Friday, October 11, 2013

တရုတ် ဗမာ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်အောင် ဦးသန်းရွှေ မှ တိတ်တဆိတ် ကြံစည်နေ

မိုးစက်ဝိုင် သတင်းကို အသုံးချ၍ တရုတ် ဗမာ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်အောင် ဦးသန်းရွှေ မှ တိတ်တဆိတ် ကြံစည်နေ

မိုးစက်ဝိုင်သတင်းက ဦးသန်းရွှေ အတွက် ထွက်ပေါက် တစ်ခုလိုဖြစ်နေသည် ၊

၂၀၁၄ အတွင်းမှာ မြစ်ဆုံကိစ္စပြန်စရန် တရုတ်ကို မကြာမီ အာမခံချက်ပေးရတော့မည်ဖြစ်သည် ၊

ကျောက်ဖြူကူမင်းပိုက်လိုင်း နံဘေးတွင် ကားလမ်းရထားလမ်းဖောက်ခွင့် နှင့်ပတ်သတ်၍လည်း တရုတ်တို့အပေါ် ဦးသန်းရွှေ မှ ကတိကျွံထားပြီးဖြစ်နေသည် ၊

မြန်မာပြည်နေရာ အနှံ့အပြားမှာလည်း ရေအားလျှပ်စစ်စီမံကိန်းများအတွက် တရုတ် နှင့် စာချုပ်ချုပ် လက်မှတ်ထိုးထားပြီး ဖြစ်နေသည် ၊

တရုတ် နှင့် သီးခြား တိတ်တိတ်ပုန်း ချုပ်ဆိုထားသော စာချုပ်များလည်း အများအပြား ရှိနေသေးသည် ၊

မြန်မာတစ်နိုင်ငံလုံးကို ကိုရီယားကား တစ်လုံးနှစ်လုံးသုံးလုံး လောင်းကစား ဘီယာအရက် ဆေးပြား မာဇတ်ကေတီဗီ ဘိ စသည်တို့နှင့် ဒီလောက်တောင် အာရုံလွှဲထားသည့်ကြားက ဖွဲ့စည်းပုံပြင်ဆင်ရေးကို လူအများ စိတ်ဝင်စားနေကြသည် ၊

ဒီကြားထဲ ကိုးကွယ်နေသော ဘိုးတော်မှ ဦးသန်းရွှေကို ရက် ၉၀ အတွင်း ကံဇာတာ နိမ့်နေသည် ဟု သတိပေးထားပြန်သေးသည် ၊

တပ်ထဲမှာလည်း ဦးသန်းရွှေ မကောင်းကြောင်း တဖြည်းဖြည်းနှင့် ပေါ်ပေါ်ထင်ထင်ပြောလာနေကြသည် ၊

ပြောရမည်ဆိုလျှင် ဦးသန်းရွှေ တစ်ယောက် ဘဝတွင် ဒီလောက်ခေါင်းကိုက်စရာကောင်းသည့် အချိန်မျိုး နှင့် တစ်ခါမျှမကြုံဘူးသေးပေ ၊

ဦးသန်းရွှေ ဆင်ကြံကြံရပေတော့သည် ၊

မိုးစက်ဝိုင် သတင်း . . . ဒီ နှစ်ရက် သုံးရက် အတွင်း ထူးထူးခြားခြား လူပြောအများဆုံးသတင်းဖြစ်လာသည့် သတင်း ၊

ဒီသတင်းလူပြောများလာသည့်အတွက် မြေးတော်လေး ရွှေသွေးအောင် ကို ဦးသန်းရွှေ ကြီးက ကြိတ်ကျေးဇူးတင်နေရသေးသည် ၊

နေရွှေသွေးအောင်၏ ရှေ့ဆုံး နေ ဆိုသည့်စာလုံးက ဦးနေဝင်းကို ဖားပြီး ပေးခဲ့တဲ့ နာမည်ဖြစ်နေသည် . . အခုမှ ပြန်ဖြုတ်လို့ မကောင်းသည့်အတွက် ကြိတ်မှိတ်ဆက်ထားနေရသည် ၊

ဦးသန်းရွှေ ကိုယ်တိုင် ကျတော့ သူ့မြေးကို ဖိုးလပြည့် လို့ ခေါ်ချင်ခေါ်သည် ဒါမှမဟုတ် ရွှေသွေးအောင် လို့ပဲခေါ်သည် ၊

အခု မြေးတော်လေးကို ကျေးဇူးတင်ရတော့မည် ၊

မိုးစက်ဝိုင် ကိစ္စကို အသုံးချပြီး တရုတ် ဗမာ လူမျိုးရေး အဓိကရုဏ်းများကို ဖန်တီးလိုက်လျှင် ဦးသန်းရွှေအတွက် တစ်ချက်ခုတ် လေးငါးချက်ပြတ် သော အကွက်ပင်ဖြစ်သည် ၊

ဒီ အကွက်ကို ပိုင်ပိုင်နိုင်နိုင် ရွှေ့ဖို့ ဦးသန်းရွှေ ဆုံးဖြတ်ချက်ချလိုက်ပုံရသည် ၊

မကြာခင် မြန်မာပြည် အနှံ့အပြားမှာ မိုးစက်ဝိုင်ကို အကြောင်းပြုပြီး တရုတ်တွေကို စောင်းမြောင်းဆဲဆို သော အသံများ ကြားရပေတော့မည် ၊ ထိုမှတဆင့် ရန်ပွဲများ ထိခိုက်ရှနာမှုများ .. . . ထိုမှတဆင့် . . .

ဦးသန်းရွှေကြီး အကွက်ရွှေ့ဖို့ လက်မည်းတွေကို ညွှန်ကြားနေလောက်ပါပြီ . . .

မကြာမီ သတင်းထူးများ ဆက်လက်ကြားရဖွယ်ရှိပါသည် . . .
 —