Friday, October 18, 2013

တော်ပါတော့ဗျာ

Myo Min'

အပြစ်မရှိတဲ့ ပြည်သူတွေကို သွေးသံတွေရဲ အသက်တွေပေးဆပ်နေစေခဲ့တာ ဘယ်သူလဲ?????

အပြစ်မရှိတဲ့ ပြည်သူတွေကို
စိုးတထိတ်ထိတ်နဲ့
မြင်မြင်သမျှ ထိတ်လန့်နေစေခဲ့တာ
ဘယ်သူလဲ?????

အပြစ်မရှိတဲ့ ပြည်သူတွေကို
ဘုရားသွားကျောင်းတက်
မဝံ့ရဲစေခဲ့တာ 
ဘယ်သူလဲ?????

အပြစ်မရှိတဲ့ ပြည်သူ
ဘရားရင်ပြင်တော်
ပန်းကောက်သန့်ရှင်းရေးဝန်ထမ်းမလေးကို သွေးသံရဲရဲ သွေးအိုင်ကွက်မှာ
သေစေခဲ့တာ
ဘယ်သူလဲ??????

အပြစ်မရှိတဲ့ ပြည်သူတွေကို
မိုးလေကင်းလွတ် သီတင်းကျွတ်မှာ
ဝါဆို ၃ လ ခရီးမထွက်ကြပဲ
ဝါဆိုကြတဲ့
ဘုရားသားတော် သူတော်တွေကို 
ထိတ်လန့်စေတာ၊ ကြောက်လန့်စေတာ
ဘယ်သူလဲ??????

ဆေးရုံဆေးခန်း ဘူတာကားဂိတ် 
ဈေး အထွေထွေ ရောင်းဝယ်ဖောက်ကား
ထမင်းတစ်နပ်အတွက် ချွေးခြေမ ကျ
ရုန်းကန်နေရ ပြည်သူတွေကို 
ခြိမ်းခြောက်နေတာ ကြောင့်ကြစေတာ
ဘယ်သူလဲ????

တစ်တိုင်းပြည်လုံး
တစ်ပြုံးပြုံးနဲ့
စုစုရုံးရုံး ပျော်ရွှင်မဆုံးနဲ့
မိဘဘိုးဘွား ဆရာများကို 
ပူဇော်ပသ ကြည်ရွှင်လမှာ
တစ်ပြုံးပြုံးအစား
တစ်ဝုန်းဝုန်း နဲ့
တစ်ဘုန်းဘုန်း နဲ့
တစ်လုံးနှစ်လုံး မက
တစ် နေရာ နှစ် နေရာ မက
တစ်တစ်ခွခွ 
ဘဝတွေ အသက်တွေ သွေးတွေ ခြေလက်အင်္ဂါတွေ မိတစ်ကွဲ ဘတစ်ကွဲ
ဖြစ်စေမှုတွေ 
ဖြစ်နေစေတဲ့
ဖြစ်စေခဲ့ တဲ့
ဖြစ်စေဦးမှာလား

ဗုံးခွဲသူ
ဗုံးလုပ်သူ
ဗုံးချစ်သူ
ဗုံးထောင်သူ.........................
သင်လား ခင်ဗျားလား သူလား သူငယ်ချင်းလား မိတ်ဆွေလား ရန်သူလား သောင်းကျန်းသူလား
ငြိမ်းချမ်းရေးလုပ်သူလား စာဖတ်နေသူလား စာရေးနေသူလား
အုပ်ချုပ်သူလား
ပန်းစိုက်နေသူလား?????? ?????

လက်ဆယ်ဖြာ ထိပ်မှာမိုးလို့......
ထိခြင်းကြီးငါးပါး ပြုမူပါလို့......
ဦးခေါင်းပုခုံး ကျိုးညွှတ်ပါလို့.....
ဒူး ခြေ တစ်ဒေါင်ဆစ် တစ်ဆစ်ချိုးလို့.....
တောင်း..........ပန်...........ပါ.............တယ်
တော်....ပါ......တော့.......ဗျာ
ရပ်....ပါ.....တော့.......ဗျာ
ကျနော်တို့ ပြည်သူတွေမှာ
မျက်.....ရည်.......တွေ.....ရွှဲ လို့ 
နေ.....ရ.....ပါ......ပီ........ဗျာ။