရသည်။ မြို့ပေါ်ရှိ တရုတ်ကုမ္ပဏီများတွင် အလုပ်ဝင်နိုင်ရန် တက္ကသိုလ်ဘွဲ့ရများအနေဖြင့် တရုတ်စာကိုပါ လေ့လာသင်ယူနေရသည်။ ဆွမ်း၊ ကွမ်းနှင့် ပစ္စည်းလေးပါးအလှူခံရန်အတွက် မြို့သစ်ပိုင်းနှင့် မြို့စွန်ပိုင်းရှိရပ်ကွက်များကို ပိုမိုဦးတည်ရွေးချယ်လာနေရသည်ဟု ဆရာတော်၊ သံဃာတော်နှင့် သီလရှင်ဆရာလေးများက မိန့်ကြားသည်။


မန္တလေးမြို့၏ အထင်ကရနှင့် မြို့ခံများ၏ စီးပွားရေးနှင့် နက်နဲစွာပတ်သက်ဆက်နွှယ်နေသော မန္တလေးဈေးချိုတော်သည် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှ စတင်ကာ ရောင်းဝယ်မှုပုံစံများ ပြောင်းလဲလာသည်ဟု ဈေးချိုတွင် ဆိုင်ခန်းဖွင့်လှစ်ရောင်းချနေသူအချို့ကပြောသည်။ အထက်မြန်မာပြည်မြို့ရွာငယ်များမှ ကုန်သည်၊ ဈေးသည်များသည် ဈေးချိုတော်တွင် ဈေးဝယ်ခြင်းထက် တရုတ်ကုန်သည်ကြီးများ၏ နေအိမ်တွင် စိတ်ကြိုက်ဝယ်ယူခြင်းများ ပိုမိုပြုလုပ်လာသည်။ တရုတ်ကုန်သည်ကြီးများက ၎င်းတို့၏ဖောက်သည်များအား ဈေးချိုမှ အိမ်သို့ခေါ်ဆောင်သွားခဲ့ပြီး အကြွေးရောင်းချပေးနေကြရာ ဈေးချိုတော်မှ ဈေးဆိုင်ငယ်အချို့ တဖြည်းဖြည်းယိုင်နဲ့ပြိုလဲနေရသည်ဟု ဈေးချိုတော်တွင် ဆိုင်ခန်းဖွင့်လှစ်ရောင်းဝယ်နေသူအချို့ကပြောသည်။


မန္တလေးကျောက်ဝိုင်းတွင် ဆိုင်ခန်း ၁၁၀၀ ကျော်ရှိရာ လေးပုံတစ်ပုံခန့်မှာ တရုတ်လူမျိုးများ ဆိုင်ဖွင့်ကာလုပ်ကိုင်နေကြခြင်း ဖြစ်သည်။ မန္တလေးကျောက်ဝိုင်းရှိ လွှာချပ်ဝိုင်းတွင် တရုတ်ကျောက်မျက်ကုန်သည် လာရောက်ဝယ်ယူမှုမရှိလျှင် အရောင်းအ၀ယ်ရပ်တန့်နေရသည်ဟု ကျောက်မျက်ကုန်သည်များကပြောသည်။


“လွှာချပ်ဝိုင်းက တရုတ်ကုန်သည်အပေါ် အဓိကမှီခိုနေရတယ်။ သူတို့မလာရင် အရောင်းအ၀ယ်မဖြစ်ဘူး။ တရုတ်နှစ်သစ်ကူးလိုအချိန်တွေမှာဆို ကျောက်ဝိုင်းက လွှာချပ်သမားတွေ အရောင်းအ၀ယ်မဖြစ်လို့ ဆိုင်ပိတ်ထားရတာမျိုးထိရှိတယ်”ဟု မန္တလေးမှ ကျောက်မျက်ကုန်သည် ဦးဇော်ဇော်ကပြောသည်။


မန္တလေးမြို့၏ အိမ်ခြံမြေဈေးကွက်တွင်လည်း တရုတ်နွယ်ဖွားများ အများဆုံးပိုင်ဆိုင်သည့် မြို့တွင်းရှိ အချက်အချာကျသော နေရာအများစုကို တရုတ်လုပ်ငန်းရှင်များက ပိုင်ဆိုင်ပြီး မူလမြို့ခံများ မြေရောင်း၊ အိမ်ရောင်းပြီး မြို့စွန်သို့ အများဆုံးပြောင်းရွှေ့သွားကြသည်။


သီးနှံစိုက်ပျိုးခြင်းနှင့် သစ်သီးဝလံရောင်းဝယ်ခြင်းလုပ်ငန်းများတွင် တရုတ်လူမျိုးများ ၀င်ရောက်လုပ်ကိုင်နေပြီး ဖရဲ၊ သခွားစိုက်ပျိုးခြင်းနှင့် ရောင်းဝယ်ခြင်းတွင် တရုတ်ကုန်သည်များက လွှမ်းမိုးထားကာ မြန်မာများ လုပ်ကိုင်နိုင်ခြင်းမရှိဟု သစ်သီးဝလံတင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးကိုကိုထွေးကပြောသည်။


မန္တလေးမြို့ပေါ်တွင် ဖွင့်လှစ်ထားသော ဟိုတယ် ၁၀၀ ရှိပြီး ၎င်းဟိုတယ်များ၏ ၈၀ ရာခိုင်နှုန်းခန့် တရုတ်နွယ်ဖွားများက ပိုင်ဆိုင်ထားသည်။ မကြာမီကာလအတွင်း မြန်မာ့ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ အလားအလာကောင်းသည့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် တရုတ်လူမျိုးများနေရာဦးထားခြင်းဖြစ်သည်။


မန္တလေးမြို့တွင် တရုတ်လူမျိုးတို့၏ စီးပွားရေးအင်အားမှာ တစ်နေ့တခြား ကြီးပွားများပြားလာသည်။ မြို့၏ အဓိကစီးပွားရေးလုပ်ငန်းများအားလုံးတွင် ၀င်ရောက်လုပ်ကိုင်နေပြီး ဧည့်သည်အနေဖြင့် မဟုတ်တော့ဘဲ မြို့၏စီးပွားရေးပဲ့ကိုင်ရှင်များဖြစ်လာကြသည်ဟု မြို့ခံများကပြောသည်။


မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ အချက်အချာနေရာတွင်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ အလွန်အရေးပါသောနေရာတွင် ရှိနေသည်။ အစိုးရအပြောင်းအလဲကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများလည်း လာမည့်နှစ်များအတွင်း များစွာပွင့်လင်းလာမည်ဖြစ်သည်။ ထိုအထဲတွင် မန္တလေးသည် အဓိကအခရာကျနေသည်။ သို့သော် မန္တလေးမြို့ဖွံ့ဖြိုးလာမည်ဖြစ်သော်လည်း မြို့၏ စီးပွားရေးလုပ်ငန်းများ မန္တလေးသူ၊ မန္တလေးသားများ ကိုယ်တိုင်ဖန်တီးပြီး အကျိုးခံစားခွင့်ရရန် အရေးကြီးသည်ဟု မြို့ခံများကဆိုသည်။ ထို့အတွက် မန္တလေးတွင် တရားမ၀င်လာရောက်နေထိုင်သူများရှိပါကလည်း စိစစ်အရေးယူပေးစေလိုသည်ဟု မြို့ခံများကပြောသည်။


ပြီးခဲ့သည့် ဇန်န၀ါရီ ၃၁ ရက်တွင် ကျရောက်ခဲ့သည့် တရုတ်နှစ်သစ်ကူးနေ့တွင် မန္တလေးမြို့သည် အသက်မဲ့နေသည်။ မြို့လယ်ရပ်ကွက်များသည် ခြောက်သွေ့တိတ်ဆိတ်နေပြီး တိုက်အိမ်ကြီးများက တံခါးပိတ်ထားကြသည်။


မြို့တွင်းလမ်းမပေါ်တွင်လည်း ယာဉ်သွားလာမှုရှင်းနေသည်။ အထူးသဖြင့် မော်ဒယ်မြင့်ကားများကို ထိုနေ့က လမ်းပေါ်တွင်သိပ်မတွေ့ရ။ ဈေးများတွင် နေ့စဉ်ကြိတ်ကြိတ်တိုးစည်းကားခဲ့သော ဈေးဆိုင်ကြီးများ ပိတ်ထားကြသည်။ မြို့ခံအများစုကတော့ ထိုအခြေအနေကို အလွန်အံ့သြဟန်ရှိနေပြီး ယဉ်ကျေးမှုမြို့တော်မန္တလေး သေဆုံးခြင်းဟုပြောဆိုကြသည်။ မန္တလေးမြို့ တရုတ်လွှမ်းမိုးခံရခြင်း၏ ဆုပ်ကိုင်ပြရန် ရနိုင်သောသက်သေတစ်ခုအဖြစ် မှတ်ချက်ပြုကြသည်။


ကမ္ဘာ့အကြီးဆုံးနှင့် လူဦးရေ ၁၃၄၃ သန်းကျော်ရှိသည့် တရုတ်နိုင်ငံနှင့် ထိစပ်နေသော မြန်မာနိုင်ငံအတွက် နိုင်ငံတွင်း တရုတ်လူမျိုးများ လာရောက်အခြေချနေထိုင်မှုမှာ ရှောင်လွှဲ၍မရနိုင်။ သို့သော် လူမျိုခံရပြီး လူမျိုးမပျောက်စေရန်တော့ အလေးထားရန်လိုသည်။ လက်ရှိအချိန်တွင်ပင် မြန်မာနိုင်ငံလူဦးရေ၏ ၃ ရာခိုင်နှုန်းသည် တရုတ်လူမျိုးများဖြစ်သည်ဟု အမေရိကန်နိုင်ငံမှ ထုတ်ပြန်သော စစ်တမ်းများတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်း နေထိုင်သူများတွင် လူမျိုးစုအလိုက်အနေဖြင့် ဗမာ ၆၈၊ ရှမ်း ၉၊ ကရင် ၇၊ ရခိုင် ၄ နှင့် တရုတ် ၃၊ အိန္ဒိယ ၂၊ မွန် ၂ ရာခိုင်နှုန်းအနေဖြင့် နေထိုင်မှုရှိသည်ဟု အမေရိကန်နိုင်ငံစစ်တမ်းကဆိုသည်။ မန္တလေးမြို့တွင် တရားဝင်နေထိုင်သူများအပြင် အလည်အပတ်ဗီဇာ၊ အလုပ်ဗီဇာများဖြင့် လစဉ်လာရောက်နေသူများလည်း ရှိနေပါသေးသည်။ တစ်လလျှင် လူဦးရေ ၁၀၀၀ ၀န်းကျင်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။


မန္တလေးမြို့သည် တဖြည်းဖြည်းရိုင်းစိုင်းလာသည်။ အချင်းချင်း အမြင်မကြည်မှုများ၊ မထီမဲ့မြင်ပြုမူများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသည်ဟု မြို့ခံများကဆိုသည်။ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ခံယူချက်များ တူညီမှုမရှိသောကြောင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲခြင်းသာဖြစ်သည်ဟု မန္တလေးတွင်မွေးပြီး မန္တလေးတွင်နေထိုင်သည့် တရုတ်အမျိုးသားတစ်ဦးကပြောသည်။


“စကားပြောတဲ့နေရာမှာ လေယူလေသိမ်းချင်းကမတူတော့ ရိုးရိုးစကားပြောပေမယ့် တစ်ဖက်လူနားဝင်မချိုတာမျိုး ဖြစ်စေပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါ အလေးထားပုံချင်းမတူတော့ အမူအရာတွေကလည်း တစ်ဖက်လူက ရိုင်းတယ်လို့ ထင်ရလောက်အောင် ဖြစ်သွားတာမျိုးရှိတယ်”ဟု ၎င်းကပြောသည်။


မန္တလေးမြို့သို့ လာရောက်နေထိုင်သော တရုတ်လူမျိုးအများစုတို့သည် တရုတ်နိုင်ငံတွင် ဆင်းရဲပြီး ဖွံ့ဖြိုးတိုးတက်မှုနည်းသည့် ကျေးလက်ဒေသများမှ လာရောက်ကြခြင်းဖြစ်သည်။ ကုန်းတွင်းပိတ်ဒေသဖြစ်သည့် ယူနန်နှင့် ပြည်မကြီးမှ လာရောက်ပြောင်းရွှေ့နေထိုင်သူများသည်။ မြန်မာနိုင်ငံတွင်း ရပ်တည်နေနိုင်ရန် စီးပွားရေးကို ကြိုးစားလုပ်ကိုင်ကြခြင်းဖြစ်ကြောင်း တရုတ်လူမျိုးများနှင့်အနေနီးသည့် မန္တလေးဈေးချိုတော်မှ ကုန်သည်လုပ်ငန်းရှင်တစ်ဦးကပြောသည်။


“သူတို့စီးပွားရေး ဘယ်လိုလုပ်လဲ အတုယူသင့်တယ်။ ငွေရှိလို့ ကိုယ့်ကိုကျောတယ်ထင်ရင် သူ့တို့ကို ပြန်ကျောနိုင်အောင် ကြိုးစားလုပ်ဆောင်ရုံပဲ။ တကယ်ယှဉ်လုပ်ရင် သူတို့ထက် ကျွန်တော်တို့က အခွင့်အရေးရော၊ လုပ်ရည်ကိုင်ရည်ရော အားလုံးသာပါတယ်”ဟု ၎င်းကပြောသည်။ မြန်မာတို့အနေဖြင့် စည်းလုံးမှုရှိစွာဖြင့် ယှဉ်ပြိုင်လုပ်ကိုင်ပြီး နေရာဖယ်မပေးရအောင် ကြိုးစားရန်လိုသည်ဟု ၎င်းကဆိုသည်။


တရုတ်နိုင်ငံအတွင်းမှ တရုတ်များ မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ကို ငွေကြေးဖြင့်ဝယ်ယူပြီး ရောက်ရှိမလာတော့ရန်၊ တရားဥပဒေစိုးမိုးမှုရှိရန် လွန်စွာအရေးကြီးသည်။ ထို့အပြင် မှတ်ပုံတင်အတုကိုင်ဆောင်ထားသူများကိုလည်း ထိထိရောက်ရောက်အရေးယူရန်နှင့် တရားဥပဒေစိုးမိုးမှုရှိရန် အစိုးရက အာရုံစိုက်သင့်ကြောင်းလည်း ဆရာကျော်ရင်မြင့်က အကြံပြုသည်။


“သူတို့ကို ထိန်းချုပ်ဖို့ဆိုတဲ့အပိုင်းမှာကျတော့ ဥပဒေစိုးမိုးဖို့လိုတာပေါ့။ ဥပဒေစိုးမိုးပြီးတော့မှ ထားပါတော့ဗျာ။ မှတ်ပုံတင်အတုထုတ်ပေးတဲ့သူတွေကိုလည်း ဆက်ပြီးတော့ ထုတ်မပေးအောင် ဖိဖိစီးစီးအရေးယူမယ်ဆိုလို့ရှိရင် အလိုအလျောက်ပေါ့လေ။ ပိုက်ဆံပေးပြီး နိုင်ငံသားဖြစ်နေတဲ့ ပြဿနာတွေ သက်သာသွားမယ်။ ဥပဒေစိုးမိုးမှုလိုတယ်။ မြန်မာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် မျှမျှတတနဲ့ ဥပဒေပါအခွင့်အရေးကိုသာ ပေးမယ်ဆိုရင် ဒေသခံတွေက သူတို့ကို မနာလိုစရာလည်းမရှိဘူး။ အမုန်းပွားစရာလည်းမရှိဘူး။ အရေးကြီးတာက ကျွန်တော်တို့ဆီက အာဏာပိုင်များက မျှမျှတတနဲ့ဆက်ဆံ၊ မျက်နှာသာမပေးနဲ့။ ဥပဒေစိုးမိုးမှုရှိမယ်ဆိုရင် ပြဿနာဘာမှဖြစ်စရာမရှိပါဘူး”ဟု ဆရာကျော်ရင်မြင့်ကဆိုသည်။


7Day News Journal


Monday, February 10, 2014

ဒေါ်အောင်ဆန်းစုကြည်ပြောသော ညှိနှိုင်းအဖြေရှာတဲ့နည်းလမ်းကိုမှ မကြိုက်ရင်


ဒေါ်စုက ဘင်္ဂလီကိစ္စ အပေးအယူ (ညှိနှိုင်းဆွေးနွေးမှု)နဲ့ ဖြေရှင်းရမယ်ဆိုတဲ့ စကားကို ဘုမသိ၊ ဘမသိ၊ တောင်မြောက်မကွဲ၊ ဥာဏ်မမှီဘဲ လိုသလိုအဓိပါယ်ဖော်ပြီး သဲသဲလှုပ် ကန့်ကွက်နေကြတဲ့၊ သန်း ၆၀ ကျော်ရှိတဲံ မြန်မာနိုင်ငံကိုဘဲ တစ်သန်းလောက်ရှိတဲ့ ဘင်္ဂလီလက်ကို မနက်ဖြန်ထည့်လိုက်ရတော့မလို သွေးရူးတန်ရူးနဲ့ အရူးချီးပန်းလျှောက်အော်နေကြတဲ့ ပုဂိုလ်များကို မေးချင်ပါတယ်.....

ဒေါ်စုပြောတဲ့ ညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းကိုမှ မကြိုက်ရင် သင်တို့စဉ်းစားထားသောနည်းလမ်းကို တင်ပြကြပါ....

အဲဒီဘင်္ဂလီ တစ်သန်းလောက်ကို နိုင်ငံတကာမသိအောင် သတ်ပစ်နိုင်တဲ့သူ ရှိရင်ထွက်ပါ... 

ဘင်္ဂလာအစိုးရက ပြန်လည်ခေါ်အောင် နားချနိုင်တဲ့သူရှိရင် ထွက်ခဲ့ပါ... 

အနောက်နိုင်ငံတွေက စာနာစိတ်နဲ့ လာခေါ်ချင်အောင် ဖြောင့်ဖျနိုင်တဲ့သူရှိရင် ထွက်ခဲ့ပါ...

ဟိုအရင် ပဝေသဏီခေတ်ကတည်းက ရှိခဲ့တဲ့ ပြသနာဖြစ်တဲ့ ဘင်္ဂလီအရေးမှာ နိုင်ငံတကာက အပြစ်ရှာဖို့ စောင့်ကြည့် နေတဲ့အချိန်မှာ ဒီပြသနာကို နိုင်ငံတကာဝေဖန်မှုကလွတ်အောင် ဘယ်လိုရှင်းမလဲဆိုတဲ့ ဖြေရှင်းနည်းကို သိတဲ့သူရှိရင် တင်ပြပါ...

ခေါင်းဆောင်ပါ... 

ဖြစ်လာမယ့် အကျိုးဆက်ကို ဘယ်လိုတာဝန်ယူမယ်ဆိုတာကိုပါ တာဝန်ခံပါ... အမျိုးသားရေး၊ နိုင်ငံရေး၊ ကမ္ဘာ့အလယ်မှာ သတိထားကိုင်တွယ်ရမယ့်အရေးဖြစ်တဲ့အတွက် အဲဒီပုဂိုလ်ရဲ့အသက်နဲ့လောင်းရင်တောင် မထိုက်တန်ပါ...

ပြသနာကိုသာမြင်ပြီး၊ လက်ညိုးထိုးပြီး၊ တတွက်တွက်ပြောပြီး
အဖြေရှာဖို့လမ်းမသိတဲ့၊ အဖြေရှာဖို့တာဝန်မယူရဲတဲ့ ပုဂိုလ်များ မိမိဘာလဲဆိုတာကိုသာ ပြန်စမ်းစစ်ကြပါ..

နိုင်ငံတိုးတက်ရေးမှာ အနှောက်အယှက်တစ်ခုဖြစ်နေတဲ့၊ သခွပ်ပင်က မီးတကျီကျီလုပ်နေတဲ့ ဒီဘင်္ဂလီအရေးကို ပြေလည်စေဖို့အတွက် မိမိမှာလဲ နည်းလမ်းမရှိဘူးဆိုရင်၊ မလုပ်နိုင်ဘူးဆိုရင် လုပ်နိုင်တဲ့သူ၊ နည်းလမ်းသိတဲ့သူက ပြောတာကိုလက်ခံရမှာပါ...

ဒေါ်စုက ခေါင်းဆောင်ဆိုတိုင်း ထစ်ကနဲရှိပြည်သူ့ရှေ့က ပြည်သူ့အလိုအတိုငး ထမိန်းစွန်တောင်ဆွဲပြီး ရန်တွေ့ရမယ်လို့ ထင်နေရင်တော့ ရီစရာဘဲ...

ခေါင်းဆောင်ဆိုတာ အရှည်ကိုကြည့်ကြရပါတယ်... သွေးဆူလွယ်လို့မရပါဘူး... စကားလုံးတွေကို ဆင်ခြင်ရပါတယ် (ပါးရိုက်မယ့်ပုဂိုလ်လို အရူးချီးပန်းပြောလို့မရဘူး)... ကမ္ဘာ့အသိုင်းအ၀ိုင်းကိုလဲ ထည့်သွင်းစဉ်းစားရပါတယ်... အထိအခိုက်အနည်းဆုံးလမ်းကိုရွေးရပါတယ်... နိုင်ငံနဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို ကြည့်ရပါမယ့်....

ဒေါ်စုကို ဘာကိစ္စနဲ့ဖြစ်ဖြစ် အပုတ်ချနေတဲ့ပုဂိုလ်များ ယောင်္ကျားရင့်မကြီးများ၊ လက်သီးပုန်းများ သိပ်ပြီးတော့ နိုင်ငံကို ချစ်တယ်၊ အမျိုးကိုချစ်တယ်ဆိုရင် အဲဒီ ဘေးထိုင်ဘုပြောနေတဲ့ပုဂိုလ်များ ဘင်္ဂလီအရေးမကြေနပ်ချက်တွေကို အမျိုးသားရေးအတွက် ဆိုင်းဘုတ်ကိုင် တစ်ကိုယ်တော်ဆန္ဒပြတာမျိုးလုပ်ကြပါလား....

ဒေါ်စုကပြောတယ်...သတ္တိဆိုတာ မကြောက်တာကိုပြောတာမဟုတ်ဘူးတဲ့... ကြောက်ကြောက်နဲ့ဘဲ မှန်တယ်ထင်တာကို လုပ်ရဲတာကို သတ္တိလို့ခေါ်တာတဲ့....

ကဲကဲ... ပုဂိုလ်ကြီးများ... ဖေ့ဘုတ်မှာ လူမသိသူမသိ အာချောင်နေမယ့်အစား အပြင်မှာ ဒေါ်စုလို သတ္တိရှိလိုက်ကြစမ်းပါဗျာ... ခေါင်းဆောင်တင်ပါ့မယ်...

Credit >>Myo Min Win
ရဲရဲတောက် ဒီမိုများ

Tuesday, January 28, 2014

သမ္မတကြီး ၏ မိုးလုံးပြည့် မုသာဝါဒ သဝဏ်လွှာ

((( သမ္မတကြီး ၏ ၂ ကျပ်ကွက် )))

အမတ် တွေ ဒေါသထွက်သော ...

သမ္မတကြီး ၏ မိုးလုံးပြည့် မုသာဝါဒ သဝဏ်လွှာ

***********************************************

အစိုးရဖြေရှင်းတဲ့ လယ်သိမ်းယာသိမ်းပြဿနာ တင်ပြချက် အမတ်တွေ ဘာကြောင့် စိတ်ဆိုး ကြတာလဲ

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်
နာယက ကို သမ္မတက လယ်ယာမြေနဲ့ တခြား မြေသိမ်းဆည်းခံရမှု ပြဿနာတွေနဲ့ ပတ်သက်ပြီး
ဖြေရှင်းပြီးစီးမှု အခြေအနေ သ၀ဏ်လွှာတစ်စောင် ပေးပို့ပါတယ်။

ပြီးခဲ့တဲ့ လေးလကျော် လွှတ်တော် အစည်းအဝေးကာလတုန်းက လွှတ်တော် မြေယာပြဿနာ
စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ဘယ်လောက် ဖြေရှင်းပြီး
ထားသလဲဆိုတာ လွှတ်တော်ကို နှစ်လတစ်ကြိမ် အစီရင်ခံစာ ပေးပို့ဖို့ဆိုပြီး ဆုံးဖြတ်ထားတဲ့
အတိုင်း သမ္မတက ဒုတိယအကြိမ် သ၀ဏ်လွှာပေးပို့တာပါ။

ဒီသ၀ဏ်လွှာနဲ့ ပတ်သက်ပြီး ထုံစံအတိုင်း သက်ဆိုင်ရာ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဒုဝန်ကြီး က အစီရင်ခံစာကို ရှင်းလင်းတင်ပြပါတယ်။

လွှတ်တော်နာယက ကလည်း အဲဒါကို မှတ်တမ်းတင်ပါတယ်။

အဲဒီအချိန်မှာပဲ မထင်မှတ်ဘဲ ကန့်ကွက်ချက်တွေ၊ စိတ်ဆိုးမာန်ဆိုး တုံ့ပြန်မှုတွေ ထွက်ပေါ်လာပါ
တော့တယ်။

ဘယ်သူတွေက ဘာကို အကြောင်းပြုပြီး ကန့်ကွက်ကြသလဲ၊ လွှတ်တော်ထဲမှာ ဘာပြဿနာတွေ
ဖြစ်ခဲ့သလဲ၊ အစိုးရရဲ့ လယ်ယာမြေ ပြဿနာ ဖြေရှင်းမှု အတိုင်းအတာ ဘယ်အထိ ရောက်နေပြီလဲ၊
ပြေလည်ဖို့ နီးစပ်နေပြီလားဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လွှတ်တော် နဂို အစီအစဉ်မှာ ဒုဝန်ကြီးက အစီရင်ခံ၊ နာယကက မှတ်တမ်းတင်ပြီးရင် ပြီးပါပြီ။

ဒီ အစီရင်ခံစာကို ဆွေးနွေးဖို့ဆိုတာ မပါပါဘူး။

ဒါပေမဲ့ သူရဦးရွှေမန်းက မှတ်တမ်းတင်တယ်ဆိုတာ ပြောတုံး ထုပြီးတာနဲ့ စပြီး ဖောက်ခွဲလိုက်
သူက ဇမ္ဗူသီရိအမတ် ဒေါ်စန္ဒာမင်းပါ။

သူတင်ပြတာက ဒုဝန်ကြီးတင်ပြသွားတဲ့အထဲမှာ နေပြည်တော်ကောင်စီ တစ်ခုလုံး အမှုပေါင်း
၁၁၁ ခု ရှိ တယ်။ အဲဒီထဲက ၁၀၄ မှု ဖြေရှင်းပြီးသွားပြီ။ ခုနစ်မှုလောက်ပဲ ကျန်တယ်လို့ ပြောတယ်၊
တကယ်ဆို နေပြည်တော် ကောင်စီနယ်မြေ တစ်ခုလုံး မဆိုထားနဲ့ သူ့မဲဆန္ဒနယ်မြေ ဇမ္ဗူသီရိ
တစ်ခု တည်းမှာတင် တင်ပြထားတဲ့ အမှုပေါင်း ၁၀၀ ကျော်ရှိနေတယ်။

ဖြေရှင်းပြီးပြတ်တာလည်း မရှိသေးဘူးဆိုပြီး ပြောလိုက်ပါတယ်။

ဖြေရှင်းပြီးတယ်ဆိုတာကိုလည်း သက်ဆိုင်ရာ ကိုယ်စားလှယ် တွေကလည်း မသိဘူး၊ ဒီအတွက်
ဒုဝန်ကြီးရဲ့ ဖြေကြားချက်ကို ကန့်ကွက်တယ်ဆိုပြီး ပြောလိုက်တာပါ။ ဒုတိယတစ်ယောက်ကတော့
ဦးခင်ရွှေပါ။

သူက စက်မှုဇုန်နဲ့ ပတ်သက်တဲ့ မြေယာပြဿနာ အမှု ၆၀ ကျော်ရှိတဲ့အနက် တစ်မှုပဲ ဖြေရှင်းပြီး
သေးတယ်။

အရင်အစိုးရက လုပ်ခဲ့တာ အခု အစိုးရက ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်၊ မဖြေရှင်းပေးဘူးဆိုရင်
ဒါဟာ အခြေခံဥပဒေကို ချိုးဖေါက်တာပဲ ဆိုပြီး ဝေဖန်ပါတယ်။

တတိယကတော့ လွှတ်တော်က မြေသိမ်းယာသိမ်း တိုင်စာကြားနာတဲ့ ကော်မရှင် ဥက္ကဋ္ဌ
ဦးတင်ထွဋ် ကိုယ်တိုင်ပါ။

သူက ဒီ သ၀ဏ်လွှာပါ ဖော်ပြချက်တွေဟာ အတော်လေး အကြမ်းသဘောဆန်တယ်၊ အမှု
ဘယ်လောက်၊ ဘယ်နှဧကနဲ့ ပတ်သက်တာ ရှင်းပြီးတယ် ဒါပဲပါတယ်။ ဘယ်လိုရှင်းတယ်ဆိုတာ
မပါဘူး။ ပြန်ပေးသလား မပေးဘူးလား မသိနိုင်ဘူး။ လက်တွေ့တော့ ပြည်သူတွေကို ပြန်ပေးတယ်
ဆိုတာ မကြားမိသေးဘူး။ ဒါကြောင့် သူ့အနေနဲ့ အဆိုတင်ဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။

နောက်တစ်ယောက်ကတော့ ဒေါ်ဒွဲဘူပါ။ အစီရင်ခံစာမှာ ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီး
ရာနှုန်းပြည့် ဖြေရှင်း ပြီးပြီလို့ ပြောတယ်။ တကယ့်တကယ် အများကြီး ကျန်တယ်လို့ ဆိုပါတယ်။

ဒေါ်တင်တင်ရီကတော့ တနင်္သာရီတိုင်းမှာ ခုနစ်မှုပဲ ရှိတယ်လို့ ဖော်ပြထားတယ်။ တကယ်ဆို
အမှုပေါင်း ၁၀၀ ကျော်ရှိတယ်။ သူတင်ထားတာချည်းပဲ အမှုပေါင်း ၆၀ ကျော်ရှိတယ်လို့ဆိုပါတယ်။

ဦးတင်မောင်ဦးကတော့ အစိုးရ ဖြေရှင်းမှုဟာ လက်တွေ့နဲ့ အလွန်ကွာခြားနေတယ်၊ ရွှေပြည်သာမှာ
အသိမ်းခံထားရတဲ့ လယ်မြေ ဧက သောင်းနဲ့ချီရှိတယ်၊ လျော်ကြေးလည်း မရ၊ မြေပိုလည်း ပြန်မရ၊
တစ်မှုမှ မပြီးသေးဘဲနဲ့ ခိုက်ရန်ဖြစ်ပြီး အမှုတွေလည်း တိုးပွားလာနေတယ်လို့ ပြောပါတယ်။

ဒေါက်တာအောင်မိုးညိုကတော့ မင်းဘူး၊ စကုဘက်မှာ စစ်တပ်က ပြန်ပေးတယ်ဆိုတာ စာရွက်ထဲ
မှာပဲ။ ပြည်သူတွေကလည်း ဘာမှမပြောရဲဘူးလို့ ထောက်ပြပါတယ်။

ဦးသာစိန်ကတော့ ရခိုင်ဘက်မှာ ဘာတစ်ခုမှ ဆောင်ရွက်တာ မတွေ့ ရဘူးလို့ ဆိုပြန်ပါတယ်။

ဒေါ်နန်းစေအွာကတော့ ကရင်ပြည်နယ်မှာ ဘာမှ မထူးခြားသေးဘူး။ ကပရ (ကုန်းလမ်းသယ်ယူ
ပို့ဆောင်ရေး) ၀င်းလုပ်ဖို့ သိမ်းထားတဲ့ အဆောက်အအုံက ပျက်စီးနေတယ်။ အဲဒါကို ယာဉ်မောင်း
သင်တန်းဆိုပြီး ဆိုင်းဘုတ် ပြန်တပ်ထားတယ်။ နယ်မြေလုံခြုံရေး မရှိစဉ်တုန်းက တောင်းထားတဲ့
ကော့ကသောင်ရဲစခန်းဆိုရင်လည်း အခု လယ်မြေတွေကို ပြန်ပေးရဖို့ ဖြစ်လာတဲ့အခါ အစောင့်တဲ
ကင်းစခန်း လုပ်ထားတယ်။ ခေါင်းစဉ်တွေ ပြန်ပြောင်းပြီး လယ်တွေ ပြန်မပေးရအောင် လုပ်နေတယ်
လို့ ရှင်းပြပါတယ်။

ဒေါ်နန်းစေအွာ ပြောတဲ့အထဲ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ ဘိလပ်မြေထုတ်ဖို့
ကျောက်မိုင်းခွဲလို့ လယ်မြေတွေ အသိမ်းခံရတဲ့ ကိစ္စ ဦးပိုင်ကို သွားတိုင်မိပါတယ်၊ ဗိုလ်မှူး
တစ်ယောက် ဆင်းလာပြီး လယ်သမားတွေနဲ့ ကူညီတဲ့ ပညာရေးဝန်ထမ်းတစ်ယောက်ကို
တရားခံတွေလို စစ်ဆေးတယ်၊ ၀န်ထမ်းကို အလုပ်ပြုတ်သွားချင်သလားဆိုတာ အပါအ၀င်
အမျိုးမျိုး ခြိမ်းခြောက်တယ်လို့ ဖွင့်ချပါတယ်။

ပုသိမ်အမတ် ဦးဝင်းမြင့်ကတော့ အစိုးရ ဖြေရှင်းတယ်လို့ လာထွက်ဆို ပုံဟာ မြေပြင်နဲ့ အများကြီး
ကွာခြား နေတယ်။ သူ့မဲဆန္ဒနယ်မြေမှာဆို အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၅)
တိုင်းဗဟိုလေ့ကျင့်ရေးတပ်၊ အမှတ်(၁၀)လျှပ်စစ်အင်ဂျင်နီယာတပ်၊ ထောက်လှမ်းရေးတပ် (၄)
စသဖြင့် စစ်တပ်က သိမ်းထားတာတွေ များတယ်။

အဲဒီ အသိမ်းခံထားရတဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီး ပြန်ပေးပြီလို့ သက်ဆိုင်ရာက စာတွေ
ရတယ်၊ ဒါနဲ့ လယ်သမားတွေက သူတို့လယ် သူတို့ လုပ်တဲ့အခါ အဲဒီ စစ်တပ်အရာရှိတွေက
ပြန်ပြီး တရားစွဲထားတာနဲ့ ကြုံရတယ်။

တာဝန်ရှိတဲ့ ဒုသမ္မတတို့၊ ကာကွယ်ရေးဝန်ကြီးတို့ကို စာရေးတင်ပြပေမယ့် ဘာမှ မထူးဘူးလို့
ဆိုပါတယ်။

ဒီလုပ်ရပ်ဟာ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အစိုးရဘက်က မလိုက်နာတာဘဲ ဖြစ်တယ်လို့ သူက
ဆိုပါတယ်။

နောက်ထပ် ပြောချင်ဆိုချင် တင်ပြချင်တဲ့ အမတ်တွေ အများကြီးရှိနေပေမယ့် သူရဦးရွှေမန်းက
တားမြစ် လိုက်တာကြောင့် တင်ပြခွင့်မရတော့ပါဘူး။

စည်သူအောင်မြင့် / မြန်မာတိုင်း(မ်)