Wednesday, February 27, 2013

ဒါ..."အဖေ"..တဲ့ဗျာ.

Pa Yit
. (Credit -Kyawswar Win)

ကိုယ့်နိုင်ငံက လူတွေ ...
အပြင်ထွက်အလုပ်လုပ်ရင်ပြောတာက
နိုင်ငံကိုမချစ်လို့....
အလည်ပြန်ရင်တောင်မှ
အကြည့်ခံရတာက ပုံမှန်မဟုတ်......
သူများနိုင်ငံကလူတွေ ကိုယ့်ဆီလာရင်
ဧည့်သည်တောင်မှအိမ်ရှင်ကို
ပါးရိုက်ဖို့ ကာပေးထားတဲ့ ဥပဒေက အပြည့် ....
အဲဒါမျိုးကို ကာကွယ်ပေးမယ့်
လိပ်ပြာမလုံတဲ့ လူတွေကအပြည့်...

.ဘေးအိမ်တွေက..
သားတွေကိုပြောတောင်မှ ..
ဘာမှမကာကွယ်...အိမ်ပေါ်စေတနာမထား...
ကိုယ့်အတွက်ပဲကြည့်ကြပြီးတော့....
ငါလုပ်တာမှမှန်တယ်...
ငါမှမိသားစုကိုချစ်တာဆိုပြီး...
သားသမီးတွေလုပ်စာကိုစားပြီး....
ငါကအဖေပဲ..ကျေးဇူးတင်စရာမလိုဘူး....
သားသမီးတွေဘယ်သွားသွား
ငါ့ကျွေးမယ့်ကောင်အိမ်မှာနေ..ဆိုပြီး...
လူမိုက်တွေကို အိမ်ပေါ်ခေါ်တင်ချင်ကြတဲ့အဖေအုပ်ချုပ်တဲ့ အိမ်မှာမှ
အိမ်သားတွေမျက်နှာမငယ်ရင် ...
ဘယ်အိမ်မျက်နှာငယ်ရမလဲ....

ဒီလိုပြောတဲ့သားသမီးမျိုးကိုလဲ...
ရိုက်ခိုင်းဖို့ အဖေမွေးထားတဲ့ လူမိုက်တွေ က အသင့်.....

အဖေမရှက်နဲ့နော်.....

အဖေတို့ မိသားစုကို အရမ်းချစ်တယ်ဆိုတာ ကို
သားတို့ယုံတယ်သိလား.....

ဘာလို့လည်းဆိုတော့ သားတို့..
အခု..အဖေ့ကျေးဇူးကြောင့် ...
နားလည်းပင်း မျက်စိလည်းမမြင်
လက်ကမကောင်း
ခြေကကျိုး....

အ ဖေ အိမ်ပေါင်ပြီးကျွေးနေတဲ့..
ထမင်းတနပ်စားရတာကိုပဲ..
ကျေးဇူးတင်လှပါပြီနော်......
အဖေတို့ ပဲ ချစ်တာဆိုတာလည်းယုံတယ်နော်..