Tuesday, January 07, 2014

ယနေ့အကြိုက်ဆုံ့သုံးသပ်ချက်

ဲမြစ်ဆုံကိုဆက်မလုပ်သင့်ဘူးဆိုတဲ့အချက်ဟာ စဉ်းစားစရာမလိုတဲ့ မလုပ်သင့်ဆုံးကိစ္စမှန်းက လေးတောင်သိပါတယ်.... အခုချိန်က မလုပ်သင့်တာတော့ဟုတ်ပြီ ဘယ်နယ်နည်းနဲ့ဖြေရှင်းမလဲဆိုတဲ့ အဆင့်ကိုရောက်နေပြီ ...... ခင်ဗျားပြောတဲ့အဆင့်က ကျန်ခဲ့တာနှစ်နှစ်လောက်ရှိပြီ . .. အခုက လုံးဝရပ်သွားအောင် ဘယ်လိုလုပ်မလဲဆိုတာပဲ ..... လက်ရှိသမ္မတက ဒီကိစ္စကြီးကို နိုင်ကွက်တစ်ခုလို ကိုင်ထားတယ်.....မီးပန်းဖောက်ပေးပြီး လေးရက်အကြာမှာ တရုတ်ကလည်း ရာဇသံကိုဒဲ့ပေးလာပြီ...

လက်ရှိအချိန်က မလုပ်တာတော့ဟုတ်ပြီ ဘယ်လို လုပ်ပြီး မလုပ်ခိုင်းမလဲဆိုတာပဲ...... မြစ်ဆုံကို တရုတ်က ခင်ဗျားတို့ရပ်ခိုင်ရင်ရပ်မှာပါပြီး ကလေးလိုဝယ်ခဲ့မယ်ထင်သလား

တိုက်ခန်းဝယ်ရင်တောင် စရံယူပြီးလို့ တိုက်ခန်းမပေးနိုင်ရင် စရံကိုနှစ်ဆပြန်လျော် ရမယ်ဆိုတာမျိုးထည့်ချုပ်တာဗျာ မြစ်ဆုံလို စီမံကိန်းကြီး အတွက် အလုပ်မဖြစ်ခဲ့ရင် ဘာတွေပေးရမယ်လို့ထင်လဲ...... 

နောက်တစ်ချက်နိုင်ငံရဲ့ဂုဏ်သိက္ခာဟာ ဧရာဝတီလောက်အရေးမကြီးဘူး ဆိုတဲ့တွေးခေါ်မှုပေါ့..... ကျနော်တို့ နောင်အရှည်သဖြင့်ရင်ဆိုင်ရမှာ ဒီပြည်ပစီမံကိန်းတစ်ခုတည်းမဟုတ်ဘူး...... မြန်မာပြည်ဟာ ဒီလို ကတိမတည်တဲ့နိုင်ငံဆိုရင် နောင်တစ်ချိန် ဝင်လာမယ့် ရင်းနှီးမြုပ်နှံမှုတွေ အတွက် စိုးရိမ်စရာဖြစ်မနေဘူးလား.....အဲဒါဟာ ဆင်းရဲနုံချာလှတဲ့ အရည်အသွေးမဲ့ အလုပ်သမားများပြားတဲ့ နည်းပညာနောက်ကျတဲ့ ကျနော်တို့နိုင်ငံအတွက် စီးပွားရေးတိုးတက်မှုမှာအကြီးမားဆုံးအဟန့်အတားဖြစ်လာမယ်

ကျနော်တို့စဉ်းစားရမှာက နိုင်ငံဂုဏ်သိက္ခာရော မြစ်ဆုံရော မဆုံးရှုံးမယ့်နည်းပဲဖြစ်တယ်.....

လက်ရှိအခြေအနေက သမ္မတနဲ့ အပေါင်းပါတွေက ဧရာဝတီကိုခြေတော်တင်တယ် ဗိုက်ထွက်လာမှ နောက်တက်လာမယ့်အစိုးရကို ဘော်လီဘောလှမ်းပုတ်တဲ့ အောက်တန်းကျခြင်းပဲ.......

ဒီအခြေအနေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့ဟာ ညှိနှိုင်းပြီး ရပ်ခိုင်မှပဲရမယ်

ကျွန်တော်တို့က လျော်ကြေးအဖြစ် မြေမပေးနိုင်သလို ဒေါ်လာဘီလီယျံထောင်ချီပြီးလည်းမပေးနိုင်ဘူး

ပေးရရင် လည်း သူတို့ စားထားခဲ့သမျှကို ကျုပ်တို့ပြည်သူကစိုက်လျော်ရမှာဖြစ်တယ် .......အခွန်တွေအဆမတန်မြင့်တက်လာနိုင်သလို........ နိုင်ငံသံယံဇာတကိုလည်း ပိုထုတ်ရောင်းပြီးလျော်ရမယ့်ဘဝရောက်သွားမယ်.....

အဓိကကတော့ ကျနော်တို့ ဘယ်လိုရောင်းထားသလဲဆိုတာ သေချာသိရင် ဘာတွေလျော်ရမယ်ဆိုတာသိလာမယ် ......နောက်တစ်ချက်ကစာချုပ်ထဲမှာဟာကွက်ရှိရင်ဒီဟာကွက်ကိုထောက်ပြီး ရပ်ခိုင်းနိုင်မယ်.....မလုပ်ဘူးကွာလို့ ကလေးလို ဖင်ပိတ်အော်နေလို့ပြီးတဲ့ကိစ္စမဟုတ်ဘူး..... သမ္မတက ခင်ဗျားတို့ကို အဲဒါကိုပေးခဲ့တာ .....ဖင်ပိတ်အော်လို့ဆိုင်ငံ့ပေးတယ် ဆိုတဲ့အကွက်ကိုချိုးထားတာ .....နောက်အစိုးရတက်လာလို့ မြစ်ဆုံကပြန်စပြီး ဖင်ပိတ်အော်ကြတာကို မရပ်ပေးနိုင်ရင် အဲဒီအစိုးရအက်ကွဲပြီပဲ

Credit
Ozzy Win
ငရဲသား