skip to main |
skip to sidebar
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဦးစီးကျင်းပပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက်နှင့် လက်ရှိမြန်မာနိုင်ငံရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နေ့လည် ၃နာရီမှ ၄နာရီအထိ ဂျပန်လွှတ်တော် အဆောက်အဦး Dai 2 ခမ်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ဒီမိုကရေစီအရေး ဂျပန်လွှတ်တော်များသမဂ္ဂမှ ဥက္ကဋ္ဌ Mr.Suematsu နှင့် ဂျပန်လွှတ်တော် ကိုယ်စားလှယ်များ.... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ တာဝန်ရှိသူများ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေတဲ့ ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးများ စုစုပေါင်း ၅၀ကျော်ခန့် တက်ရောက်ကြပါတယ်။
အခမ်းအနားကို ဂျပန်လွှတ်တော်များသမဂ္ဂမှ ဥက္ကဋ္ဌ Mr.Suematsuမှ စတင်ဖွင့်လှစ်ပေးပြီး .. မိတ်ဆက်အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ရှင်းလင်းပြောပြပါတယ်။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဥက္ကဋ္ဌဦးသန့်ဇင်ဦးမှ စစ်အစိုးရရဲ့ (၂၀၁၀) ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိတဲ့ အကြောင်းရှင်းလင်း ပြောပြပြီး အကယ်၍စစ်အစိုးရမှ အတင်းအကြပ် ကျင်းပပြုလုပ်ခဲ့ရင် ထွက်ပေါ်လာတဲ့ အစိုးရကို ဂျပန်အစိုးရမှ အသိအမှတ်မပြုဖို့နဲ့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ မဝင်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တစုံတခု အန္တရာယ်ပေးခဲ့သည်ရှိသော် ဂျပန်အစိုးရမှ အဖွဲ့ချုပ်ဘက်မှ အပြည့်အဝ ရပ်တည်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ ဂျပန်နိုင်ငံမှ ဂျပန်အစိုးရအား သံတမာန်အဆင့်အတန်း လျော့ချပေးရန်တို့ကို တင်ပြ တောင်းဆိုသွားပါတယ်။
ဆက်လက်ပြီး CHRISTIAN SOLIDARITY WORLDWIDE အရှေ့တောင်အာရှ တာဝန်ခံ မြန်မာ့အရေးကျွမ်းကျင်သူ Mr.Ben Rogerမှ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် နယ်စပ်ဒေသမှ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို ဆလိုက်ရှိုးများဖြင့် ပြသရှင်းလင်းပြောပြသွားပါတယ်။ ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ (ဒု)ဥက္ကဋ္ဌဦးလှဟန်မှ လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနှင့် ပြီးခဲတဲ့ ရက်ပိုင်းအတွင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.Okada မှ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် ပြုလုပ်ထားခြင်းနှင့် ပတ်သတ်၍ မြန်မာနိုင်ငံအား လူသားချင်းဆိုင်ရာ အထောက်အပံ့များ၊ စီးပွားရေးဆိုင်ရာ ထောက်ပံ့ငွေများ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို တရားဝင် ဥပဒေတခုအဖြစ် ပေါ်ထွက်နိုင်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုသွားပြီး ၁။ စစ်အစိုးရအာဏာပိုင်များ ထုတ်ပြန်ထားသော ရွေးကောက်ပွဲဥပဒေများကို ကန့်ကွက်ပေးရန် ၂။ တရားမျှတမှုမရှိသော ရွေးကောက်ပွဲဥပဒေကို အခြေခံ၍ ကျင်းပသော ရွေးကောက်ပွဲကိုရလာဒ်ကို အသိအမှတ်မပြုနိုင်ကြောင်း ထုတ်ပြန်ပေးရန်၊ ၃။ ဂျပန်အစိုးရမှ အသိအမှတ်မပြုသော ရွေးကောက်ပွဲ ရလာဒ်မှ ဖွဲ့စည်းထားသော မည်သည့်အစိုးရကိုမှ ဂျပန်နိုင်ငံမှ မည်သည့်အကူအညီ အထောက်အပံ့များ မပြုလုပ်နိုင်ကြောင်း အသိပေးရန်၊ ၄။ သံတမာန်အဆင့် လျော့ချတဲ့အထိ အရေးယူမည်ဟု ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်ပေးရန်နှင့် လက်ရှိပြသနာတွေ ဖြေရှင်းနိုင်ဖို့ အတွက် ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်များနဲ့ ပြည်သူလူထုကို ထိတွေ့ခွင့် ပေးမှပြေလည်နိုင်မှာ ဖြစ်ကြောင်း တို့ကို ရှင်းလင်း တင်ပြ တောင်းဆိုသွားပါတယ်။
ဆက်လက်ပြီး ဂျပန်လွှတ်တော် အမတ်များရဲ့ မေးမြန်းချက်ကို ဥက္ကဋ္ဌဦးသန့်ဇင်ဦးနှင့် Mr. Ben Roger တို့မှ ပြန်လည်ဖြေကြားသွားပါတယ်။ ယနေ့အစည်းအဝေး၌ မြန်မာ့နိုင်ငံရေးလက်ရှိအခြေအနေနဲ့ ၂၉ရက်နေ့က ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေငြာချက်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထား (၆)ချက်ပါ ကြေငြာချက်တို့ကို အင်္ဂလိပ်၊ ဂျပန်ဘာသာတို့ဖြင့် ရှင်းလင်းချက်များအား ဝေငှခဲ့ပါတယ်။ ညနေ(၄)နာရီမှာ ဂျပန်လွှတ်တော်အတွင်း မြန်မာ့အရေးဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတယ်။
သတင်း၊ဓာတ်ပုံ .. ဒီမိုဝေယံ....ဓာတ်ပုံ/ရုပ်သံ..ကေသီသိန်း
Showing posts with label ဆွေးနွေးပွဲ. Show all posts
Showing posts with label ဆွေးနွေးပွဲ. Show all posts
Saturday, October 01, 2011
ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့တွေ့ဆုံဆွေးနွေးမှု အသံဖိုင်နှင့်ဓါတ်ပုံများ
Labels:
ဆွေးနွေးပွဲ
Friday, July 01, 2011
ပြောချင်လာပြီ ။။။။။
by Ah Bayah on Friday, July 1, 2011 at 1:00am
.
ပြောချင်လာပြီ
၊xxx ၊၊၊၊၊၊ NLD နဲ့ အန်တီစု အပေါ် သတင်းစာတွေက စည်းမဲ့ကမ်းမဲ့
ရေးနေတာတွေကြောင့် မေးပြောကလေး ပြောချင်လာတယ် ။ အခုလက်ရှိ အစိုးရပါလို့
ပြောနေတာ ဘာအစိုးရလဲ ? သူတို့ပြောနေတာ အရပ်သားအစိုးရ ၊ ဒီမိုကရေစီအစိုးရ
...အဲဒီလိုပဲ သူတို့ ကိုယ်တိုင် ခဏခဏ ပြောနေတာပဲ ။ အရပ်သားအစိုးရ
ဒီမိုကရေစီအစိုးရ ဆိုတဲ့ပုဂ္ဂိုလ်တွေကိုပဲ မေးချင်တယ် ။ အဲ့ဒီနိုင်ငံရဲ့
အမြင့်ဆုံးအာဏာ သုံးရပ်ဖြစ်တဲ့ (အုပ်ချုပ်ရေးအာဏာ ၊ တရားစီရင်ရေးအာဏာ ၊
ဥပဒေပြုအာဏာ) အဲ့ဒီအာဏာ သုံးရပ်ဟာ ဘယ်မှာတည်သလဲ သိပါသလား ?
ပြည်သူ့လွှတ်တော်မှာသာတည်တယ်ဆိုတာ မသိလို့လား ? ဒါမှမဟုတ်
ရူးချင်ယောင်ဆောင်နေတာလား ? ဒါမှမဟုတ် စာမတတ်လို့လား ? ဒါဆိုရင်
လွှတ်တော်တရပ် မရှိသေးစဉ်ကာလတုန်းက ၊ ရွေ့းကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ
ဆိုတဲ့လူက သူ့သဘောနဲ့ သင်းဖွဲ့စည်းမျဉ်းဥပဒေ ဆိုတဲ့ ဥပဒေကိုလွှတ်တော်မပါပဲ
ဖျက်သိမ်းခွင့် ရှိသလား ? မသိလို့လား ? ရူးနေတာလား ? ဥပဒေပြုအာဏာ ဆိုတာ
ဥပဒေတရပ်ကို ပြဋ္ဌာန်းချင်ရင်ပဲဖြစ်ဖြစ် ၊ ဖျက်သိမ်းချင်ရင်ပဲဖြစ်ဖြစ်
လွှတ်တော်မှာသာ အာဏာ တည်တယ်ဆိုတာ ကော်မရှင်ဥက္ကဋ္ဌကြီး ရူးနေလို့ မသိဘူးထင်တယ် ။
အခု လွှတ်တော်ရှိနေပြီ ဆိုတော့လည်း ၊ ပြည်ထဲရေးဝန်ကြီး က
သူ့သဘောတစ်ခုထည်းနဲ့ သင်းဖွဲ့စည်းမျဉ်းဥပဒေကို ဖျက်သိမ်းလို့မရတာကို
မသိဘူးလား ? စစ်အစိုးရမဟုတ်တော့ဘူးလေ ။ အမိန့် အာဏာ နဲ့ အုပ်ချုပ်လို့
မရတော့တာ သတိမထားမိဘူးထင်ပါရဲ့ ။ ဥပဒေတရပ်နဲ့အညီ မှတ်ပုံတင်ခဲ့တဲ့ NLD
ပါတီကို ဖျက်သိမ်းဖို့ဆိုတာ ။ အဲဒီ သင်းဖွဲ့စည်းမျဉ်းဥပဒေကို ၊ ဥပဒေနဲ့အညီ
ပြည်သူ့လွှတ်တော်ကသာလျှင် ဖျက်သိမ်းပြီးမှ ... အဲ့ဒီဥပဒေနဲ့
မှတ်ပုံတင်ခဲ့တဲ့ ပါတီဟာလည်း ပျက်ပြယ်တယ်ဆိုတာ ရူးချင်ယောင်ဆောင်ပြီး
အရူးကွက်ဖမ်းပြီး မသိကြတာလား? နောက်တစ်ခု ပြောဦးမယ် ...
လွှတ်တော်တရပ်နဲ့အတူ တရားဥပဒေနဲ့အညီ တက်လာတဲ့ အစိုးရကြီးက ( ကချင်ပြည်နယ်)
မှာစစ်ပွဲတွေ ဆင်နွှဲနေတာ ၊ လွှတ်တော်မှာ အတည်ပြုချက်ယူခဲ့သလား ? စစ်ပွဲအတွက်
သမ္မတ ကြီးကိုယ်တိုင် လက်မှတ်ထိုးပြီး ခွင့်ပြုခဲ့သလား? ( မင်းအောင်လှိုင် )
ဆိုတဲ့ ဗိုလ်ချုပ်တယောက်ရဲ့ အမိန့်နဲ့ စစ်ပွဲ လုပ်ခွင့်ရှိသလား ။
သမ္မတကြီး လက်မှတ်ထိုးပြီးတိုက်ခိုင်းရင် တရားဝင် ကြေငြာသလား ? မေးစရာတွေ
များစွာ ကို ဖြေကောဖြေနိုင်သလား ? ပြည်သူလူထုကိုစာမတတ်တဲ့သူတွေလို
သဘောထားနေသလား ? စစ်အာဏာရှင်လက်ထက်က တမျိုးလုပ်ခဲ့သေးတယ် ။။ (ဥပဒေ
ကဲ့သို့ အာဏာတည်သောအမိန့်) တဲ့လေ ။ လွှတ်တော်မရှိပဲ ဥပဒေပြုခွင့်မရှိတဲ့
စစ်တပ်က လုပ်ချင်တာလုပ်ဖို့ ဥပဒေ မဟုတ်ပဲ ၊ အမိန့်ကို အရူးကွက်ဖမ်းပြီး (
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်) တဲ့လေ ။ အမိန့်က အမိန့်ပဲ ။ဥပဒေမှ မဟုတ်တာ ။
ဒါကိုပဲ ဥပဒေကဲ့သို့ အာဏာတည် ရမယ်တဲ့ ။ ဥပမာ တစ်ခုပေးချင်တယ် ... သွေးသည်
နီ၏ ။ ခွေးသွေးသည်နီ၏ ။ထို့အတူ လူ၏သွေးသည်နီ၏ ။ နီတာချင်းတူ၏
...ဆိုတာမျိုးလိုဖြစ်နေပြီ ။ နီတာခြင်းတူတိုင်း ခွေးက လူမဖြစ်ဘူး ။
ခွေးကခွေးပဲ ။ လူကလူပဲ ။ ဥပဒေက ဥပဒေပဲ ။ အမိန့်က အမိန့်ပဲ ။ အမိန့်နဲ့
ဥပဒေပြုခွင့်မရှိသလို ဖျက်သိမ်းခွင့်လည်းမရှိဘူး ဆိုတာ မသိတာလား?
လူတစ်ဦးတယောက် ။ ကော်မရှင်တစ်ခု ၊ အဖွဲ့တစ်ခု ။ မည်သူ့သဘောနဲ့မှ
ဥပဒေပြုခွင့် မရှိပါဘူး ။ ဖျက်သိမ်းခွင့်မရှိပါဘူး ။ ဥပဒေပြုအာဏာသည်
ပြည်သူ့လွှတ်တော်မှာ တည်တယ်ဆိုတာကို ၊ မသိတာလား ။ ရူးချင်ယောင်ဆောင်ပြီး
နေတာလား ။ စာမတတ်လို့ လားလို့ မေးရင်နဲ့ မသိရင်မှတ်ထား ။ နိုင်ငံတော်
အမြင့်ဆုံး အာဏာသုံးရပ်ဖြစ်တဲ့ ( အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊
ဥပဒေပြုအာဏာ ) တွေဟာ ပြည်သူ့လွှတ်တော်မှာပဲတည်တယ်ဟေ့ ။
(အ.ဘ.ယ)
(အ.ဘ.ယ)
Labels:
ဆွေးနွေးပွဲ
Thursday, April 01, 2010
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဦးစီးကျင်းပပြုလုပ်တဲ့ (ဂျပန်လွှတ်တော် အတွင်းမှ) လက်ရှိမြန်မာ့အရေးဆွေးနွေးပွဲ။
Labels:
ဆွေးနွေးပွဲ
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။

ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
လက်ရှိအစိုးရရဲ့ အကြီးဆုံးအတိုက်အခံ NLD ရဲ့ ရွေးကောက်ပွဲဝင်မှု ရလာဒ်တွေကို ပြန်ငဲ့ကြည့်ရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနဲ့ အမတ် ၈၀ ရာခ...
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
အာဏာရှင်တွေ ည၈နာရီရောက်တိုင်း ကြေးစည်သံကြား ခွေးမခံသာသလို ဗန်းထုသံကြား လဒမခံသာရအောင် မောင်းကြဟေ့ ဟဲ့ခွေး ရှုးရှုး
-
ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား မင်းသုဝဏ် [၁၉၀၉ - ၂၀၀၄] ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့တွင် အဖ ကုန်သည် ဦးလွ...
-
ပဲခူးမြို့ Cap1 ဦးထုပ်စက်ရုံမှ အလုပ,်သမားများအား ဖိနှိပ်ခိုင်းစေမှုများအား တိုင်ကြားခြင်း .
-
ကောက်ကြကောက်ကြ အာဏာရှင်သူပုန်ခေါင်းဆောင် သားက သူ့အဖေ ခိုးထားတာလေးတွေ စွန့်ကျဲနေပြီ အဲ့ပိုက်ဆံလေးတွေနဲ့ ကျေနပ်မနေကြနဲ့ မင်းတို့ရဲ့ အနာဂါတ်သာ...
-
စစ်သားပဲကွာ စစ်တိုက်ရင်းသေတာ ဘာဆန်းလဲ.. အသက်နဲ့ ခန္ဓာ လှူထားပြီးပြီမို့လား.. သေတော့ ဒါနမြောက်သွားတာပေါ့.. ဘာရေးကြီး ခွင်ကျယ်လုပ်နေရမှာလဲ.. သေ...
-
すべて表示 自分用に作成 ၃၀-၀၆-၂၀၁၀ နအဖ စစ်အုပ်စု၏ မတရားသည့် ရွေးကောက်ပွဲ ဥပဒေများ ကန့် ကွက်ဆန္ဒပြခြင်းနှင့် မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၈၅)လ ပြည်...
-
(၁) ငါတို့ မြန်မာတွေကြည့်ေ နမှန်းသိလို့.. မြန်မာ-ဗီယက်နမ် ဘောလုံးပွဲထုတ်လွှင့်မှုထဲမှာ.. မင်းတို့ရဲ့ မီးရောင်ထိန်နေတဲ့ မြို့ကြီးတွေ လမ်းမြ...
-
ဓါတ်ပုံများဆက်၍ကြည့်ရန်အောက်သို့ဆွဲချပါ ဓာတ်ပုံ ဒီမိုဝေယံ. .
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988