Monday, January 13, 2014

လုပ်ပိုင်ခွင့်တွေ ရမသွားဘူး၊ ပါမစ်တွေ ရမသွားဘူး၊ မြေကွက်တွေ ရမသွားဘူး၊ ကျိကျိတက် သူဌေးတွေ ဖြစ်မသွားဘူး

မြေကွက်တွေ ရမသွားဘူး၊
ကျိကျိတက် သူဌေးတွေ ဖြစ်မသွားဘူး၊
ဟုတ်တယ်….. ဒေါ်စုဘေးမှာ ကပ်ပြီး အကဲပိုတဲ့သူတွေရှိတယ်(ခင်ဗျားတို့ အမြင်)…….

ဒါပေမယ့် ဒေါ်စုဘေးနား ကပ်လို့…..

အဘတွေနား ကပ်စား၊ ရက်စား၊ ဖားစားပြီး အဘဘယ်သွားသွား တကောက်ကောက်လိုက်၊ ခွင်လိုချင်လို့ ဂေါက်အတူရိုက်တဲ့ ယောင်္ကျားတွေလို… 

လုပ်ပိုင်ခွင့်တွေ ရမသွားဘူး၊

ပါမစ်တွေ ရမသွားဘူး၊

မြေကွက်တွေ ရမသွားဘူး၊

ကျိကျိတက် သူဌေးတွေ ဖြစ်မသွားဘူး၊

ဒေါ်စုဘေးနား ကပ်လို့….. 

အရာရှိ ကတော်တွေဆီမှာ နင်းနှိပ်၊ ကပ်ပေါင်းပြီး အပြင်သွားတိုင်း ဘေးက ထီးလိုက်မိုးပေးနေတဲ့ မိန်းမတွေလို… 

သူတို့ ယောင်္ကျားတွေ ရာထူး မြင့်မသွားဘူး၊

ဟိုက မသုံးတဲ့ လက်ဝတ်ရတနာတွေပေးလို့ ရွှေတန်းလန်း ငွေတန်းလန်း ဖြစ်မသွားဘူး၊

ဒေါ်စု ဝိတ်နဲ့ ရဲတွေ မတို့ရဲ မထိရဲတဲ့ ၂ လုံး ၃ လုံး ဒိုင်အဖြစ် လုပ်ခွင့် ရမသွားဘူး၊

သူတို့ ယောင်္ကျားတွေ ရပ်ကွက် အုပ်ချုပ်ရေးမှုး၊ မြို့နယ် အုပ်ချုပ်ရေးမှုးတွေ ဖြစ်မသွားဘူး၊

ကုန်ကုန် ပြောရရင် ဒေါ်စုနား ကပ်လို့ ဒေါ်စုဆီက ဘာအခွင့်အရေးမှ ရမသွားဘူး။

ဒေါ်စုနားက လူတွေက….

ကိုယ်ကျိုးအတ္တမပါဘဲ ဒေါ်စုကို မေတ္တာသန့်သန့်နဲ့ ဝန်းရံကြတာများတယ်၊

တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေတဲ့ ဒေါ်စုကို အရာရာ အဆင်ပြေ ချောမွေ့အောင် ဝန်းရံကြတာများတယ်၊

တိုင်းပြည်အတွက် အရာရာ အနစ်နာခံစွန့်လွတ်တဲ့ ဒေါ်စုကို သနား ဂရုဏာသက်လို့ ဝန်းရံကြတာများတယ်၊

ကိုယ်ကိုယ်တိုင်က တိုင်းပြည်အတွက် ကြီးကြီးမားမား ဘာမှ မလုပ်နိုင်သေးလို့ လုပ်နိုင်တဲ့ဒေါ်စုကို တိုင်းပြည်အကျိုး ပိုထမ်းဆောင်နိုင်အောင် ဝန်းရံကြတာများတယ်၊

အဲလို ဝန်းရံနေတဲ့သူတွေက သူတို့ လုပ်နိုင်သလောက် တစ်တပ်တစ်အား ကူညီပေးနေကြတာပါ၊

အဲလိုဘေးက ဝန်းရံတဲ့သူတွေ များလို့ ဒေါ်စုကို ကြည့်မရဖြစ်နေရင်တော့ မဟုတ်သေးဘူးထင်ပါတယ်။

ဗိုလ်ချုပ်တွေ ဗိုလ်ကတော်တွေဘေးက ကပ်ပါးတွေကပ်နေတာကိုတော့ တင့်တယ်တယ်ထင်ပြီး ဒေါ်စုဘေးမှာ ဝန်းရံတဲ့သူတွေကြောင့် ဒေါ်စုကို ကြည့်မရ ဖြစ်နေတာကတော့ ဒါဟာ မနာလိုစိတ် ကြီးထွားနေတာနဲ့ အတွင်းစိတ်ထဲက ပုပ်ပွနေတာသက်သက်လို့ ပြောလိုက်ချင်တယ်ဗျာ။

ဓါတ်ပုံ။  ။အမေစု ကလောသို့ ဟောပြောပွဲလာစဉ်

Photo :   : Ryo Miyaichan
ဟုတ်တယ်….. ဒေါ်စုဘေးမှာ ကပ်ပြီး အကဲပိုတဲ့သူတွေရှိတယ်(ခင်ဗျားတို့ အမြင်)……. ဒါပေမယ့် ဒေါ်စုဘေးနား ကပ်လို့….. အဘတွေနား ကပ်စား၊ ရက်စား၊ ဖားစားပြီး အဘဘယ်သွားသွား တကောက်ကောက်လိုက်၊ ခွင်လိုချင်လို့ ဂေါက်အတူရိုက်တဲ့ ယောင်္ကျားတွေလို… လုပ်ပိုင်ခွင့်တွေ ရမသွားဘူး၊ ပါမစ်တွေ ရမသွားဘူး၊ မြေကွက်တွေ ရမသွားဘူး၊ ကျိကျိတက် သူဌေးတွေ ဖြစ်မသွားဘူး၊ ဒေါ်စုဘေးနား ကပ်လို့….. အရာရှိ ကတော်တွေဆီမှာ နင်းနှိပ်၊ ကပ်ပေါင်းပြီး အပြင်သွားတိုင်း ဘေးက ထီးလိုက်မိုးပေးနေတဲ့ မိန်းမတွေလို… သူတို့ ယောင်္ကျားတွေ ရာထူး မြင့်မသွားဘူး၊ ဟိုက မသုံးတဲ့ လက်ဝတ်ရတနာတွေပေးလို့ ရွှေတန်းလန်း ငွေတန်းလန်း ဖြစ်မသွားဘူး၊ ဒေါ်စု ဝိတ်နဲ့ ရဲတွေ မတို့ရဲ မထိရဲတဲ့ ၂ လုံး ၃ လုံး ဒိုင်အဖြစ် လုပ်ခွင့် ရမသွားဘူး၊ သူတို့ ယောင်္ကျားတွေ ရပ်ကွက် အုပ်ချုပ်ရေးမှုး၊ မြို့နယ် အုပ်ချုပ်ရေးမှုးတွေ ဖြစ်မသွားဘူး၊ ကုန်ကုန် ပြောရရင် ဒေါ်စုနား ကပ်လို့ ဒေါ်စုဆီက ဘာအခွင့်အရေးမှ ရမသွားဘူး။ ဒေါ်စုနားက လူတွေက…. ကိုယ်ကျိုးအတ္တမပါဘဲ ဒေါ်စုကို မေတ္တာသန့်သန့်နဲ့ ဝန်းရံကြတာများတယ်၊ တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေတဲ့ ဒေါ်စုကို အရာရာ အဆင်ပြေ ချောမွေ့အောင် ဝန်းရံကြတာများတယ်၊ တိုင်းပြည်အတွက် အရာရာ အနစ်နာခံစွန့်လွတ်တဲ့ ဒေါ်စုကို သနား ဂရုဏာသက်လို့ ဝန်းရံကြတာများတယ်၊ ကိုယ်ကိုယ်တိုင်က တိုင်းပြည်အတွက် ကြီးကြီးမားမား ဘာမှ မလုပ်နိုင်သေးလို့ လုပ်နိုင်တဲ့ဒေါ်စုကို တိုင်းပြည်အကျိုး ပိုထမ်းဆောင်နိုင်အောင် ဝန်းရံကြတာများတယ်၊ အဲလို ဝန်းရံနေတဲ့သူတွေက သူတို့ လုပ်နိုင်သလောက် တစ်တပ်တစ်အား ကူညီပေးနေကြတာပါ၊ အဲလိုဘေးက ဝန်းရံတဲ့သူတွေ များလို့ ဒေါ်စုကို ကြည့်မရဖြစ်နေရင်တော့ မဟုတ်သေးဘူးထင်ပါတယ်။ ဗိုလ်ချုပ်တွေ ဗိုလ်ကတော်တွေဘေးက ကပ်ပါးတွေကပ်နေတာကိုတော့ တင့်တယ်တယ်ထင်ပြီး ဒေါ်စုဘေးမှာ ဝန်းရံတဲ့သူတွေကြောင့် ဒေါ်စုကို ကြည့်မရ ဖြစ်နေတာကတော့ ဒါဟာ မနာလိုစိတ် ကြီးထွားနေတာနဲ့ အတွင်းစိတ်ထဲက ပုပ်ပွနေတာသက်သက်လို့ ပြောလိုက်ချင်တယ်ဗျာ။ 

ဓါတ်ပုံ။ ။အမေစု ကလောသို့ ဟောပြောပွဲလာစဉ်
 Photo : : Ryo Miyaichan