Wednesday, December 25, 2013

မိုးယံထက် လွင့်ပျံတက်လာသော ဆီးဂိမ်းဖွင့်ပွဲ လက်ခုပ်သံနှင့် ခဲမှန်ဖူးတဲ့ စာသူငယ်

ကိုယ် အမှန်အတိုင်း ပြောရရင် အတိုက်အခံ NLD ပါတီ ကအမတ် ဆိုပေမယ့် ကိုယ် သူ့ စိတ်ဓါတ်ကိုတော့ လေးစားတယ်..။ 

ကဲ ..တစ်ချက်လောက် ဖတ်ကြည့်ရအောင်လား သူငယ်ချင်းတို့ အသိတွေ အတွေးတွေ နိုးကြားစေလာမယ်လို့ ကိုယ်တော့ ယုံကြည်တယ်.....အတွေးတွေ မှန်ဖို့ အရေးကြီးတယ်....။ ဘစည်(စင်ကာပူ)

ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားနှင့်ပတ်သက်၍ ဒေါ်စန္ဒာမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)ကို Popular Myanmar News Journal မှ မ င်း သုေ အာ င် တွေ့ဆုံမေးမြန်းသည်။

မေး...မြန်မာနိုငံမှာကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။


ဖြေ....ကျွန်မတို့နိုင်ငံဟာ ဒီလိုမျိုးဆီးဂိမ်း မလုပ်နိုင်တာက နှစ်ပေါင်း ၄ဝ ကျော် ကြာပြီ။ နှစ်ပေါင်း ၄ဝ ကျော်ကြာမှ ပထမဦးဆုံးအကြိမ် ပြန်လည်ပြီးအခုလို ခမ်းခမ်းနားနား ကျင်းပလာနိုင်တာကို နိုင်ငံရေးအမြင်နဲ့မကြည့်ဘဲနဲ့အမျိုးသား ရေးအမြင်နဲ့ ကြည့်ရင်ကျွန်မတို့ ဂုဏ်ယူပါတယ်။


မေး....အခုလိုကျင်းပနိုင်တာက တရုတ် နိုင်ငံရဲ့အကူအညီကိုယူပြီး လုပ်တယ်။ ဒါတွေက တစ်ချိန်ကျရင် တစ်ဖက်က အခွင့်အရေးတွေ ယူလာနိုင်တယ်။ ပြန် ပေးဆပ်ရမယ်။ ဒီလို စိတ်ပူတာတွေရှိ နေကြသံထွက်လာတော့ ဘာပြောချင်ပါသလဲ။


ဖြေ......ကျွန်မတို့နိုင်ငံက နှစ်ပေါင်း အများကြီး ခေတ်နောက်ကျနေပြီ။ ဒီတော့ ကျွန်မတို့နိုင်ငံက ပညာရှင်တွေနဲ့ လုပ်လို့မရဘူး။ အခြားက တတ်သိနားလည်တဲ့ ပညာရှင်တွေကို ဒီလိုပဲ ငှား ယူရတယ်။ ဒီအတွက် ကျွန်မတို့ ကုန်ကျစရိတ်တွေရှိပါတယ်။ ဒါကြောင့် လွှတ်တော်ကလည်း ဒီကုန်ကျစရိတ်တွေကို များတဲ့အတွက် အများကြီးတော့ သဘောမတူခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီဟာက ကျွန်မတို့နိုင်ငံရဲ့နှစ်ပေါင်း ၄ဝ ကျော်မှ ပထမဦးဆုံးလုပ်ရတဲ့အတွက်ကိုပဲ တခမ်းတနားဖြစ်ရမယ်။ ဒါ့ထက်ကို ရှေ့အလား အလာကိုအများကြီးကြည့် ပြီး ကုန်ကျစရိတ်ကို ထည့်မတွက်ဘဲ လုပ်ခဲ့ကြ တာဖြစ်တယ်။ ဒီနေရာမှာ တရုတ်ပညာရှင်ပဲလုပ်လုပ်၊ အမေရိကန် ပညာရှင်ပဲလုပ်လုပ် ကုန်ကျ စရိတ်ကိုပေးပြီးလုပ်ခိုင်းတာပါ။ အလကားလုပ်ခိုင်း တာမဟုတ်ပါဘူး။ စေတနာလည်း သူတို့ဘက်က ပါတာပေါ့။ အဲဒီလိုမျိုးဖြစ်တဲ့ အတွက် ရှေ့မှာ အကျိုးအမြတ် ထုတ် စရာ အကြောင်းမရှိပါဘူး။


မေး....ဒီဆီးဂိမ်းကုန်ကျစရိတ်က အမေရိ ကန်ဒေါ်လာ သန်းနဲ့ချီပြီးကုန်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့နိုင်ငံမှာ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ လိုအပ်ချက် တွေရှိနေတယ်။ ဒါကိုေ တာ့ မဖြည့်ဘဲ ငွေကုန်ကြေးကျခံပြီး လုပ်နေကြတယ်ဆို တဲ့ တစ်ဖက်မှာလည်း ဝေဖန်သံတွေ ထပ်ရှိနေပါတယ်ခင်ဗျာ။ ဒါကိုရော ဘယ်လို မှတ်ချက်ပြုလိုပါသလဲ။


ဖြေ.....ဟုတ်ပါတယ်။ အိမ်တစ်ခု၊ မိသား စုတစ်ခုအနေနဲ့ မြင်ကြည့်မယ်ဆိုရင် နေ့စဉ်အထွေထွေ အိမ်စရိတ်ကို တစ် နေ့ ကျပ် ၃ဝဝဝ လို့ သတ်မှတ်ထားပေ မယ့် ရုတ်တရက် ကိုယ့်ဆွေမျိုးသားချင်း က မင်္ဂလာဆောင်တစ်ခု ကျင်းပလိုက် မယ်လို့ရှိလာရင် ကျပ် ၅ဝဝဝ လက်ဖွဲ့မှ သင့်တော်တယ်လို့ ဒီနေရာမှာ သတ် မှတ်လိုက်ရင်ငွေ ၅ဝဝဝ ကို သုံးမှာပဲ။ တစ်ခါတလေ ကိုယ့်တိုင်းပြည်အတွက် မမျှော်လင့်ဘဲ သုံးရမယ်ဆိုတဲ့အပိုင်းတွေ ရှိလာရင်သုံးရမှာပဲ။ ပညာရေး၊ ကျန်းမာ ရေးကို သုံးရမယ်ဆိုတဲ့အတွေးက မှန် ပါတယ်။ ဒီပညာရေး၊ ကျန်းမာရေးက ရေရှည်စီမံကိန်းပါ။ အခုဟာက တစ် ခဏအတွင်းမှာ မမျှော်လင့်ဘဲ သုံးလိုက် ရတဲ့ပိုက်ဆံပါ။ ပညာရေးနဲ့ ကျန်းမာရေး တိုးတက်သွားဖို့ကို နှစ်ရှည် စီမံကိန်း ချပြီး လုပ်ရမှာဖြစ်သလို ခုဟာက တိုင်းပြည်ရဲ့ပုံရိပ်တစ်ခုကို ပြရမှာဖြစ်တဲ့ အတွက် အခု ကုန်ကျစရိတ်တွေက သုံး သင့်သုံးထိုက်တဲ့ အသုံးစရိတ်တွေပါ။


မေး.....ဟုတ်ကဲ့ခင်ဗျ။ ခုချိန်မှာက လယ်ယာမြေပြဿနာတွေ၊ မပြည့်စုံတဲ့ အတွက် ဆန္ဒပြမှုတွေ ဒါတွေရှိနေရဲ့ သားနဲ့ မပြေလည်သေးဘဲနဲ့ ဒီပွဲကြီး ကျင်းပနေတယ်။ လိုအပ် ချက်တွေ မပြည့်စုံဘဲကျင်းပနေတာကို လွှတ်တော် ရော အစိုးရကပါ နစ်နာနေတဲ့ ပြည်သူ ကိုမျက်ကွယ်ပြုနေတာလား၊ ဒီလိုရော ဖြစ်မနေဘူးလား။


ဖြေ.......ဒါက မဆိုင်ဘူး။ နိုင်ငံတိုင်း နိုင်ငံ တိုင်းမှာ အားလုံးအဆင်ပြေချောမွေ့ နေတာ မရှိဘူး။ ချောမွေ့နေတဲ့ တိုင်း ပြည်လည်းမရှိပါဘူး။ နိုင်ငံတိုင်းနိုင်ငံ တိုင်းမှာ နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး ဆိုတဲ့ပြဿနာတွေ ရှိကြပါတယ်။ ဒါပေမဲ့ လည်း အဲဒီပြဿနာတွေနဲ့ ရင်ဆိုင်နေ ကြတဲ့အခါမှာ တိုင်းပြည်က လူတွေက စိတ်ညစ်နေတဲ့အချိန်၊ အဲဒီလို ပြဿ နာ တွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ဒီလိုမျိုး ကြီးပဲ သွားမလား။ အဲတော့တစ်နည်း အားဖြင့် ဆီးဂိမ်းကြီးကို ကျင်းပလိုက် ခြင်းအားဖြင့် နံပါတ်-၁ အမျိုး သားရေး စိတ်ဓာတ်တွေ တက်ကြွလာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် မြန်မာ ဆိုတာကို ဂုဏ်ယူလာခဲ့တယ်။ အကောင်းဘက်က ကြည့်လိုက်တဲ့အခါ ဒါတွေရှိတယ်။ ဆီးဂိမ်းကြီး ကို နိုင်ငံရေးအမြင်နဲ့ မကြည့်ဘဲနဲ့ အားကစားအမြင် အမျိုး သားရေးစိတ်ဓာတ်အမြင်နဲ့ ကြည့်လိုက် ပါ။ ပြဿနာတွေ ဘယ်လောက်ပဲ များ များ၊ ပြဿနာတွေ ဘယ်လောက်ပဲ ရင်ဆိုင်နေရနေရ၊ တစ်ချိန်က ကမ္ဘာမှာ မြန်မာက အောက်ကျနောက်ကျ ရှိခဲ့ရ ပေမယ့် ခုချိန်မှာ ကျွန်မတို့က ကမ္ဘာ့ အလယ်မှာ မြန်မာဟေ့လို့ ဝံ့ဝံ့ကြွား ကြွား နဲ့ ထုတ်ပြနိုင်တာကိုက အမျိုးသားရေး စိတ်ဓာတ်အမြင်နဲ့ ကြည့်ရင် အကောင်း ဘက်ကပါပဲ။ ပြဿနာတွေကအမြဲတမ်းပဲ ရင်ဆိုင်နေရမှာပါပဲ။ ဒါကို အုပ် ချုပ် ရေး ပိုင်းက လမ်းကြောင်းမှန်မှန်နဲ့ ဖြေ ရှင်းလုပ် ဆောင်သွားရပါမယ်။ တစ်ဖက် ကလည်း ပြည်သူလူထုကို စိတ်ဓာတ် တက်ကြွလာအောင် လုပ်ပေးရပါလိမ့် မယ်။ လို လည်း လိုအပ်ပါတယ်။


မေး......ဒါဆိုရင် အစ်မက ဒီလိုအကုန်အကျခံခြင်းဟာ အကျိုးမယုတ်ဘူး။ တစ်ဖက်က ပြန်ရနိုင်တယ်လို့ ဒီသဘောပြောခဲ့တော့ ဘာတွေပြန်ရမှာလဲ။


ဖြေ......ကျွန်မတို့နိုင်ငံကို နိုင်ငံတကာက ဘယ်လိုမြင်နေလဲ၊ ဘယ်လို သဘောထားနေလဲ၊ အင်မတန်မှ နုံချာနေတဲ့ တိုင်းပြည်၊ ဆင်းရဲနေတဲ့ တိုင်းပြည် တော်တော်လေး စုတ်ပြတ်နေတဲ့ တိုင်းပြည်လို့ မြင်နေကြတယ်လို့ထင်နေကြတဲ့ သူတွေရှိတယ်။ ကမ္ဘာမှာ မြန်မာဆိုတာ နဲ့ တော်တော်လေးညံ့ဖျင်းတယ်လို့ဆို တဲ့အမြင်တွေကို နံပါတ် တစ်ဖြေဖျောက် နိုင်တယ်။ ဒီလို ခမ်းခမ်းနားနားကြီး ကျင်းပခြင်းအားဖြင့် ငါတို့ဟာ အထိုက် အလျောက် လုပ်နိုင်တယ်လို့ပြနိုင်တယ်။ ခုပွဲကို ကြည့်ခြင်းအားဖြင့် မြန်မာတွေ ဆိုတာ မညံ့ဘူး။ သူတို့နဲ့ ပူးပေါင်း လုပ်ကိုင်လို့ရတယ်လို့ ဒီလို အမြင်တွေ ရှိခြင်းဖြင့် စီးပွားရေးပိုင်း စတဲ့ကဏ္ဍတွေမှာ ယုံကြည်စွာနဲ့ ပူးပေါင်းလာမယ်။ ဒီရလဒ်တွေ ရှိ လာနို င်ပါတယ်။


မေး......သမ္မတဦးသိန်းစိန်က သူ့ရဲ့လက်ထက်မှာ ပုံရိပ်ကောင်းရနိုင်ဖို့ ဒီပွဲကိုကျင်းပတာလို့ ပြောကြပြန်တယ်။ ဒါကိုရော ဘာပြောလိုပါသေးလဲခင်ဗျ။


ဖြေ......ကျွန်မတစ်ခု ပြောပါ့မယ်။ ကျွန်မတို့က အတိုက်အခံပါတီပါ။ အတိုက်အခံဆိုတာက အစိုးရလုပ်တိုင်း အတိုက်အခံလိုက်လုပ်နေရတာမဟုတ်ပါဘူး။ ကျွန်မတို့က အစိုးရရဲ့ ပျော့ကွက်၊ မှားကွက် ရှိတာကို ထောက်ပြဝေဖန်ပြရမယ့် ပါတီပါ။ ကောင်းတယ်ဆိုတဲ့ဟာကို လည်းကောင်းတယ်လို့ ပြောရမယ့် ဝတ္တရားရှိပါတယ်။ ဦးသိန်းစိန် သမ္မတ ဖြစ်လို့ ဒီပွဲကြီးပဲလုပ်လုပ်၊ ကျွန်မတို့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ပဲ သမ္မတ ဖြစ်လို့ လုပ်လုပ် ဒါကလုပ်ကိုလုပ်ရမယ့် အလုပ်ဆိုရင် မည်သည့်အစိုးရပဲဖြစ်ဖြစ် လုပ်ရမှာပဲ။ တာဝန်ကျလာတယ်ဆိုရင် အောင်မြင်အောင်လုပ်ရမှာက သူ့တာဝန်ပဲလေ။ ဒါဆိုကျွန်မတို့က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှ ဒီပွဲလုပ်တာကို အားပေးရ မှာလား။ ဦးသိန်းစိန်လုပ်လို့ အားမပေးရတော့ဘူးလား။


မေး......ဟုတ်ကဲ့ တချို့ကလည်းဒီလို ကျင်းပတာကို ခါးခါးသီးသီးနဲ့မကြိုက်ချင်ကြဘူး။ ဒီအပေါ်မှာ မှတ်ချက်ထပ်ပြု ပေးပါဦး။


ဖြေ.......အပြစ်ပြောတဲ့သူတွေကို ကျွန်မ အပြစ်မမြင်ပါဘူး။ လူတွေက ခုချိန်မှာ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာဆိုရင်လည်း လယ်သမားတွေ ဖိနှိပ်ခံနေရတယ်။ အထူး သဖြင့် အောက်ခြေ မှာ တကယ့်ကို အကောင်အထည် မဖော်နိုင်ကြတဲ့သူတွေကြောင့် တောင် သူတွေ စိတ်ဆင်းရဲနေကြတယ်။ ဒါကို ကိုယ်ချင်းစာပါတယ်။ နားလည်းလည် ပါတယ်။ ဒါပေမဲ့ ဒါကို အမျိုးသားရေး အမြင်နဲ့ကြည့်ရင် အဖြေကတစ်မျိုး ထွက်လာပါလိမ့်မယ်။



ွှThe Aung Popular News ဂျာနယ် No.50, Vol.5 ပါ မိုးယံထက် လွင့်ပျံတက်လာသော ဆီးဂိမ်းဖွင့်ပွဲ လက်ခုပ်သံနှင့် ခဲမှန်ဖူးတဲ့ စာသူငယ် မှ ကောက်နှုတ်ကူးယူဖော်ပြသည်

Post By..ဘစည်(စင်ကာပူ)
24.12.2013
ကိုယ် အမှန်အတိုင်း ပြောရရင် အတိုက်အခံ NLD ပါတီ ကအမတ် ဆိုပေမယ့် ကိုယ် သူ့ စိတ်ဓါတ်ကိုတော့ လေးစားတယ်..။ ကဲ ..တစ်ချက်လောက် ဖတ်ကြည့်ရအောင်လား သူငယ်ချင်းတို့ အသိတွေ အတွေးတွေ နိုးကြားစေလာမယ်လို့ ကိုယ်တော့ ယုံကြည်တယ်.....အတွေးတွေ မှန်ဖို့ အရေးကြီးတယ်....။ ဘစည်(စင်ကာပူ)

 ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားနှင့်ပတ်သက်၍ ဒေါ်စန္ဒာမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)ကို Popular Myanmar News Journal မှ မ င်း သုေ အာ င် တွေ့ဆုံမေးမြန်းသည်။ 
မေး...မြန်မာနိုငံမှာကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဖြေ....ကျွန်မတို့နိုင်ငံဟာ ဒီလိုမျိုးဆီးဂိမ်း မလုပ်နိုင်တာက နှစ်ပေါင်း ၄ဝ ကျော် ကြာပြီ။ နှစ်ပေါင်း ၄ဝ ကျော်ကြာမှ ပထမဦးဆုံးအကြိမ် ပြန်လည်ပြီးအခုလို ခမ်းခမ်းနားနား ကျင်းပလာနိုင်တာကို နိုင်ငံရေးအမြင်နဲ့မကြည့်ဘဲနဲ့အမျိုးသား ရေးအမြင်နဲ့ ကြည့်ရင်ကျွန်မတို့ ဂုဏ်ယူပါတယ်။ မေး....အခုလိုကျင်းပနိုင်တာက တရုတ် နိုင်ငံရဲ့အကူအညီကိုယူပြီး လုပ်တယ်။ ဒါတွေက တစ်ချိန်ကျရင် တစ်ဖက်က အခွင့်အရေးတွေ ယူလာနိုင်တယ်။ ပြန် ပေးဆပ်ရမယ်။ ဒီလို စိတ်ပူတာတွေရှိ နေကြသံထွက်လာတော့ ဘာပြောချင်ပါသလဲ။ ဖြေ......ကျွန်မတို့နိုင်ငံက နှစ်ပေါင်း အများကြီး ခေတ်နောက်ကျနေပြီ။ ဒီတော့ ကျွန်မတို့နိုင်ငံက ပညာရှင်တွေနဲ့ လုပ်လို့မရဘူး။ အခြားက တတ်သိနားလည်တဲ့ ပညာရှင်တွေကို ဒီလိုပဲ ငှား ယူရတယ်။ ဒီအတွက် ကျွန်မတို့ ကုန်ကျစရိတ်တွေရှိပါတယ်။ ဒါကြောင့် လွှတ်တော်ကလည်း ဒီကုန်ကျစရိတ်တွေကို များတဲ့အတွက် အများကြီးတော့ သဘောမတူခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီဟာက ကျွန်မတို့နိုင်ငံရဲ့နှစ်ပေါင်း ၄ဝ ကျော်မှ ပထမဦးဆုံးလုပ်ရတဲ့အတွက်ကိုပဲ တခမ်းတနားဖြစ်ရမယ်။ ဒါ့ထက်ကို ရှေ့အလား အလာကိုအများကြီးကြည့် ပြီး ကုန်ကျစရိတ်ကို ထည့်မတွက်ဘဲ လုပ်ခဲ့ကြ တာဖြစ်တယ်။ ဒီနေရာမှာ တရုတ်ပညာရှင်ပဲလုပ်လုပ်၊ အမေရိကန် ပညာရှင်ပဲလုပ်လုပ် ကုန်ကျ စရိတ်ကိုပေးပြီးလုပ်ခိုင်းတာပါ။ အလကားလုပ်ခိုင်း တာမဟုတ်ပါဘူး။ စေတနာလည်း သူတို့ဘက်က ပါတာပေါ့။ အဲဒီလိုမျိုးဖြစ်တဲ့ အတွက် ရှေ့မှာ အကျိုးအမြတ် ထုတ် စရာ အကြောင်းမရှိပါဘူး။ မေး....ဒီဆီးဂိမ်းကုန်ကျစရိတ်က အမေရိ ကန်ဒေါ်လာ သန်းနဲ့ချီပြီးကုန်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့နိုင်ငံမှာ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ လိုအပ်ချက် တွေရှိနေတယ်။ ဒါကိုေ တာ့ မဖြည့်ဘဲ ငွေကုန်ကြေးကျခံပြီး လုပ်နေကြတယ်ဆို တဲ့ တစ်ဖက်မှာလည်း ဝေဖန်သံတွေ ထပ်ရှိနေပါတယ်ခင်ဗျာ။ ဒါကိုရော ဘယ်လို မှတ်ချက်ပြုလိုပါသလဲ။ ဖြေ.....ဟုတ်ပါတယ်။ အိမ်တစ်ခု၊ မိသား စုတစ်ခုအနေနဲ့ မြင်ကြည့်မယ်ဆိုရင် နေ့စဉ်အထွေထွေ အိမ်စရိတ်ကို တစ် နေ့ ကျပ် ၃ဝဝဝ လို့ သတ်မှတ်ထားပေ မယ့် ရုတ်တရက် ကိုယ့်ဆွေမျိုးသားချင်း က မင်္ဂလာဆောင်တစ်ခု ကျင်းပလိုက် မယ်လို့ရှိလာရင် ကျပ် ၅ဝဝဝ လက်ဖွဲ့မှ သင့်တော်တယ်လို့ ဒီနေရာမှာ သတ် မှတ်လိုက်ရင်ငွေ ၅ဝဝဝ ကို သုံးမှာပဲ။ တစ်ခါတလေ ကိုယ့်တိုင်းပြည်အတွက် မမျှော်လင့်ဘဲ သုံးရမယ်ဆိုတဲ့အပိုင်းတွေ ရှိလာရင်သုံးရမှာပဲ။ ပညာရေး၊ ကျန်းမာ ရေးကို သုံးရမယ်ဆိုတဲ့အတွေးက မှန် ပါတယ်။ ဒီပညာရေး၊ ကျန်းမာရေးက ရေရှည်စီမံကိန်းပါ။ အခုဟာက တစ် ခဏအတွင်းမှာ မမျှော်လင့်ဘဲ သုံးလိုက် ရတဲ့ပိုက်ဆံပါ။ ပညာရေးနဲ့ ကျန်းမာရေး တိုးတက်သွားဖို့ကို နှစ်ရှည် စီမံကိန်း ချပြီး လုပ်ရမှာဖြစ်သလို ခုဟာက တိုင်းပြည်ရဲ့ပုံရိပ်တစ်ခုကို ပြရမှာဖြစ်တဲ့ အတွက် အခု ကုန်ကျစရိတ်တွေက သုံး သင့်သုံးထိုက်တဲ့ အသုံးစရိတ်တွေပါ။ မေး.....ဟုတ်ကဲ့ခင်ဗျ။ ခုချိန်မှာက လယ်ယာမြေပြဿနာတွေ၊ မပြည့်စုံတဲ့ အတွက် ဆန္ဒပြမှုတွေ ဒါတွေရှိနေရဲ့ သားနဲ့ မပြေလည်သေးဘဲနဲ့ ဒီပွဲကြီး ကျင်းပနေတယ်။ လိုအပ် ချက်တွေ မပြည့်စုံဘဲကျင်းပနေတာကို လွှတ်တော် ရော အစိုးရကပါ နစ်နာနေတဲ့ ပြည်သူ ကိုမျက်ကွယ်ပြုနေတာလား၊ ဒီလိုရော ဖြစ်မနေဘူးလား။ ဖြေ.......ဒါက မဆိုင်ဘူး။ နိုင်ငံတိုင်း နိုင်ငံ တိုင်းမှာ အားလုံးအဆင်ပြေချောမွေ့ နေတာ မရှိဘူး။ ချောမွေ့နေတဲ့ တိုင်း ပြည်လည်းမရှိပါဘူး။ နိုင်ငံတိုင်းနိုင်ငံ တိုင်းမှာ နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး ဆိုတဲ့ပြဿနာတွေ ရှိကြပါတယ်။ ဒါပေမဲ့ လည်း အဲဒီပြဿနာတွေနဲ့ ရင်ဆိုင်နေ ကြတဲ့အခါမှာ တိုင်းပြည်က လူတွေက စိတ်ညစ်နေတဲ့အချိန်၊ အဲဒီလို ပြဿ နာ တွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ဒီလိုမျိုး ကြီးပဲ သွားမလား။ အဲတော့တစ်နည်း အားဖြင့် ဆီးဂိမ်းကြီးကို ကျင်းပလိုက် ခြင်းအားဖြင့် နံပါတ်-၁ အမျိုး သားရေး စိတ်ဓာတ်တွေ တက်ကြွလာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် မြန်မာ ဆိုတာကို ဂုဏ်ယူလာခဲ့တယ်။ အကောင်းဘက်က ကြည့်လိုက်တဲ့အခါ ဒါတွေရှိတယ်။ ဆီးဂိမ်းကြီး ကို နိုင်ငံရေးအမြင်နဲ့ မကြည့်ဘဲနဲ့ အားကစားအမြင် အမျိုး သားရေးစိတ်ဓာတ်အမြင်နဲ့ ကြည့်လိုက် ပါ။ ပြဿနာတွေ ဘယ်လောက်ပဲ များ များ၊ ပြဿနာတွေ ဘယ်လောက်ပဲ ရင်ဆိုင်နေရနေရ၊ တစ်ချိန်က ကမ္ဘာမှာ မြန်မာက အောက်ကျနောက်ကျ ရှိခဲ့ရ ပေမယ့် ခုချိန်မှာ ကျွန်မတို့က ကမ္ဘာ့ အလယ်မှာ မြန်မာဟေ့လို့ ဝံ့ဝံ့ကြွား ကြွား နဲ့ ထုတ်ပြနိုင်တာကိုက အမျိုးသားရေး စိတ်ဓာတ်အမြင်နဲ့ ကြည့်ရင် အကောင်း ဘက်ကပါပဲ။ ပြဿနာတွေကအမြဲတမ်းပဲ ရင်ဆိုင်နေရမှာပါပဲ။ ဒါကို အုပ် ချုပ် ရေး ပိုင်းက လမ်းကြောင်းမှန်မှန်နဲ့ ဖြေ ရှင်းလုပ် ဆောင်သွားရပါမယ်။ တစ်ဖက် ကလည်း ပြည်သူလူထုကို စိတ်ဓာတ် တက်ကြွလာအောင် လုပ်ပေးရပါလိမ့် မယ်။ လို လည်း လိုအပ်ပါတယ်။ မေး......ဒါဆိုရင် အစ်မက ဒီလိုအကုန်အကျခံခြင်းဟာ အကျိုးမယုတ်ဘူး။ တစ်ဖက်က ပြန်ရနိုင်တယ်လို့ ဒီသဘောပြောခဲ့တော့ ဘာတွေပြန်ရမှာလဲ။ ဖြေ......ကျွန်မတို့နိုင်ငံကို နိုင်ငံတကာက ဘယ်လိုမြင်နေလဲ၊ ဘယ်လို သဘောထားနေလဲ၊ အင်မတန်မှ နုံချာနေတဲ့ တိုင်းပြည်၊ ဆင်းရဲနေတဲ့ တိုင်းပြည် တော်တော်လေး စုတ်ပြတ်နေတဲ့ တိုင်းပြည်လို့ မြင်နေကြတယ်လို့ထင်နေကြတဲ့ သူတွေရှိတယ်။ ကမ္ဘာမှာ မြန်မာဆိုတာ နဲ့ တော်တော်လေးညံ့ဖျင်းတယ်လို့ဆို တဲ့အမြင်တွေကို နံပါတ် တစ်ဖြေဖျောက် နိုင်တယ်။ ဒီလို ခမ်းခမ်းနားနားကြီး ကျင်းပခြင်းအားဖြင့် ငါတို့ဟာ အထိုက် အလျောက် လုပ်နိုင်တယ်လို့ပြနိုင်တယ်။ ခုပွဲကို ကြည့်ခြင်းအားဖြင့် မြန်မာတွေ ဆိုတာ မညံ့ဘူး။ သူတို့နဲ့ ပူးပေါင်း လုပ်ကိုင်လို့ရတယ်လို့ ဒီလို အမြင်တွေ ရှိခြင်းဖြင့် စီးပွားရေးပိုင်း စတဲ့ကဏ္ဍတွေမှာ ယုံကြည်စွာနဲ့ ပူးပေါင်းလာမယ်။ ဒီရလဒ်တွေ ရှိ လာနို င်ပါတယ်။ မေး......သမ္မတဦးသိန်းစိန်က သူ့ရဲ့လက်ထက်မှာ ပုံရိပ်ကောင်းရနိုင်ဖို့ ဒီပွဲကိုကျင်းပတာလို့ ပြောကြပြန်တယ်။ ဒါကိုရော ဘာပြောလိုပါသေးလဲခင်ဗျ။ ဖြေ......ကျွန်မတစ်ခု ပြောပါ့မယ်။ ကျွန်မတို့က အတိုက်အခံပါတီပါ။ အတိုက်အခံဆိုတာက အစိုးရလုပ်တိုင်း အတိုက်အခံလိုက်လုပ်နေရတာမဟုတ်ပါဘူး။ ကျွန်မတို့က အစိုးရရဲ့ ပျော့ကွက်၊ မှားကွက် ရှိတာကို ထောက်ပြဝေဖန်ပြရမယ့် ပါတီပါ။ ကောင်းတယ်ဆိုတဲ့ဟာကို လည်းကောင်းတယ်လို့ ပြောရမယ့် ဝတ္တရားရှိပါတယ်။ ဦးသိန်းစိန် သမ္မတ ဖြစ်လို့ ဒီပွဲကြီးပဲလုပ်လုပ်၊ ကျွန်မတို့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ပဲ သမ္မတ ဖြစ်လို့ လုပ်လုပ် ဒါကလုပ်ကိုလုပ်ရမယ့် အလုပ်ဆိုရင် မည်သည့်အစိုးရပဲဖြစ်ဖြစ် လုပ်ရမှာပဲ။ တာဝန်ကျလာတယ်ဆိုရင် အောင်မြင်အောင်လုပ်ရမှာက သူ့တာဝန်ပဲလေ။ ဒါဆိုကျွန်မတို့က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှ ဒီပွဲလုပ်တာကို အားပေးရ မှာလား။ ဦးသိန်းစိန်လုပ်လို့ အားမပေးရတော့ဘူးလား။ မေး......ဟုတ်ကဲ့ တချို့ကလည်းဒီလို ကျင်းပတာကို ခါးခါးသီးသီးနဲ့မကြိုက်ချင်ကြဘူး။ ဒီအပေါ်မှာ မှတ်ချက်ထပ်ပြု ပေးပါဦး။ ဖြေ.......အပြစ်ပြောတဲ့သူတွေကို ကျွန်မ အပြစ်မမြင်ပါဘူး။ လူတွေက ခုချိန်မှာ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာဆိုရင်လည်း လယ်သမားတွေ ဖိနှိပ်ခံနေရတယ်။ အထူး သဖြင့် အောက်ခြေ မှာ တကယ့်ကို အကောင်အထည် မဖော်နိုင်ကြတဲ့သူတွေကြောင့် တောင် သူတွေ စိတ်ဆင်းရဲနေကြတယ်။ ဒါကို ကိုယ်ချင်းစာပါတယ်။ နားလည်းလည် ပါတယ်။ ဒါပေမဲ့ ဒါကို အမျိုးသားရေး အမြင်နဲ့ကြည့်ရင် အဖြေကတစ်မျိုး ထွက်လာပါလိမ့်မယ်။ွှThe Aung Popular News ဂျာနယ် No.50, Vol.5 ပါ မိုးယံထက် လွင့်ပျံတက်လာသော ဆီးဂိမ်းဖွင့်ပွဲ လက်ခုပ်သံနှင့် ခဲမှန်ဖူးတဲ့ စာသူငယ် မှ ကောက်နှုတ်ကူးယူဖော်ပြသည် Post By..ဘစည်(စင်ကာပူ) 24.12.2013