Tuesday, June 04, 2013

ဒါ..တို့တိုင်း..တို့ပြည်..ဒို့.မြန်မာပြည်..၊

(၁) ဒီနေ့  ခေါင်းပေါ်တင်ထားမယ်။ ဒုတိယ ဘုရားသခင်လို ကိုးကွယ်မယ်။ သွားလေရာ နင်းဖြတ်သွားဖို့  ပုခုံးတွေကို တံတားလိုထိုးပေးမယ်..
တစ်ခါတစ်လေလေးပဲဖြစ်ဖြစ်ကိုယ့်အကြိုက်နဲ့  မတိုက်ခဲ့ရင်တော့ ကြီးစွာရန်သူ စွဲမှတ်ယူတတ်တဲ့တိုင်းပြည်။

(၂) ညှိုးညှိုးငယ်ငယ် ပုံရိပ်အသွင်နဲ့  သနားစဖွယ်ရုပ်ရည်အဆင်းမြင်လိုက်ရရင်၊ သူ ရာဇ၀င်မှာဘယ်လောက်ယုတ်ကန်းခဲ့လဲ အကုန်မေ့လိုက်တယ်။ သူ့ ကြောင့် ဘ၀ပျက်ခဲ့တဲ့သူတွေရေတွက်လို့  မကုန်လဲ ဘဘကြီး သနားပါတယ်တွေ ဘာတွေ ဖြစ်ကုန်တတ်ကြတဲ့ တိုင်းပြည်။

(၃) တိုင်းပြည်အတွက် သိပ်ကြီးမားတဲ့ အန္တရာယ်ကောင်ကြီးပါလို့  ဘယ်လောက်ပြောနေပါစေဘုန်းကြီးဝတ်နေသတဲ့ ဆိုလိုက်ရင်ပဲ တစ်သံသရာစာ 
လုံလောက်တဲ့ သူ့ အကုသိုလ် အတုံးအခဲ တွေကို
လွယ်လွယ်ကူကူပဲ စုတ်သပ် ပေးလိုက်ကြသေးတယ်။

(၄) ထောင်အပြင်မှာ တစ်နှစ်လောက် တွေ့ နေလိုက်ရတာနဲ့  သူတို့ တွေ ထောင်ထဲမှာ နေပေးခဲ့ကြရတဲ့ နှစ် ၂၀ စာကို မေ့ပြစ်ပေးလိုက်ကြရုံမကဘူး..
သူတို့ ဘာလုပ်လုပ် မုန်းတဲ့မျက်စေ့တွေနဲ့ ကြည့်ပြီး ..
အမျက်အအီ ကြီးတတ်ကြတဲ့ တိုင်းပြည်။

(၅) အရှည်ကို မြင်နိုင်တဲ့သူက အရှည်အတွက်တွေးနေ ပြောနေလဲ ကလေးတွေ 
ရန်ဖြစ်သလိုမျိုး ကိုယ့်အမေ ကိုယ့်ဖက်အရင် ပါပေးတာမျိုးကိုပဲ လိုချင်ကြတယ်။
အရှည်တွေးပြီး အမေဖြောင့်မတ်ရင် ကိုယ့်အမေကိုယ်လည်း 
ဆန္ဒ ..ဆန္ဒ ..ပြ...ပြ..လို့  လုပ်တတ်သေးတဲ့တိုင်းပြည်..

(၆) ဒီမိုကရေစီ ဆီကို သွားနေပါတယ်ပြောပြီး မိန့် ခွန်းနားထောင်ဖို့ ..
အမိန့် ပေးခေါ်လို့  ရပြီး ..... ပေါ်တင်အိပ်နေတတ်တဲ့ တိုင်းပြည်။

(၇) အကြာကြီး အောင့်အီးလာခဲ့ရတဲ့ နှစ်ချို့ ဆန္ဒတွေအတွက် နဲနဲမှ ထပ်မအောင့်အီးနိုင်တော့တဲ့တိုင်းပြည်...

(၈) မလေးရှားမှာ ဘာမှမဖြစ်ပါဘူးလို့  ပြောရေးဆိုခွင့် ဆိုတဲ့ နေရာကို 
အကျုံးဝင်သလား၊ အကျုံးမ၀င်ဘူးလား တရားဝင် မကြေငြာပဲ ..
FB စာမျက်နှာတွေပေါ်မှာ ရေးချင်ရာတွေရေးပြီး..
ဗြောင်ညာ နေသော ပြောရေးဆိုခွင့် ရှိသူကြီး ရှိတဲ့တိုင်းပြည်..

(၉) အွန်လိုင်းမှာ မမှန်တာတွေ ပြောရင် ကြိုက်သလောက်ပြောခွင့် ၊..
ရေးခွင့်၊ အပုတ်ချခွင့်ရှိပြီး ၊ မှန်တာတွေပြောရင်တော့ ..
လွှတ်တော်မှာ ခုံဖွဲ့  မယောင်ရာ ဆီလူးတတ်တဲ့တိုင်းပြည်..

(၁၀) လမ်းတွေအဆင့်မမှီလို့  မမှီဘူးပြောတာကို .. ကားတွေမှောက်လွန်းနေလို့  မှောက်လွန်းနေပါတယ်ပြောတာကို.. လူတွေ သေလွန်းလှနေလို့  သေနေပါတယ်ပြောတာကို..
ပြောရေးဆိုခွင့်ရှိတဲ့သူကြီးက ငြင်းတဲ့တိုင်းပြည်..


(၁၁) သူများအသက်မသတ်ရ၊ သူများပစ္စည်း မခိုးရ ..မ၀ှက်ရ..မလုရ ၊ လို့  ..
လူသာမာန်တွေ မဖြစ်မနေ စောင့်ထိန်းရမယ့် ကျင့်ဝတ် သီလ အခြေခံနဲ့  ..
အစဉ်အလာ ဗုဓ္ဓဘာသာက..
မီးရှို့  ၊ လူသတ် ၀ါဒအဖြစ်ကို ရွေ့  မှန်းမသိ ရွေ့ နေတဲ့..... တိုင်းပြည်..

(၁၂) ဘုန်းကြီးတွေကို သေနတ်နဲ့ ပစ်သတ်၊ ဘုန်းကြီးတွေကို မီးခိုးဗုန်းဆိုဆို...
မီးလောင်ဗုန်းပြောပြော ဆိုတဲ့ဟာတွေနဲ့  မီးရှို့  သတ်ပြီးတဲ့နောက် ..
ဘုန်းကြီးတွေကလည်း တရားကျောင်းတွေဆီကနေ ..
ဓါးတွေကိုင်၊ ဒုတ်တွေကိုင် ၊ မီးဒုတ်တွေကိုင်ပြီး .
တရားမျှတမှုကို ရှာဖွေဖောင်ဆောင်ဖို့ အတွက် ..
မတရားမှုတွေကို ကျူးလွန်လာနေကြတဲ့ တိုင်းပြည်..

(၁၃) မိဘပြည်သူများခင်မျာ...
ဆိုပြီး ခဏခဏ အညာခံရလို့  ဆေးမတိုးတော့တဲ့ တိုင်းပြည်။

(၁၄) သမ္မတကလွှတ်ရင် ပြည်ထဲရေးက ပြန်ဖမ်းပြီး၊ 
သမ္မတကခန့် ရင် လွှတ်တော်ကဖြုတ်တတ်တဲ့ တိုင်းပြည်..

(၁၇) ခေတ်သစ် အပေးအယူ နိုင်ငံရေးကစားကွက်တွေထဲ ..
လိုတိုးပို လျှော့ အလွှတ်ခံနေကြရတဲ့ ..
နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတဲ့ တိုင်းပြည်..

(၁၈) ဖုန်းကလေး ဈေးလျှော့ရောင်းဖို့ အရေး သမ္မတကိုယ်တိုင် ခေါ်ယူ ညှိုနှိုင်း ဆုံးဖြတ်ပေးရတဲ့တိုင်းပြည်..

(၁၉) ဒီမိုကရေစီခေတ်မှာ ပွင့်လင်းမြင်သာမှု ရှိစေရမယ်ဆိုတဲ့ သမ္မတကြီးရဲ့  အပြောတွေကို ..
၁၅၀၀ တန်ဖုန်းကိစ္စကတော့ ကျွန်တော်လည်း တစ်စုံတစ်ရာ ဆုံးဖြတ်ဖို့  အသာထားလို့  ၊ သိခွင့်တောင်မှ မရပါဘူးရယ်လို့  ..
ဆက်သွယ်ရေး ၀န်ကြီး ဆိုသူကတရားဝင် ဖွင့်ဟ ၀န်ခံရတဲ့တိုင်းပြည်။

(၂၀) ဆက်သွယ်ရေး ၀န်ကြီးရဲ့  လာဘ်စားမှုအရှုပ်တော်ပုံကြီး ဆိုပြီးတော့ ဆင်ဖမ်းမယ်..
ကျားဖမ်းမယ်လို့  အုတ်အော်သောင်းတင်း သတင်းတွေကြီးပြီးမှ ...
ပုရွက်ဆိတ် တောင် မဖမ်းရဲလို့  အသာဇာတ်မြှုပ်လိုက်ရတဲ့ တိုင်းပြည်။


(၂၁) လူကြီးသားတွေ ဥပဒေ ကျူးလွန်ရင်လည်း အရေးယူမှာပဲဆိုတဲ့ ..
ဝန်ကြီးရဲ့  အရှက်ကို အင်တာနက် စာမျက်နှာတွေ၊ သတင်းမီဒီယာတွေရဲ့  အပေါ်မှာ..
ခဏခဏ အရှက်ခွဲပြကြတဲ့လူကြီးကြီးတွေရဲ့  သားတွေ ..
အများအပြားရှိနေတဲ့ တိုင်းပြည်။

(၂၂) အဲဒါကျွန်တော်တို့  ရွှေပြည်ပါတဲ့။ အဲဒါ ကျွန်တော်တို့  တိုင်းပြည်ပါတဲ့။
အဲဒါ ကျွန်တော်တို့ ရဲ့  အိပ်မက်တွေ မြေမြှုပ်သင်္ဂြုလ် ပစ်လိုက်ရတဲ့ နေရာပါတဲ့ ။ ။

Credit- Pyay Chit Thu