Friday, December 13, 2013

ဝန်ခံမယ်ဆို အချိန်မှီသေးတယ်

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ရုံးထုတ်လာစဉ်။

အဘီဆစ်ဟာ သူဝန်ကြီးချုပ်ဖြစ်စဉ်အခါတုန်းက သက်ဆင်ထောက်ခံလှုပ်ရှားဆန္ဒပြသူတွေကို စစ်တပ်အလွန်အကျွံစစ်အင်အားအလွန်အကျွံအသုံးပြုဖြိုခွင်းခဲ့ပီး ဆန္ဒပြသူပေါင်း ၉၀ ကျော်လောက် သေဆုံးခဲ့ရလို့ တရားစွဲဆိုအရေးယူခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ Source - ဘီဘီစီနယူးစ်

ကဲ.....

အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံကို သင်ခန်းစာတွေ ကောင်းကောင်းပေးနေပါပီ။

၈၈၈၈ လူထုအရေးတော်ပုံကြီးမှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အတုံးအရုံး သေဆုံးပျက်စီးခဲ့မှု၊

၂၀၀၇ ရွှေဝါရောင်သံဃာအရေးတော်ပုံကြီးမှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အတုံးအရုံး သေဆုံးပျက်စီးခဲ့မှု၊

၂၀၀၃ မေလ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD စည်းခေါင်းဆောင်တွေရဲ့ မုံရွာလမ်းကြောင်းစည်းရုံးရေးခရီးစဉ်မှာ ဒီပဲယင်းရွာအဝင် စစ်အစိုးရအပြော ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဝင်ရောက်အကြမ်းဖက် ရိုက်နှက်ဖျက်စီးလို့ ကျောင်းသားလူငယ် ပါတီလူငယ်များစွာအပါအဝင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘဘဦးတင်ဦး တို့ ကား ရိုက်နှက်ဖျက်ဆီး အကြမ်းဖက်ခံရမှု၊

၂၀၀၈ မှာ နာဂစ်မုန်တိုင်း မြန်မာ့ကမ်းရိုးတမ်းနဲ့ ကုန်းတွင်းပိုင်း ဝင်မှာမို့လို့ မိုးလေဝသနှင့်ဇလဗေဒပညာရှင်တို့ ကြိုတင်ခန့်မှန်းအသိပေးတင်ပြထားပါလျှက်ပြည်သူလူထုသို့ အသိမပေးပဲ သတင်းထိန်ချန်ထားမှုကြောင့် လူပေါင်းတစ်သိန်းကျော် သေဆုံးပျက်စီးခဲ့ရ စေတီဘုရားပုထိုး ကျောင်းကန်ဇရပ်ဆေးရုံတို့ ပျက်စီးဆုံးရှုံးခဲ့ရမှု........

ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ မိုးကုတ်စိန်ကုန်သည် မိသားစု ငါးလောင်းပြိုင် လူသတ်မှု၊

စတဲ့ စတဲ့ ပြောမဆုံးပေါင် တောသုံးတောင် အမှုပေါင်းများစွာကို ဘယ်သူကမှ ဘယ်ပုဂ္ဂိုလ်ကမှ ဘယ်အဖွဲ့အစည်းကမှ ကျနော်တို့တော့ ကျုးလွန်ခဲ့မိပါတယ်၊ ကျမတို့တော့ ကျုးလွန်ခဲ့မိပါတယ် ဝန်ချတောင်းပန်ပါတယ် သွေ့ပုချိ သွေ့ပုချိ ပါ လို့လည်း စကားလေးတစ်ခွန်းတောင် အသံမကြားရ၊ ရူးသလိုလို ကြောက်သလိုလို ဖိနပ်ပျောက်သလို ရွှေခွက်ပျောက်သလို နဲ့ အရူးကွက် အရူးပြဇာတ်တွေ ခင်းနေတာ ဘယ်တရားရုံးကမှလဲ ဆွဲမရ ဘယ်သူကမှလဲ ဆွဲမရ နဲ့ အခုတော့လည်း ပျော်ပျော်ပါးပါးကြီး ဒီမိုကရေစီ ဆိုပီး ဘောင်းဘီတွေချွတ် ပုဆိုးတွေ ဝတ်နေကြပီပေါ့ဗျာ......

ကျနော်တို့ မြန်မာလူထုတွေ ကိုယ်တိုင်ကလည်း ငါးစိမ်းမြင် ငါးကင်ပစ်၊ နောက်တက်တဲ့ ဘုရင် ငါ့ ဘုရင်ကွ ဆိုပီး လွယ်လွယ်နဲ့ အတိတ်မေ့တတ်ကြပါပေတယ်ဗျာ.....

ထိုင်းနိုင်ငံက အဘီဆစ်လိုများ လူ၉၀ လောက် သေတဲ့ နှိမ်နင်းမှုကို တရားရုံးက တရားစွဲတယ် ဆိုရင် အထက်ပါအမှုတွဲများကိုများ တရားစွဲခွင့် စစ်ခုံရုံးတင်ခွင့်ရခဲ့မယ် ဆိုရင် ဒါမှမဟုတ် ကိုယ်ကိုတိုင်များ တစ်သက်စာနောက်ကျောမလုံတော့လို့ သေခါနီး ဝဠ်ကြွေးတွေ ပါမသွားချင်တော့လို့ နောင်တသတိတရားတွေရပီး ဝန်ခံ ဝန်ချသွားရင်ဖြင့် အချိန်မှီပါသေးကြောင်း နဲ့ ကိုယ့်လမ်းကြောင်းကိုယ်လည်း ဖြောင့်ဖြောင့်ကြီး သက်တောင့်သက်သာ သွားနိုင်ပါသေးကြောင်း စေတနာကောင်းဖြင့် သတိပေးလိုက်ရပါသောကောဗျာ........
ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ရုံးထုတ်လာစဉ်။ အဘီဆစ်ဟာ သူဝန်ကြီးချုပ်ဖြစ်စဉ်အခါတုန်းက သက်ဆင်ထောက်ခံလှုပ်ရှားဆန္ဒပြသူတွေကို စစ်တပ်အလွန်အကျွံစစ်အင်အားအလွန်အကျွံအသုံးပြုဖြိုခွင်းခဲ့ပီး ဆန္ဒပြသူပေါင်း ၉၀ ကျော်လောက် သေဆုံးခဲ့ရလို့ တရားစွဲဆိုအရေးယူခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ Source - ဘီဘီစီနယူးစ် ကဲ..... အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံကို သင်ခန်းစာတွေ ကောင်းကောင်းပေးနေပါပီ။ ၈၈၈၈ လူထုအရေးတော်ပုံကြီးမှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အတုံးအရုံး သေဆုံးပျက်စီးခဲ့မှု၊ ၂၀၀၇ ရွှေဝါရောင်သံဃာအရေးတော်ပုံကြီးမှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ အတုံးအရုံး သေဆုံးပျက်စီးခဲ့မှု၊ ၂၀၀၃ မေလ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD စည်းခေါင်းဆောင်တွေရဲ့ မုံရွာလမ်းကြောင်းစည်းရုံးရေးခရီးစဉ်မှာ ဒီပဲယင်းရွာအဝင် စစ်အစိုးရအပြော ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဝင်ရောက်အကြမ်းဖက် ရိုက်နှက်ဖျက်စီးလို့ ကျောင်းသားလူငယ် ပါတီလူငယ်များစွာအပါအဝင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘဘဦးတင်ဦး တို့ ကား ရိုက်နှက်ဖျက်ဆီး အကြမ်းဖက်ခံရမှု၊ ၂၀၀၈ မှာ နာဂစ်မုန်တိုင်း မြန်မာ့ကမ်းရိုးတမ်းနဲ့ ကုန်းတွင်းပိုင်း ဝင်မှာမို့လို့ မိုးလေဝသနှင့်ဇလဗေဒပညာရှင်တို့ ကြိုတင်ခန့်မှန်းအသိပေးတင်ပြထားပါလျှက်ပြည်သူလူထုသို့ အသိမပေးပဲ သတင်းထိန်ချန်ထားမှုကြောင့် လူပေါင်းတစ်သိန်းကျော် သေဆုံးပျက်စီးခဲ့ရ စေတီဘုရားပုထိုး ကျောင်းကန်ဇရပ်ဆေးရုံတို့ ပျက်စီးဆုံးရှုံးခဲ့ရမှု........ ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ မိုးကုတ်စိန်ကုန်သည် မိသားစု ငါးလောင်းပြိုင် လူသတ်မှု၊ စတဲ့ စတဲ့ ပြောမဆုံးပေါင် တောသုံးတောင် အမှုပေါင်းများစွာကို ဘယ်သူကမှ ဘယ်ပုဂ္ဂိုလ်ကမှ ဘယ်အဖွဲ့အစည်းကမှ ကျနော်တို့တော့ ကျုးလွန်ခဲ့မိပါတယ်၊ ကျမတို့တော့ ကျုးလွန်ခဲ့မိပါတယ် ဝန်ချတောင်းပန်ပါတယ် သွေ့ပုချိ သွေ့ပုချိ ပါ လို့လည်း စကားလေးတစ်ခွန်းတောင် အသံမကြားရ၊ ရူးသလိုလို ကြောက်သလိုလို ဖိနပ်ပျောက်သလို ရွှေခွက်ပျောက်သလို နဲ့ အရူးကွက် အရူးပြဇာတ်တွေ ခင်းနေတာ ဘယ်တရားရုံးကမှလဲ ဆွဲမရ ဘယ်သူကမှလဲ ဆွဲမရ နဲ့ အခုတော့လည်း ပျော်ပျော်ပါးပါးကြီး ဒီမိုကရေစီ ဆိုပီး ဘောင်းဘီတွေချွတ် ပုဆိုးတွေ ဝတ်နေကြပီပေါ့ဗျာ...... ကျနော်တို့ မြန်မာလူထုတွေ ကိုယ်တိုင်ကလည်း ငါးစိမ်းမြင် ငါးကင်ပစ်၊ နောက်တက်တဲ့ ဘုရင် ငါ့ ဘုရင်ကွ ဆိုပီး လွယ်လွယ်နဲ့ အတိတ်မေ့တတ်ကြပါပေတယ်ဗျာ..... ထိုင်းနိုင်ငံက အဘီဆစ်လိုများ လူ၉၀ လောက် သေတဲ့ နှိမ်နင်းမှုကို တရားရုံးက တရားစွဲတယ် ဆိုရင် အထက်ပါအမှုတွဲများကိုများ တရားစွဲခွင့် စစ်ခုံရုံးတင်ခွင့်ရခဲ့မယ် ဆိုရင် ဒါမှမဟုတ် ကိုယ်ကိုတိုင်များ တစ်သက်စာနောက်ကျောမလုံတော့လို့ သေခါနီး ဝဠ်ကြွေးတွေ ပါမသွားချင်တော့လို့ နောင်တသတိတရားတွေရပီး ဝန်ခံ ဝန်ချသွားရင်ဖြင့် အချိန်မှီပါသေးကြောင်း နဲ့ ကိုယ့်လမ်းကြောင်းကိုယ်လည်း ဖြောင့်ဖြောင့်ကြီး သက်တောင့်သက်သာ သွားနိုင်ပါသေးကြောင်း စေတနာကောင်းဖြင့် သတိပေးလိုက်ရပါသောကောဗျာ........