Monday, July 29, 2013

နားလှည့်..ပါးရှစ်စိတ်ကွဲအောင်ရိုက်ခံရခြင်း


တရုတ်ပိုက်လိုင်းကိစ္စ စာချုပ်များ..လုပ်ငန်းများ ၊
ပွင့်လင်းမြင်သာမှုရှိရန်.၊
ကိုယ်က ခွက်ခွက်လန်အောင်ရှုံးနေသည်များကို..
ကြည့်ကောင်းအောင်..ရှုံးသည့်ပုံစံမျိုးဖြစ်အောင်..
(ဥပမာ.လက်ပတောင်းကဲ့သို့..)
လုပ်ကြရန်လိုအပ်ပါသည်..

သေချာတာကတော့..
အာဏာရှင်များထင်ရာစိုင်းခဲ့သောကာလတွင်.
သာမန်ကိစ္စများက မပြောပလောက်သော်လည်း.
စီမံကိန်းကြီးများအတွက်..
နှစ် ၃၀-၆၀ စသဖြင့် နှစ်ပေါင်းများစွာအတွက် ကြိုပွိုင့်ပြေး..
Undertable ထားပြီး စာချုပ်များချုပ်ထားသည်က
အတော်ကို ဆိုးရွားသောအခြေအနေ များပင်ဖြစ်ပါသည်..

ထိုအာဏာရှင်များသည်..၊
နောင်တစ်ချိန်တွင်အာဏာလွဲမဖြစ်မနေလွဲပေးရမည်ကို..
သဘောမပေါက်ခဲ့စရာ အကြောင်းမရှိပါ..
သဘောပေါက်ခဲ့ကြလို့လည်း..
ယခုအစိုးရလက်ထက်တွင်..
အပြစ်ဘယ်လောက်လုပ်ခဲ့လုပ်ခဲ့
ဒူးနန့်နေနိုင်ခြင်းပင်ဖြစ်သည်..

ယခုအစိုးရလက်ထက်တွင်..
မြေးဖြစ်သူက ပြည်သူ့ဝန်ထမ်းကိုပါးရိုက်ပါစေ.
သားတပည့်ဖြစ်သူက ပြည်သူကို ပစ္စတိုနှင့်မည်မျှခြိမ်းခြောက်ပါစေ..
မည်သို့မျှမဖြစ်ခြင်းက ...ခိုင်မာသောသက်သေများပင်ဖြစ်ပါသည်..၊

လေ့လာမိသလောက်..
လွန်ခဲ့သောဆယ်စုနှစ်တစ်နှစ်စာကတည်းက
ရခိုင်ပြည်နယ်ကမ်းလွန်မှ ဓာတ်ငွေ့တူးဖေါ်မှုလုပ်ငန်းများ
ရွှေ GAS ပိုက်လိုင်းနှင့် သယံဇာတူးဖေါ်မှုလုပ်ငန်းများကို..
ရခိုင်လူငယ်အများအသေအလဲကန့်ကွက်ခဲ့ကြဖူးပါသည်..
SHWE GAS MOVEMENT ဟူသောအမည်ဖြင့်..ကန်ပိန်းလုပ်က
AASYC (ALL ARAKAN STUDENTS And YOUTH Commmette) ဟုထင်ပါသည်
ရခိုင်လူငယ်အဖွဲ့များအပါအ၀င် ရခိုင်အဖွဲ့များက အသေအလဲ..ကန့်ကွက်ခဲ့ကြသည်.

ဒါပေသည့် စစ်အစိုးရက လျစ်လှူရှုခဲ့ပါသည်..
လုပ်ချင်တာကို ခပ်တည်တည်လုပ်ခဲ့ကြသည်..

ထူးခြားတာက..ယနေ့ဘာသာရေးကိစ္စရပ်များတွင်.
စိတ်အားတက်ကြွခဲ့သော
ရခိုင်လူငယ်များသည်...
ကျောက်ဖြူဂက်စ် ပိုက်လိုင်းကိစ္စတွင်းသိသိသာသာ
အေးဆေးနေသည်ဟု..ထင်မြင်မိပါသည်..

မည်သို့ဖြစ်ပါသနည်း..???

မြင်ယောင်မိပါသေးသည်..

တစ်ချိန်ချိန်..

ကျောက်ဖြူဆိပ်ကမ်းမြို့တော်ကြီးတွင်.
တရုတ်စကားပြောပြီး ဥဒဟို..
သွားလာလှုပ်ရှားနေကြသော..
ပြည်ကြီးပေါက်များ...

အခြေချရန် မြေရာများအား ဒေသခံများထံမှ
အနိုင်ပိုင်း ၀ယ်ယူထားရှိပြီးနောက်
ဖြစ်ပေါ်လာနိုင်သည့် ကျောက်ဖြူ CHINA TOWN ကြီး..၊

စီးပွားရေးနယ်ချဲ့မှုတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ပြီး..
အမြတ်ထုတ်မှုတွင် ဆရာတစ်ဆူဖြစ်ကာ..
အစားကျုးသော..၊
သတို့သမီးကုန်ကြမ်းများစွာ..လိုအပ်နေသော..
ဂန္ဓလရာဇ်တိုင်းသားတို့၏.
ဝါးမြိုမှုအောက်တွင်...

ဒေသခံများစွာ နစ်နာမည်ကို.
မည်သို့မျှ....လက်မခံနိုင်ပါကြောင်း..

နားလှည့်.. ပါးရှစ်စိတ်ကွဲအောင်တော့..
ပက်ပက်စက်စက် အရိုက်မခံကြသင့်တော့ပါ..၊