Friday, May 03, 2013

တရုတ်ပြည် မှာ ပုပ်သိုး အသား လိမ်ရောင်း မှု နဲ့  လူ ကိုးရာ ကျော် ကို ဖမ်းဆီးထား

ကြွက် နဲ့  မြေခွေး အသား တွေ ကို သိုးသား နဲ့  ဆိတ် သား ဆို ပြီး လိမ် ရောင်း မှု တွေ နဲ့  ဆက်စပ် တဲ့ ဂိုဏ်း တွေ ကို ဖြိုခွဲ ရာ မှာ လူ ၉၀၀ ကျော် ကို ဖမ်းဆီးထား တယ် လို့  တရုတ် နေ့ စဉ် သတင်း စာ မှာ
ဖော် ပြ ထား ပါတယ်။
ပုပ်သိုး သွား တဲ့ အမဲ သား တွေ နဲ့  လုပ်ထား တဲ့ အသင့်စား အမဲ နှပ်ဗူး
တွေ ကို ရောင်းချ တဲ့ အဖွဲ့  ကို လည်း တရုတ် ပြည် ကျန်စု ခရိုင် ထဲ မှာ
ဒီနေ့  မနက် အစော ပိုင်း ဖြို ခွဲ ဖမ်းဆီး ခဲ့ ပါတယ်။

ယွမ် ငွေ အား ဖြင့် ၁၀ သန်း ဒေါ်လာ ၁.၆၃ သန်း တန်ကြေး ရှိ တဲ့ ဒီဈေး
ကွက် ကို တရုတ် အစိုးရ က လအတန် ကြာ စုံ စမ်း ပြီး မှ ဖြို ခွဲ ခဲ့ တာ ဖြစ် ပါတယ်။

အသားတု တွေ လုပ် ရောင်း သလို အသား တွေ မှာ ဓာတုဗေဒ ဆေး
တွေ နဲ့  ရေထိုး ပြီး ရောင်းချ တာ တွေ လည်း လုပ် တယ် လို့  ဆို ပါတယ်။

နှစ်ဦး ပိုင်း က ကြက် ဥ နဲ့  အသားတု လုပ် သူ တွေ ကို ဖမ်းဆီး မှု ပြု ရာ
မှာ အသား တု တန် ချိန် ထောင်ပေါင်း များ စွာ ဖမ်းဆီး မိခဲ့ ပါတယ်။

Freedom News Group(Burma)
https://www.facebook.com/excellencemedia

အေးချမ်းမွန် Credit & Copy From >Freedom News Group(Burma)<Thank

.