Saturday, March 17, 2012

စိန့်မာတင်ကျွန်း ဆိုတာ မြန်မာ့သမိုင်းမှာ မပါရင် မဖြစ်တဲ့ ရှင်မဖြူ ကျွန်းပါပဲ



by MrMaung KoThet on Thursday, March 15, 2012 at 8:55pm ·
တရားခံက ဘယ်သူလဲ -
ဘယ်သူ့မှာ တာဝန်ရှိလဲ -
ဘယ်သူတွေက တာဝန်ယူဖြေရှင်းပေးကြမှာလဲ။

ဒီ ကိစ္စမှာ ပါတဲ့ စိန့်မာတင်ကျွန်း ဆိုတာ မြန်မာ့သမိုင်းမှာ မပါရင် မဖြစ်တဲ့ ရှင်မဖြူ ကျွန်းပါပဲ။

ကျနော် ရောက်ခဲ့ဖူးတဲ့ မောင်တောမြို့နယ် တောင်ပိုင်းက ပညောင်ပင်ကြီး ဆိုတဲ့ ရွာရဲ့ အနာက်တည့်တည့် လောက်မှာ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်က စစ်သင်္ဘောတွေ ရှိနေတာကို ညဘက်တွေမှာ ကြည့်ရင် မီး ထွန်း ကျောက်ချထားတာ တွေ့ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အပြီး မောင်တော ဘူသီးတောင် မဲဆန္ဒနယ်တွေက အနိုင်ရတဲ့ ကုလားပါတီတွေက သီးခြားပြည်နယ် ဆိုတဲ့ အဆိုတွေ တင်လာလို့ တပ်မတော်က နဲနဲ တင်းမာလာတဲ့နောက် ဒေသခံတွေ ဘင်္ဂလားဒေ့ရ်ကို ထွက်ပြေးကြတဲ့ အခါမှာ အဲ့ဒီရွာကနေ အဲ့ဒီကျွန်းကို ကူးသွားကြတာလေ။ ကိုယ်တွေ့ တွေ့ခဲ့တာပါ။

တကယ်တော့ ရှင်မဖြူကျွန်းဆိုတာ ရခိုင်ဘုရင်တွေ အဆက်ဆက်က ပိုင်ခဲ့တဲ့ ရခိုင်ပိုင်နက် ပါ။ (ရခိုင်ရာဇ၀င်သစ်ကျမ်း-ရမ်းဗြဲတောင်ကျောင်းဆရာတော်) စာအုပ်မှာလေ့လာနိုင်ပါတယ်။

ဗမာဘုရင် ဘိုးတော်ဘုရား က ရခိုင်ဘုရင်မဟာသမ္မတမင်းကို စစ်နိုင်တဲ့အတွက် ရခိုင်ကို ဗမာနိုင်ငံထဲ သိမ်းသွင်း ခံရတဲ့နောက် ဒီကျွန်းဟာလည်း ဗမာ ပိုင်နက် ဖြစ်သွားရတာပေါ့။ ရခိုင်တော်လှန်ရေးသမားတွေက ဗမာဘု၇င်ကို တော်လှန်ကြတဲ့အခါ အထူးသဖြင့်ကတော့ ရခိုင်ရိုးမတကျော ကို ခြေကုတ်ယူထားကြတော့ အထူးသဖြင့် အဲ့ဒီခေတ်ရဲ့ အနေအထားအရ ဒီပင်လယ် ထဲကကျွန်းလေးတစ်ကျွန်းဟာ ဗမာဘုရင်အတွက် ဘာမှ မှတ်ထားစရာမလိုလောက်အောင် အရေးမပါခဲ့တော့ ဘုရင့် အာဏာစက်က တိုက်ရိုက် မသက်ရောက်ဘူး ဖြစ်နေပါလိမ့်မယ်။ ပြီးတော့ အမရပူရ နန်းတော် ဟာလည်း ရေတပ် ရှိမှာ မုတ်သလို - ရှိရင်လဲ ရခိုင်ကိုထိတော့ သွားပြီး ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ရခိုင်ဘု၇င်တို့ရဲ့ ရေတပ်တော်ကလဲ စစ်ရှုံးလို့ ဖျက်ဆီးခံလိုက်ကြရပြီးပြီလေ။ ဒီကျွန်းလေးက လွတ်နေသလိုဖြစ်မှာပေါ့။ ဒီအချိန်မှာ အင်္ဂလိပ်တွေက အိန္ဒိယ တစ်နိုင်ငံလုံးကို သိမ်းထားပြီး ဖြစ်ရာ ဗမာဘုရင်ကို စစ်ခင်းဖို့ အတွက် အကွက်ချောင်းနေခိုက် - ဒီကျွန်းလေးကို သတိပြုမိတော့တာပေါ့။ သူတို့က ကမ္ဘာပတ် စစ်တိုက်လာတဲ့ မဟာရေတပ်တော်ကြီး ရှိတယ်။

ဒါနှင့် ဒီကျွန်းလေးကို အင်္ဂလိပ်ပိုင်အဖြစ် အလံထူလိုက်တယ်-ဒါကို ဗမာဘုရင်ကြားတော့ မဟျွာန္ဓုလ စစ်သူကြီးကို စေပြီး နှိမ်နင်းတယ်- ကြားဖူးတာတော့ မဟာဗန္ဓုလ စစ်သူကြီးက အင်္ဂလိပ်အလံတော်ကို ခြေနင်း ရိုက်ချိုး ဖျက်ဆီးပြီး အောင်တပ်တော် ပြန်ခဲ့တယ် ဒေသခ့တွေပြောပြတာပါ - ကျနော် တာဝန်ကျခဲ့တဲ့ရွာက တပ်ထိုးပြင်လို့ ခေါ်တဲ့ ဂေါ်ရာခါလီ ကုလားရွာဖြစ်ပါတယ်။ ဗမာဘုရင်တွေ တပ်ချခဲ့တဲ့ ရခိုင်ရွာကြီးပေါ့။ ခုတော့ ကုလားရခိုင် အဓိကရုန်းမှာ တစ်ရွာလုံး မီးရှို့ သတ်ခံရလို့ ရခိုင်တစ်ဦးမှ မရှိတော့တဲ့ ကုလားရွာပါ- အဲ့ဒီ အဓိကရုန်းမှာ ကျန်နေတဲ့ ရခိုင်အဖိုးကြီးတွေ လေးငါးယောက်လောက်နှင့် ကျနော် တွေ့ခဲ့ဖူးပါတယ်- သူတို့ကို ကုလားမိသားစုတွေက နို့စိုအရွယ်တွေမို့ ချစ်လို့ကယ်ထားခဲ့တာတဲ့။ ခုတော့ ကုလားကြီးတွေပေါ့။

ဒီလိုနှင့် ၁၈၂၄ မှာ ရှင်မဖြူကျွန်းကို သူပိုင် ကိုပိုင် ဖြစ်ရာက အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲ ဖြစ်တယ်။ ရခိုင်နှင့် တနင်္သာရီကို စစ်လျော်ကြေးပေးလိုက်တယ်။ ဒီကျွန်းဟာ ဗမာပိုင်နက် အဖြစ်မှ လုံးဝ ပျောက်ကွယ် သွားတော့တယ်။ နောက်တော့ တစ်နိုင်ငံလုံး ကျွန်ဖြစ် လူတိုင်းသိ။ အိန္ဒယနှင့်ဗမာ တစ်နိုင်ငံတည်းလေ ဗြိတိသျှအင်ပါယာ အောက်မှာ။

ဒါပေမယ့် ပြဿနာက လွတ်လပ်ရေးပေးတဲ့ အခါမှ စတာ။ ၁၉၄၇ မှာ အိန္ဒိယ ကိုလွတ်လပ်ရေးပေးတော့ အိနဓိယနိုင်ငံ နယ်နမိတ်ကို နတ်မြစ်ထိနှင့် နတ်မြစ်ဝမှ ဒီ ရှင်မဖြူကျွန်းကိုပါ ပေးပြီး လွတ်လပ်ရေး ပေးလိုက်တယ်။ ၁၉၄၈ မှာ မြန်မာပြည်လွတ်လပ်ရေးရတယ် - နယ်နမိတ်က နတ်မြစ်ထိပေါ့-ဒီကျွန်းမပါပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီကျွန်းကို သူပိုင် ငါပိုင် အကြောင်းပြုပြီး စစ်ခင်းခဲ့ရတာက ဗမာဘု၇င်က သူများပိုင်နက်ကို ကျူးကျော်လာလို့ စစ်ခင်းခဲ့ရတာပါလို့ အင်္ဂလိပ်တွေက ချပြချင်တဲ့အတွက် လွတ်လပ်ရေးပေးတဲ့အခါ မည်သို့ပင် ရခိုင်ပိုင်နက်ဖြစ်ခဲ့စေကာမူ ဗမာပိုင်နက်နယ်မြေအဖြစ် မသတ်မှတ်ပဲ အိန္ဒယ ပိုင် အဖြစ် ဟိုဘက်နှင့် တစ်ပေါင်းတည်း လုပ်ထားလိုက်ပြီးဖြစ်တယ်။ တကယ်တော့လဲ အဲ့ဒီမှာက ဘင်္ဂလီတွေပဲ များတာဆိုတော့ ယုတ္တိတန်သလိုဖြစ်နေတော့တာပေါ့။

ဒီအကြောင်းတွေကို သိလို့ နယ်မြေအရေးနှင့်ပတ်သက်ပြီး ဖဆပလခေတ်မှာ ရခိုင်အမတ် ဦးကျော်မင်း(ICS)က ၀န်ကြီးချုပ်ကို အယုံအကြည်မရှိအဆိုတင်သွင်းဖို့ကြိုးပမ်းသည်ကို ၀န်ကြီးချုပ်က တင်ပြခွင့်မပေးသဖြင့် စာအုပ်ရိုက်နှိုပ်ပြီးသာလျှင် ဝေငှ နိုင်သော ထိုစာအုပ်ကို ကျနော် အသက် ၁၆ နှစ်သား ဘ၀ကတည်းက ဖတ်ဖူးပါတယ်။ ကျနော့ အဘိုးက ဖဆပလခေတ်က ရတည ပါတီကို ထောက်ခံသူအဖြစ် သိမ်းထားတာ- အဲ့ဒီစာအုပ်တွေ ၁၉၉၂ ကျောက်ဖြူမုန်တိုင်းလို့ သိကြတဲ့ မုန်တိုင်းမှာ တစ်အိမ်လုံးပါသွားလို့ ပြချင်တာ ပြလို့မရတော့ဘူး၊ ဒါတောင် တချို့ စစ်တွေ ဘက်က သူတွေ ဆိမှာ ရှိကောင်းရှိနိုင်သေးတယ်။(( ဦးကျော်မင်း ဆိုတာ ဘယ်သူလဲ သိချင်ရင် တော့(၂၀၁၀ ခုနှစ် မတ်လ မှာ ထုတ်ဝေတဲ့ စာရေးသူ မောင်ဇေယျာရဲ့ မြန်မာ့လူကျော် ၁၀၀ ပထမအုပ်-ရဲ့ မာတိကာပါ ၃။ အိုင်စီအက်စ် ဦးကျော်မင်း(၁၈၉၉-၁၉၈၅ မှာ ဖတ်နိုင်ပါတယ်))

ဆိုလိုတာကတော့ တိုင်းပြည်ရဲ့ တစ်လက္မတောင် တကယ့်သဘောတရားအရ ပါသွားလို့ မရဘူးဆိုတာပါပဲ။ ဒီနေ့ တစ်လက္မ ဟာ လာမည့် အနာဂတ်မှာ တစ်တိုင်းပြည်လုံး ဖြစ်သွားနိုင်ပါတယ်။

ဒီတော့ ဘာလုပ်ကြမှာလဲ။

ဒီလို နယ်စပ်ဒေသကို ပိုင်တဲ့ တိုင်းရင်းသားတွေ ပြောတာကို လက်မခံခဲ့တဲ့အတွက် - အသိအမှတ်ပြုဖို့ ကြောက်နေတဲ့အတွက် - အထူးသဖြင့် မသိတာကို သူတို့ကိုပြောပြတဲ့အခါ - မသိတာကို လူသိမှာစိုးလို့ ပြည်ထောင်စုမှ ခွဲထွက်ရန် ကြံနေပါသည် ဆိုသော စကားလုံးနှင့် မှိုင်းတိုက်ပြီး စစ်ခင်းခဲ့ကြတဲ့ အတွက် - ဒီနေ့ထိ ရခိုင် ဆိုရင် ကိုယ်ပိုင်နိုင်ငံထူထောင်ဖို့ ခဲါထွက်ဖို့ ကြိုးစားနေတယ် ဆိုပြီး မြန်မာတစ်နိုင်ငံလုံးမှာ သယံဇာတတွေ အပြည့်ရှိပါလျှက် ဒုတိယ အဆင်းရဲဆုံးပြည်နယ်-ဖွံ့ဖြိုးမှုအနဲဆုံးပြည်နယ်ဖြစ်အောင် မဟာဗျူဟာမြောက် လုပ်ထားတာ ကျနော်မှအစ ရခိုင်တိုင်းသိတယ်။ ဒါပေမယ့် ရခိုင်တွေ မရိုင်းဘူး-ဒေသကို လူလို သူလို တိုးတက်စေချင်တာတစ်ခုတည်းပါ။ ရခိုင်ကို ရောက်ဖူးသူတွေသိပါတယ်။

အထူးသဖြင့်ကတော့ -ကိုယ်မှလွဲ ဒူးတောင်မယုံရဆိုတဲ့ ၀ါဒစွဲတွေကို ကိုင်စွဲထားတဲ့ သူတွေ မင်းမူနေသ၍ ခုတော့ ရေပြင်ပိုင်နက် မိုင် ၂၀၀။ လာပါအုံးမယ် စစ်တွေ ကုလားတန် ပလက်ဝ စီမံကိန်း၊ ကျောက်ဖြူ မူဆယ် ယူနန် ဓါတ်ငွေ့ပိုက်လိုင်း၊ ကားလမ်း ရထားလမ်း စီမံကိန်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံစီမံကိန်း၊ မော်လမြိုင်-မြ၀တီ ထိုင်း ရထားလမ်းစီမံကိတ်းတွေ - တိုင်းပြည်ကို မသိလိုက်ပဲ ဖဲ့ပေးရမယ့် အနေအထားများ။ တခြား ဘယ်သူမှ မသိတဲ့ များစွာသော Capital Intensive စီမံကိန်းတွေ။ Macro Economic သဘောအရ သိပ်လှတဲ့ စီမံကိန်းတွေ - အနှစ်ကတော့ ဘယ်သူ ရသွားမလဲ။ သေချာတာကတော့ မြန်မာနိုင်ငံသူတွေ မဟုတ်ဘူး- အစိုးရနှင့် အစိုးရအာဏာပိုင်ကုမ္ပဏီတွေပဲ။ တကယ့်ပြည်သူက အလုပ်ကြမ်းသမား ပေါ့။ ခုမှ တစ်နေ့ လုပ်အား ခ ၁၁၀၀ မှ ၁၀၀၀ ထောက်ပံ့ကြေးပေးမယ်တဲ့။

ဒီနေရာမှာ တစ်ခုတော့ ရှိတယ်။ ဒီစီမံကိန်းတွေကိုတော့ ကျနော် လုံးဝ မကန့်ကွက်ဘူး။ လုပ်သင့်တာ ကုန်ခဲ့တဲ့ နှစ် ငါးဆယ် ကတည်းက။ ခုမှ လုပ်ရတယ် ထောက်ခံသေးတယ်။

ဒါပေမယ့် တောင်းဆိုချင်တာက ဒီစီမံကိန်းတွေကိုဆောင်ရွက်တဲ့အခါ နှစ်နိုင်ငံချင်း သော်လည်းကောင်း၊ ပါဝင်တဲ့လုပ်ငန်းတွေနှင့်သော်လည်းကောင်း မလုပ်မနေလုပ်ရတာကတော့ Partnership Agreement ဖြစ်ပါတယ်။ ဒီ Partnership Agreement တွေကို ဘယ်သူတွေ သာဖတ်ခွင့်ရှိလဲ။ နိုင်ငံကို ပိုင်တဲ့ နိုင်ငံသားမှန်ရင် လူတိုင်းဖတ်ခွင့် လေ့လာခွင့် ဆန်းစစ်ခွင့် မရှိဘူးလား။ တကယ်တော့ နိုင်ငံရဲ့ အရင်းအမြစ်ကို အခြေခ့သော မည်သည့် စီးပွါးရေးလုပ်ငန်း-စီမံကိန်း ဖြစ်ပါစေ နိုင်ငံသားတိုင်းက တိတိကျကျ သိခွင့်ရှိရပါမယ်။

သန်း ၆၀ သော လူဦရေ မှာ ဆယ်ယောက် အယောက်နှစ်ဆယ် သာ နားလည်ပါစေအုံး - ခုလို တိုင်းပြည်နစ်နာ သွားမယ့် အရေးမျိုး ရှိရင် ချက်ချင်း ပြင်လို့ရတာပေါ့။ ဒီ ရေပိုင်နက်အခြင်းပွါးမှုဟာ အစိုးရချင်း ဖြစ်တာဆိုပေမယ့် အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိတယ်။ အချုပ်အခြာအာဏာကိုထိတယ်။ အသဲနာတယ်။ ကျနော်တို့မှာ သေတော့မှ သွားသဂြိုလ်ရတယ်။ ဆေးလေးတစ်ခွက်တောင် မတိုက်လိုက်ရဘူး။

အစိုးရကိုလဲ အပြစ်မပြောဘူး။ ပညာရှင်တွေကိုလဲ အပြစ်မပြောဘူး။ လှုပ်ရှားတက်ကြွသူတွေကိုလဲ အပြစ်မပြောဘူး။ တကယ်တော့ လွတ်လပ် ပွင်းလင်းပြီး အာမခံတဲ့ နိုင်ငံရေး စနစ် မရှိခဲ့ခြင်းရဲ့ သက်သေပါ။ သိချင်တာ မသိရ- သိသင့်တာလဲ မသိရ။ ပြောချင်တာလဲ မပြောရ ပြောသင့်တာလဲ မပြောရ။ ကြားချင်တာလဲ မကြားရ ကြားသင့်တာလဲ မကြားရ။ သင်ချင်တာလဲ မသင်ရ သင်သင့်တာလဲ မသင်ရ - နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ - နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ဥပဒေတွေနှင့် အသက်ရှင်ခဲ့တာ အသက် ၄၀ ရှိပါပြီ။ ဘယ်လောက်တောင်မှ မသိဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ကတော် ဘယ်သူလဲ မသိ၊ ဘာအလုပ်လုပ်လဲ မသိ တဲ့ သူတွေနှင့်အတူ ထမင်းစားနေရတဲ ထိဖြစ်ကြောင်းပါ။

ဒါတွေရဲ့ တရားခံက ဘယ်သူလဲ - ဘယ်သူ့မှာ တာဝန်ရှိလဲ - ဘယ်သူတွေက တာဝန်ယူဖြေရှင်းပေးကြမှာလဲ။

ကျနော် ပြောတာတွေ မှားနိုင်တယ်။ လွဲနိုင်တယ်။ ဘာလို့ဆိုတော့ - မပြောရ မဆိုရ - မဖတ်ရ ဆိုတဲ့ ဘောင်ထဲမှာ မွေးဖွါး ကြီးပြင်း လာခဲ့ ရတာ ဖြစ်လို့ပါ။ မှားရင် ခွင့်လွတ်ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

စိုးမြင့်
OLC
၁၄ - ၃ - ၂၀၁၂


Friday, March 16, 2012



ကချင်ဒုက္ခသည်များအတွက် အမေရိကန် နိုင်ငံမှ ဒေါ်လာ ၁.၅ သန်း ကူညီမည်။

 မတ်လ ၁၅ ရက်၊ ၂၀၁၂၊ (YPI)                                                                                  ကချင်ပြည်နယ်ရှိ စစ်ပြေး ဒုက္ခသည်များအား အမေရိကန် အစိုးရမှ ကန်ဒေါ်လာ ၁.၅ သန်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ တဆင့်ကူညီမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်က ယနေ့နေ့လည် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

ဒဲရစ်မစ်ချယ်က ကချင်ဒုက္ခ္ခသည်များ အရေးကိစ္စအပြင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲဆွယ်ရာတွင် လွပ်လပ်စွာပြောဆိုမဲဆွယ်ခွင့်၊ လူထုပရိသတ်ကလည်း လွတ်လပ်စွာ လာရောက်နားထောင် ခွင့်တို့ ရှိရန် လိုအပ်သည်ဟု ပြောဆိုသွားသည်။
ကြားဖြတ်ရေးကောက်ပွဲ လွတ်လပ် မျှတမှုအပေါ် မူတည်ကာ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အကူ အညီများ တိုးမြှင့်ပေးအပ်သွားမည်ဟုလည်း ပြောဆိုသည်။

သတင်းစာရှင်းလင်းပွဲကို အမေရိကန် သံရုံးတွင်ကျင်းပခဲ့ကာ စုစုပေါင်း ၁၉ မိနစ်ကြာမြင့်သည်။
အမေရိကန်မူဝါဒ ညှိနှိုင်းယခုလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး လွှတ်တော် ၂ ရပ်၏ ဥက္ကဋ္ဌများ၊ နိုင်ငံခြားရေး ၀န်ကြီး၊ ကာကွယ်ရေးဝန်ကြီး တို့နှင့်တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်  အား ၎င်း၏နေအိမ်တွင် ယမန်နေ့ညနေက သွားရောက်တွေ့ဆုံခဲ့သည်။

အင်ပင်ဝကျေးရွာ (ရွာသစ်) ရွာသူရွာသားများအား စစ်တပ်မှ ရွှေ့ပြောင်းခိုင်း

 15-3-2012
မိတ္ထီလာမြို့ အင်ပင်ဝကျေးရွာ (ရွာသစ်)အတွင်း တွင်နေထိုင်ကြသော ရွာသူရွာသားများအား စစ်တပ်မှ အမြှောက်စက်ပစ်ကွင်း မလွတ်ဟုဆိုကာ (၅.၃.၂၀၁၂)နေ့(၁၂)နာရီနောက်ဆုံးထားရွှေ့ပြောင်းပေးရန် အတွက် သတိပေးထုတ်ပြန်ထားကြောင်းသိရှိရပါသည်။စစ်တပ်အနေဖြင့် ၁၉၉၇ ခုနှစ် ဧပရယ် လောက်   မှ စတင်ကာအင်ပင်ဝကျေးရွာ (ရွာဟောင်း)အတွင်းရှိရွာသူရွာသားများအား စက်ပစ်ကွင်းနှင့်မလွတ်ဟု ဆိုကာရွှေ့ပြောင်းခိုင်းထားပြီး ကျေးရွာသူရွာသားများအနေဖြင့် ပြောင်းရွှေ့နေရာချထားပေးသောရွာသစ်တွင်တောင်ကျချောင်းရေကြောင်း လူ ၊ နွား များချောင်းရေထဲမျောပါခြင်း လူနှင့် တိရိစ္ဆာန်များအတွက်   သောက်သုံးရေ မရှိခြင်း မိမိတို့တောင်ယာလုပ်ကိုင်သောနေရာနှင့် ၁၆ မိုင်ခန့်ကွာဝေးခြင်း သွားလာရ ခက်ခဲခြင်း သီးနှံစိုက်ပျိုး၍မရခြင်း တို့ကြောင့်မူလဆင်းရဲသထက်ဆင်းရဲကာ ဆိတ် နွား ရွှေငွေအရင်း အနှီးများ ရောင်းချလိုက်ရသဖြင့် ခက်ခဲပေါင်းများစွာဖြင့်ကြုံတွေ့ခဲ့ရသောကြောင့်မူလနေထိုင်သော

အမေရိကန် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်၏ သတင်းစာရှင်းလင်းပွဲ

 15-3-2012
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးတွင် ယနေ့ မွန်းလွဲ ၂ နာရီ၌ သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့ရာတွင် နေပြည်တော်တွင် အသုံးဝင်ပြီးအကျိုးလည်းရှိသည့်တွေ့ဆုံဆွေးနွေးမှုများ ဖြစ်မြောက် ခဲ့သည့်အတွက် မြန်မာအစိုးရကို ကျေးဇူးတင်ပါကြောင်း၊ ထို့သို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် ကန့်သတ်ထားသည့်အရေးကိစ္စများ မရှိပါကြောင်း၊ ယင်းအတွက် ၀န်ကြီးများနှင့် အခြားတာဝန်ရှိသူ များအား ကျေးဇူးတင်ပါကြောင်း၊ ယင်းသည် နှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်ရေးကိုလည်း ကူညီ ရာရောက်ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ လူ့အခွင့်အရေး၊ အလုပ်သမားရေးရာ၊

တရုတ်သို့ သွယ်တန်းမည့် ဂတ်စ်ပိုက်လိုင်းအတွက် မိုင်းခွဲ ဖြိုချနေမူကြောင့် အဖိုးတန် ရေနေ သတ္တ၀ါများ သေဆုံး

  15-3-2012                                                                                                                      တရုတ်သို့ သွယ်တန်းမည့် ဂတ်စ်ပိုက်လိုင်း တည်ဆောက်ရန် အတွက် သန္တာကျောက်တန်းများကို မိုင်းခွဲ ဖြိုချနေမူကြောင့် ရခိုင်ကမ်းရိုးတန်းတွင် ကျက်စားနေသော အဖိုးတန် ရေနေ သတ္တ၀ါများ သေဆုံးမူများ ရှိနေကြောင်း သတင်း ရရှိသည်။

မတ်လ ၇ ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်းတွင် ပင်လယ်ကမ်းခြေ တစ်နေရာတွင် သေဆုံး၍   တွေ့ရှိခဲ့သော ဝေလ ငါးမန်းကြီး နှစ်ကောင်မှာ ဂတ်စ်ပိုက်လိုင်းတည် ဆောက်ရန် ကျောက်တန်းများကို မိုင်းခွဲရာမှ ဒဏ်ရာ ရရှိပြီး သေဆုံးသွားသော ငါးများ ဖြစ်နိုင်ကြောင်း လေ့လာ သုံးသပ်သူများက ပြောသည်။

သေဆုံးသွားသည့် ဝေလငါးမန်းများမှာ အဖိုတစ်ကောင်နှင့် အမတစ် ကောင်ဖြစ်ပြီး အဖိုကောင် မှာ

မန်းရေ အရည်အသွေး စံမီဟု ဆို

 15-3-2012
မန္တလေးမြို့သို့ တစ်နေ့လျှင် ရေဂါလန် ၂၄ သန်းခန့် အထိ ဖြန့်ဝေပေး လျက်ရှိပြီး ကမ္ဘာ့ ကျန်းမာရေး   အဖွဲ့ (W.H.O) စစ်ဆေးချက် အရ အရည်အသွေး စံချိန် မီ ကောင်းမွန်၍ PH 7.4 ရှိကြောင်း မန်း မြို့ တ်ာဝန် က ဖေဖော်ဝါရီ ၁၇ ရက်က တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ်   တစ်ဦး ၏ မေးမြန်းချက် ကို ဖြေကြားသည်။
”၁၉၉၂ ခုနှစ်အတွင်း ကမ်းနား လမ်းတစ်လျှောက်တွင် အချင်း ၁၆ လက်မ စက်ရေတွင်း ၁၉ တွင်း တူးဖော်၍ အမှတ် (၁) ရေတွန်း စက်ရုံ မလွန်ရှိ ရေဓာတ်ခွဲ စမ်းသပ် ခန်းတွင်ရေနမူနာ၊ ရေ 

အရည်အသွေး စမ်းသပ်မှု ပြုလုပ်ပြီး အရည် အသွေး ကောင်းမွန်မှသာ ရေဖြန့်ဝေခဲ့ ပါကြောင်း၊
 နောက်ပိုင်း မြို့တိုးချဲ့ ခြင်း၊ လူဦးရေတိုး လာခြင်းကြောင့် စက်ရေတွင်း ၁၉ တွင်းနှင့် မလုံ လောက်

ယာဉ်လုပ်သားများအား ပြင်းထန်စွာအရေးယူခြင်း
ပြုပြင်ပြောင်းလဲရန်လို

 
15-3-2012
ယာဉ်/လမ်းစည်းကမ်း ဥပဒေအရ ယာဉ်လုပ်သားများအပေါ် ပြင်းထန်စွာအရေးယူခြင်းကိုပြုပြင်ပြောင်း   လဲရန် လိုအပ်ကြောင်း မထသ(ရန်ကုန်တိုင်းဒေသကြီး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါပုဂ္ဂိုလ်  က ”ကျွန်တော့် အနေနဲ့ ပြောရရင် ယာဉ်လုပ်သားတွေအတွက် ဥပဒေထုတ်ပြန်တာ။ လုပ်ဆောင်ချက်တွေ ဟာသူတို့ကို ရိုင်းသထက်ရိုင်းအောင် ပြုလုပ်နေ တာနဲ့ တူပါတယ်။ ခေတ်စနစ်အရ ပြုပြင်ပြောင်းလဲမှုတွေ      လုပ်နေကြတဲ့ အခါ ပို့ဆောင်ရေးကဏ္ဍပြုပြင် ပြောင်းလဲဖို့အတွက်ဆို နည်းစနစ်မှန် ကန်ဖို့လိုအပ်               ပါတယ်။ ပြင်းထန်တဲ့ ဥပဒေနဲ့ စည်းမျဉ်း စည်းကမ်းတွေကို ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်” ဟု                     မတ် ၁၂ ရက်တွင် ပြောသည်။

ခြောက်ထပ်ကြီးဝင်းအတွင်းရှိ ဇေယျသုခဘုန်းကြီးကျောင်းတွင်

 လောင်မှုဖြစ်ပွား

 15-3-2012                                                                                                                        ဗဟန်းမြို့နယ် ၊ ခြောက်ထပ်ကြီးဘုရားဝင်းအတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် နံနက် ၁၀ နာရီ ၄၅ မိနစ်မှစတင်၍ မီးလောင်ကျွမ်းလျက်ရှိကြောင်း သတင်းရရှိသည်။ လက်ရှိအချိန်ထိ လောင်ကျွမ်း        မှုဖြစ်ပွားခဲ့သည်။
ခြောက်ထပ်ကြီးဝင်းအတွင်းရှိ ဇေယျသုခဘုန်းကြီးကျောင်းတွင် လောင်ကျွမ်းလျှက်ရှိသော မီးသည်    နံနက် ၁၀ နာရီ ၄၅မိနစ်မှစတင်၍မီးလောင်ကျွမ်းလျက်ရှိကြောင်းသတင်းရရှိသည်။ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ မီးသတ်ယာဉ်များ လာရောက်ငြိမ်းသတ်လျှက်ရှိကြောင်းသိရှိရသည်။
နံနံက် ၁၁နာရီ ၂၀မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရှိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ဘုန်ကြီးကျောင်း  အပေါ်ထပ်တစ်ခုလုံး ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။
.

Wednesday, March 14, 2012


လူတိုင်းအတွက် ၅၀၀၀ တန် ဖုန်းဖြစ်လာအောင် ၀ိုင်းဝန်းတောင်းဆိုကြပါစို့ 

 ၁၄-၃-၂၀၁၂
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးပြေလည်စေရန် ပြည်သူများက သက်သက်သာသာဖြင့် အများ
သုံးစွဲနိုင်ရန် တောင်းဆိုနေကြသည်။
ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်ရောင်းချမည့် ကျပ်နှစ်သိန်းနှင့် သုံးသိန်းအကြား GSM
 လေးသန်းအတွက် ကျပ်ငွေဘီလီယံ ၅၀၀ အသုံးပြုခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
မှ ဆိုသည်။
လက်ရှိသုံးနေတဲ့ GSM နှစ်သန်းနီးပါးအတွက် တာဝါတိုင် ၉၀၀ ကျော် နိုင်ငံတစ်ဝှမ်းလုံးမှာ စိုက်ထူခဲ့ပါတယ်၊ မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်းရဲ့ ပထမနှစ် GSM လေးသန်းစီမံကိန်းအတွက် 

တာဝါတိုင် ၁၄၀၀ ကျော်နဲ့ တခြားအခြေခံအဆောက်အအုံတွေ အများကြီးတိုးချဲ့ခဲ့ပါတယ်ဟု
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။

ရုံးသမား အလုပ်သမား အခြေခံလူတန်းစားများ လူတိုင်းအတွက် ၅၀၀၀ တန် ဖုန်းဖြစ်လာ
အောင် ၀ိုင်းဝန်းတောင်းဆိုကြပါစို့ လို့ တိုက်တွန်းအပ်ပါသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်နှင့် အနာဂတ် လူငယ်များ

 ၁၃-၃-၂၀၁၂
ယနေ့ကျရောက်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးတဲ့ ၂၄နှစ်ပြည့် 
အခမ်းအနားမှ အမေစုနဲ့ အဖွဲ့အစည်းအသီးသီးမှ မျိုးဆက်သစ်လူငယ်များအား တွေ့ မြင်ရသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်၏ စစ်မှန်သော ဒီမိုကရေစီရရှိရေး လူ့ အခွင့်အရေးနှင့်
ဥပဒေစိုးမိုးရေး ဦးဆောင်မှုအောက်တွင် ယနေ့ လူငယ်များ စိတ်ဝင်တစားရှိနေကြပြီး ပူးပေါင်းပါ
ဝင်လာကြသည်ဟု သိရှိရသည်။လူငယ်များ၏ မျက်နှာများမှာ ကြည်လင်အားတက်စွာရှိနေကြပြီး
မြန်မာ့ ဒီမိုကရေစီအရေးတွင် နိုင်ငံတ၀ှမ်း လူငယ်ကွန်ယက်များကို စနစ်တကျဖွဲ့ စည်းကြမည်ဟု
သိရှိသည်။

စက်မှုတက္ကသိုလ် ကျောင်းသားများကွန်ယက် ကြေငြာချက်..

စက်မှုတက္ကသိုလ် ကျောင်းသားများကွန်ယက် ကိုဖုန်းမော်ကျဆုံးခဲ့တဲ့
(၂၄)နှစ်ပြည့် စစ်အာဏာရှင် ဆန့်ကျင်ရေးနေ့ ကြေငြာချက်..


စက်မှုတက္ကသိုလ် ကျောင်းသားများကွန်ယက်
သတင်းနှင့်ပြန်ကြာရေးဆပ်ကော်မီတီ
ပြောရေးဆိုခွင့် တာဝန်ခံ

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်းအောက်မေ့ဘွယ် အခမ်းအနား


၁၃-၃-၂၀၁၂
(၂၄)နှစ်မြောက်ရန်ကုန်စက်မှုတက္ကသိုလ်မတ်လ(၁၃)ရက်နေ့အရေးအခင်းနှင့်ကိုဖုန်းမော်၊
ကိုစိုးနိုင်ကျဆုံးခြင်းအောက်မေ့ဘွယ်အခမ်းအနားကိုတော်ဝင်နှင်းဆီ၊သီရိခမ်းမတွင် ယနေ့ 
နံနက်(၉)နာရီကကျင်းပခဲ့ရာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဘ ဦးဝင်းတင်
တို့ တက်ရောက်ခဲ့ပါသည်။

ဖီလစ်ပိုင်သမ္မတဟောင်း အာယိုရိုနှင့် ခင်ပွန်းဖြစ်သူအား အကျင့်ပျက်လာဘ်စားမှုဖြင့် ဖမ်းဆီး


၁၃-၃-၂၀၁၂
ဖီလစ်ပိုင်သမ္မတဟောင်း အာယိုရိုနှင့် ခင်ပွန်းဖြစ်သူအား အကျင့်ပျက်လာဘ်စားမှုများအတွက် ဖီလစ်ပိုင်တရားရုံးတစ်ရုံးက ဖမ်းဆီးမိန့်ထုတ်ပြန်လိုက်သည်။ ဖီလစ်ပိုင်သမ္မတဟောင်း အာယိုရိုသည် အစောပိုင်းကတည်းက ရွေးကောက်ပွဲမသမာမှု စွဲချက်များဖြင့် စစ်ဆေးရုံတစ်ရုံတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရပြီးဖြစ်သည်။
၂၀၀၇ ခုနှစ်က တရုတ်နိုင်ငံမှ ဆက်သွယ်ရေးကုမ္ပဏီ ZTE နှင့် ဖီလစ်ပိုင်အစိုးရကြား လုပ်ငန်း

ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ သန်း ၃၃၀ တန် ကန်ထရိုက်စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။ 
သို့သော် ကန်ထရိုက်စာချုပ်၏ အမှန်တကယ် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၃၀ သာဖြစ်ကြောင်းနှင့် ကွာဟနေသည့် ငွေကြေးပမာဏကို သမ္မတဟောင်း အာယိုရိုက လာဘ်ငွေ
အဖြစ် တရားမဝင် ရယူခဲ့ခြင်းဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြသည်။

Tuesday, March 13, 2012

မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ဆန္ဒပြတောင်းဆို

မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ "မတ်လ ၁၃ ရက် ရန်ကုန် တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်
ကျဆုံးတဲ့နေ့ကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အလင်းရောင်ကို စပြီး ထွန်းညှိပေးတဲ့နေ့အဖြစ်သတ်
သတ်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။  ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားဆောင် ရွက်နေကြသော အဖွဲ့အစည်းများက လူ့အခွင့်အရေးရရှိရေး  ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
 

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၄ ရက် မြန်မာ့ရုပ်မြင်သံကြားမှ မိန့် ခွန်းပြောကြားမည်

 14-3-2012
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ မူဝါဒများကို
မတ်လ ၁၄ ရက်နှင့် ၂၂ ရက်နေ့ များတွင် မြန်မာ့ရုပ်မြင်သံကြားမှနေ၍ ပြည်သူလူထုကြီးအား ဂါရဝ
တရားအလေးထားကာ ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရာတွင် အရေးပါသော (၁)ဥပဒေစိုးမိုးရေး
(၂)ပြည်တွင်းငြိမ်းချမ်းရေး (၃)၂၀၀၈ အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေး တို့ ကို ဦးစားပေးကာ ဒီမိုက
ရေစီမူဝါဒများကို အများပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်၍ မိန့် ခွန်းပြောကြားမည်ဖြစ်သည်။

ပြည်သူများကလည်း အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့် ခွန်းများကို နားထောင်
လိုသောဆန္ဒပြင်းပြနေကြပြီး တောင်သူလယ်သမား အလုပ်သမား ၀န်ထမ်းများ ကျောင်းသား လူငယ်
ထုကြီးမှ စိတ်ဝင်စားမှုများပိုမိုများပြားလာနေသည်ဟု သိရှိရသည်။ ထိုနေ့ ရက်အတွက် ပြည်သူများ
ကြိုတင်ပြင်ဆင်နေကြသည်ဟု ပြည်တွင်းသတင်းဌာနများတွင် အသံများထွက်ပေါ်နေသည်။

Tuesday, March 13, 2012

မြန်မာ့ရုပ်မြင်သံကြားမှာထုတ်လွှင့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း

Type your summary here.

Sunday, March 11, 2012

ဂျပန် ငလျှင်နှင့် ဆူနာမိ နှစ်ပတ်လည်နေ့



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် စည်းရုံးရေး ခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည် ဝေါမြို့တွင် နှုတ်ဆက်စဉ်
စစ်တောင်းတံတား အဆင်းတွင်လာရောက်ကြိုဆိုသူများကို နှုတ်ဆက်စဉ်
 
 ကျိုက်ထိုမြို့ ပြည်သူများက ကြိုဆို
ဒေါ်အောင်ဆန်းကြည်အားတွေ့ဆုံခွင့်ရရှိရန် strand hotel ရှေ့တွင်စောင့်စားနေသော
 မော်လမြိုင်လူထု
 ၁၀-၃-၂၀၁၂ 
ရန်ကုန်မြို့မှ နံနက် ၈ နာရီခန့်က ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည်    ကျိုက်ထိုမြို့ စိမ်းလဲ့တင် စားသောက်ဆိုင်သို့ ၁၂ နာရီမထိုးမီ ၁၀ မိနစ်ဝန်းကျင်တွင်ဆိုက်ရောက်ကြ    ကာ နေ့လည်စာစားပြီး နာရီဝက်ခန့် ရပ်နားသည်။
ဒေါ်အောင်ဆန်းစုကြည်ကားတန်းမှာ ညနေ ၄နာရီ တွင် သထုံမြို့သို့ ၀င်ရောက်လာပြီဖြစ်သည်။
သထုံမြို့ ရွှေစာရံ ဘုရားရှေ့ အ၀ိုင်းတွင် များပြားလှသည့်လူပရိသတ်က စောင့်ကြိုလျှက်ရှိသည်ဟု       သိရှိရသည်။ 
ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်မြို့သို့ ည ၈ နာရီ ကျော်တွင် ရောက်ရှိလာရာ ကြိုဆိုသူ၊ လာ       ရောက် ကြည့်ရှုသူကားအစီး ၄၀၊ ၅၀ ဆယ်ကျော်နှင့်ဆိုင်ကယ် ထောင်ချီရှိသည်ဟု မော်လမြိုင်မြို့ခံ တဦးက ပြောသည်။ မြို့အ၀င် သံလွင်တံတားမှ ဆင်းပြီးနောက် အနောက်တပ်မြေ လမ်းအတိုင်း
ကမ်းနားဟိုတယ်သို့ တောက်လျှောက်မောင်းနှင်သွားရာ လိုက်ပါကြိုဆိုသူ ဆိုင်ကယ်များဖြင့် လမ်းပိတ်လုမတတ်ရှိသည်ဟု မြို့ခံတဦးက YPI သို့ပြောသည်။

ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဘီလီယံဒေါ်လာ ပိုင်ဆိုင်မှု (ပထမပိုင်း)

 10-3-2012
By: မောင်ဆောက်-ကျောက်ကာ

(စုဆောင်းတင်ဆက်သည်)

ငတက်ပြားအစ

ဦးအောင်သောင်းဟာ တောင်သာနယ် ကျောက်ကာရွာ ဇာတိ ဖြစ်တယ်။ ဒါပေမဲ့ သူ့ကိုယ်သူ (အင်္ဂလိပ်တော်လှန်တဲ့ မြင်းခေါင်း ဗိုလ်ရာညွန်ဇာတိ ကျောက်ကာနဲ့ ကပ်ရက်) ၀ဲလောင်ရွာဇာတိလိုလို လိမ် ပြောလေ့ရှိတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို ၀ဲလောင်သားလို့ မကြာခဏ ခေါ်လေ့ရှိတယ်။

ဦးအောင်သောင်းဟာ OTS - 30 ကျောင်းဆင်း ဖြစ်ပြီး နမခ ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်တပ်မှာ အမြင့်ဆုံး ရာထူးသာ ရရှိခဲ့ပါတယ်။န၀တခေတ် မကွေးတိုင်း တ၀တ ဥက္ကဌအဖြစ် နမခ တိုင်းမှူး ဗိုလ်ချုပ် ထွန်းကြည်က မြှောက်စားထားခဲ့ပါတယ်။ ဗိုလ်ချုပ် ထွန်းကြည် ကုန်သွယ်ရေး ၀န်ကြီး ဖြစ်သွားချိန်တွင် မန္တလေး တိုင်းစစ်ဌာနချုပ်ရှိ နန်းတွင်း ဧည့်ရိပ်သာမှာ  ဦးအောင်သောင်းအား ခေါ်တွေ့ခဲ့ပြီး သူနဲ့အတူ လိုက်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကုန်သွယ်ရေး ၀န်ကြီးဌာန လက်အောက်ခံ ကုန်သွယ်လယ်ယာ ဦးဆောင်ညွှန်ကြားရေးမှူး  ရက်ပိုင်းသာ လုပ်နေချိန်မှာ မိတ်ဆက်စားပွဲ ကျင်းပပြီး ကုန်သွယ်ရေး ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် ထွန်းကြည်က ထိုးတင်ခဲ့ပါတယ်။ ဦးသန်းရွှေအား ဦးအောင်သောင်းရဲ့ အဖားတော်မှုကြောင့် ကုန်သွယ်ရေး ၀န်ကြီးဌာနကနေ မွေးရေ၀န်ကြီးအဖြစ် ဆက်လက် ရာထူးတိုးခဲ့ပါတယ်။

မော်လမြိုင် လူထု ဟောပြောရန် မြို့တွင်း၌ မရခြင်း အပေါ် မြို့ခံများ ဝေဖန်

မတ်လ ၉ ရက်၊ ၂၀၁၂ (YPI)

လာမည့် တနင်္ဂနွေနေ့ နံနက် မော်လမြိုင်မြို့ လူထုဟောပြောပွဲ ပြုလုပ်မည့် နေရာအတွက် မြို့နှင့် ၆ မိုင်ခန့်ကွာဝေးသော ၆ မိုင်ကျေးရွာ ဘောလုံးကွင်းကိုသာ ခွင့်ပြုခြင်းအတွက် မော်လမြိုင်မြို့ခံများက ဝေဖန်ပြောဆိုလျှက် ရှိကြသည်။

မော်လမြိုင်မြို့ ဘိုကုန်းရပ်ရှိ သံလွင်ဥယျာဉ် မြေနေရာကို အသုံးပြုခွင့် တောင်းခံရာတွင် စိုက်ပျိုးထား
သည့် သစ်ပင်များ ပျက်စီးမည် စိုးသဖြင့် ခွင့်မပြုနိုင်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ အကြောင်းပြချက်သည် ယုတ္တိမရှိသည့် အကြောင်းပြချက် အဖြစ် ပြောဆိုကြသည်။ မြို့ခံများက ထောက်ပြသည့် အချက်မှာ သံလွင် ဥယျာဉ်ကွင်းမှာ မကြာခဏ ဈေးပွဲတော်များ ကျင်းပလေ့ရှိရာ လူပရိတ်သတ် ရာထောင်ချီ အသုံးပြုနေသည့် နေရာဖြစ်၍ ယခုလူထုစည်းဝေးပွဲ ခွင့်မပြုခြင်းသည် ယုတ္တိမတန်သည့် အဖြစ်အပျက် တခုအနေဖြင့် ပြောဆိုခြင်း ဖြစ်သည်။

မြို့ခံတဦးက “ မြို့ပြင်ကို ထုတ်တာပေါ့ဗျာ၊ သက်သက်ညစ်တာ ပေါ်လွင်ပါတယ်။ မြို့ကလူတွေတော့ ဟောပြောမယ့်နေရာကို လိုက်ကြမှာပေါ့ ” ဟု YPI သို့ပြောသည်။

ယခုကဲ့သို့ သံလွင်ဥယျာဉ် ကွင်းနေရာ သုံးခွင့်မပြုခြင်းကို မတ်လ ၆ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ကိုယ်စားလှယ်လောင်းများအား ဖိတ်ကြားက အသိပေးခဲ့သည်ဟု မြို့ခံ ဦးထွန်းသန်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင်မွန်ပြည်နယ် သို့ စည်းရုံးရေး ခရီးစဉ်သွားရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး ခရီးစဉ်များအတွင်း မန္တလေး၊ ဖျာပုံ၊ အစရှိသည့် မြို့များ၌ မြို့ခံလူထုအားဟောပြောမည့် နေရာ နှင့်ပတ်သက်၍ ဒေသအာဏာပိုင်များကြောင့် အခက်အခဲ နှင့် ကြုံတွေ့ခဲ့ရသည်။ ။

CRPP အမည်နှင့်ရည်ရွယ်ချက်ပြင်ဆင်မည်


မတ်၊ ၉၊ ၂၀၁၂ (YPI)

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ - CRPP ( ၁၉၉၀ ) အား အမည်နှင့် ရည်ရွယ်ချက်ကို  ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ပြင်ဆင်မည်ဖြစ်ကြောင်း  ယင်းကော်မတီဝင်တစ်ဦးဖြစ်သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းကပြောသည်။

“ CRPP ဆိုတာဖွဲ့လို့မရတော့ဘူးလေ။ CRPP ကိုယ်စားပြုတဲ့လွှတ်တော်က လွန်သွားပြီ။ အဲဒီပုံစံလုပ်လို့မရတော့ဘူး။ အခြားပုံစံတစ်မျိုးပြောင်း လုပ်ရမယ်” ဟု၎င်းကဆိုသည်။

CRPP အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်ကလည်း ယခုအချိန်တွင် အခြေအနေများပြောင်းလဲလာသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ
(CRPP) ဟူသော နာမည်နှင့် ရည်ရွယ်ချက်ကိုပါ ပြောင်းလဲရခြင်းဖြစ်ကြောင်း ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲုတွင် ရွေးကောက်ခံခဲ့ရသော ပြည်သူ့ကိုယ်စားလှယ်များကို န.၀.တ အစိုးရမှ လွှတ်တော်ခေါ်ပေးရန် ပျက်ကွက်ခဲ့သဖြင့် ယင်းကိုယ်စားလှယ်အများစုမှ စုပေါင်းကာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ကို ၁၉၉၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းသည့် ရည်ရွယ်ချက်မှာ လွှတ်တော်ပေါ်ပေါက်ရေးနှင့် လွှတ်တော်မပေါ်ပေါက်မီ လွှတ်တော်ကဲ့သို့ ဆောင်ရွက်ရေး တို့ဖြစ်သည်။

ယခုအခါ ထိုရည်ရွယ်ချက်များအစား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေး တိုးတက်ကောင်းမွန်လာစေရေး၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ၂၀၀၈ ဖွဲု့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးစသော ရည်ရွယ်ချက်များ ပြောင်းလဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးအေးသာအောင်ကဆိုသည်။

၎င်းက “  ဒေါ်အောင်ဆန်းစုကြည့်က လွှတ်တော်တွင်းကနေ ဒီရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ကြိုးစားမယ်။ ကျန်တဲ့ တိုင်းရင်းသားတွေက အပြင်ကလုပ်မယ်။ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ ပေါင်းလုပ်မယ့်သဘောပါ” ဟုပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ဟူသော အမည်အား အစားထိုးရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ကော်မတီဝင်များ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်သွားမည်ဖြစ်
ကြောင်း ၎င်းကဆက်ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီတွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ အမျိုးသားဒီမိုကရေစီပါတီ၊ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၊ လူ့အခွင့်ုအရေး
နှင့် ဒီမိုကရက်တစ်ပါတီ တို့မှ ၁၉၉၀ ရွေးကောက်ပွဲနိုင်ကိုယ်စားလှယ်များပါဝင်ပြီး  တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးသိန်းဖေလည်း ပါဝင်သည်။

၎င်းပါတီများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ထားပြီး ကျန်ရှိသောပါတီများမှာမူ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်ထားကြသည်။        ။

စာနယ်ဇင်းသမဂ္ဂပေါ်ပေါက်ရေး စည်းဝေး

                  

10-3-2012
မြန်မာစာနယ်ဇင်းသမဂ္ဂပေါ်ပေါက်ရေး အစည်းအဝေးတစ်ရပ်ကို ယနေ့ နေ့လယ် ၁ နာရီက 
ဆရာ စံလမ်းရှိ SS Food Center မှာ ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ အစည်းအဝေးကို ရန်ကုန်မြို့အခြေစိုက် သတင်းဂျာနယ်များမှ တာဝန်ရှိသူအချို့တက်ရောက်ခဲ့ကြပြီး လွတ်လပ်၍အမှီအခိုကင်းသော စာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်ရေးနှင့် သတင်းထောက် များ အတွက်တာဝန်ယူမှုနှင့် အကာအကွယ်ပြုနိုင်မှု ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြကြောင်းသိရသည်။ အစည်းအဝေးသို့ ရန်ကုန်မြို့အခြေစိုက် သတင်းဂျာနယ်များမှ တာဝန်ရှိသူများဖြစ်ကြသည့် ဦးဖေမြင့်(ပြည်သူ့ ခေတ်ဂျာနယ်)၊ ဦးမော်လင်း၊ ဦးစန်းဦး(စိတ်ကူးချိုချို)၊ ဦးချစ်ဝင်းမောင်၊ ဦးအားမာန်
 (7 Day News)၊ ဒေါ်အေးအေးဝင်း(နိုင်ငံခြားသတင်းထောက်များအသင်း)၊ ဦးဇော်သက်ထွေး
(Freelance)၊ ကိုမျိုး(မြန်မာစာ)၊ ဦးဝေဖြိုး(Eleven Media Group) ၊ဦးမာဂျေ၊ ဦးဝင်းကျော်ဦး၊ 
ဦးသူရအောင်၊ ဦးမြင့် မောင်ကျော်၊ ဦးဥာဏ်လင်းအောင်၊ဦးသောင်းထိုက် (True Newsဂျာနယ်)၊
ဦးဝင်းမော် အစရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

ပြည်သူ့ ပါတီ NLDကို မဲပေးကြစို့ 

၁၀-၃-၂၀၁၂
ပြည်သူ့ ပါတီ NLD
တိုင်းရင်းသားများ စုံစုံညီ
ပြည်သူ့ အကြိုး တို့ သည်ပိုး
ဝိုင်းလို့ ကူမယ် နိုင်ငံအကျိုး။
လူ့ အခွင့်အရေး အရင်းခံ
စည်းလုံးမှုနဲ့ ပူးပေါင်းရန်
လွတ်လပ်မှုကို ဦးစားပေး
 ဒီမိုကရေစီ ဆင်နွဲရေး။
တရားဥပဒေ စိုးမိုးရေး
၂၀၀၈ ဥပဒေ ပြင်ဆင်ပေး
တိုင်းရင်းသားဒို့  ငြိမ်းချမ်းရေး 
NLD ကို မဲတွေပေး။
                                                                                          မြသိန်း

ရွေးကောက်ပွဲကော်မရှင်မှ သတ်မျတ်ချက်များဟာ ကွဲလွဲခြားနားမှုများ ရှိနေ

၁၀-၃-၂၀၁၂
လာမယ့် ဧပြီ(၁)ရက်နေ့ မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်နိင်ငံလုံးက၀င်ရောက်
ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ့်
စစ်ကိုင်းတိုင်းပြည်သူ့ လွတ်တော်ကိုယ်စားလှယ်လောင်း ဦးစောလှိုင်နဲ့  ရန်ကုန်တိုင်း၊မင်္ဂလာ 
တောင်ညွန့် မဲဆန္ဒနယ်က တစည ပါတီကိုယ်စားပြုယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဒေါ်စန္ဒာမြင့်တို့ နှစ်ဦးကိုမြို့ နယ်အဆင့် လူဝင်မှုကြီးကြပ်ရေးဌာနတွေက ကိုယ်စားလှယ်လောင်းရဲ့ နိင်ငံသား
ဖြစ်မှုမှာ ငြိစွန်းမှုရှိတယ်လို့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့ ပါတယ်။

ဒါပေမယ့်  NLD ကိုယ်စားလှယ်လောင်း ဦးစောလိုင်ဟာ ၁၉၉၀ရွေးကောက်ပွဲမှာ NLD ပါတီကိုယ် 
စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ရာမှာ ရွေးချယ်ခံခဲ့ရဖူးပါတယ်။ထို့ အတူ တစည ပါတီ ကိုယ်စား
လှယ်လောင်း ဒေါ်စန္ဒာမြင့်ဟာလည်း၂၀၁၀ ရွေးကောက်ပွဲတုန်းက ရန်ကုန်တိုင်း၊ လမ်းမတော်မြို့ 
နယ်မှတိုင်းဒေသကြီးကိုယ်စားလှယ်လောင်းအဖြစ် တစည ပါတီကဘဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး
 ပြိုင်ဘက်ကြံ့ဖွံ့ ပါတီကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရဖူးပါတယ်။ ဒေါ်စန္ဒာမြင့်ဟာ ၂၀၁၀ ရွေးကောက်ပွဲ
မှာတုန်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ လက်ရှိတည်ဆဲ ရွေးကောက်ပွဲကော်မရှင် ဥပဒေနဲ့ ဘဲ 
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ပြီး အခု ကြားဖြတ်ရွေးကောက်ပွဲမှာမှ ကိုယ်စားလှယ်အရည်အချင်း
မပြည့်မီသူအဖြစ် ပယ်ဖျက်ခံရတာဟာရှေ့ နောက်မညီညွတ်ဘူး ဖြစ်နေပါတယ်။

၁၉၉၀ ပါတီစုံရွေးကောက်ပွဲမှာတုန်းက ၀င်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းသည်
 နိုင်ငံသားဖြစ်ရမည်ဟု သတ်မှတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွမြှာတော့ ကိုယ်စားလှယ်
လောင်း၏ မိဘနှစ်ပါးသည် နိုင်ငံသားဖြစ်ရမည်ဟု တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။
ဒီလို သတ်မှတ်တဲ့အထိ ဦးစောလှိုင်နဲ့ ဒေါ်စန္ဒာမြင့်တို့ ဟာ သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီနေပြီး
 သူတို့ ရဲ့ မိဘနှစ်ပါးစလုံးဟာတရားဝင်နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူများဖြစ်ပါတယ်။
ဒါပေမယ့် နိုင်ငံသားဖြစ်မှုဆိုတဲ့အဓိပ္ဖာယ်ကို ဖွင့်ဆိုရာမှာတော့ ၂၀၁၀တုန်းက ကော်မရှင်ရဲ့ သတ်မှတ် တဲ့စံနှုန်းနဲ့  ယခု ကြားဖြတ်ရွေးကောက်ပွဲမှာ ကော်မရှင်ရဲ့ သတ်မှတ်စံနှုန်းဟာပြောင်းလဲသွားခဲ့ပါတယ်။

ယခု ကြားဖြတ်မှာတော့ ကိုယ်စားလှယ်လောင်းရဲ့ မိဘနှစ်ဦးစလုံးဟာကိုယ်စားလှယ်လောင်း
မွေးဖွားချိန်မှာ နိုင်ငံသားဖြစ်နေရမယ်လို့ စံနှုန်းကို တိုးမြှင့်သတ်မှတ်ခဲ့လို့  အခု NLD ဦးစောလှိုင်နဲ့  
တစညဒေါ်စန္ဒာမြင့်တို့ ဟာ ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။

ဒါ့ကြောင့် တစည ပါတီက ဒေါ်စန္ဒာမြင့်အနေနဲ့  အဆင့်ဆင့် အယူခံတင်ရာမှာတိုင်းကော်မရှင်အဆင့်
က ပယ်ချခဲ့လို့  ၉- ၃- ၂၀၁၂ ရက်နေ့  ညနေ ၃း ၀၀နာရီမှာ တစည ပါတီ တိုင်းရုံးခန်းရှိရာကို ပါတီ
ခေါင်းဆောင်ပိုင်းနဲ့ ပါတီဝင်များ၊သတင်းစာနယ်ဇင်းများကို ဖိတ်ကြားပြီး သတင်းထုတ်ပြန်ခဲ့ရာမှာ
သတင်းသမား (၄၀)ဦးခန့် တက်ရောက်ပြီး သတင်းရယူခဲ့ကြပါတယ်။
အဲဒီ ရှင်းလင်းပွဲမှာ တစည ပါတီမှ သတင်းထုတ်ပြန်ခဲ့ရာ နိုင်ငံသားဖြစ်မှုသတ်မှတ်ရာမှာ ဖွဲ့ စည်းပုံ
အခြေခံဥပဒေမှ သတ်မှတ်ချက်များနဲ့ ရွေးကောက်ပွဲကော်မရှင်မှ သတ်မျတ်ချက်များဟာ ကွဲလွဲခြား
နားမှုများရှိနေကြောင်း၊ ရွေးကောက်ပွဲဥပဒေသည် ပင်မဖွဲ့ စည်းပုံအခြေခံဥပဒေ၏အောက်တွင်
သာရှိသည့် အထောက်အကူပြုဥပဒေ(Suppotting Law) သာ ဖြစ်သည့်အတွက် ဖွဲ့ စည်းပုံဥပဒေ၏
 နိုင်ငံသားသတ်မှတ်ချက်အဓိပ္ဖာယ်ကိုသာ ယူသင့်ကြောင်း၊ ဤ ကိုယ်စားလှယ်ပယ်ဖျက်ခံရမှုကိစ္စကို
 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက်တင်ပြထားပြီး အမျိုးသားအခွင့်အရေးကော်မ
ရှင်သို့ လည်းပေးပို့ တိုင်ကြားဆောင်ရွက်မည်ဖြစ်ကြောင်း၊ နောက်ပိုင်း ကျင်းပဦးမည့်ရွေးကောက်ပွဲ အသီးသီးတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများမှကိုယ်စားလှယ်လောင်းများအတွက်ပါ
 ရည်ရွယ်ပြီး လွှတ်တော်အတွင်းအဆင့်ဆင့် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဥပဒေ 
အကြောင်းအရာများနှင့် အသေးစိတ်အချက်အလက်များကိုတစည ပါတီ ခေါင်းဆောင်များနှင့်
 ကာယကံရှင်ဒေါ်စန္ဒာမြင့်မှရန်ကုန်တိုင်း တစည ပါတီရုံးခန်း၌ အချိန် (၃)နာရီကြာမျှ တက်ရောက် လာသူများကို ဆွေးနွေးရှင်းလင်းတင်ပြသွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ကိုကြည့်ပြီး ရွေးကောက်ပွဲကော်မရှင်ဟာ မူဝါဒအရ ပြောင်းလဲမှုမရှိဘဲ ပြည်ထောင်စု 
ရွေးကောက်ပွဲကော်မရှင်ရဲ့  အဓိကတာဝန်ရှိသူလို့ ဆိုနိုင်မယ့် ဥက္ကဌ (လူ) အပြောင်းအလဲကြောင့်
 ဖြစ်ဟန်တူပါတယ်လို့ သုံးသပ်မိပါတယ်။

S ခင်ဇိုင်
မှတ်ချက်
ဒီမိုကရေစီနိုင်ငံတွေမှာတော့ ဒီလိုအတွေအခေါ်မရှိပါဘူး ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာကြီးပြီး ဒီနိုင်ငံအကျိုး
ထမ်းဆောင်မယ်ဆိုရင် လူမဲတောင်မှသမတ ဖြစ်နိုင်ပါတယ်။ ဒီဥပဒေတွေဟာပြင်ဖို့ သင့်ပါတယ်။
အမြင်ကျဉ်းမြောင်းတဲ့ဝါဒီတွေရဲ့ လုပ်ရပ်ဖြစ်ပြီး လူမျိုးရေးခွဲခြားတာပါ ကြံ့ဖွတ်မဲရဖို့ တော့ မလွဲပါဘူး။
နိုင်ငံတကာမှာတော့ ဒီမိုကရေစီဟာ လူအခွင့်အရေးအပြည့်အ၀ရှိပါတယ်။မြန်မာနိုင်ငံမှာတော့ စစ်အစိုးရရဲ့ အတုအယောင်ဒီမိုကရေစီပါ။စစ်မှန်တဲ့ ဒီမိုကရေစီရဖို့  အရေးကြီးပါတယ်။

အလုပ်သမားသမဂ္ဂတွေ မှတ်ပုံတင်ပြီး တရားဝင် ဖွဲ့ စည်းနိုင်ပြီ

Myo Tha Htet's Photos
 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးသည် အမိန့်ကြော်ငြာစာ အမှတ်၊ ၂၂/၂၀၁၂ ဖြင့် ၂၀၁၂ ခုနှစ် မတ်လ (၉) ရက် [၁၃၇၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၂) ရက်]နေ့တွင် အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ စတင်အာဏာ တည်သည်ဟု သတ်မှတ်လိုက်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 


အလုပ်သမားသမဂ္ဂတွေ မှတ်ပုံတင်ပြီး တရားဝင် ထောင်နိုင်ပြီ။
 (ရည်ညွှန်း-ကြေးမုံ၊ မတ် ၁၀၊ ၂၀၁၂)။
.

Sunday, March 04, 2012



လူထုခေါင်းဆောင်ကို ထောက်ခံကြသော သိန်းနဲ့ ချီတဲ့ စစ်ကိုင်တိုင်း

 4-3-2012  ဓါတ်ပုံ AP
စစ်ကိုင်းမြို့ မဟာဂန္ဓရုံကျောင်း ဆရာတော်ကြီးများအား ၀င်ရောက်ကန်တော့ခဲ့ပြီး စစ်ကိုင်းလူထုဟော
ပြောကွင်းသို့  သွားရောက်ခဲ့ရာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင်လေးစားကြ
သော ပြည်များ သိန်းနဲ့ ချီ၍လာရောက်လာပေးကြပြီး စစ်မှန်တဲ့ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးတွေ ရရှိ
ရေးအတွက် NLD ကို ထောက်ခံ မဲပေးကြမယ်လို့  ပြည်သူတွေရဲ့ အသံများ ကျယ်လောင်စွာကြားခဲ့
ရသည်ဟု သတင်းယူပေးခဲ့သော သတင်းထောက်တဦးမှ သိရှိရသည်။


အမေကို ပိုစိုးရိမ်တယ်ဗျာ၊ အသက်ရွယ်နဲ့  ထမ်းဆောင်ရတဲ့ တာဝန်က အဆမတန်များလွန်းနေတယ်။ ဒါပေမယ့် အမေကတော့ အပြုံးမပျက်ပါဘူး ပင်ပန်းတယ်လို့  တစ်ချက်လေးတောင် မတွေ့ ရဘူး၊
 ပြည်သူနဲ့ ထိတွေ့ ရတာကို သူအရမ်းဝမ်းသာနေတာ။ အမေလိုလူမျိုးဆိုတာ ရာစုနှစ်တစ်ခုမှာ တစ်ယောက်သာ ပေါ်ထွန်းခဲ့တာပါ။“ အမေကျန်းမာ၊ များချမ်းသာ၍၊ တိုင်းပြည်ကြီးလည်း
 စည်ပင်ဝေ။”အောင် ဆောင်ရွက်နိုင်ပါစေ။

ဆိုင်းဇော်လင်းထွဋ် 

တိုင်းရင်းသားလူမျိုးစု မျိုးဆက်သစ်လူငယ်များ၏ သဘောထားထုတ်ပြန်ကြေညာချက်

နေ့စွဲ။            ။ ၂ -၃-၂၀၁၂။

(၁)လာမည့်ရွေးကောက်ပွဲသည် ရိုးသားသန့်ရှင်းပြီး တရားမျှတမှုနှင့် လွတ်လပ်မှုရှိသော ရွေးကောက်ပွဲမျိုး ဖြစ်အောင် ဖော်ဆောင်ပေးရန်၊
(၂) ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကရင်နီဒေသတို့၌ မြန်မာ့တပ်မတော်၏ မတရားကျူး ကျော် ထိုးစစ်ဆင်နေမှုအားလုံးကို သမတ၏ညွန်ကြားချက်နှင့်အညီ တရားဥပဒေစိုးမိုးမှုရှိရန်အတွက် ချက်ချင်း ရပ်စဲရန်၊
(၃) နေရာဒေသအသီးသီး၌ ရှောင်တိမ်းနေသော စစ်ပြေးဒုက္ခသည်များအား လိုအပ်သော အကူအညီ ပံ့ပိုးမှု အမျိုးမျိုး ရရှိနိုင်ရန်အတွက် မည်သည့် အဖွဲ့အစည်းမျိုးကိုမဆို လွတ်လပ်စွာ သွားလာ ကူညီခွင့်ပြုရန်၊
(၄) တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော နိုင်ငံရေး ပဋိပက္ခများအား နှစ်ပေါင်းများစွာ စွဲကိုင်ကျင့်သုံးလာခဲ့ သည့် စစ်ရေးနည်းလမ်းဖြင့် တိုက်ခိုက်ဖြေရှင်းနေသော မူဝါဒကိုစွန့်လွတ်ပြီး အချင်းချင်းတွေ့ဆုံ ညှိနှိုင်း အဖြေ ရှာသည့် နိုင်ငံရေးနည်းလမ်း ကျင့်စဉ်မူကို ပြောင်းလဲကျင့်သုံးသွားရန်၊
(၅) တရားမျှတပြီး စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်ပေါ်လာစေရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူမျိုးစုတိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ တာဝန်ရှိသည့် ပုဂွှိုလ်များ ပါဝင်ထည့်သွင်းရန်၊
(၆) တရားမျှမှုနှင့် ခိုင်မာသော ငြိမ်းချမ်းရေး ရရှိပြီးနောက် တိုင်းရင်းသားလူမျိုးများအားလုံး မျှော်လင့်တောင့်တ လျှက်ရှိနေသော (၂၁)ရာစု ပင်လုံညီလာခံမျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊
အထက်ပါ ဖော်ပြချက်များအား တိုင်းရင်းသားဒေသအသီးသီးမှ လူမျိုးစု မျိုးဆက်သစ်လူငယ်များမှ တူညီသော ဆန္ဒ သဘောထားများကို စုစည်းကာ ထုတ်ပြန်ကြေညာပါသည်။

 တိုင်းရင်းသားလူမျိုးစု မျိုးဆက်သစ်လူငယ်များ

                                                                                                            

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား
သောင်းပေါင်းများစွာသော စစ်ကိုင်းမြို့ပြည်သူများက ကြိုဆို

 4-3-2012
စစ်ကိုင်းတံတားမှ ဆင်း၍ စစ်ကိုင်းမြို့သို့ဝင်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြသည့် စစ်ကိုင်းမြို့ခံများကို လမ်းလုံးပြည့်မြင်တွေ့ရစဉ်။
ယနေ့ (၄.၃.၂၀၁၂)တွင် မန္တလေးမြို့မှ အမရပူရရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရောက်ရာလမ်းတစ်လျှောက် ဒေါ်အောင်ဆန်းစုကြည်သည် လူထုအား နှုတ်ဆက်ခဲ့သည်။
ဓာတ်ပုံ- ဥက္ကာကိုကို

မန္တလေးလူထုအားပြောကြားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့် ခွန်း

                               ဆရာမတွေ ကျောင်းသူကျောင်းသားတွေကလည်း NLD ပါဘဲ
 ၄-၃-၂၀၁၂                                                                                  ကျွန်မတို့ ရှေ့ဆက်ရမယ့်ခရီးက အင်မတန်ကြမ်းပါလိမ့်မယ်။ အင်မတန်ခက်ခဲပါလိမ့်မယ်။ ဒါ ကျွန်မအခုကတည်းက ပြောထားတာပါ။ ဒီမိုကရေစီဆိုတာရဖို့လည်းမလွယ်ဘူး။ ရပြီးတဲ့အခါ တည်တံ့ခိုင်မြဲအောင် လုပ်ဖို့လည်း မလွယ်ဘူး။ အင်မတန်မှ အလုပ်တွေများများလုပ်ပြီးတော့ ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်။
ဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်တဲ့အခါမှာ တစ်ဦးပေါ်တစ်ဦး နားလည်မှုဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာအများရဲ့သြဇာလွှမ်းမိုးရေး၊ ပြည်သူရဲ့ သြဇာလွှမ်း မိုးရေးပဲ။ ပြည်သူတွေဟာ ကိုယ့်သြဇာတွေ နိုင်ငံအပေါ်မှာ လွှမ်းမိုးစေချင် တယ်ဆိုရင် အချင်းချင်းနားလည် နိုင်ရမယ်။ အချင်းချင်း အပေးအယူလုပ်နိုင်ရမယ်။ အချင်းချင်း သဘောထား ကြီးနိုင်ရမယ်။ အဲဒီလိုလုပ်နိုင်မှ ကျွန်မတို့ဟာ တကယ်ကိုစစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတစ်ခု ထူထောင်နိုင်မှာဖြစ်ပါတယ်။
လူတိုင်းလူတိုင်း လိုချင်တဲ့ကိစ္စကစိတ်လုံခြုံမှုပါပဲ။ စိတ်လုံခြုံမှုရှိဖို့ဆိုတာက အကြောက်တရားက ကင်းဝေးရမယ်။ ဆင်းရဲခြင်းမှ ကင်းဝေးရမယ်။ မလိုလားအပ်တဲ့ စိတ်ဆင်းရဲမှုမှန်သမျှကင်းဝေးမှ စိတ်လုံခြုံလာမှာဖြစ်ပါတယ်။ စိတ်လုံခြုံဖို့ဆို တာက ဥပဒေစိုးမိုးရေးက အင်မတန်အရေးကြီးပါတယ်။ ဥပဒေစိုးမိုးရေးရှိတယ်ဆိုရင် ပြည်သူတွေကို ဘယ်သူ ကမှ မတရားလုပ်လို့မရဘူး။ ဥပဒေစိုးမိုးရေးကနိုင်ငံရေးသမားတွေနဲ့ပဲ ဆိုင်တဲ့အလုပ် မဟုတ်ပါဘူး။ .
 (ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးလူထုအားပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)

NLD နာယက အဖွဲ့ ဝင် ဦးဝင်းတင်၏ မိန့် ခွန်း

 
၎-၃-၂၀၁၂ 
ကျွန်တော်တို့ အားလုံးဟာ အဟန့်အတားတွေ၊ အတားအဆီးတွေ၊ အပိတ်အဆို့တွေကြုံနေနေ ကျွန်တော်တို့အလုပ်ကို ကျွန်တော်တို့ ပုံမှန်နဲ့ ရဲရဲဝင့်ဝင့်နဲ့ မှန်မှန်ကန်ကန်လုပ်ခြင်းကသာလျှင် တကယ်စစ်မှန်တဲ့အင်အား ကိုရမှာဖြစ်ပြီး ပန်းတိုင်ကိုချီတက်တဲ့နေရာမှာ အထောက်အကူဖြစ် မယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အလုပ်ကိုယ် လုပ်ကြပါ။ ကိုယ်အလုပ်ကိုလုပ်တဲ့နေရာ        မှာလည်း ကိုယ့်အလုပ်ကို လုပ်တယ်ဆိုပြီးတော့ တစ်ဦးချင်းတစ်ယောက်ချင်း လုပ်နေလို့မဖြစ်ပါဘူး။ ကျွန်တော်တို့တွေအားလုံးဟာ ညီညွှတ်တဲ့အင်အားနဲ့ ညီညီညွှတ်ညွှတ် ရပ်တည်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်သွားမှသာလျှင် ပိုပြီးတော့ ခိုင်မာတဲ့ အင်အားပိုပြီးကြီးမားတဲ့ ခွန်အားဖြစ်နိုင်တယ်  ဆိုတာ မှာကြားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီနေ့ ဒီအချိန်ခါထိကျွန်တော်တို့ရဲ့ ညီညွှတ်တဲ့ အင်အားတွေ ရှိပင်ရှိသော်ငြားလည်း အပြည့်အ၀ မသုံးနိုင်သေးပါဘူး။ ဒီအင်အားတွေကိုခိုင်ခိုင်မာမာ       စွဲစွဲမြဲမြဲနဲ့ စစ်စစ်မှန်မှန်သုံးဖို့ဆိုရင် ညီညွှတ်မှု အများကြီး လိုပါတယ်။ အဲဒါကြောင့် ညီညွတ်တဲ့အားတွေ   ဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်။ညီညီညွှတ်ညွှတ်နဲ့ကျွန်တော်တို့ရဲ့အားတွေကို ဖော်ထုတ်နိုင်မှ သာလျှင်လိုရာခရီးပန်းတိုင်ကို လျှောက်လှမ်းတဲ့နေရာမှာ မြန်မြန်ဆန်ဆန်နဲ့ ရောက်နိုင်မှာဖြစ်ပါတယ်
 
(ဦးဝင်းတင်၏ အမှာစကားမှ ကောက်နှုတ်ချက်)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကိုင်းတိုင်းမှ လှိုက်လှိုက်လှဲလှဲကြိုဆို

 ၄-၃-၂၀၁၀
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာ Golden Hill Resort မှ စစ်ကိုင်းတိုင်း ခရီးစဉ်အတွက် ပြင်ဆင်နေကြစဉ်နှင့် မိုးမလင်ခင်တည်းက စောင့်ကြိုနေကြသော
ပြည်သူများကို တွေ့ မြင်ရသည်။

ပြည်သူချစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အပြုံးပန်းများနဲ့ 

မန္တလေး

 ၄-၃-၂၀၁၀
 မန္တလေးမြို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပင်လယ်ကွင်း မဲဆွယ်စည်း
ရုံးရေးတွင် သိန်းနဲ့ ချီသော မန္တလာသူ မန္တလာသားတို့ မှ ကြိုဆိုခဲ့သောကြောင့် အပြုံးပန်းတွေ
 ဝေလျှက် ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းနည်းနည်းမူးလာတယ်ဆိုပြီး ခဏအနားယူတဲ့အချိန်မှာ ဦးဝင်းတင်က ပြည်သူလူထုကို မိန့်ခွန်း အနည်းအငယ်ပြောခဲ့ပါတယ်။ ပြည်သူကချစ်ခင်လေးစားတဲ့ လူထုခေါင်းဆောင်ဟာ မနားမနေ မမောမပမ်း တိုင်းပြည်၏ အနာဂတ်အတွက် ဆောင်ရွက် 
နေတာတွေ့ ရပါတယ်။               

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မန္တလေးမြို့မှ သိန်းနဲ့ ချီပြီးကြိုဆို

 

 
3-3-2012
 ယနေ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မန္တလေးမြို့ခရီးစဉ်ဟာဆိုရင်ဖြင့်
လွန်စွာမှဝမ်းမြောက်ဖွယ်ရာကောင်းလှပါသည်။မန်းလေးမြို့သူမြို့သားများရဲ့ကြိုဆိုမှု
ဟာဖြင့်မြို့လုံးကျွတ်စည်ကားသိုက်မြိုက်စွာဖြင့်လာရောက်ကြိုဆိုကြပါသည်။ထူးခြားမှု
တစ်ရပ်ကတော့ယနေ့မန်းလေးမြို့မှာနေလုံးဝမပူပဲမိုးအုံ့ဆိုင်းပြီးရာသီဥတုကောင်းမွန် 
နေပါသည်။
.