Sunday, August 11, 2013

မသေမချင်းမှတ်

Pa Yit
-စစ်သားတွေရှေ့တန်းမှာ အပင်ပန်းခံတာကို..လော်ဘီမလုပ်နဲ့..၊
အဲဒီ..စစ်သားမိသားစု နောက်တန်းမှာအဆင်ပြေပြေနေဖို့..
သန်းရွှေနဲ့ မင်းတို့..ဘာလုပ်ပေးနိုင်ကြလို့လဲ..ဆိုတာကိုအရင်ပြော..

-စစ်သားတွေတိုက်ပွဲကျတာကို..ဇတ်နာအောင်မဖွနဲ့.၊
ကျန်ရစ်သူမိသားစု..မကြောင့်မကျနေနိုင်ဖို့..
သန်းရွှေနဲ့မင်းတို့..အာမခံခဲ့ဖူးသလား..ဆိုတာကိုအရင်ပြော.၊

-ခြေပြတ်လက်ပြတ်ဒဏ်ရာရတာတွေကို ဓာတ်ပုံတင်ပြီးမပြနဲ့.၊
အဲဒီလူတွေ..တပ်ထဲကထွက်ပြီး..လမ်းဘေးမှာတောင်းစားနေတာ၊
စာအုပ်ရောင်းစားနေတာ..ဘာကြောင့်ဆိုတာ အရင်ဖြေရှင်း.၊

-စစ်သားတွေဆန်ကြမ်းစားရတာကို လိုက်မကြေငြာနဲ့..၊
ဦးသန်းရွှေနဲ့ ဘဘတွေ ထားစရာမရှိအောင်.
ဘာလို့ချမ်းသာကြလဲ..ဆိုတာ.အရင် သုံးသပ်ပြ.၊

-ပြည်သူက စစ်သားတွေကိုအမြင်မကြည်ဘူး..လို့လိုက်မအော်နဲ့၊
မင်းတို့စစ်သားအချင်းချင်း..၊ထောက်ပို့တပ်တွေ..၊ဂျီအီးတပ်တွေ၊
ဘာလို့ဇတ်တူသားစားရလဲ..ဆိုတဲ့အဖြေ အရင်ကြားချင်တယ်၊

- ဒေါ်စုက..ဘာ..နိုင်ငံရေးကဘာ..ဆိုတဲ့စကားတွေနဲ့ အာခေါင်လာမခြစ်နဲ့၊
မင်းတို့ စစ်တပ်ထဲမှာ..မင်းတို့ဘဘတွေလုပ်ထားတဲ့ ချီးထုတ်တွေကိုသာ.
ဝေဘန်ကြ..၊ထောက်ပြကြ..၊ရှင်းကြ၊ ပေါက်ကွဲကြ..၊ကျန်တာစိတ်မ၀င်စားနဲ့၊
ကိုယ့်အလုပ်ကိုလုပ်ကြ..၊

- "၈၈ အရေးအခင်းမှာ အမိန့်အရ.ပစ်ခတ်ရတာပါ".လို့တော့ဆင်ခြေမပေးနဲ့၊
အမိန့်ပေးတဲ့ကောင်တွေက...မင်းတို့ကိုလူလိုသူလိုထားခဲ့..လို့လား
ပြည်သူကပဲ..မင်းတို့ကို လူလိုသူလိုထားမှာဆိုတာ..
မသေမချင်းမှတ်ထား..၊

ဒါပဲ ၊
မသေမချင်းမှတ်
---------------

အမိန့်ပေးတဲ့ကောင်တွေက...မင်းတို့ကိုလူလိုသူလိုထားခဲ့..လို့လား၊

.