Monday, May 05, 2008

နောက်ဆုံးရဆိုက်ကလုံးမုန်တိုင်းသတင်း

နောက်ဆုံးရဆိုက်ကလုံးမုန်တိုင်းသတင်း
၁။အင်းစိန်ထောင် လူ ၃၆ ဦးသေ၊ ၇၀ ဒါဏ်ရာရ
အကျဉ်းထောင် အတွင်းရှိ နှစ်ထပ်ဆောင် အဆောင် ၁ တွင် စနေနေ့ က အဆောင်ပေါ်သို့သစ်ပင်လဲပြိုကျ ၊ ထောင်ဆူပူမှုဖြစ် ထောင်လုံခြုံရေး တပ်ဖွဲ့များက ပစ်ခတ်မှု ဖြစ်ခဲ့သည်။
၂။ကွန်းခြံကုန်း တစ်မြို့နယ်လုံးတွင် လူတစ်ထောင်ကျော်ခန့်သေဆုံး
ကွန်းခြံကုန်း မြို့နယ်ရှိ ရွာ (၇)ရွာ၊ (၈)ရွာ ခန့်ရေကြီးပြီး ရေနှစ်သေဆုံးသူ လူ ၅၀၀၀ကျော်သေဆုံး၊ ကွန်းခြံကုန်း မြို့ပေါ်တွင်လည်း လူ ၅၀၀၀ကျော်သေဆုံးကြောင်း၊
၃။တွံတေးတစ်မြို.လုံးနီးပါးပျက်ဆီး
တွံတေးတစ်မြို.လုံးနီးပါးခန့်ပျက်ဆီး လူတစ်ထောင်ကျော်သေ ၊ တွံတေးဈေးအတွင်း
လုယက်မှုများဖြစ်ပွားရာ တာဝန်ရှိရဲများက ထိထိရောက်ရောက် မထိန်းသိမ်းနိုင်
၎၊ရန်ကုန်မြို့ နှင့် လှိုင်သာယာ သတင်း
မုန်တိုင်းကြောင့် ရန်ကုန်မြို့၌ သစ်ပင်ကြီးများ၊ ကြော်ငြာဆိုင်းဘုတ်များ ပြိုကျပျက်စီးကုန်ပြီး နေအိမ်များနှင့် အဆောက်အအုံအမိုးများ လွင့်ထွက်ကုန်ကြောင်း၊ လျှပ်စစ်မီး၊ တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ကုန်ကြောင်း ရန်ကုန်မြို့ခံတို့က ပြောသည်။
လှိုင်သာယာ တွင်လူ ၂၀ ကျော်သေဆုံကြောင်း နောက်ဆုံးဆက်သွယ်ပြေားကြားချက်အရ
သိရှိရသည်။

0 comments: