Thursday, November 21, 2013

မပြတ်မသားရင် အစိုးရမလုပ်နဲ့

ကုလသမဂ္ဂက ရိုဟင်ဂျာ (သူတို့အခေါ်) လူနည်းစုတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းတယ်ဆိုလို့ အလန့်တကြား ဖြစ်ကုန်ကြတယ်။ သိထားရမှာက ဒါက ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ ဆုံးဖြတ်ချက်သက်သက်ပါ။ မလိုက်နာရင် အရေးယူမယ်လို့ တွဲပါတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ 

ကုလသမဂ္ဂအထွေထွေ ညီလာခံက အစ္စရေးက ပါလက်စတိုင်းနယ်မြတွေ ပြန်ပေးဖို့ တိုက်တွန်းတာ ဆယ်ခါမကဘူး။ ဘယ်မှာ လိုက်နာလို့တုန်း။ မလိုက်နာလို့ကော ဘာဖြစ်လို့တုန်း။ ဘာမှ မဖြစ်ဘူး။ ဆိုလိုချင်တာက မလျော်ကန်တဲ့ ဖိအားပေးမှုကို ဘာမှ လန့်စရာလည်း မရှိဘူး။ 

ဒါ သူတို့သေချာမသိဘဲ ဝင်ရောက်စွက်ဖက်တာသာ ဖြစ်တယ်။ ဒီလို အထင်အမြင်လွဲအောင် ကိုယ့်ဘက်က ဘာသာရေးဖိနှိပ်မှုသဖွယ် လုပ်ခဲ့တော့ မျက်ရည်ချူသွားခဲ့တာကိုး။

ဖြစ်နေတာက အစိုးရရဲ့ ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ အဓိကရုဏ်းတွေမှာ မသိကျိုးကျွံ လုပ်ထားတယ်။ အမျိုး၊ ဘာသာ၊ သာသနာ ကြွေးကြော်သံကိုလဲ ၂၀၁၅အတွက် ကိုင်ထားချင်ဟန်ရှိတယ်။ ဒါပေမဲ့ ပြည်ပက ဖိအားတွေ ပေးရင်တော့ ပျော့ညံ့လွန်းပြန်တယ်။ အိုအိုင်စီလဲ အိုအိုင်စီမို့ အဝင်ခံခဲ့တယ်။ မကြာဘူး.. ဒီအသံထွက်လာတာဘဲ။ ။

အခု ကုလသမဂ္ဂက တိုက်တွန်းတာကို သမ္မတရုံး ညွန်မှူး ဦးဇော်ဌေး(မှူးဇော်)က "သူတို့ဟာ ဘင်္ဂါလီတွေ ဒါမှမဟုတ် မြန်မာတွေဖြစ်တယ်။ ဒီလူတွေကို ဥပဒေအရ နိုင်ငံသားပြုခွင့် ပေးထိုက်ရင်ပေးမယ်" ဆိုတာ ပျော့လွန်းတယ်။ အရင်က သူပဲ တုတ်ဆွဲ၊ ဓားဆွဲဖို့ လှုံ့ဆော်ဖူးသေးတယ်။ နိုင်ငံတကာနဲ့ တစ်မျိုး၊ ပြည်တွင်း အများကြိုက်ဆိုရှယ်မီဒီယာမှာ တစ်မျိုး.. မီးစတစ်ဖက် ရေမှုတ်တစ်ဖက်တွေ မကစားပါနဲ့တော့။

ဒီလူတွေဟာ မြန်မာပြည်ပေါက် လူမျိုးနွယ်စုသက်သက် တစ်ခုအနေနဲ့ တောင်းဆိုနေတာဖြစ်တယ်။ တကယ်တော့ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်က လူတွေနဲ့ အသွေးတူ အရောင်တူ ဘာသာတူ စကားတူတွေဘဲဖြစ်တယ်။ ဒီထဲက ရှစ်သိန်း နဲ့တင်ပြီးမှာ မဟုတ်ဘူး။ 

ဒါတွေဟာ မြန်မာတိုင်းရင်းသား ဆိုရင် ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးလည်း မြန်မာတိုင်းရင်းသား လက်ခံလိုက်တာနဲ့ အတူတူပါဘဲ။ ဒါက ရေတို ၂၀၁၅ ရွေးကောက်ပွဲအတွက်သာ ကြည့်ပြီး နိုင်ငံရေးကစားရမယ့် အချိန်မဟုတ်ပါဘူး။ 

အစိုးရနဲ့အတိုက်အခံကြား နိုင်ငံရေးအမြတ်ထုတ်ဖို့ ပြည်တွင်းမှာ မြှောက်ပေး၊ ပြည်ပမှာ ပြောသမျှ လိုက်လျောတာမျိုးက ဒီလိုအခြေဆိုက်လာတာဘဲ။ အပြောတစ်မျိုး အလုပ်တစ်မျိုးတွေ မလုပ်ဘဲ ပြတ်ပြတ်သားသား လုပ်ပါ။ မှန်မှန်ကန်ကန် လုပ်ရင် ပြည်သူတွေ ခင်ဗျားတို့ဘက်မှာ ရှိတယ်။

Credit - Lynn Hpone Thant