Tuesday, June 18, 2013

ကွန်မန့်ထဲက မေးခွန်းကောင်းတွေ

La Waii Mon ကျွန်တော်တို့မော်လမြိုင်ကဈေးကြို-မောင်ငံ- မြိုင်သာယာအောက်ဈေး အပေါဈေးတဝိုက်နှင့် ကျိုက်မရောမြို့ နတ်စမ်းရွာကနေမြို့ထဲရောက်ဖို့အထိပာာမွတ်စလင်တွေပဲအများစုဖြစ်သွားကုန်ပါပီး။ မွတ်စလင်ကြားထဲမှာနေနေကြတဲ့တချို့သောဆင်းရဲသောအမျိုးသမီးတွေပာာဘဝဝမ်းစာအတွက်မိမိဘာသာကိုစွန့်လွှတ်လိုက်ရတာတွေရှိပါတယ်။ အိမ်တွေ ခြံတွေ နောက်ဆုံးဖိနပ်ချုပ်တဲ့ဆိုင်ကအစသူတို့ဘာသာအချင်းချင်းပဲလက်ဆင့်ကမ်းရောင်းဝယ်ကြတာပါ။ဒါတောင် ဒီနှစ်မြို့ထဲနော်။ တနိုင်ငံလုးံမပာုတ်သေးဘူး။ နောက်မျိုးဆက်တွေအတွက်အကာကွယ်ပေးမယ့်နည်းလမ်းများကိုလည်းပြောပြစေချင်ပါတယ်။

ကပ်ရောဂါတခု ကျရောက်ရင်၊ ဘယ်လို ကုသ ဖြေရှင်းမယ် ဆိုတာကို
ဘာကြောင့် ဖြစ်ရတယ် ဆိုတာကို ရှာတွေ့မှ တွေ့ရသလိုပါပဲ. . .

ဘယ်လို ကာကွယ်မလဲ ဆိုတဲ့ မေးခွန်း ကို အဖြေမရှာခင်မှာ ဘာကြောင့် ကွယ်ရတယ် ဆိုတဲ့ 
အကြောင်းအရင်း ကို အရင်ရှာဖို့ လိုပါတယ်။ 

၁။ ကံ ကံ၏ အကျိုး ဆိုတာကတော့ ဘာသာရေး အမြင်ပါ။ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက် နဲ့ 
အဲဒီ ကာယကံရှင်များ ရဲ့ အကြောင်း အကျိုးဆိုပါတော့။ 

၂။တိုင်းပြည် ရဲ့ စီးပွားရေး က ချွတ်ခြုံကျနေတာကြောင့်၊ ပြည်သူလူထု ရဲ့ ဘ၀အာမခံချက်တွေကို ဘာမှ ခိုင်လုံအောင် မကာကွယ်ပေးနိုင်တဲ့ အစိုးရကြောင့် ဆိုတာကတော့ နိုင်ငံရေး အမြင်ပါ။

၃။ သာသနာဝန်ထမ်းနေတဲ့ အဲဒီအရပ်ဒေသက ရဟန်းတွေ ရဲ့ အားနည်းမှုကြောင့် ဆိုတာတော့ တာဝန် ရှိသော သူကို ခွဲခြမ်းစိတ်ဖြာ ထောက်ပြတာပါ။

ကံ ကံ ၏ အကျိုး ဆိုတာကတော့ ကျနော်တို့ ဆွေးနွေး ရတဲ့ ကိစ္စ မဟုတ်ပါ။

နိုင်ငံရေး ပြဿနာတွေကတော့ ခုချိန်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲ ဖို့ နိုင်ငံရေးသမားတွေ အားထုတ်နေကြလေရဲ့။
ရွေ့တာ မရွေ့တာ က တော့ တပိုင်းပေါ့။

သာသနာ့ဝန်ထမ်းတဲ့ ရဟန်းတွေ အားနည်မှု ဆိုတာကတော့ တကာ တကာမတို့ကို စည်းရုံးဟောပြောသော ရဟန်းတို့သာ သာသနာ့တာဝန်ကျေမယ် ဆိုရင်၊ ဒီလို အဖြစ်မျိုးတွေ တိုးပွားလာစရာ အကြောင်းမရှိ လို့ မြင်ပါတယ်။

လက်ရှိ ရဟန်းတွေ ဘာသာရေးနဲ့ပါတ်သက်ပြီး၊ လုပ်နေကိုင်နေတာဟာ လက်ရှိ စစ်တပ်ကနေ တပုံစံထဲပဲ လို့ ရှင်းရှင်း လင်းလင်း ထောက်ပြချင်ပါတယ်။
နိုင်ငံရေးမှာ တာဝန်ကျေခဲ့လှတဲ့ အဲဒီ ရဟန်းထုဟာ သာသနာရေးမှာ အင်မတန် လျော့ရဲ သည်ထက် လျော့ရဲပြီး၊ တခြားဘာသာခြားတို့ ရဲ့ အန္တရာယ်ဆိုပြီး၊ မယောင်ရာဆီလူး လက်ညှိုးထိုးနေတယ်။ 

ဟိုဘက်အသင်းက ညစ်တယ် လို့ ပြောမယ့်အစား ကိုယ့် ပညာသားပါပါနဲ့ တိုက်စစ်၊ ခံစစ် ကောင်းကောင်းနဲ့ နိုင်အောင် ကန်ရမှာ။ 
သူ့ဂိုးပေါက်တော့ ၀င်အောင် မသွင်းနိုင်ဘဲနဲ့၊ ဥပဒေတွေထုတ်၊ ၉၆၉ မှာ ဈေးဝယ်ပါ လို့ 
လှုံ့ဆော် ဆိုတာတွေက
လူ ချ ဖို့ ကြိုးစားနေတာ နဲ့ တူတယ်။ 

ကြိုက်တဲ့ စာပေကျမ်းဂန် ကို လှန်ကြည့်ပါ။

ရဟန္တာ တပါး ပွင့်တယ် ဆိုရင်၊
အဲဒီ ရဟန္တာကို မှီလို့ လူနတ်ဗြဟ္မာသတ္တ၀ါတွေ ဟာ ကျွတ်တန်းဝင်ကြရပါသတဲ့။

ရဟန္တာ အဆင့်မပြောနဲ့ သီလ၊ သမာဓိ၊ ပညာ အတော်အတန်ရင့်သန်လာရင်ကို အဲဒီ ရဟန်းကို အမှီပြုလို့ သာသနာ
ဟာ ထွန်းကား ပွင့်လန်း ရတယ်။ 
သီလ၊ သမာဓိ၊ ပညာ အရောင်အ၀ါ တကယ် လင်းခဲ့တဲ့ ဆရာတော်ကြီးတွေ အဆူဆူ တိုင်းပြည်မှာ ပေါ်ထွန်းရင်၊ ပေါ်ထွန်းခဲ့သလို၊ သာသနာ အားနည်းတဲ့ အရပ်ဒေသတွေလည်း၊ သာသနာဟာ ထွန်းကား လို့ လာခဲ့တယ်။

ရဟန္တာကြီးတွေ မဟုတ်သည့်တိုင်ပါ။
သာမည၊ ကုံလုံ၊ အလံတရာ စတဲ့ ဆရာတော်ကြီးတွေဟာ အဲဒီ ဝေးလံခေါင်းပါးတဲ့ အရပ်ဒေသတွေမှာ သာသနာကြီး
ဟီးဟီး ထစေခဲ့တာနဲ့ နှိုင်းယှဉ် ပမာပြုပါ။

ဒီတော့ သာသနာ ထွန်းကားပြီးသားနေရာတွေမှာ သာသနာကွယ်တယ်ဆိုရင်၊ ဘယ်သူတွေ အဓိက တာဝန်ရှိသလဲ၊
ဘယ်လို လုပ်သင့်သလဲ ဆိုတာ ဆင်ခြင်ပွားများ ကြည့်ကြပါတော့။

ချိုတူးဇော်