Showing posts with label သတင်း-ပြည်တွင်း. Show all posts
Showing posts with label သတင်း-ပြည်တွင်း. Show all posts

Thursday, December 29, 2011

ရန်ကုန်မြို့ ကူးတို့ဆိပ်ရပ်ကွက်က ဂိုဒေါင် ပေါက်ကွဲမှု

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း ၊ ပုဇွန်တောင် ချောင်း အနီးမှာ ရှိတဲ့ ဂိုထောင်တွေ မီးလောင်ပေါက်ကွဲမှု ဖြစ်ပါတယ်။ ၂၉-၁၂-၂၀၁၁ နေ့ ၀၁း၁၅ နာရီခန့်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ၀၂း၀၀ နာရီမှာ ကျယ်လောင်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ၄င်းပေါက်ကွဲသံဟာ ရန်ကုန်မြို့ မြို့နယ် အတော်များများ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊... ကမာရွတ်၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊ သင်္ကန်းကျွန်း စတဲ့ မြို့နယ်က တိုက်ခန်းတွေ လှုပ်ခါခဲ့ပါတယ်။ ပေါက်ကွဲ လွင့်စင် ထွက်လာတဲ့ အရာတွေ ထိမှန်ပြီး အနည်းဆုံး ၄၀ ဦးထက် မနည်း သေဆုံးတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ပုဇွန်တောင်ချောင်းအတွင်း ဆိုက်ကပ်ထားတဲ့ စက်လှေ၊ သမ္မာန်တွေပေါ်က လူတွေကော လှေတွေပါ တော်များများ ထိမှန်ခဲ့ပါတယ်။ ပေ ၁၀၀၀ ၀န်းကျင်ခန့်မှာရှိတဲ့ အိမ်များလည်း မီးမလောင်ပေမယ့် ပေါက်ကွဲတဲ့အရှိန်ကြောင့် ပျက်စီးကုန်ပါတယ်။ မီးလောင်ရာသို့ မီးသတ်ကား အစီး ၇၀ ခန့် လာရောက်ငြိမ်းသတ်နေပါတယ်။ နံနက် ၀၃း၀၀ နာရီလောက်မှာ မီးညွန့်ကျိုးသွားပါတယ်။
News and Photo from Burma VJ Media Network

Monday, September 12, 2011

စစ်အစိုးရအသွင်ပြောင်း အစိုးရသစ်အတွက် အိပ်ထဲထည့်နိုင်မည့် ၀ါးကြောအသစ်တွေ့

နှစ် ၃၀ ခန့် ထုတ်နိုင်သည့်ရွှေကြောသစ် ရွှေတြိဂံတွင်တွေ့ရှိ
 အသေးစား ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ပါက နှစ်ပေါင်း ၃၀ ခန့်ရှာဖွေထုတ်လုပ်နိုင်သော ရွှေကြောသစ်ကို မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်အနီးတွင် အဆင့်မြင့်နည်းပညာသုံး၍ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန အငြိမ်းစားပါမောက္ခ ဦးစိုးသိန်းက ပြောကြားသည်။ မိုင် ၂၀ ကျော်ရှည်လျားသော ထိုရွှေကြောကို ထိုင်းနိုင်ငံ နယ်နိမိတ် အတွင်းမှ စတင်ကာ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း တာချီလိတ်မြို့နယ်တို့ကိုဖြတ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘက်သို့ ငုပ်ဆင်းသွားသော ရွှေကြောကြီးဖြစ်ပြီး ကျောက်ကြောရွှေ (ဗြုန်းရွှေ) အမျိုးအစား ဖြစ်ကြောင်း Adventure Metal International Mining ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာလည်းဖြစ်သူ ၎င်းကရှင်းပြသည်။ စမ်းသပ်ရရှိသော ရွှေတြိဂံရွှေကြောနှင့် ပတ်သက်ကာ လွန်ခဲ့သည ၁၀ နှစ်ခန့်က တည်းက သွားရောက်လေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း နည်းပညာနှင့် စက်ပစ္စည်းများ မပြည့်စုံခဲ့သည့်အတွက် ယမန်နှစ်အတွင်းက စတင်၍ ဂြိုဟ်တုစက်များဖြင့် စစ်ဆေးခဲ့ပြီးလွန်ခဲ့သော ရက်အနည်းငယ်အတွင်း အဖြေထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊  မြန်မာနိုင်ငံတွင် ရွှေကြောပေါင်း မြောက်မြားစွာရှိသော်လည်း လက်ရှိ စမ်းသပ်ချက်များအရ ရွှေကျင်ရွှေကြောသည် အကြီးမားဆုံးဖြစ်ကြောင်း ၎င်းကထပ်လောင်းရှင်းပြခဲ့သည်။ “နည်းပညာနဲ့ စနစ်တကျ ထုတ်မယ်ဆိုရင် ရွှေသားကြီးပဲ အနည်းဆုံးနှစ်တန် သုံးတန်အထက် ရနိုင်တယ်။ ထုတ်တဲ့ နည်းပညာမကောင်းရင်တော့ သိပ်ရမှာမဟုတ်ဘူး” ဟု ဦးစိုးသိန်းကဆိုကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ .

Sunday, September 11, 2011

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်စုကြည်မှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ နေအိမ်သို့ သွားရောက်အားပေးစကားပြော

ဒေါ်အောင်ဆန်စုကြည် သည် ယနေ့ နေ့လည် ၁၂း၁၅ မှ ၁း၃၀ မိနစ်အထိ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ နေအိမ်သို့ သွားရောက်ကာ မိသားစုဝင်များအား တွေ့ဆုံနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့ပါသည်..

Tuesday, September 06, 2011

တဂိုး နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်



ရန်ကုန်မြို့ အိန္ဒိယ သံရုံးမှာ ကျင်းပနေတဲ့ ဘင်္ဂါလီ စာဆိုကြီး ရာဘန္ဒြာ နသ်တဂိုး Rabindranath Tagore ရဲ့ နှစ် (၁၅ဝ) ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲကို မနေ့ ညနေပိုင်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ကြည့်ရှုခဲ့ပါသည်။


                    အိန္ဒိယ သံအမတ်ကြီး H.E. Dr. V.S.Seshadri နှင့် ဒေါ်အောင်ဆန်းစုကြည်
အိန္ဒိယသံရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ပထမဦးဆုံး အကြိမ် တရားဝင် ဖိတ်ကြားခဲ့တာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။ " ကျနော် ၂၀၀၅ ခုနှစ် ကတည်းက ထောင်လွတ်လာပြီး သိသလောက် ပြောရရင် အဖွဲ့ချုပ်က လုပ်တဲ့ နိုင်ငံရေး အခမ်းအနားတွေမှာ အိန္ဒိယ သံရုံးက တက်ရောက်လေ့ မရှိဘူး၊ အဖွဲ့ချုပ်နဲ့လည်း ထူးထူး ခြားခြား ဆက်ဆံတာ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက်မှာတော့ ဆက်ဆံမှု နည်းနည်းရှိလာတာ သတိထားမိပါသည်။

 မကြာခင်က အိန္ဒိယ ၀န်ကြီး လာခဲ့တုန်းကလည်း ပါလာတဲ့ အရာရှိကြီး တစ်ယောက် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံနှုတ်ဆက် ပါတယ်" အခုလို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ အစိုးရဘက်က တရားဝင် ဖိတ်ကြားတာကို မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေ ကလည်း ကြိုဆိုကြ ပါသည်။

 နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တဂိုးရဲ့ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲမှာ နိုင်ငံတကာ အနုပညာရှင်တွေနဲ့ မြန်မာ့ပန်းချီ အနုပညာရှင်တွေရဲ့ လက်ရာတွေကို ပြသထားပြီး စက်တင်ဘာလ (၂) ရက်ကနေ (၈) ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါသည်။