Monday, September 12, 2011

စစ်အစိုးရအသွင်ပြောင်း အစိုးရသစ်အတွက် အိပ်ထဲထည့်နိုင်မည့် ၀ါးကြောအသစ်တွေ့

နှစ် ၃၀ ခန့် ထုတ်နိုင်သည့်ရွှေကြောသစ် ရွှေတြိဂံတွင်တွေ့ရှိ
 အသေးစား ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ပါက နှစ်ပေါင်း ၃၀ ခန့်ရှာဖွေထုတ်လုပ်နိုင်သော ရွှေကြောသစ်ကို မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်အနီးတွင် အဆင့်မြင့်နည်းပညာသုံး၍ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန အငြိမ်းစားပါမောက္ခ ဦးစိုးသိန်းက ပြောကြားသည်။ မိုင် ၂၀ ကျော်ရှည်လျားသော ထိုရွှေကြောကို ထိုင်းနိုင်ငံ နယ်နိမိတ် အတွင်းမှ စတင်ကာ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း တာချီလိတ်မြို့နယ်တို့ကိုဖြတ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘက်သို့ ငုပ်ဆင်းသွားသော ရွှေကြောကြီးဖြစ်ပြီး ကျောက်ကြောရွှေ (ဗြုန်းရွှေ) အမျိုးအစား ဖြစ်ကြောင်း Adventure Metal International Mining ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာလည်းဖြစ်သူ ၎င်းကရှင်းပြသည်။ စမ်းသပ်ရရှိသော ရွှေတြိဂံရွှေကြောနှင့် ပတ်သက်ကာ လွန်ခဲ့သည ၁၀ နှစ်ခန့်က တည်းက သွားရောက်လေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း နည်းပညာနှင့် စက်ပစ္စည်းများ မပြည့်စုံခဲ့သည့်အတွက် ယမန်နှစ်အတွင်းက စတင်၍ ဂြိုဟ်တုစက်များဖြင့် စစ်ဆေးခဲ့ပြီးလွန်ခဲ့သော ရက်အနည်းငယ်အတွင်း အဖြေထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊  မြန်မာနိုင်ငံတွင် ရွှေကြောပေါင်း မြောက်မြားစွာရှိသော်လည်း လက်ရှိ စမ်းသပ်ချက်များအရ ရွှေကျင်ရွှေကြောသည် အကြီးမားဆုံးဖြစ်ကြောင်း ၎င်းကထပ်လောင်းရှင်းပြခဲ့သည်။ “နည်းပညာနဲ့ စနစ်တကျ ထုတ်မယ်ဆိုရင် ရွှေသားကြီးပဲ အနည်းဆုံးနှစ်တန် သုံးတန်အထက် ရနိုင်တယ်။ ထုတ်တဲ့ နည်းပညာမကောင်းရင်တော့ သိပ်ရမှာမဟုတ်ဘူး” ဟု ဦးစိုးသိန်းကဆိုကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ .

0 comments: