နိုင်ငံသားတိုင်း မေးရမည့် ပြည်သူ့ဆန္ဒခံယူပွဲမေးခွန်းများ
ဗညားဟံသာ / မတ် ၆၊ ၂၀၀၈။
၁။ ဤပြည်သူ့ဆန္ဒခံယူပွဲသည် ကျွန်ုပ်အပေါ်လည်းကောင်း၊ ကျွန်ုပ်မိသားစုနှင့်သားသမီးများအပေါ်လည်းကောင်း၊ ကျန်း မာရေး၊ ပညာရေးလုပ်ငန်းခွင် တရားမျှတရေးနှင့် အသက်မွေးဝမ်းကြောင်း ဖူလုံရေးအတွက် ယနေ့လက်ရှိ မြန်မာပြည် အစိုးရ(နအဖ)က လက်တွေ့ကျကျတွင် သက်သေပြပြီး ဘာတွေ ဆောင်ရွက်ခဲ့သလဲ။
၂။ ကျွန်ုပ်တို့ကျေးရွာ၊ ရပ်ကွက်မြို့ပြမြို့ကြီးများတွင် ကျောင်းများ၊ ဆေးခန်းများ၊ ဆေးရုံများနှင့် အားကစားကွင်းများတွင် အစိုးရမှ တိုက်ရိုက်ဆောင်ရွက်ပြီးပြုပြင်ပေးသောတာဝန်များကို ကျွန်ုပ်တို့ ဘယ်မျှ၊ ဘယ်လောက် အကျိုးခံစားခဲ့ရသလဲ။
၃။ ကျွန်ုပ်တို့ကို နှစ်ပေါင်း(၅၀)ကျော် အုပ်ချုပ်လာခဲ့သောအစိုးရများသည် တိုင်းပြည်ဘဏ္ဍာများ၊ အကောက်ခွန်ငွေများနှင့် တိုင်းပြည်မှ ထွက်ပေါ်လာသော အစွန်းအမြတ်သယံဇာတများ(သဘာဝဓါတ်ငွေ့ရေနံ၊ ကျောက်ပတ္တမြား၊ ရွှေ၊ သစ်တော) များကို ရောင်းချပြီး ၎င်းငွေများကို ဘယ်သူတွေက သုန်းဖြုန်းလာခဲ့ကြသလဲ။
၎။ ကျွန်ုပ်တို့ကို အုပ်ချုပ်လာခဲ့သောစစ်အစိုးရက ကျွန်ုပ်တို့အတွေ့အကြုံအရ ကျွန်ုပ်တို့၏အခြေခံလူ့အခွင့်အရေး နိုင်ငံ သားအခွင့်အရေးဖြစ်သော လွတ်လပ်စွာ ပြောဆိုရေးသားဆွေးနွေးခြင်း၊ မတရားသော၊ တရားမမျှတသော၊ လူသားချင်း စာနာထောက်ထားမှု မရှိသော ဥပဒေများကို တားဆီးကန့်ကွက်ခွင့် စသော နိုင်ငံရေးငြင်းခုံမှုများကို ပြောဆိုရေးသားလျှင် ဘာကြောင့် နအဖ စစ်အစိုးရက ကျွန်ုပ်တို့ကို အသက်အန္တရာယ် ဆက်လက်ပေးနေပါသလဲ။
၅။ ကျွန်ုပ်တို့နေ့စဉ် ရင်ဆိုင်နေရသောလူမှုရေးပြဿနာများဖြစ်သော ရောဂါထူပြောမှု၊ ရပ်ရွာတိုင်း၊ နေရာတိုင်း အကန့် အသတ်မရှိ အရက်သေစာ၊ ပြည့်တန်ဆာနှင့် ဖဲဒိုင်ထောင်ပေးမှု၊ ဒေသခံပြည်သူ့စစ် စသော လက်နက်ကိုင်ထားသော နအဖစစ်သားတွေ အနိုင်ကျင့်မှု၊ နိုင်ငံသားတွေအပေါ် အပေါ်စီးဖြင့် အကြမ်းဖက်နှိပ်စက်မှုတွေကို ဘယ်သူတွေကစပြီး လုပ်ထားပြီးတော့ ဘာကြောင့် အာဏာပိုင်တွေက ဥပဒေအရ တရားမျှတမှုကို အကာအကွယ် မပြုခဲ့သလဲ။
၆။ ကျွန်ုပ်တို့သဘောကျသောခေါင်းဆောင်များ၊ ကျွန်ုပ်တို့ရွေးချယ်တင်မြောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များ ကို ဆက်လက်ဖမ်းဆီးထောင်ချ၊ ကျွန်ုပ်တို့ခေါင်းဆောင်များကို ဆက်လက်ဖမ်းဆီးထောင်ချပြီး ကျောင်းသားခေါင်းဆောင် တွေလည်း နှစ်ပေါင်းများစွာ ထောင်ချပြီး နအဖစစ်အစိုးရ ဘာကြောင့် ဥပဒေမဲ့စွာ ကြိုးစားလုပ်ဆောင်လာခဲ့သလဲ။
၇။ ကျွန်ုပ်တို့တိုင်းရင်းသား မိခင်ဘာသာစကား၊ ကျွန်ုပ်တို့အမျိုးသားယဉ်ကျေးမှုနှင့် ကျွန်ုပ်တို့သမိုင်းရာဇဝင် စာပေအမွေ အနှစ်များကို ဖျက်ဆီးပယ်ဖျောက်သိမ်းပိုက်ပြီး အရာရာတိုင်း စေတီဘုရားကျောင်းကန်မှအစ တိုင်းပြည်ပိုင်ဆိုင် (မြန်မာ အပိုင်း)လုပ်ပြီး စစ်အာဏာရှင်များကို နေ့စဉ်နှင့်အမျှ ဘာကြောင့် ဤဖိနှိပ်မှုတွေ ဆက်လက် မထီမဲ့မြင် ပြမူလာခဲ့သလဲ။
၈။ ကျွန်ုပ်တို့ပိုင်ဆိုင်သော အိမ်ယာ၊ မြေယာ၊ ပစ္စည်းဘဏ္ဍာများကို စစ်အာဏာရှင်က အလိုရှိလျှင် အခမဲ့ပေးလိုက်ရ၊ ရှိသမျှ ရွှေငွေတွေကို စစ်တပ်က တောင်းလျှင် မပေးနေရ စသော မတရားမှုများကို ဘယ်သူတွေ ဘယ်တရားရုံးတွေက ကျွန်ုပ်တို့ ကို အကာအကွယ်ပြုပေးနိုင်ခဲ့သလဲ။ သူတို့ကိုယ်တိုင်က လုပ်ပိုင်ခွင့်ရှိပါသလား။
၉။ ကျွန်ုပ်တို့အဖွဲ့အစည်းကိစ္စနှင့် ကျောင်းသားအဖွဲ့အစည်းများတွင် နိုင်ငံသားတိုင်း တိုးတက်ကောင်းမွန်ရေး၊ တရာမျှတ ရေး၊ အချင်းချင်းသင့်မြတ်ပြီး အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ကြိုးပမ်းနေလျှက်နှင့်ပင် ဘာကြောင့် ဒေသခံ(အထက် လူကြီးတွေက) တားမြစ်ပိတ်ပင် ကန့်သတ်ပြီး ဘာမျှလုပ်ဆောင်ခွင့် မပြု၊ မပေးသလဲ။
၁၀။ ကျွန်ုပ်တို့မြန်မာပြည်တွင် စစ်အာဏာရှင်စနစ်နှင့် အရပ်သားအုပ်ချုပ်ရေး ဒီမိုကရေစီစနစ် အုပ်ချုပ်ရေးကို ရွေးချယ်ရာ တွင် ဘယ်သူတွေက ရွေးကောက်ပွဲ၊ ပြည်သူ့ဆန္ဒခံယူပွဲကို တရားမျှတစွာ လွတ်လပ်စွာ အကြမ်းဖက်မှုမရှိပဲ နိုင်ငံသားတိုင်း လွတ်လပ်စွာ မဲပေးပြီး ၎င်းမဲကို မလိမ်မညာ မကောက်ကျစ်ပဲ ဆုံးဖြတ်ပေးနိုင်သလဲ။
၁၁။ ကျွန်ုပ်တို့မြန်မာပြည်တွင် နအဖမှ လက်နက်ကိုင်ဆောင်တပ်ဆင်ထားလျှင် အာဏာမှန်သမျှကို ချုပ်ကိုင်ထားပြီး ကင်း စောင့်ကြေး၊ တဲကားစောင်ကြေး၊ ရထားလမ်းစောင့်ကြေး၊ စစ်ဆင်ရေးထောက်ပံ့ကြေး၊ ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေးကြေး စသော အကောက်ကြေးငွေတွေကို ဘယ်သူတွေက ကောက်ယူပြီး ဘယ်သူ့လက်ထဲမှာ ငွေတွေ ဖြုန်းတီးခဲ့သလဲ။ လစာ ကျပ်ငွေ (၁)သိန်းသာရှိတဲ့စစ်သားအရာခံဗိုလ်တွေက ဇိမ်ခံပစ္စည်းတွေ ဝယ်ယူပြီး အပျော်အပါးလိုက်နေကြတာလဲ။ ဘယ်က ပိုက်ဆံကို အသုံးပြုလာခဲ့ကြသလဲ။
၁၂။ ကျွန်ုပ်တို့မြန်မာပြည်တွင် "အထက်အမိန့်"ဆိုတဲ့စကားကို ကြားရတိုင်း သာမန်နိုင်ငံသားတွေကြောက်ကြရတယ်။ ဘာ မှ အကျိုးအကြောင်းမရှိတဲ့"အထက်အမိန့်"ကို အသုံးပြုပြီး အဆမတန် ဆန်စပါးအဝယ်ဒိုင်ကောက်ယူ၊ ရာဘာအဝယ်ဒိုင် ကောက်ယူပြီး တနေ့လျှင် မိုးလင်းမိုးချုပ်အထိ ပင်ပန်းစွာ အလုပ်လုပ်ကြရတဲ့တောင်သူလယ်သမားတွေ ကုန်းကောက်စရာ မကျန်အောင် အခက်အခဲများစွာနှင့် သားသမီးတွေကို အသက်မွေးဝမ်းကြောင်း တာဝန်ယူပေးရတဲ့ နိုင်ငံသားတွေအပေါ် တရားမျှတမှုမရှိဘဲ အာဏာသုံးနေခြင်းဟာ တိုင်းပြည်အတွက် အခြေခံဥပဒေနှင့် ကျင့်သုံးတဲ့ဥပဒေတွေဟာ တရားမျှတပါ သလား။
၁၃။ ကျွန်ုပ်တို့မြန်မာပြည်တွင် "မှောင်ခိုပစ္စည်း"ဆိုပြီး ယိုးဒယားမှတင်သွင်းလာသော စက်မှုပစ္စည်း၊ ဆက်သွယ်ရေး တယ် လီဖုန်းကိရိယာ၊ မော်တော်ကားနှင့်ရုပ်မြင်သံကြားပစ္စည်းတွေကို "မှောင်ခိုပစ္စည်း" အဖြစ် သတ်မှတ်ပြီး နအဖစစ်တပ်က သိမ်းပိုက်ခဲ့တာဟာ တရားမျှတပါသလား။ နှစ်ပေါင်းများစွာ အသက်နှင့်ရင်းပြီး ပြည်ပမှာ အလုပ်လုပ်လာခဲ့တဲ့အကျိုးအမြတ် ကို စစ်တပ်က အပိုင်စီးယူလိုက်တာဟာ တရားမျှတပါသလား။
၁၄။ ကျွန်ုပ်တို့တိုင်းရင်းသားပြည်နယ်များတွင် နအဖစစ်တပ်၊ စစ်သားများ ဝင်ရောက်လာလျှင် မိန်းကလေးအမျိုးသမီးများ အေးချမ်းစွာ မနေရ ကြောက်ကြစိတ်တွေနှင့်အတူ လုပ်ကိုင်စားသောက်ရပြီး နအဖစစ်သားတွေက ခိုင်းလျှင် သူတို့ကို သောက်သုံးရေ၊ ထမင်းဟင်းမှအစ အနှိပ်အကွပ်အထိတောင် အလုပ်အကျွေးပြုခဲ့ရတာဟာ "တရားဥပဒေစိုးမိုးရေ"ဆိုတဲ့ နိုင်ငံတော်၏ဦးတည်ချက်တွေနှင့် ဘယ်လောက်များ အကာအကွယ်ပြုခဲ့သလဲ။ ဥပဒေချိုးဖောက်တဲ့စစ်သားတွေကို ဒေသခံ တိုင်းရင်းသားတွေက ဘယ်လောက် တိုင်တန်းခွင့် ပေးခဲ့သလဲ။
၁၅။ ကျွန်ုပ်တို့တက္ကသိုလ်ကျောင်း၊ ကောလိပ်ကျောင်းများတွင် နအဖထောက်လှမ်းရေးများ၊ ဘုန်းတော်ကြီးကျောင်းတိုက် စာသင်တိုက်များတွင်လည်း နအဖ လက်ပါးစေ (ကပ်ပါးများ)က ဝင်ရောက်မွှေနှောက်ပြီး ဘယ်သူတွေက ဘာတွေပြောဆို၊ ဘာတွေပြောပြီး ဘယ်(နအဖ) ညွှန်းကြားချက်တွေကို ဝေဖန်ပုတ်ခတ်ဆွေးနွေးနေတာကို နေ့စဉ်နေ့တိုင်း စုံစမ်းထောက် လှမ်းပြီး ခြိမ်းခြောက်မှုနှင့် အကွက်ဆင်ထောင်ချမှုတွေကို လုပ်နေခြင်းဟာ "နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက် ရေးသည် နိုင်ငံသားအားလုံး၏တာဝန်ပင် ဖြစ်သည်"ဆိုသော ဆောင်ပုဒ်နှင့်ကိုက်ညီပါသလား။ တိုင်းရေးပြည်ရေး ကောင်း စားတိုးတက်ရေးအတွက် ဘာမျှဆွေးနွေးတိုင်ပင်ခွင့်မရှိတဲ့မြန်မာပြည်တွင် ဤဆန္ဒခံယူပွဲဟာ ဆန္ဒလှည့်စားပွဲလား၊ ခံယူပွဲလား ပြတ်ပြတ်သားသား တိတိကျကျ မြန်မာနိုင်ငံသားများ နားလည်ပါသလား။
၁၆။ အမျိုးဘာသာသာသနာကို အကြောင်းပြုပြီး ကျွန်ုပ်တို့မြန်မာပြည်မှ ရဟန်းတော်များ၊ မယ်သီလရှင်များနှင့်ဗုဒ္ဓဘာသာ သူတော်စင်များက တိုင်းပြည်အကြပ်အတည်းကို ဖြေရှင်းဖို့ ကုန်ဈေးနှုန်းကျဆင်းဖို့၊ တိုင်းရေးပြည်ရေးအတွက် ဒေါ်အောင် ဆန်းစုကြည်နှင့်တွေ့ဆုံနွေးဆွေးဖို့ စတဲ့ နိုင်ငံသားတိုင်းတာဝန်အရ တောင်းဆိုဆန္ဒပြတာကို "အတုအယောင်ရဟန်း တော်"ဟု စွပ်စွဲပြီး အကြမ်းဖက်ပစ်သတ်ဖမ်းဆီး ထောင်ချခဲ့တာဟာ ဘယ်တရားရုံးက ပြည်သူတွေနှင့် ရဟန်းသံဃာအပေါ် အကာအကွယ်ပြုပေးနိုင်ခဲ့သလဲ။
၁၇။ ကျွန်ုပ်တို့မြန်မာပြည်အစိုးရဝန်ထမ်းများဟာ နအဖစစ်အစိုးရကို ကြောက်ရပြီး လုပ်ငန်းဆောင်တာများ နေ့စဉ် လုပ်ကြရတယ်။ အမှားတွေ့လျှင်လည်း ပြောဆိုတိုင်ပင်ခွင့်မရှိ။ ပြဿနာတွေ့လျှင်လည်း ဆွေးနွေးဖြေရှင်းခွင့်မရှိပဲ မလုံလောက်သောလစာဝင်ငွေနှင့်အသက်ရှင်ကြရတယ်။ နေထိုင်ကြရတယ်။ အစိုးရဝန်ထမ်းတွေ စစ်အစိုးရလက်အောက်မှာ ပိပိပြားပြား လုပ်ကိုင်တာဝန်ထမ်းဆောင်ရမည်ဟု ကျွန်ုပ်တို့နိုင်ငံသားများ ယုံကြည်ပါသလား။
၁၈။ မေလ ပြည်သူ့ဆန္ဒခံယူပွဲဟာ ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာရေးအတွက် အခြေခံလုပ်ငန်းစဉ် မဖြစ်လျှင် မဖြစ်သည် ဟု ယုံကြည်လျှင် ကျွန်ုပ်နိုင်ငံသားတိုင်းမှာ "ကန့်ကွက်မဲ"ပေးရန် တမျိုးသားတာဝန်ရှိသည် လက်ခံလျှင် အမှား အမှန် ဆုံးဖြတ်ကြပါ။
ဒီမိုကရေစီပေါ်ပေါက်လာရေးသို့ ချီတက်လျှက်
ဗညားဟံသာ
skip to main |
skip to sidebar
Tuesday, March 18, 2008
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
လက်ရှိအစိုးရရဲ့ အကြီးဆုံးအတိုက်အခံ NLD ရဲ့ ရွေးကောက်ပွဲဝင်မှု ရလာဒ်တွေကို ပြန်ငဲ့ကြည့်ရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနဲ့ အမတ် ၈၀ ရာခ...
-
ဂျပန်နိုင်ငံတွင်ယနေ့ ပြုလုပ်သောJAC ပုံမှန်အစည်းအဝေးသို့ အမေရိကန်အခြေစိုက်အပြည်ပြည်ဆိုင်ရာအကြမ်းဖက်မှုကင်းသော ရုန်းကန်လှုပ်ရှားရေးအဖွဲ့ (လ...
-
မိတ်ဆွေတို့ ... ကျွန်တော့် ဖခင် ကွယ်လွန်သူ သရုပ်ဆောင် ဒါရိုက်တာ ထွန်းထွန်းနိုင် (ခ) ဦး နောင်ထွန်းလွင် ဟာ ရခိုင် တစ်ဝက် စပ်ပါတယ်...
-
သတင်း - သျှမ်းသံတော်ဆင့်သတင်း သျှမ်းပြည်တပ်မတပ်မတော် တောင်ပိုင်...
-
မြန်မာလူမျိုး ကမ္ဘာ့ထိပ်သီး ပုဂ္ဂိုလ်ကြီးများ ပုံတောင် ပုံညာဒေသမှ နှစ်သန်းပေါင်း ၄၀ ရှိ ပရိုင်းမိတ်ရုပ်ကြွင်းများ တွေ့ရှိချက်အရ လူသားမျိုးနွ...
-
ဒီဇင်ဘာ ၂။ ကျားလေး ဂျပန်နိုင်ငံမှာတော့ ၈၇ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ နှင့် နှစ်(၆၀)မြောက်လွတ်လပ်ရေးနေ့  စိန်ရတုသဘင်အကြို ပွဲ ကို ဒီဇင်...
-
ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား မင်းသုဝဏ် [၁၉၀၉ - ၂၀၀၄] ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့တွင် အဖ ကုန်သည် ဦးလွ...
-
နိုင်ငံသားတိုင်း မေးရမည့် ပြည်သူ့ဆန္ဒခံယူပွဲမေးခွန်းများ ဗညားဟံသာ / မတ် ၆၊ ၂၀၀၈။ ၁။ ဤပြည်သူ့ဆန္ဒခံယူပွဲသည် ကျွန်ုပ်အပေါ်လည်းကောင်း၊ ကျွန်ုပ်မိသ...
-
Election Guide Type your summary here. Type the rest of your post here.
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
0 comments:
Post a Comment