အင်းလေးကန်သည် တစ်စထက်တစ်စ တိမ်ကောလာ ပြီး အခြေအနေဆိုးရွားလာလျက်ရှိသဖြင့် သက်ရှိ၊ သက်မဲ့ များ၏ သဘာဝပတ်ဝန်းကျင်ကိုပြုပြင်ထိန်းသိမ်းရန် ယင်း သို့စီမံကိန်းချဆောင်ရွက်မည်ဖြစ်ကြောင်း FREDA ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူဦးအုန်းက ပြောကြားသည်။ ရေနည်းလာ ခြင်း၊ မြေပြန့်များပိုမိုများပြားလာခြင်းနှင့် အင်းလေးကန်အ တွင်းနေထိုင်ကျက်စားသော ကျေးငှက်တိရစ္ဆာန်နှင့်ငါးမျိုး စိတ်များ ပျောက်ကွယ်လာခြင်း၊ ရာသီဥတုဆိုးရွား ခြောက်သွေ့လာခြင်း၊ ကန်အတွင်းရှိရေတွင် အဆိပ် အတောက်ဖြစ်လာခြင်း စသည့်လက္ခဏာတို့ကြောင့် အင်းလေးကန်ပတ်ဝန်းကျင်ဒေသပြန်လည်ရှင်သန် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကိုဆောင်ရွက်ရန် FREDA နှင့် RELOVER Coordination Center (Tripatite Core Group) တို့ ပူးပေါင်းပြီး ရှေးဦးစီမံကိန်း အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
"အင်းလေးကန်ကြီးကောလာတာဟာ ကျွန်းမျှော တွေပေါ်မှာစိုက်တဲ့ စိုက်ခင်းတွေရဲ့အသုံးပြုတဲ့ Chemical Fertilizer တွေနဲ့ ကန်အတွင်းကို စည်းကမ်းမဲ့ စွန့်ပစ်ကြတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့်ဖြစ်တယ်။ အင်းလေးကန်မှာ ရှိတဲ့ရေအရင်းအမြစ်ကိုယူပြီး Research လုပ်လိုက်တာ ကျောင်းနှစ်ကျောင်းက ရေမှာ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်တဲ့ အီဗိုလာဗိုင်းရပ်စ်တွေ ရှိနေတာတွေ့ရတယ်"ဟု ဆရာကြီးဦးအုန်းက ဆိုသည်။ သတင်း။။ရန်ကုန်မီဒီယာ
0 comments:
Post a Comment