Tuesday, June 18, 2013

အမစုအသက်ရာကျော်ရှည်ပါစေ

ကိုမြစ်ကျိုးအင်း ရေးထားတဲ့ post ထဲကအောက်ဆုံးစာပိုဒ်လေးတွေကိုပြန်လည်မျှဝေပါတယ်။ ...

- အသက် ၇၀ အရွယ်နား နီးကပ်လာသော်လည်း သားသမီး မြေးမြစ်များနှင့် မိုင်ထောင်ချီ
ဝေးကွာနေသူဖြစ်သည်။

- သူကအထီးကျန်ဝေဒနာကို မျက်နာပေါ် အတင်မခံသူလည်း ဖြစ်သည်။

- ဘဝတခုလုံးပေးဆပ်ကာ အနစ်နာခံခဲ့သော်လည်း ခုချိန်ထိ အကောင်းမြင် မခံရသေးသူဖြစ်သည်။

- လူတိုင်းကို မေတ္တာထားပြီး ရင်ဝယ်သားကဲ့သို့ ဆက်ဆံသော်လည်း တချို့၏ မတန်မရာ ဆဲဆိုခြင်းကို ခံနေရသူဖြစ်သည်။

- လူတိုင်းဘဝ နွေးထွေးလုံခြုံစွာနေစေရန် အကြောက်တရားခေတ်ကို မားမားမတ်မတ်
ဖြတ်သန်းခဲ့သော်လည်း သူ့အတွက် အခုချိန်ထိ လုံခြုံမှု မရသေးသူဖြစ်သည်။

- သူ့ခေါင်းပေါ်မှာ ဆံဖြူတွေ လာစိုက်ခံရသည်ထက် နိင်ငံ၏ အမည်ကို (ကြားရသူတိုင်း အထင်ကြီးလေးစားစွာ)
ဖြူစင်သစ်လွင်နေချင်စိတ် ရှိသူဖြစ်သည်။

- ပြည်သူအားလုံးအတွက်ဆို သူ့သွေးကြောတမျှ ရှည်လျားသည့် ခရီးတွေကိုပင် မမောတမ်း သွားနေချင်သူဖြစ်သည်။

- လူ့အခွင့်အရေးနှင့် လူသားဆန်စွာ နေထိုင်ရှင်သန်ခွင့်ကို လူသားမဆန်စွာ ဆက်ဆံခံခဲ့ပြီး ရှာဖွေပေးနေသူဖြစ်သည်။

- သူ့ဘဝ တရားထက် နိင်ငံ၏ တရားကို သံမဏိလို ခိုင်မတ်စေချင်သူဖြစ်သည်။

- ဘာမှ လုပ်နိင်ခွင့် မရတော့သည့် သေဆုံးချိန်ရောက်မှ အာဇာနည်ဟု အမည်တပ်ခံခွင့် ရမည့်သူလည်းဖြစ်သည်။

သူက ကျနော်၏ ဒုတိယ အမေကဲ့သို့ ချစ်ခင်ရသူဖြစ်ပြီး ၊ အမျိုးသမီးထု အားလုံးထဲတွင် အလေးစားရဆုံးသူဖြစ်သည်။
ဇွန်လ ၁၉ ရက်နေ့ရောက်လျှင် သူမ၏မွေးနေ့ ရောက်တော့မည်။
ဖြစ်နိင်လျှင် ဆုတွေ အများကြီး ကျနော်တောင်းပေးချင်သည်။
တခုသာ ပြည့်ခွင့်ရမည်ဆိုလျှင်တော့ အသက်ရာကျော် နေရပြီး အေးချမ်းစွာ
တရားဘာဝနာ အားထုတ်နိင်သည့် ဘဝကို ရရှိပါစေဟုသာ ကျနော် ဆုတောင်းမိမည်။
ဘဝ၏ နေဝင်ချိန်နားရောက်သည့်တိုင် စိတ်မအေးချမ်းရသေးသည့် အဘွားအိုလေးကို ငြိမ်းချမ်းစေချင်လှပါပြီလေ။

အမေစု ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် အသက်ရာကျော် နေရပါစေ…။

(သူမကို အပြစ်ရှာကြံ ဆဲဆိုသူများနှင့် မိမိနာမည်အတွက် ရည်ရွယ် အသုံးချကာ မတန်မရာပြောနေသူများကို အတ္တနှင့်ယှဉ်သည့်
မေးခွန်းတခုတော့ မေးချင်သေးသည်။ ကိုယ့်အမေဆိုလျှင်ရော ဒီအရွယ်တိုင်အောင် ဒီလမ်းကို ဆက်လျှောက်ခိုင်းမည်လား။)

Credit - Myit Kyoe Inn