Friday, May 03, 2013

ဒေါ်စုပုံပါရင် ဆုမရွေးဖို့ ဆုံးဖြတ်လိုက်တဲ့ အမျိုးသား သတင်းဆု ကော်မတီ


ဒီနေ့ ညနေမှာ ပြုလုပ်မည့် အမျိုးသားသတင်းဆုပေးပွဲမှာ သတင်းဓါတ်ပုံ ကဏ္ဍမှာ အမေရိကန် သမ္မတ ကြီး အိုဘာမား နှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ဦး တွေ့ဆုံသည့် သတင်းဓါတ်ပုံ အား မြန်မာမှာသာမက ကမ္ထာကျော်ခဲ့တဲ့ သတင်းဓါတ်ပုံကောင်းတစ်ပုံ ပါ။ ယခုဓါတ်ပုံမှာ Independent Journal ကိုယ်စားပြု ၀င်ပြိုင်တဲ့ ဓါတ်ပုံကောင်းတစ်ပုံပါ။
ဓါတ်ပုံပညာရှင်များ ရွှေးချယ်ပေးလိုက်တဲ့ စံကာတင်စားရင်မှာ ထိပ်ဆုံးမှ အမှတ် အများဆုံးနှင့် ရွှေးချယ်ပေးထားတဲ့ ဓါတ်ပုံတစ်ပုံပါ။အ ပေါ်ပိုင်းက ကော်မတီ လူကြီးတွေက မူကို ကြည့်တာလား လူကိုကြည့်တာလားတော့မသိပါ ဒေါ်စုပုံဆိုရင် မရွှေးနဲ့ ပြန်ကြာရေး ၀န်ကြီး ကိုယ်တိုင်ဆုလာပေးမှာ ၀န်ကြီးစိတ်ခု သွားနိုင်တယ် ၀န်ကြီးနဲ့ လုပ်စရာတွေ အများကြီး ရှိသေး တယ် တခြားပုံသာရွှေးဆိုပြီးတော့ ကော်မတီက လူကြီးတစ်ယောက်က ဒီနေ့မနက်မှာ Park Royal မှာ ပြုလုပ်တဲံ့ World Press Day ပွဲမှာ ပြေားကြားသွားပါတယ်။ အံသြစွာ ကြားခဲ့ရပါတယ်။

Video ကဏ္ဍမှာလည်း ထိပ်ဆုံးပြေးနေတဲံ့ DVB, Mazzima, တို့ကို မရွှေးနဲ့ တို့ကို ပိုက်ဆံ သိန်းပေါင်း များစွာ လှူထားတဲ့ နာမည်ကြီး ပုဂလိက TV Channel ကိုသာရွှေး ဆိုပြီးတော့ အကုန် ဖွင့်ပြောသွားတော့ အရမ်းကို အံသြရပါတယ် ကော်မတီ အဖွဲ့ ၀င်ကြီးများရယ် ...

နောက်ပြီးကော်မတီမှာ ပါတဲ့ အဖွဲ့ဝင် ဂျာနယ်များမှာ သူ့ တပည့်များကို ညနေမှာ ဆုပေးတော့ မှာ ဖြစ်ပါတယ်။ နံမည်ကြီး 7 Day တို့ Eleven တို့ ၀င်မပြိုင်တာ မှန်ပါလားဆိုတာ အခုမှ သဘောပေါက်တော့တယ်။ ဓါတ်ပုံ စံကာတင် ၂ ဆုထဲက ဆုရမည့် ညီလေး တစ်ယောက်ကိုတော့ ကြိုတင်ပြီး Congratulation လုပ်ပါတယ်။ စံကာတင် ဆုစာရင်းထဲမှာ ထိပ်ဆုံးက ပါလာလို့ ဒီပုံ ဆုရမယ် ဆိုပြီးပြေားပေးတဲ့ အားပေးကြသော မိတ်ဆွေ သူငယ်ချင်း အားလုံးကို အထူးကျေးဇူး တင်ပါတယ်။

ရွှေအင်းသား ခင်မောင်ဝင်း (AP)


----------
Copy from အုတ်ခဲ
.