Thursday, May 20, 2010

ခြေခြောက်ချောင်းနဲ့ နွားလေးတစ်ကောင်

လားရှိုး၊ မေ ၁၀- မတ် ၁၉ရက်တွင် မထင် မှတ်ဘဲ ရပ်ကွက်(၈)၊ နယ်မြေ(၁၃)၌ နေ သော ပိုင်ရှင်ဦးသန်းမြင့်ဝယ်လာသော နွားထီးလေးတစ်ကောင်မှ ဘို့မှာကွဲထွက်၍ ခြေနှစ်ချောင်းထွက်လာသည်ဟု မိတ်ဆွေ ကိုဝင်း နေရှင်နယ်ဘက်ထရီ(လားရှိုး)၏ ပြောပြချက်ကြောင့် ကြားကြားခြင်းလုံးဝ ယုံကြည်မှုမရှိ၊ မဖြစ်နိုင်၊ သံသယများနှင့် ကိုယ်တိုင်(ဒစ်ဂျစ်တယ်)ကင်မရာထည့်ပြီး ကိုဝင်း နေရှင်နယ်ဘက်ထရီပြောလိုက် သည့် လိပ်စာအတိုင်းသွား၍ နွားအထီး တစ်ကောင် ဘို့ကွဲပြီးခြေနှစ်ချောင်းထွက် နေသည်ကို ကိုယ်တွေ့ကြုံလိုက်ရမှ ယုံရပါ တော့သည်။ အဲ့ဒီလို ခြေနှစ်ချောင်းထပ် ထွက်လာလို့ နွားအထီးလေးမှာ ချူချာပြီး အာဟာရချို့တဲ့တာတွေမရှိဘဲ (ပုံပါအတိုင်း) တက်ကြွရွှင်လန်းစွာ အစားသောက်မပျက် ရှိနေကြောင်း ဘို့အနားက ထပ်ထွက်လာ တဲ့ ခြေလေးနှစ်ချောင်းက နွားထီးလေးရဲ့ရှေ့ လက်နှစ်ချောင်းနှင့်ဆက်စပ်နေပြီး အသက် ၀င်လှုပ်ရှားမှုရှိကြောင်း နွားပိုင်ရှင် ဦးသန်း မြင့်၏ အိမ်မှ လူငယ်များက ပြောသည်။  source/YMG

0 comments: