Wednesday, October 09, 2013

ဘယ်သူပြောလဲ ပြောင်းလဲနေပြီလို့




  •  ဘယ်သူပြောလဲ ပြောင်းလဲနေပြီလို့

    ( ဇာဂနာ ) 

    လူရွှင်တော် တစ်ယောက်ရဲ့ စကားထက် 
    အရေးအခင်းပေါင်းစုံကို မျက်မြင်ဒိဌ တွေ့ခဲ့ရတဲ့ 
    ကိုယ်တိုင်ကြုံတွေ့ခံစား ပါဝင်လှုပ်ရှားခဲ့တဲ့ 

    အာဏာရှင်ပေါင်းစုံရဲ့ အနိုင်ကျင့်နှိပ်စက်ခြင်းကိုခံခဲ့ရတဲ့ 

    ပြည်သူချစ် အနုပညာသမားတစ်ဦးရဲ့ 
    ကျွန်တော်တို့ ဒီမိုကရေစီခေတ်ရဲ့ ဘဝမှန်ကို သရော်ခဲ့တဲ့ စကားလေးပါ ...

    ပြောင်းလဲတာကို မြင်တွေ့ချင်လွန်းလို့ 
    အများကြီး မျှော်လင့်ချက်ထားပြီး မျှော်လင့်ခဲ့ကြလဲ 
    အခုချိန်ထိ နိုင်ငံရဲ့ နိုင်ငံရေးအရ တည်ငြိမ်မှု မရှိသေးတာတွေ 
    နိုင်ငံရဲ့ စီးပွားရေး ထင်ထားသလောက် ခရီးမပေါက်တာတွေ 
    ပြည်တွင်းစစ်မီးကို အပြီးတိုင် မငြိမ်းနိုင်သေးပဲ ရှေ့တစ်မျိုး နောက်တစ်မျိုး နဲ့ 
    အမျိုးမျိုး မျက်လှည့်ပြနေတာတွေ ...

    ပုဒ်မမှာ တပ်တဲ့ နံပါတ်နဲ့စကားလုံးလေးပဲ ခြားတယ် ... 
    ပုဒ်မ ၁၈ ကဘာမှန်းညာမှန်းမသိ ထောင်ထဲရောက်တာခြင်းကတော့ 
    မဆလ နဝတ နအဖ ခေတ်တွေနဲ့ အတူတူ ထောင်ချနေတာတွေ ဖမ်းချုပ်နေတာတွေ...

    အခုထိ လက်ရှိအစိုးရရဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှုမှာ 
    အားနည်းချက် တွေရှိနေသေးတာတွေ ...
    ( နစက တပ်မှူး ဗိုလ်မှူး အောင်ကြီးကိစ္စနဲ့ ၁၁ဘီလျံ အပုပ်နံ့ကိစ္စတွေ )

    Undertable ကိစ္စတွေ လာဘ်စားမှု ကိစ္စတွေကို 
    ထိထိရောက်ရောက်နှိမ်နင်းနိုင်ခြင်း မရှိသေးတာတွေ ...

    နိင်ငံရဲ့ မဖြစ်မနေတည်ဆောက်ရမယ့် အခြေခံအဆောက်အအုံပိုင်းတည်ဆောက်ခြင်း လုပ်ငန်းတွေမှာတောင် တည့်သူယူ အပွင့်၇ှိသူစား လူနပ်ချမ်းသာ သဘောတရားတွေကို မလွန်ဆန်နိုင်သေးတာတွေ ...
    ( တစ်မိုင် သိန်း ၁၄၀၀ နဲ့ လမ်းခင်းပေးမယ် ဆိုတာကို သိန်း ၁၈၀၀ နဲ့တင်ဒါသမား တင်ဒါအောင်သွားခြင်း ) 

    အစရှိတဲ့ ကိစ္စတွေဟာ ရှေ့ကို သွားနေတယ်ဆိုတာတောင် 
    ယုံဖို့ခပ်ခက်ခက် ကိစ္စတွေပါပဲ ... 

    ဒါတွေအပြင် လက်ရှိအာဏာရ ပါတီရဲ့ အစိုး၇အဖွဲ့ဝင် ဝန်ကြီးတွေ နဲ့ 
    ယင်းပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုယ်တိုင် 
    ပြည်သူ့လက်ရှိဘဝအမှန်ကို လစ်လျူရှုပြီး ပြည်သူ့ဒုက္ခကို 
    မစာမနာ မထောက်မညှာ ဝေဖန်ပြောဆိုခဲ့တဲ့ စကားတွေကလဲ 
    လက်ရှိအစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ နဲ့ ပါတီ စည်းကမ်းပိုင်းဆိုင်ရာများမှာ 
    သူ့ကိုယ်မနိုင် ကိုယ့်သူမနိုင် အခြေအနေမျိုးထိကို တွေ့မြင်နေရတာ ကြာပြီဖြစ်ပါတယ် ...

    တစ်ခါလာလဲ ပြုပြင်ပြောင်းလဲရေး 
    တစ်ခါလာလဲ ပြုပြင်ပြောင်းလဲရေး နဲ့ 

    တကယ်ပြောင်းလဲသွားတာကတော့ 
    ပြည်သူတွေရဲ့ အိမ်မဲ့ ယာမဲ့ လယ်မဲ့နဲ့ ကုန်းကောက်စရာမရှိအောင် 
    ဆင်းရဲမွဲတေမှုနှုန်း မြင့်မားလာခြင်းပဲ ဖြစ်ပါတယ် ...

    ဆိုတော့ လာမယ့် ၂၀၁၅ ကို ဒီလိုလူတွေလက်ထဲ ဝကွက်အပ်ဖို့ကတော့
    မဖြစ်ရေးချ မဖြစ်လို့ပဲ ဆိုချင်ပါတယ် ...

    ပြည်သူ့အသံပြည်သူ့ဆန္ဒကိုထင်ဟပ်မယ့် 
    ပြည်သူ့ပါတီတစ်ခုဖြစ်တဲ့ NLD မှာလဲ အခြေခံဥပဒေရဲ့
    မမျှတသော တန်းတူရည်တူမရှိသော နည်းဥပေဒ လုပ်ထုံးလုပ်နည်း များနဲ့ 
    လုံးပန်းရင်ဆိုင်နေရပြန်ပါတယ် ...

    ဒါကြောင့် ဒီအချိန်မှာ 
    နိုင်ငံအတွက် ပြည်သူ့အားကို မပြရင် 
    ကျွန်တော်တို့ နောက်ထပ် နာလန်ထူဖို့ ဒီထက်ပိုခက်သွားမှာ အသေအခြာပါပဲ ...

    ဒီခြေဥ ကို ပြင်နိုင်မှသာ 
    ကျွန်တော်တို့ သမိုင်းကို လှပအောင် ကျွန်တော်တို့ ရေးနိုင်မှာလဲ ဖြစ်ပါတယ် ...

    ဒါကြောင့် အားမဖြုန်းပါနဲ့တော့ ...
    အဓိက တိုက်ရမယ့် ရန်သူအစစ်ကို သေချာမြင်အောင် ကြည့်သင့်နေပြါ့ပီ ...

    တစ်ယောက်ကစ တစ်ရာအဆုံး ကိုယ်နိုင်သလောက် အင်အားလေးနဲ့
    ပြည်သူ့ပါတီကို ဝန်းရံပေးကြရင် ကျွန်တော်တို့ အိပ်မက် 
    အနှေးနဲ့အမြန် ရုပ်လုံးပေါ်လာလိမ့်မယ်လို့ ယူဆမိပါတယ် ...

    နောက်မကျသေးပေမယ့် ဒီအချိန်မစရင် သိပ်မလွယ်တော့တဲ့အတွက်
    ကျွန်တော်တို့ အားတွေ အမြန်ဆုံး ပေါင်းစည်းကြရအောင် ....