Friday, May 23, 2014

မြန်မာပြည်ကိုကယ်တင်ပေးပါ။

D . S . A ဆိုတာ
Defence Services Academy လေ - ဟုတ်တယ်ဟလား ? 

အဲဒီတော့ ရှင်းတယ်လေဗျာ -
Defence ဆိုတာ ကာကွယ်ရေးပဲ မဟုတ်လား !
အဲဒီတော့ ခင်ဗျားတို့ တိုင်းပြည်ကို ကာကွယ်ကြပေါ့ဗျ ၊ တိုင်းတပါးလက်မရောက်အောင်တို့ ...
သူ့ကျွန်မဖြစ်အောင်တို့ ... ဘာတို့ .. ပေါ့ဗျာ - အဲဒါပဲလုပ်ပေါ့ဗျ ၊ 
ဒါ ကိုယ့်အလုပ်ပဲဥစ္စာ ၊

အဲဒါ ဘာလို့ အခု အတင်းအုပ်ချုပ်ချင်နေကြတာလဲ !
ဘာလို့အုပ်ချုပ်နေကြတာလဲ !

ခင်ဗျားတို့ကို ကာကွယ်ရေးပညာပဲသင်ပေးလိုက်တာလေ - 

ဥပဒေပြုရေးတွေ 
တရားစီရင်ရေးတွေ 
အုပ်ချုပ်ရေး ပညာရပ်တွေသင်ပေးလိုက်ကြလို့လား !

အနုပညာအကြောင်း ၊ စာပေအကြောင်း ၊ ရုပ်ရှင် ဂီတ သဘင်ပညာ ၊ ယဉ်ကျေးမှူ့သုတေသန ၊ ဘဏ် ၊ ငွေကြေး ၊ စီးပွားရေး ၊ စီမံခန့်ခွဲရေး ၊ လူ့စွမ်းအားအရင်းအမြစ် - သဘာဝပတ်ဝန်းကျင် . . . . . . . .

ဘာပညာတွေများသင်ကြားတတ်မြောက်လာခဲ့လို့ ခင်ဗျာတို့ကချည်း ဝင်လုပ်နေကြတာလဲ !
ဝင်လုပ်ချင်ကြတာလဲ !

ဘာမှမသင်လာ မတတ်လာပဲ ဝင်လုပ်နေကြ ဝင်လုပ်ချင်ကြမှတော့ -
ဒီတိုင်းပြည် ဘယ်လိုကောင်းစားစရာရှိတော့မှာလဲ !
ဘယ်လို ဖွံ့ဖြိုးတိုးတက်တော့မှာလဲ ! . . . ..အခုလည်းမျက်မြင်ပဲလေ -

သဘောပေါက်ကြပါတော့ဗျာ . . .
နှစ်ပေါင်းများစွာလည်းခံစား စံစားခဲ့ကြပြီးပါပြီ ၊ တသက်မှာတခါ ဒီအချိန်ဒီအခါလေးတော့ နောက်ဆုံးအနေနဲ့ စေတနာလေးထားလိုက်ကြပါတော့ -

ကိုယ်တတ်တဲ့ပညာလေးနဲ့ ကိုယ့်အလုပ်ကိုလုပ်ရင်း ကိုယ့်ဂုဏ်ကိုယ် မြှင့်တင်တဲ့အနေနဲ့ရော -

မြန်မာပြည်ကို ကယ်တင်လိုက်ပါတော့ဗျာ ။

ဒါရိုက်တာမိုက်တီး၏ အပြင်းစား ရိုက်ချက်။

ဒီရက်ပိုင်း ဖေ့ဘုတ်မှာ DSA ကျောင်းဆင်းတွေအပေါ် အပြု သဘောဆောင်တဲ့ ဝေဖန်ခဲ့မှူကို စစ်တပ်မှ အရာရှိအချို့၏ ဒေါသဖြင့် ဆဲဆို တုန့်ပြန်မှူ အနည်းငယ် ခံရသော်လည်း ရိုင်းဆိုင်းချင်း မပြုရန် ပွင့်လင်းစွာ ထုတ်ဖေါ်ပြောလာခဲ့တဲ့ ဒါရိုက်တာမိုက်တီး ၏ အပြင်းစား ရိုက်ချက် မူရင်းပိုစ့်ပါ။