Thursday, August 15, 2013

သက်ဆိုင်သူများ သို

 Pa Yit's 
သက်ဆိုင်သူများ သို့
---------------------

ပြောစရာတစ်ခုတွေ့လို့ပြောတာပါ..

ကောင်းမြင့်ထွဋ်ပေါက်လွတ်ပဲစားပြောတာတစ်ပိုင်း..
အဲဒီအတွက် သူ့ကို ဝေဘန်ကြတယ်..၊

အဲဒါကို ဘာမဆိုင်ညာမဆိုင် 
ဒီ Hot News ဆိုတဲ့ ဂျာနယ်က..
အမြတ်ထုတ်တယ်..၊
ဂျာနယ်မျက်နှာဖုံး မှာ တင်ထားတဲ့ခေါင်းစဉ်က.
ကောင်းမြင့်ထွဋ်ပြောတာမှန်ပေမဲ့..၊
တမင်ကို ရည်ရွယ်ချက်နဲ့ လုပ်ထားမှန်းသိသာတယ်..၊

လွန်တာပေါ့ဗျာ..၊

ကောင်းမြင့်ထွတ်ကို ရော. 
Hot News ဂျာနယ်က တာဝန်ရှိသူတွေရော
ပြောပြချင်ပါတယ်..၊

"NLD ကကောင်တွေ ဘုရားလိုကိုးကွယ် တဲ့ဒေါ်စု " 
မဟုတ်ဘူးနော်...၊

-ဒေါ်စုက တိုင်းပြည်မွဲနေတဲ့ ကာလမှာ..
ဘုရင်ရူးရူးပြီး..၊မြို့သစ်တည်လို့...နေပြည်တော်  ဆိုပြီး.
နာမည်ပေးတာမရှိဘူး..၊

-ဘယ်သူကမှ...ဒေါ်စုကိုမြင်ရင် ခါးကိုမတ်နေအောင်ဆန့်ပြီး..
သတိဆွဲလို့..မျက်လွှာချ..တာမရှိဘူး..

-အလကားနေ..
သွားလေရာ..မီးတန်းပါတဲ့ ကားအစောင့်တွေနဲ့လဲ.
သွားတာမရှိဘူး..

-ဒေါ်စုနဲ့..တစ်တန်းတည်းလဲ မထိုင်ရဲတဲ့သူ..မရှိဘူး..

-ဒေါ်စု သားတွေ သမီးတွေ..မြေးတွေကို..
သမီးတော်..၊မြေးတော်..လို့..
 သောက်ရှက်မရှိ..ခေါ်ခဲ့ကြတာလဲမရှိဘူး..

-ဒေါ်စု သားသမီးတွေက..အရာရှိကြီးကတော်တွေကို..
အောက်ခံဘောင်းဘီလျှော်ခိုင်းတာလဲ..မရှိဘူး.၊

-ဒေါ်စုသားသမီးတွေက ၀န်ထမ်းကိုပါးရိုက်တာလဲမရှိဘူး၊
ကြိတ်ပြီး..အရေးမယူ.ရဲတဲ့သူတွေလဲ မရှိဘူး..

-ဒေါ်စု PA က သေနတ်နဲ့ ခြိမ်းခြောက်လို့.
သက်ဆိုင်ရာတွေ.ဘာလုပ်ရမှန်းမသိဖြစ်ပြီး..
.ခေါင်းခဲ..နေတာလဲ မရှိဘူး..၊

အရင်က ဘယ်သူတွေကို ဘယ်သူတွေက..
ခေါ်ခဲ့ ..ဖါးခဲ့ ဖူးဖူး မှုတ်ခဲ့တာ...သက်ဆိုင်သူတွေ..
အသိဆုံးပါ....၊

ဘုရားလို ဘယ်သူ့ကို ဘယ်သူတွေက..
ကိုးကွယ်ခဲ့ကြလို့..
ဘယ်ရာထူးတွေကို ရခဲ့ကြသလဲ..၊

ဒါတွေကိုလဲ တိတိကျကျလေး..
ဖေါ်ထုတ်ဟောပြော ရေးသားစေလိုပါတယ်..၊

ပြီးတော့...

-ဒေါ်စုက သမ္မတလဲမဟုတ်ဘူး..၊
-ဒေါ်စုက...ပါမစ်တွေ ချပေးနိုင်တာမရှိဘူး..
-ခိုးလို့ရတဲ့ ဘတ်ချက်တွေ..မချပေးနိုင်ဘူး..
-ရာထူးတွေ...ဒုတိယဗိုလ်ချုပ်ကြီးအပွင့်တွေဘာတွေ...
  မတင်ပေးနိုင်ဘူးနော်...သဘောပေါက်..၊
-လုပ်ပိုင်ခွင့်တွေ လက်မှတ်မထိုးနိုင်ဘူး..၊

အဲဒီအတွက်..၊

သူ့ကိုကိုးကွယ်တဲ့သူတွေ ရှိချင်ရှိမယ်..၊
တာပေမဲ့ ရပိုင်ခွင့် အခွင့်ရေးကြောင့် ကိုးကွယ်တာ
မဟုတ်တာတော့ သေချာတယ်..၊

ဘာကြောင့် ကိုးကွယ်လဲလို့မေးရင်..
သူ့အရည်အချင်းကြောင့်..တော်လို့ .
သူ့စေတနာကို နားလည်လို့..
မိခင်တစ်ယောက်ကဲ့သို့..
အားထားပြီး..ကိုးကွယ်ကြတာပဲဖြစ်ပါတယ်.၊

ဒါကိုလဲ ထောက်ပြကြလေ..၊

NLD ကကောင်တွေ တင်မဟုတ်ဘူး..
ပြည်သူတွေထဲမှာကို သူ့ကိုကိုးကွယ်တဲ့သူတွေ..ရှိပါတယ်..၊
မယုံရင်လေ့လာကြည့်စေလိုပါတယ်..၊

အဲဒီတော့..ဂျာနယ်ရဲ့...မျက်နှာဖုံးမှာ..
ကိုယ်လိုချင်တာကိုပဲ Highlight လုပ်ပြီး..
ရေးလိုက်တာကို..သဘောပေါက်ပါတယ်..

ဆော်လို့ရတုန်းလေး..
ကောင်းမြင်းထွဋ်ခေါင်းစဉ်လေးသုံးပြီး..
တွယ်လိုက်မယ်..ဆိုတဲ့ စိတ်ဓာတ်လေးလဲ..
ဖျောက်သင့်ပါပြီ...၊

သမိုင်းတရားခံဖြစ်ခဲ့တဲ့ သူတွေနဲ့ ပတ်သက်တဲ့..
စကား. အထအနကောက်စေမဲ့ မျက်နှာဖုံးလေးကိုလဲ
မြင်ချင်တယ်ဗျာ..၊

လုပ်စမ်းပါဦး...၊

Hot News က..ဟုတ်မလိုလိုနဲ့...