Friday, October 18, 2013

ဇတ်တူသားစားတဲ့ သန်းရွှေ

ဦးသန်းရွှေ ဟာ တပည့်တပန်းများမွေးမြူကာ ဆွေမျိုးသားချင်းကောင်းစားရေးလုပ်ပြီး မြန်မာနိုင်ငံကြီးကို ဆင်းရဲတွင်းတွန်းချ ခဲ့သူတစ်ယောက် ဖြစ်ပါတယ် ၊

ဦးသန်းရွှေဟာ သခင်အောင်ဆန်းသမိုင်းကို မြန်မာပြည်သူပြည်သားတွေ အလှမ်းဝေးအောင် ယုတ်မာကြံစည် ခဲ့သူ တစ်ယောက် ဖြစ်ပါတယ် ၊

ဦးသန်းရွှေ ဟာ ဗိုလ်ချုပ်မှူးကြီးစောမောင် ရဲ့ ဂုဏ်သတင်းကို မနာလိုဖြစ်ပြီး စစ်တပ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးစောမောင် ဓါတ်ပုံကို မချိတ်ထားဖို့ ခိုင်းစေ ခဲ့သူ တစ်ယောက်ဖြစ်ပါတယ် ၊

ဦးသန်းရွှေဟာ သူ့ကျေးဇူးရှင် ဦးနေဝင်းကို ရည်ရွယ်ချက်ရှိရှိ နဲ့ အကောက်ကြံ ဖမ်းဆီးကာ အသက်သေဆုံးသွားတဲ့ အထိ မျှဉ်းသတ်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ် ၊

ဦးသန်းရွှေဟာ ဦးခင်ညွန့် ဦးဝင်းအောင် ဦးစောထွန်း အပါအဝင် အခြား လူများကို ဖမ်းဆီးကာ စိတ်ဒဏ်ရာရစေသောနည်းများ နဲ့ အချို့ကို သေသွားစေတဲ့အထိ ရက်စက်ခဲ့သူ ဇာတ်တူသားစားသူ တစ်ယောက် ဖြစ်ပါတယ် ၊

အထက်ဖော်ပြပါ ဝိသေသများ နဲ့ ပြည့်စုံနေတဲ့ ဦးသန်းရွှေလို လူတစ်ယောက်ကို မည်သူတွေက ဒီသတင်းကျွတ်မှာ ဖင်ဗူးတောင်းထောင် ကန်တော့ကြမှာလဲဆိုတာကို ကျနော်တို့ညီအစ်ကို တွေ မှတ်တမ်းတင်ကြရအောင်လား ခင်ဗျာ . . .