skip to main |
skip to sidebar
မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပ ပြည်သူ့ကွန်ယက်ကြီး ဖွဲ့ရာမှာ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်၊ ကျယ်ပြန့် ခြင်းက အဓိကဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  မူဝါဒတွေ၊ လုပ်ကိုင်လှုပ်ရှားမှုတွေကို ကမ္ဘာတဝှမ်း သိရှိနိုင်စေမဲ့ အင်တာနက်စာမျက်နှာ တခုပေါ်ပေါက်လာတာကို သိပ်ကိုကျေနပ်မိပါတယ်။ ဒီစာမျက်နှာမှ တဆင့် မြန်မာနိုင်ငံဒီမိုကရေစီရေးကို အားသန်စွာ ထောက်ခံနေသူများ၊ ဒီမိုကေရစီရေးနဲ့ အဖွဲ့ချုပ်အကြောင်းကို ပိုမိုသိရှိလိုသူများနဲ့ ကျွန်မတို့ဆက်သွယ်ခြင်းအားဖြင့် ကျွန်မတို့အားလုံး မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကေရစီပြည်ထောင်စုကြီး ပိုပြီးမြန်ဆန်စွာ ပေါ်ထွန်းလာနိုင်မယ်လို့ ထင်မိပါတယ်။ ဒီအင်တာနက်စာမျက်နှာဖြစ်ပေါ်လာရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်ကြတဲ့ သူတွေအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အင်တာနက်စာမျက်နှာ အင်္ဂလိပ်လိုကြည့်ရန်
မြန်မာလိုကြည့်ရှူ့ရန်.
၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၂၈)ရက်
နအဖ စစ်အုပ်စုမှ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကျင်းပမည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်နိုင်ငံ အစိုးရနှင့်တကွ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်ပြုခြင်း မပြုလုပ်ရန် အတွက် တိုက်တွန်း တောင်းဆိုသည့် တတိယမြောက် နောက်ဆုံးနေ့ဆန္ဒပြလှုပ်ရှားမှုကို ဒီကနေ့၂၈-၁-၂၀၁၁နေ့တွင် နေ့လည်၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ ၈၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်း ဓါတ်ပုံမှတ်တမ်း။။ ကိုမိုင်ကျော်ဦး

.
( ၁ )
“ ရန်ကုန် ”
“ မဟာရန်ကုန် ” တဲ့လေ ...
ရန်အပေါင်းကုန်စင်တဲ့ အထိမ်းအမှတ်
အလောင်းဘုရား ကင်ပွန်းတပ်ခဲ့တဲ့မြို့။
( ၂ )
အဲ့ဒီမြို့ကြီးပေါ့ ... “မီဂါစီးတီး” တဲ့
ရွံစရာအနာကြီးနဲ့ ကိုယ့်အမြီးကိုယ်ပြန်မြို
ကိုယ့်အနာဖေး ကိုယ်ပြန်ခွာ
တစ်စက်လေးမှ မသာယာနိုင်တဲ့မြို့။
ယင်တလောင်းလောင်း ၊ ပြည်တစိုစို
ညနေညိုချိန် “အေ့”ခနဲ ယင်းထ
လှောင်ချိုင့်ထဲက ရုန်းမပြနိုင်သေးတဲ့မြို့။
အနာဂတ်နိုင်ငံတော်ကိုရည်စူး
ပင်လုံရေသောက်မြစ်အတွက်
သွေးမြေကျ အာဇာနည်တွေ
ခေါင်းမော့ရင်ကော့ လက်ပမ်းခတ်ခဲ့ဖူးတဲ့မြို့။
အောင်ကျော် ၊ ဖုန်းမော် ၊
ဝင်းမော်ဦး ... ၊ ..... ၊ ....
အာဏာရှင်စနစ်အောက်မှာ
ပလိုင်းပေါက်နဲ့ အိပ်မက်ကောက်ယင်း
“ မိုးပေါ်ထောင်မဖောက်ဘူး ” လို့ အပြောခံလိုက်ရတဲ့မြို့။
၆၂ - ၇၄ - ၇၆ - ၈၈ - ၉၆ - ၂၀၀၇
လောကဓံထွန်သွားရဲ့ ရိုက်ပုတ်မောင်းမဲမှုတွေကြား
နေသားတကျစီးမြော
သွေးကြွေးအထပ်ထပ် ၊ သမိုင်းအဆက်ဆက်
ဖွတ်သထက် ညစ်ပတ်လာတဲ့မြို့။
လူတစ်စုက သုဘရာဇာလုပ်
လူတစ်စုက ဂုပ်သွေးစုပ်ယင်း
ကျန်တဲ့ သတ္တဝါ ၆ သန်းကျော်က
ကိုယ့်အထုပ် ကိုယ်ပြန်ဖြည်ပြနေတဲ့မြို့။
သေနတ်ဖောက်သံကို ပန်းနဲ့ပေါက်သလောက်သဘောထား
ဆူးအထပ်ထပ်ကြားမှာ သွေးရည်လိမ်းကျံနေပေမယ့်
“ဟန် .. ကိုယ့်ဖို့ပါကွာ .. ” တဲ့
ရင်ဘတ်ပိန်ပိန်လေး ကောကော့ပြတတ်သေးတဲ့မြို့။
ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် လို့ ဆိုရမလား
တချို့က မင်္ဂလာ ၆ ကြိမ်ဆောင်နေချိန်
တချို့က နို့ညှာကလေးသေလို့တောင်မှ
မသင်္ဂြိုလ်နိုင်တဲ့မြို့။
ဒေါင်းယောင်ဆောင်သောကျီး
ခြင်္သေ့ယောင်ဆောင်ထားတဲ့ ဖွတ်
အဖြူအစိမ်းဝတ်လို့ လမ်းသလားပြ
ရေပေါ်ဆီလက်တစ်ဆုပ်စာက
ထူးခတ်တာခံလိုက်ရတဲ့မြို့။
ဘီယာဆိုင် ၊ မာဆက်
ညကလပ် နဲ့ ကေတီဗွီ
မာကျူရီမီးသီးတွေကြား
ပျော်တော်ဆက်တဲ့ညီမလေးတွေ
ဈေးကောင်းမရနိုင်သေးတဲ့မြို့။
တစ်ချိန်တုန်းကတော့
စင်္ကာပူနဲ့ အမွှာညီအမတဲ့
ခုကျတော့ ....
ဂိုချောက်တောင် ၊ ဟူဂျင်တောင်းတို့က
နှပ်ပစ် ၊ သလိပ်ဟပ်သမျှ ခံနေရတဲ့
အရပ်ပျက်မ သာသာ တတိယကမ္ဘာကမြို့။
နွေရာသီဈေးကွက် ၊ မြက်တုခင်းလေ့ကျင့်ရေးကွင်း
အသင်းပြောင်းရွှေ့ခ ၊ နိုင်ငံခြားသားနည်းပြ
ဂျိုလေးတသသ
ခွလေး တကြွကြွလုပ်
ဆန်မရှိ သောက်စားကြီး
သုဝဏ္ဏကွင်းထဲ လီး ၊ လချီး အတိုင်းခံရတဲ့မြို့
ငွေစကား ၊ ကြေးစကားပြောယင်း
“အနုပညာသမားပါ ...”လို့ ကိုယ့်ကိုကိုယ် တံဆိပ်ကပ်ဂုဏ်ဖော်
ဆိုက္ကားသမား နဲ့ အဆိုတော်
ထပ်တူညီအချိုးကျတဲ့မြို့။
“ဒုတိယတန်းတစ်နေရာ” မှာ
“ငါးကျပ်တန်တစ်ရွက် ” ကျပျောက်တုန်း
“မိုးလိုက်လို့ရွာ” ခံရ
ပိုးထိုးလောက်ကိုက် ၊ အခွံချည်းကျန်ခဲ့တဲ့မြို့။
မီးပျက် ၊ ဖုန်ထူ ၊ ရေမရှိ
“ရေမီးရှား” လို့အခေါ်ခံရတော့
ဆတ်ဆတ်ခါ နာလိုက်သေးရဲ့
အသည်းကြားက မဲတစ်ပြားအတွက်
လမ်းတစ်ခြမ်း ခင်း ခင်းပြတတ်
ကိုရီးယားဘာသာစာတန်းထိုး အိပ်မက်အသိုးတွေနဲ့မြို့။
ရာစုနှစ်ဝက်နီးပါးခြေတော်အတင်ခံ
နု တလှည့် ၊ ကြမ်းတဖုံ
လက်သရမ်းခံခဲ့ရပုံများ
ရင်ဘတ်စည်တီး ခါးစီးခံယင်း
လင်ကောင်ဖော်ရခက်နေတဲ့မြို့။
ဘူတာရုံမှာ သင်္ဘောကြီးတွေကပ်တယ်
လေယာဉ်ပျံကို ခဲနဲ့ပေါက်ယင် ထိမယ်
တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ....
မနက်တစ်နပ် ညတစ်နပ်
လက်ဖက်ရည်ဆိုင်မှာ အိပ်မက် မက်တတ်တဲ့မြို့။
ရှမ်းခေါက်ဆွဲ ၊ မာလာဟင်း
သမီးရည်းစား အတွဲများစွာ
တစ်ခါသုံးဆပ်ပြာနဲ့ တစ်ဆက်ရှင်စာဟိုတယ်ခန်းမှာ
စာရိတ္ထတွေ ကျ ကျပျောက်နေကြတဲ့မြို့။
လှည်းတန်းမီးပွိုင့်အရမ်းကြပ်သတဲ့
ဆင်ခြေဖုံးမို့ မီးဖြတ်သတဲ့
“စကော့ဈေး ၊ လေဟာပြင် ၊ သိမ်ကြီးဈေး ၊ တရုပ်တန်း”
ခုချိန်ထိ အကြွေ ၁၀၀ ပြန်မအမ်းနိုင်သေးတဲ့မြို့။
တတိယနိုင်ငံတွေဆီကလွင့်ဖိတ်လာတဲ့
ဆီဦးထောပတ်နံ့တွေရှုယင်း
ရေဒီယိုအစုတ်ကလေး ရင်မှာပိုက်
ဗိုက်ဟောင်းလောင်းနဲ့ ငိုက် တတ်သေးတဲ့မြို့။
“ကိုယ့်ဝမ်းနာ ကိုယ်သာသိပါ အမေရယ် ” တဲ့
ခဲတံကို တံတွေးဆွတ်ယင်းပြော
တောကအမေတွေဆီ စာလှမ်းလှမ်းရေးတတ်တဲ့
စားပွဲထိုး ၊ အိမ်ဖော်
လက်ပွေ့သည်လေးများ ပျော်စံရာမြို့။
“ မီဂါစီးတီး ” ဆိုတာ အဲ့ဒီမြို့ကြီးပါဘဲ။
( ၃ )
အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
တိုက်ပျော်၊ သေပျော်
ကျနော်အထင်ကြီးတဲ့ သူရဲကောင်းတွေရှိတယ်။
အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
ဟိန်းသံဟောက်သံမကြောက်တတ်တဲ့
ရဲရဲတောက်လူငယ်တွေရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
စည်းအထပ်ထပ် ၊ ရိုးအကာကာ
ပါဝါ ၅၄ လည်းရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
အပြန်နောက်ကျတဲ့သားကို
တံခါးဝခါးထောက်
မျက်နှာမာမာနဲ့ ငေါက်တတ်တဲ့
ကျနော့် မွေးမေမေ ရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
မှီခိုသူ ....
အမေ တစ် ၊ ညီ တစ် ၊ ညီမလေး တစ်
ကျနော်ချစ်ရတဲ့ အိမ်ကလေးရှိတယ်။
ဘာဘဲဖြစ်ဖြစ်
“ ရန်ကုန် ” ကိုတော့ စစ်မရှုံးစေချင်ဘူး
အဲ့ဒီ မီဂါစီးတီး မဟာရန်ကုန် ဆိုတာကြီးကို
ကျနော် ချစ်တယ် ။
မားဆိုး ( ၂၅၊ ၀၁၊ ၂၀၁၀ )
Post by Ye Thurein Min
.
၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၂၇)ရက်
နအဖ စစ်အုပ်စုမှ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကျင်းပမည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်နိုင်ငံ အစိုးရနှင့်တကွ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်ပြုခြင်း မပြုလုပ်ရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဒုတိယမြောက်ဆန္ဒပြလှုပ်ရှားမှုကို ဒီကနေ့၂၇-၁-၂၀၁၁နေ့တွင် နေ့လည်၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်း ဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်း။။ သတင်းနှင့်ပြန်ကြားရေးဌာန (NLD(LA)JB)
.
တချိန်တော့ လူတိုင်းကြုံရမှာပဲ
အမှန်တရားကို မေ့ကာမျက်နှာလွှဲ
ရှင်သန်ခြင်းလည်း မင်းအတွက်အခိုက်အတန့်လေးပါပဲ
ပိုင်ဆိုင်သမျှ တစ်ဘဝစာပဲ
သေရင် ပြစ်ထားခဲ့ရတာပဲ ဘာထူးလဲ
...* အချိန်ရှိခိုက် မင်းမျက်လုံးကို ဖွင့်
လိုအပ်ချက်တိုင်းအတွက် နားကိုစွင့်
စာနာခြင်းကင်းမဲ့တဲ့ လူ့ဘဝ အဓိပါယ်မဲ့
လူလူချင်း ချစ်မေတ္တာထား
ကူညီဖေးမကြမယ် ဒို့အနာဂါတ်အတွက်
ကျန်ရစ်သော ဘဝများစွာအတွက်
အတူလက်တွဲ အားပေးကာ ဆက်ချီတက်မယ် ....။
(ဟန်ထူးလွင် - Big Bag)
ကိုကျော်သူအားကျေးဇူးတင်ပါတယ်။
.
ယနေ့ ၂၀၁၁ခု၊ ဇန်နဝါရီလ၊(၂၆)ရက် နေ့တွင် ဆန္ဒပြပွဲကို ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ နအဖ စစ်အုပ်စုမှ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကျင်းပမည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်နိုင်ငံ အစိုးရနှင့်တကွ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်ပြုခြင်း မပြုလုပ်ရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြလှုပ်ရှားမှုကို တိုကျိုမြို့ရှိ ဂျပန့်လွှတ်တော်ရှေ့၌ မြန်မာနိုင်ငံ ဒီမိုကရစီကွန်ယက်(ဂျပန်)NDB-Japan မှ ဦးစီး၍ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုတောင်းဆိုပွဲသို့ ဂျပန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ(DJP)၏ အထက်လွှတ်တော် အမတ်လည်း ဖြစ်သော၊ အလုပ်သမားရေးရာ ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ လည်းဖြစ်သော၊ ဂျပန်နိုင်ငံ သံမဏိနှင့် စက်ရုံ အလုပ်သမားများ အဖွဲ့၏(JAM)၏ ဥက္ကဋ္ဌ လည်းဖြစ်သော မစ္စတာ TSUTA YATTARO၊ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံ အားပေးနေသော ဂျပန်အမတ်များ သမဂ္ဂ(GIREN)၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ အထက်လွတ်တော် အမတ် (ဂျပန် ဒီမိုကရက်တစ်ပါတီ) Mr.Azuma KONNOနှင့် ဂျပန်နိုင်ငံရှိ မြန်မာ့အရေးကို ထောက်ခံ အားပေးကြသော အဖွဲ့အစည်းအချို့မှ ဂျပန်လူမျိုးများလည်း လာရောက် အားပေး ထောက်ခံခဲ့ကြပါသည်။
သတင်းမှတ်တမ်း။ Mai Kyaw Oo၊ Aye Nandar Aung
ဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်း။သတင်းနှင့်ပြန်ကြားရေးဌာန(NLD(LA)JB)
ရုပ်သံမှတ်တမ်းများဆက်လက်ကြည့်ရှူ့လိုပါကဒီမှာနှိပ်.
သတင်းမှတ်တမ်း။ ဇော်ဇော်လှိုင်(ဒီဗီဘီ,သတင်း)
ဓါတ်ပုံနှင့်ရုပ်သံမှတ်တမ်း။ သတင်းနှင့်ပြန်ကြားရေးဌာန(NLD(LA)JB)
ရုပ်သံမှတ်တမ်းများအပြည့်အစုံကြည့်လိုပါက http://www.youtube.com/user/kopour1တွင်ဆက်လက်ကြည့်ရှူ့ပါ။
၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၂၄)ရက်။
သတင်းမှတ်တမ်း။ Mai Kyaw Oo
ဓါတ်ပုံနှင့်ရုပ်သံမှတ်တမ်း ။ သတင်းနှင့်ပြန်ကြားရေးဌာန(NLD(LA)JB) .
မေး။ ။ ကိုအောင်ဇော်ရှား ( နိုင်ငံရေးအကျဉ်းသားဟောင်း)
ထိုင်း၊မြန်မာနယ်စပ်မှာရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်းမှာ ငါးနှစ်နေခဲ့ပြီး အမေရိကန်နိုင်ငံကိုရောက်ခဲ့တာ တစ်လကျော်ပါပြီခင်ဗျာ၊ ဗမာနိုင်ငံမှာ အသက်ပြည့်သူတိုင်း စစ်မှုထမ်းဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အစိုးရက ပြဌာန်းလိုက်တယ်လို့ သတင်းရပါတယ် ခင်ဗျာ၊ ကျနော့်အနေနဲ့ စစ်မှုထမ်းဥပဒေက လွတ်မြောက်ခဲ့ပေမယ့် ပြည်တွင်းမှာရှိနေတဲ့ ကျနော်တို့ရဲ့ တိုင်းရင်းသား ညီအကို မောင်နှမများ ဒီစစ်မှုထမ်းဥပဒေမှာ ပိုလို့ ဆိုးတဲ့ဘဝတွေနဲ့ ရင်ဆိုင်ရမယ်လို့ ထင်ပါတယ်၊ အန်တီ့အနေနဲ့ ဒီဥပဒေအပေါ်မှာ ဘယ်လို ဆန္ဒသဘောထား ရှိပါသလဲဆိုတာကို ကျနော် မေးချင်ပါတယ်ခင်ဗျာ၊
ဖြေ။ ။ စစ်မှုမထမ်းမနေရ ဥပဒေဟာ မြန်မာနိုင်ငံလူငယ် လူရွယ်တွေ နဲ့ မိမိတို့ မိသားစုဝင်တွေအတွက် အင်မတန်မှ ပူပင်စရာ တွေဖြစ်နေပါတယ်၊ အန်တီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောကတော့ ဒီလို ဥပဒေမျိုးကို ထုတ်သင့် မထုတ်သင့် သေသေချာချာ စဉ်းစားရုံတင်မက အများပြည်သူနားလည်အောင် ရှင်းပြပြီး ပြည်သူတွေရဲ့ တုန့်ပြန်မှုကိုလည်း အလေးအနက်ထားဖို့လိုပါတယ်၊ မေး။ ။ ဦးစိန် (ဂျပန်နိုင်ငံ) မြန်မာနိုင်ငံရဲ့ တရားဥပဒေ ရိုင်းစိုင်းမှုရဲ့သရုပ်ကို ဖော်ထုတ်ပြသတဲ့အနေနဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့အဖွဲ့ဟာ ဒီလို မတရားတဲ့ တရားရုံးမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုခဲ့ရင်းက ပိုမိုကြီးလေးတဲ့ အပြစ်ဒဏ်ကို ချခံရမယ်ဆိုတာ သိသိကြီးနဲ့ အမှန်တရားအတွက် သူတို့ရဲ့ ဘဝတွေကို ထပ်မံပေးဆပ်ခဲ့ကြတယ်၊ ဥပဒေရေးရာကိစ္စတွေဟာ အချက်အလက်တွေ စည်းမျဉ်း ပုဒ်မတွေနဲ့ ဘောင်ခတ်ထားပြီးထားဖြစ်လို့မိုလို့ ဆုံးရှုံးနစ်နာမှုတွေကို ခံစားမှုနဲ့ တိုင်းတာခြင်းမဟုတ်ပဲနဲ့ အချက်အလက်ပုဒ်မတွေနဲ့ တိုင်းတာဖြစ်လို့မို့ ပိုပြီးတင်းကျပ်စွာ သရုပ်ဖော်နိုင်ပါတယ်၊ ဒါကြောင့်မို့လို့ လက်ရှိတရားစွဲခံ ပုဂ္ဂိုလ်များကို ကူညီကြမယ့် အန်န်အယ်လ်ဒီဥပဒေရေးရာအထောက်အကူပြု အဖွဲ့လုပ်ငန်းများအပြင် အန်န်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အနေ နဲ့ ဘဝစုံလူငယ်များကို Rule of Law တရားဥပဒေ ရက်တိုသင်တန်းပေးနိုင်မလားဆိုတာ သိလိုပါတယ်၊ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရစဉ်ကာလမှာ အန်န်အယ်လ်ဒီလုပ်ငန်းများ နှောင့်နှေးမှုနဲ့ မြန်မာ့ဒီမိုကရေစီရေး တုံ့ဆိုင်းမှု များ ခံစားခဲ့ရပြီး ဖြစ်လို့မို့ ခုလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် နောက်တဖန် ထိန်းသိမ်းခံရပြန်ရင် ယခင်ကိစ္စအဖြစ် မျိုး အန်န်အယ်လ်ဒီ မကြုံရလေအောင် ပြင်ဆင်ထား၊ မထားသိလိုပါတယ်၊ ကျေးဇူးတင်ပါတယ်၊
ဖြေ။ ။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဥပဒေစိုးမိုးရေးကို အင်မတန်မှ အလေးထားတာကြောင့်မိုလို့ ကျမတို့ ဥပဒေသင်တန်းတွေ ဟောပြောပွဲတွေလုပ်ခဲ့ပါတယ်၊ ဒိအပြင် ခုတလောမှာဆိုရင် ဥပဒေအကြောင်း ပိုပြီးသိချင်ပါတယ် ဆိုတဲ့ အသံတွေလည်း ကျမတို့ ကြားရပါတယ်၊ ၂၈ ရက်နေ့မနက်ကလုပ်ခဲ့တဲ့ အန်န်အယ်လ်ဒီမဟုတ်တဲ့လူငယ်များနဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ဆိုလို့ရှိရင်လည်း ဒီလိုအသံတွေပေါ်ထွက် လာပါတယ်၊ ဒါကြောင့်မို့လို့ ကျမတို့ရဲ့ ဥပဒေသင်တန်းတွေ ဥပဒေဟောပြောပွဲတွေကို တိုးချဲ့ပြီးလုပ်ဖို့ အစီအစဉ်ရှိပါတယ်၊ ကျမသာ အထိန်းသိမ်းခံရခဲ့လို့ရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆက်လုပ်နိုင်အောင် ဘယ်လိုစီစဉ်ထားလဲဆိုတာကို ဖြေရမယ်ဆိုလို့ရှိရင် ကျမတို့ဟာ လူတိုင်း လူတိုင်း ဟာကိုယ်ရဲ့အနေအထားအခြေအနေကို ကြည့်ပြီးတော့ လုပ်တတ် ကိုင်တတ်အောင် သင်ပေးတာဟာ အကောင်းဆုံးပဲ လို့ ထင်ပါတယ်၊ ဒီလိုဖြစ်ရင် ဒီလိုလုပ်ဆိုပြီးတော့ အလွတ်ကျက်ပြီးတော့သင်ပေးလို့ မရပါဘူး၊ စဉ်းစားဆင်ခြင်ပြီးတော့ သေသေချာချာ လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်မယ့်စွမ်းအားတွေရှိလာအောင် ကျမတို့ ကြိုးစားပြီးတော့လုပ်ပေးနေပါတယ်၊
မေး။ ။Ms. Elke Kuijper (နယ်သာလန်) မင်္ဂလာပါ ဒေါ်အောင်ဆန်းစုကြည်၊ / I'm very happy and can I ask you a question. An order to bring real change in Burma you need Unity, Unity between different ethnic group, Unity between Burmese people in General, and there are many also many different opposition working ........ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေအမှန်တကယ်ဖြစ်ပေါ်လာဖို့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေကြားမှာရော၊ မြန်မာလူထု အချင်းချင်းကြားမှာ ရော မြန်မာ့အရေးဆောင်ရွက်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကြားမှာပါ ညီညွတ်ရေးရရှိမှဖြစ်မယ် လို့ထင်ပါတယ်၊ အဲဒီလူပုဂ္ဂိုလ် အားလုံးကို ညီညွတ်အောင် ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်ဆောင်နေပါသလဲရှင်၊ အခုလို မေးမြန်းခွင့်ရတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်ရှင်၊
ဖြေ။ ။ ပြည်ပရောက်မြန်မာအတိုက်အခံအုပ်စုတွေကြားထဲမှာ ညီညွတ်မှုရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဟော်လန်က အယ်လ်ကာရဲ့ မေးခွန်းကို ကျမတို့ပြည်တွင်းမှာ ညီညွတ်မှုရအောင် ဘယ်လိုလုပ်နေသလဲဆိုတာကို ပြောရင်းနဲ့ ဖြေပါရစေ၊ အခုဆိုရင် ကျမတို့ဟာ ပြည်သူတွေ အများပါဝင်နိုင်မယ့် နိုင်ငံရေး လူမှုရေးကွန်ယက်တခုကို ထူထောင်ဖို့ ကြိုးစားနေပါတယ်၊ အဲဒီလိုထူထောင်တဲ့နေရာမှာ တူညီတဲ့သဘောထားတွေ အပေါ်မှာ အခြေခံပြီး လုပ်ငန်းတွေကို အတူလုပ်ဖို့ စပြီးတော့ ကြိုးစားနေပါတယ်၊ အဲဒီလိုကြိုးစားတဲ့နေရာမှာ အောင်မြင်မှုအတိုင်းအတာဟာ ရသင့်သလောက် စပြီးတော့ ရနေပြီလို့ ကျမ ပြောနိုင်ပါတယ်၊ အဲဒါကြောင့်မို့လို့ အဝေးမှာရောက်နေတဲ့အတိုက်အခံအုပ်စုများဟာလည်း တူညီတဲ့လုပ်ငန်းတွေကို တွဲပြီးလုပ်ရင်းနဲ့ ပိုပိုပြီး ညီညွတ်လာအောင် ကြိုးစားကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်၊
မေး။ ။ ကိုနေလင်း (အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်) ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ၊ လူငယ်ကွန်ယက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြည်ပမှာရှိတဲ့လူငယ်တွေကြားထဲမှာ နည်းနည်းလေး ရှုတ်ထွေး နေပါတယ်၊ ကိုမျိုးရန်နောင်သိန်းက အမေစုရဲ့ လမ်းညွန်မိန့်ကြား ဦးဆောင်မှုနဲ့ အမျိုးသား လူငယ်ကွန်ယက်ကို စတင်တည်ထောင် ထားတယ်လို့ ကျနော်တို့ ကြားလိုက်ရပါတယ်၊ တချိန်တည်းမှာပဲ အန်န်အယ်လ်ဒီ လူငယ်တွေဟာလည်း လူငယ်ကွန်ယက်လုပ်ပြီးတော့ လူမှုရေးလုပ်တာတွေ၊ သွေးလှူတာတွေလုပ်တယ်လို့ ထပ်ဖတ်ရပါတယ်၊ ကျနော်တို့ ပြည်ပမှာရှိနေတဲ့လူငယ်တွေအနေနဲ့ ပြည်တွင်းနဲ့ ချိတ်ဆက်ပြီး လုပ်ရှားမယ်ဆိုရင် နည်းနည်းလေး အမြင် ရှုတ်ထွေးမှုတွေဖြစ်လာပါတယ် ၊ ဘယ်သူနဲ့ ချိတ်ဆက်ပြီးလှုပ်ရှားမလဲဆိုတာကအစပေါ့၊ ဖြစ်နိုင်ရင် အန်တီစု အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းလေး ရှင်းပြစေချင်ပါတယ်ခင်ဗျာ၊ အန်တီစုကျမ်းမာပါစေ၊
ဖြေ။ ။ ကွန်ယက်ရဲ့သဘောတရားကတော့ အစုအဖွဲ့တွေ လူပုဂ္ဂိုလ်တွေဟာ မိမိတို့ ရည်ရွယ်ချက်နဲ့ လက်တွေ့ကျကျ လုပ်ဆောင်နေမှုတွေ အပေါ်မှာအခြေခံပြီး တဦးနဲ့ တဦးဆက်သွယ်ချင်းအားဖြင့် အင်အားကြီးမားခိုင်မာတဲ့ ပြည်သူ့ကွန်ယက် ကြီးတခုပေါ်လာဖို့ဖြစ်ပါတယ်၊ မြန်မာနိုင်ငံထဲမှာရှိတဲ့ လူငယ်အစုအဖွဲ့တွေ ဆက်သွယ်တဲ့အခါမှာ အန်န်အယ်လ်ဒီနဲ့ ပတ်သက်တဲ့အဖွဲ့ အန်န်အယ်လ်ဒီနဲ့ မပတ်သက်တဲ့ အဖွဲ့ရယ်လို့ ခွဲခြားတာမျိုးမဟုတ်ပဲ တူညီတဲ့ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေပေါ်မှာ အခြေခံပြီး ဆက်သွယ်ရမှာ ဖြစ်ပါတယ်၊ တဖွဲ့နဲ့ ဆက်သွယ် ထားလို့ နောက်တဖွဲ့နဲ့ မဆက်သွယ်ရ ဘူးဆိုတာလည်းမဟုတ်ပါဘူး၊ ဆက်သွယ်မှုတွေနည်းနည်း များများ ၊ အရေးကြီးတာက ခိုင်မာပြီး ပြည်သူ့ဒီမိုကရေစီရေးအတွက် အကျိုးရှိဖို့သာ လိုပါတယ်၊ အခုအချိန်မှာ အရင်ကမသိခဲ့ရတဲ့ လူငယ်အဖွဲ့ကလေးတွေ ပေါ်လာနေတာ တွေ့ရလို့ ဆက်သွယ်နိုင်တဲ့အဖွဲ့တွေအများကြီးလို့ ပြောနိုင်ပါတယ်၊
မေး။ ။ ဦးကျော်သိန်းစိုး (အင်ဒီယားနားပြည်နယ်) ကျောင်းဆရာတစ်ဦး ကျနော့်နာမည် ဦးကျော်သိန်းစိုးပါ၊ ကျနော် မြန်မာလူမျိုးပေါင်းခုနှစ်ထောင်လောက်ရှိတဲ့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းòမိ့မှာ နေပါတယ်၊ ကျနော် မြန်မာကလေးများ ပညာရေးတိုးတက်စေရန်အတွက် ပညာရေးပံ့ပိုးပေးသည့်လုပ်ငန်းကို အင်ဒီယားနားတက္ကသိုလ် မှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ဦးဆောင်ညွန်ကြားမှုပေးနေသူတဦးဖြစ်ပါတယ်၊ ကျနော် ၂ဝဝ၄ ခုနှစ်ကနေစပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ ဒီမိုကရေစီရေးóကိးပမ်းနေပုံကို သိမြင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပညာရေးပွဲတော်လို့ အမည်သတ်မှတ်ပြီးတော့ နှစ်စဉ် ဒေါ်စုရဲ့မွေးနေ့ မှာ ဒီတက္ကသိုလ်ကြီးမှာ တခမ်းတနားပြုလုပ်ပေးနေသူဖြစ်ပါတယ်၊ ကျနော်ရဲ့အလုပ်က မြန်မာကလေးများကို ပညာရေးပံ့ပိုးပေးတဲ့ အလုပ်ဖြစ်တဲ့ အတွက် ဒီòမိ့မှာရှိတဲ့မြန်မာကလေးပေါင်း တထောင့်ခြောက်ရာလောက်ဟာ မြန်မာနိုင်ငံရဲ့အကြောင်းကို အကန့်အသတ်နဲ့သော်လည်းကောင်း ဃဃနန မသိပဲဖြစ်နေတဲ့အတွက်သော်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့ကို ဘာပြောလိုပါ သလဲ၊ မြန်မာမိဘတွေကိုလည်း အမှာစကား ပေးပါ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ဖြေ။ ။ ကျမဟာ လူငယ်တွေပညာရေးကို အလွန်အရေးထားတာမို့ ဦးကျော်သိန်းစိုးက နှစ်စဉ် ကျမရဲ့မွေးနေ့မှာ ပညာရေး ပွဲတော်ကျင်းပပေးတယ်ဆိုတာကို ကျေးဇူးတင်တယ်၊ ကျေနပ်မိပါတယ်၊ တော်တော့ကိုကျေးဇူးတင်ပါတယ်၊ ဦးကျော်သိန်းစိုးရဲ့ ပညာရေး ပံ့ပိုးမှုလုပ်ငန်းတွေကိုလည်း အင်မတန်မှ လေးစားဂုဏ်ယူမိပါတယ်၊ မြန်မာနိုင်ငံက ကလေးတွေ နားလည်စေချင်တာကတော့ ဘယ်လို အကြောင်း ကြောင့်ပဲ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတာဖြစ်စေ ဖြစ်စေ ကိုယ့်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထားတတ်ရင် ကိုယ်ဟာပိုမို ပြီး တော့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်လာမှာပါ၊ ကိုယ့်ရဲ့ ဇစ်မြစ်ကို မငြင်းပယ်ပါနဲ့၊ မိဘတွေကလည်း ကလေးတွေဟာ အမြင်ကျယ်ပြီး မတူတဲ့ယဉ်ကျေးမှုတွေကို ခြုံငုံနားလည် သဘောပေါက်နိုင်အောင်သင်ပေးပါ၊ တနိုင်ငံအတွက်သာမဟုတ်ပဲ လူသားတို့နေထိုင်ရာ ဤကမ္ဘာကြီး အတွက် တန်ဖိုးရှိနိုင်တဲ့ သားသမီးတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးစေချင်ပါတယ်၊
မေး။ ။ စောဘလက်ဆင်ပါ၊ (အမေရိကန်ပြည်ထောင်စု) ကျနော် စောဘလက်ဆင်ပါ၊ အန်တီစုကို ကျနော်မေးချင်တာက ကျနော်တို့ ပြည်ပမှာ နိုင်ငံရေးခိုလှိုခွင့်နဲ့ နေထိုင်သူတွေ၊ ကိုယ့်မွေးရပ်မြေ အမိမြန်မာနိုင်ငံကို ပြန်လာချင်ပေမယ့် ဖမ်းဆီးမှုတွေ ရှိနိုင်တယ်ဆိုတာ သံသယဖြစ်စရာပါပဲ၊ ပြည်ပမှာ ခိုလှုံရင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီဆောင်ရွက်ရင်း အာရုံစိုက်ရင်းနဲ့ မြန်မာနိုင်ငံကိုလုံးဝပြန်မရောက်ရှာကြသူတွေလည်း ရှိပါတယ်၊ ကျနော်သိချင်တာက မြန်မာ့နိုင်ငံရေး ဘယ်လိုအခြေအနေမျိုးအထိ တိုးတက်ဖြစ်ထွန်းလာတဲ့အခါကျမှပဲ ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေ ခိုလှုံနေတဲ့သူတွေဟာ အမိမြေကို သံသယကင်းကင်းနဲ့ ပြန်လာနိုင်မှာလဲဆိုတာ သိချင်လို့ပါခင်ဗျာ၊ အန်တီစုကျမ်းမာပါစေ၊ ကြံဆောင်သမျှ မုချအောင်မြင်ပါစေ၊ ကျေးဇူးတင်ပါတယ်၊
ဖြေ။ ။ စောဘလက်ဆင်ဆိုတဲ့နာမည်လေးကို အန်တီ သိပ်ပြီးတော့သဘောကျမိပါတယ်၊ ဘုရားသခင် ကောင်းချီး မြောက်များစွာကို ခံယူရတဲ့ပုဂ္ဂိုလ်ဆိုတဲ့အဓိပ္ပါယ်ပေါ့နော်၊ စောဘလက်ဆင်မေးလိုက်တဲ့မေးခွန်းကလည်း မေးသင့်တဲ့မေးခွန်းပါ၊ နည်းနည်းလေး တော့လည်း ဝမ်းနည်းစရာကောင်းပါတယ်၊ နိုင်ငံခြားမှာ ခိုလှိုနေရတဲ့ ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေ ဘယ်တော့ မြန်မာနိုင်ငံကို အေးအေးချမ်းချမ်း လုံလုံ ခြုံခြုံနဲ့ ပြန်လာနိုင်မလဲဆိုတော့ တကယ်တော့ ဒီမှာ လုံလောက်တဲ့ နိုင်ငံရေးအာမခံချက်တွေရှိတဲ့ အခါမှပဲ ဖြစ်နိုင်မယ့် ကိစ္စပါ၊ ဒါကြောင့်မိုလို့ အန်တီတို့အနေနဲ့ အန်တီတို့နိုင်ငံသူ နိုင်ငံသားတွေ ဘယ်မှာပဲ ရောက်နေ ရောက်နေ ပြန်လာချင်တဲ့အချိန်မှာ ပျော်ပျော်ရွှင်ရွှင် လုံလုံခြုံခြုံ ယုံယုံကြည်ကြည်နဲ့ ပြန်လာနိုင်မယ့်အခြေအနေကို အမြန်ဆုံး ဖန်တီးနိုင်အောင်လို့ ကြိုးစားနေပါတယ်လို့တော့ ပြောပါရစေ။ .
နအဖ စစ်အုပ်စု၏ တရားဥပဒေမဲ့ လုပ်ဆောင်နေမှုများကို ဆန့်ကျင်လှုပ်ရှားသည့် ဆန္ဒပြပွဲနှင့် မတရား ဖမ်းဆီးခံနေရသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ နှင့်နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ ၌ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဇန္န၀ါရီလ(၂၁)ရက်နေ့  နေလည် ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
နအဖ စစ်အုပ်စုက လာမည့် ဒီဇင်ဘာ(၃၁)ရက်နေ့မှာ စစ်အာဏာရှင်စနစ်ကို တရားဝင် ကျင့်သုံးဖို့ လွှတ်တော် ခေါ်ယူကျင်းပသွားမည် ဖြစ်ပါသည် လွှတ်တော်ခေါ်တိုင်း ဒီမိုကရေစီအစစ် ပေါ်လာမည်မဟုတ်
၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ဒုတိယ အကြိမ်မြောက် ကိုမင်းကိုနိုင် နှင့် ကျောင်းသား ခေါင်းဆောင်များ မတရား အဖမ်းဆီးခံ ကြရသည့် လစဉ် ၂၁ ရက်နေ့ ကျရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်ဆောင် သွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် အင်အား ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
ဓါတ်ပုံ။။ကေသီသိန်း .
၂၀၁၁ ခုနှစ် ဇန္န၀ါရီလ (၉)ရက်။
ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ကရက်(လွတ်မြောက်နယ်မြေ-ဂျပန်)မှ တိုကျို Takadanobaba အရပ်ရှိ ,Shogatsu CENTER 4F , ၌ (၆၃)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား ကို ယနေ့ နံနက် ၉း၃၀ နာရီမှ ၁၂း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ကြပြီး ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ တာဝန်ရှိသူများတို့မှ တက်ရောက် ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်း။။ကိုမိုင်ကျော်ဦး
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum
ဓါတ်ပုံ။။ဇေယျာမင်းထွန်း
.
Monday, January 31, 2011
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အင်တာနက်စာမျက်နှာ(ဟုန်းပေ့)ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်၏ နူတ်ခွန်းဆက် သဝဏ်လွှာ
မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပ ပြည်သူ့ကွန်ယက်ကြီး ဖွဲ့ရာမှာ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်၊ ကျယ်ပြန့် ခြင်းက အဓိကဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  မူဝါဒတွေ၊ လုပ်ကိုင်လှုပ်ရှားမှုတွေကို ကမ္ဘာတဝှမ်း သိရှိနိုင်စေမဲ့ အင်တာနက်စာမျက်နှာ တခုပေါ်ပေါက်လာတာကို သိပ်ကိုကျေနပ်မိပါတယ်။ ဒီစာမျက်နှာမှ တဆင့် မြန်မာနိုင်ငံဒီမိုကရေစီရေးကို အားသန်စွာ ထောက်ခံနေသူများ၊ ဒီမိုကေရစီရေးနဲ့ အဖွဲ့ချုပ်အကြောင်းကို ပိုမိုသိရှိလိုသူများနဲ့ ကျွန်မတို့ဆက်သွယ်ခြင်းအားဖြင့် ကျွန်မတို့အားလုံး မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကေရစီပြည်ထောင်စုကြီး ပိုပြီးမြန်ဆန်စွာ ပေါ်ထွန်းလာနိုင်မယ်လို့ ထင်မိပါတယ်။ ဒီအင်တာနက်စာမျက်နှာဖြစ်ပေါ်လာရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်ကြတဲ့ သူတွေအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အင်တာနက်စာမျက်နှာ အင်္ဂလိပ်လိုကြည့်ရန်
မြန်မာလိုကြည့်ရှူ့ရန်.
Labels:
သတင်း(ပြည်တွင်း)
Sunday, January 30, 2011
၂၀၁၁-ခုနှစ်၊ ဇန်န၀ါရီလ(၃၀)ရက်နေ့
အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် နိုင်ငံအတွက်
အရေးတကြီးလိုအပ်နေသော တွေ့ဆုံဆွေးနွေးမှုအမြန်ဆုံးပေါ်ပေါက်စေရေးအတွက်စစ်အစိုးရကို
အစဉ်တစိုက်တောင်းဆိုနေသည်နည်းတူ ဂျပန်ရောက်မြန်မာဒီမိုကရေစီအင်အားစုများမှ အမျိုးသား
ပြန်လည်သင့်မြတ်ရေးတောင်းဆိုသည့်ဆန္ဒပြပွဲ အခမ်းအနားကို တိုကျိုမြို့၊ ရှိနာဂါဝါ၊မြန်မာစစ်အခွန်ရုံးရှေ့
တွင် ဒီကနေ့ ညနေ(၃-၀၀ မှ ၄-၀၀) အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ ဂျပန်၏အလွန်အေးချမ်းသည့်ရာသီဥတုကို အန်တု၍ ဂျပန်ရောက်မြန်မာဒီမိုကရေစီအင်အားစုများ ၁၀၀ကျော် ပူးပေါင်းဆန္ဒပြခဲ့ကြပါသည်။
သတင်းဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်း။။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
သတင်းနှင့်ပြန်ကြားရေးဌာန
Labels:
ဆန္ဒပြ/လှုတ်ရှားမှု မှတ်တမ်း
Saturday, January 29, 2011
ဂျပန်လွှတ်တော်ရှေ့ မြန်မာ့အရေးအား တိုက်တွန်း တောင်းဆိုဆန္ဒပြပွဲ တတိယနေ့
Labels:
ဆန္ဒပြ/လှုတ်ရှားမှု မှတ်တမ်း
Friday, January 28, 2011
ကောင်းကြသေးလား အရပ်ကတို့ရေ............ဘုန်းကြီးတရားပွဲမှာတောင် ကံစမ်းမဲဖောက်နေတယ်တဲ့ဗျာ........

ကံစမ်းမဲဖောက်ပေးသော
ယဉ်ကျေးမှုသည် စီးပွားရေး နယ်ပယ်မှ တရားပွဲသို့အထိ ပျံ့နှံ့ လာပြီဟု မင်္ဂ
လာတောင်ညွန့်မြို့နယ် ရှိ တရားနာပရိသတ်တစ်ဦးက ပြော
သည်။မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန် တော်ကလေး (အရှေ့ပိုင်း ရပ်ကွက်) ၉၁
လမ်း၊ ပုညသမ္ဘာ ရဓမ္မာရုံ၏ ဆဋ္ဌမမြောက် အထူး တရားပွဲကို ဇန်နဝါရီ ၁၁ မှ ၁၃ ရက်
အထိ ကျင်းပခဲ့ပြီး နောက်ဆုံး နေ့တွင် တရားနာ ပရိသတ်များ အား ကံစမ်းမဲ
ဖောက်ပေးခဲ့သည်။ အဆိုပါကံစမ်းမဲအစီအစဉ် တွင် တရားလာရောက်နာသူများ သာ ကံ
စမ်းခွင့်ရှိပြီး ၁၄ လက်မ တီဗီ၊အီးဗီဒီ၊ ကက်ဆက်၊ ပန်းကန်၊ အဝတ်ဘီရို၊
စောင် စသည့် လူသုံး ကုန်ပစ္စည်းများကိုမဲဖောက်
\ပေးခဲ့သည်။”ကျွန်မတို့လမ်းက ကျင်းပတဲ့ တရားပွဲကိုစည်ကားစေချင်တာရယ်၊
ဗုဒ္ဓဘာသာ မဟုတ်တဲ့သူတွေပါ စိတ် ဝင်စားမှုရှိလာအောင်ရယ်ကြောင့်
ကံစမ်းမဲအစီအစဉ်ကို ထည့်တာပါ” ဟု ၉၁ လမ်းနေ ပြည်သူတစ်ဦးက
ပြောသည်။ပြီးခဲ့သည့်နှစ် တရားပွဲတွင် ဘုရားဆင်းတုတော် ၉ ဆူကို
ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင် တရားပွဲဖြစ်မြောက်ရေး အတွက်
မတည်အလှူရှင်နှင့် လမ်းသူလမ်းသားများ၏ ထည့်ဝင် အလှူငွေ
ပိုမိုရရှိသည့်အတွက် အိမ်သုံးပစ္စည်းများကို ကံစမ်းမဲ
ဖောက်ပေးခြင်းဖြစ်ကြောင်း တရား ပွဲကျင်း ပသူများနှင့် ဓမ္မာရုံ ဂေါပက
အဖွဲ့ဝင်များမှာ ကံစမ်းမဲအစီ အစဉ်တွင် ပါဝင်ခွင့်မရှိကြောင်း
၎င်းကထပ်လောင်း ပြောသည်။ကန်တော်ကလေးတွင် တစ် လမ်းနှင့် တစ် လမ်း
တရားပွဲများကို အပြိုင် လုပ်ကြလေ့ရှိပြီး မိမိလမ်း၌ လုပ်သောတရားပွဲ
စည်ကားစေရန် အတွက် ကံစမ်းမဲ အစီအစဉ် ထည့်သွင်းခြင်းဖြစ်နိုင်ကြောင်း
ကန်တော် ကလေးတွင် နေထိုင်သူ တစ်ဦးကပြောသည်။’ ‘ငါတို့ ငယ်ငယ်ကတည်းက
တရားပွဲတွေအများကြီး နာဖူးခဲ့ပါ တယ်ဟယ်၊ ဆရာတော်ကြီးတွေ ဟောတဲ့တရားတွေ
နာလို့ ကောင်း မှကောင်း၊ ဒါပေမဲ့ ခုလိုကံစမ်းမဲ ဖောက် ပေးတာတော့ တစ်ခါမှ
မကြားဖူးပေါင်တော်၊ ခေတ်ကိုက ကံစမ်းမဲခေတ်မို့လို့လားတော့ မပြော တတ်ဘူး၊
တရားပွဲ တောင်ကံစမ်းမဲ ဖောက်နေကြတာ” ဟု ရှေ့မီ နောက်မီ အဖွားတစ်ဦးက ၄င်း၏
အမြင်ကိုပြောသည်။
Facebookမှ
ရန်ကုန်ပြန်တုန်း ရန်ကုန်ကပြောပြလို့ ကျနော်သိခဲ့ရတဲ့ ရန်ကုန်အကြောင်း
“ ရန်ကုန် ”
“ မဟာရန်ကုန် ” တဲ့လေ ...
ရန်အပေါင်းကုန်စင်တဲ့ အထိမ်းအမှတ်
အလောင်းဘုရား ကင်ပွန်းတပ်ခဲ့တဲ့မြို့။
( ၂ )
အဲ့ဒီမြို့ကြီးပေါ့ ... “မီဂါစီးတီး” တဲ့
ရွံစရာအနာကြီးနဲ့ ကိုယ့်အမြီးကိုယ်ပြန်မြို
ကိုယ့်အနာဖေး ကိုယ်ပြန်ခွာ
တစ်စက်လေးမှ မသာယာနိုင်တဲ့မြို့။
ယင်တလောင်းလောင်း ၊ ပြည်တစိုစို
ညနေညိုချိန် “အေ့”ခနဲ ယင်းထ
လှောင်ချိုင့်ထဲက ရုန်းမပြနိုင်သေးတဲ့မြို့။
အနာဂတ်နိုင်ငံတော်ကိုရည်စူး
ပင်လုံရေသောက်မြစ်အတွက်
သွေးမြေကျ အာဇာနည်တွေ
ခေါင်းမော့ရင်ကော့ လက်ပမ်းခတ်ခဲ့ဖူးတဲ့မြို့။
အောင်ကျော် ၊ ဖုန်းမော် ၊
ဝင်းမော်ဦး ... ၊ ..... ၊ ....
အာဏာရှင်စနစ်အောက်မှာ
ပလိုင်းပေါက်နဲ့ အိပ်မက်ကောက်ယင်း
“ မိုးပေါ်ထောင်မဖောက်ဘူး ” လို့ အပြောခံလိုက်ရတဲ့မြို့။
၆၂ - ၇၄ - ၇၆ - ၈၈ - ၉၆ - ၂၀၀၇
လောကဓံထွန်သွားရဲ့ ရိုက်ပုတ်မောင်းမဲမှုတွေကြား
နေသားတကျစီးမြော
သွေးကြွေးအထပ်ထပ် ၊ သမိုင်းအဆက်ဆက်
ဖွတ်သထက် ညစ်ပတ်လာတဲ့မြို့။
လူတစ်စုက သုဘရာဇာလုပ်
လူတစ်စုက ဂုပ်သွေးစုပ်ယင်း
ကျန်တဲ့ သတ္တဝါ ၆ သန်းကျော်က
ကိုယ့်အထုပ် ကိုယ်ပြန်ဖြည်ပြနေတဲ့မြို့။
သေနတ်ဖောက်သံကို ပန်းနဲ့ပေါက်သလောက်သဘောထား
ဆူးအထပ်ထပ်ကြားမှာ သွေးရည်လိမ်းကျံနေပေမယ့်
“ဟန် .. ကိုယ့်ဖို့ပါကွာ .. ” တဲ့
ရင်ဘတ်ပိန်ပိန်လေး ကောကော့ပြတတ်သေးတဲ့မြို့။
ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် လို့ ဆိုရမလား
တချို့က မင်္ဂလာ ၆ ကြိမ်ဆောင်နေချိန်
တချို့က နို့ညှာကလေးသေလို့တောင်မှ
မသင်္ဂြိုလ်နိုင်တဲ့မြို့။
ဒေါင်းယောင်ဆောင်သောကျီး
ခြင်္သေ့ယောင်ဆောင်ထားတဲ့ ဖွတ်
အဖြူအစိမ်းဝတ်လို့ လမ်းသလားပြ
ရေပေါ်ဆီလက်တစ်ဆုပ်စာက
ထူးခတ်တာခံလိုက်ရတဲ့မြို့။
ဘီယာဆိုင် ၊ မာဆက်
ညကလပ် နဲ့ ကေတီဗွီ
မာကျူရီမီးသီးတွေကြား
ပျော်တော်ဆက်တဲ့ညီမလေးတွေ
ဈေးကောင်းမရနိုင်သေးတဲ့မြို့။
တစ်ချိန်တုန်းကတော့
စင်္ကာပူနဲ့ အမွှာညီအမတဲ့
ခုကျတော့ ....
ဂိုချောက်တောင် ၊ ဟူဂျင်တောင်းတို့က
နှပ်ပစ် ၊ သလိပ်ဟပ်သမျှ ခံနေရတဲ့
အရပ်ပျက်မ သာသာ တတိယကမ္ဘာကမြို့။
နွေရာသီဈေးကွက် ၊ မြက်တုခင်းလေ့ကျင့်ရေးကွင်း
အသင်းပြောင်းရွှေ့ခ ၊ နိုင်ငံခြားသားနည်းပြ
ဂျိုလေးတသသ
ခွလေး တကြွကြွလုပ်
ဆန်မရှိ သောက်စားကြီး
သုဝဏ္ဏကွင်းထဲ လီး ၊ လချီး အတိုင်းခံရတဲ့မြို့
ငွေစကား ၊ ကြေးစကားပြောယင်း
“အနုပညာသမားပါ ...”လို့ ကိုယ့်ကိုကိုယ် တံဆိပ်ကပ်ဂုဏ်ဖော်
ဆိုက္ကားသမား နဲ့ အဆိုတော်
ထပ်တူညီအချိုးကျတဲ့မြို့။
“ဒုတိယတန်းတစ်နေရာ” မှာ
“ငါးကျပ်တန်တစ်ရွက် ” ကျပျောက်တုန်း
“မိုးလိုက်လို့ရွာ” ခံရ
ပိုးထိုးလောက်ကိုက် ၊ အခွံချည်းကျန်ခဲ့တဲ့မြို့။
မီးပျက် ၊ ဖုန်ထူ ၊ ရေမရှိ
“ရေမီးရှား” လို့အခေါ်ခံရတော့
ဆတ်ဆတ်ခါ နာလိုက်သေးရဲ့
အသည်းကြားက မဲတစ်ပြားအတွက်
လမ်းတစ်ခြမ်း ခင်း ခင်းပြတတ်
ကိုရီးယားဘာသာစာတန်းထိုး အိပ်မက်အသိုးတွေနဲ့မြို့။
ရာစုနှစ်ဝက်နီးပါးခြေတော်အတင်ခံ
နု တလှည့် ၊ ကြမ်းတဖုံ
လက်သရမ်းခံခဲ့ရပုံများ
ရင်ဘတ်စည်တီး ခါးစီးခံယင်း
လင်ကောင်ဖော်ရခက်နေတဲ့မြို့။
ဘူတာရုံမှာ သင်္ဘောကြီးတွေကပ်တယ်
လေယာဉ်ပျံကို ခဲနဲ့ပေါက်ယင် ထိမယ်
တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ....
မနက်တစ်နပ် ညတစ်နပ်
လက်ဖက်ရည်ဆိုင်မှာ အိပ်မက် မက်တတ်တဲ့မြို့။
ရှမ်းခေါက်ဆွဲ ၊ မာလာဟင်း
သမီးရည်းစား အတွဲများစွာ
တစ်ခါသုံးဆပ်ပြာနဲ့ တစ်ဆက်ရှင်စာဟိုတယ်ခန်းမှာ
စာရိတ္ထတွေ ကျ ကျပျောက်နေကြတဲ့မြို့။
လှည်းတန်းမီးပွိုင့်အရမ်းကြပ်သတဲ့
ဆင်ခြေဖုံးမို့ မီးဖြတ်သတဲ့
“စကော့ဈေး ၊ လေဟာပြင် ၊ သိမ်ကြီးဈေး ၊ တရုပ်တန်း”
ခုချိန်ထိ အကြွေ ၁၀၀ ပြန်မအမ်းနိုင်သေးတဲ့မြို့။
တတိယနိုင်ငံတွေဆီကလွင့်ဖိတ်လာတဲ့
ဆီဦးထောပတ်နံ့တွေရှုယင်း
ရေဒီယိုအစုတ်ကလေး ရင်မှာပိုက်
ဗိုက်ဟောင်းလောင်းနဲ့ ငိုက် တတ်သေးတဲ့မြို့။
“ကိုယ့်ဝမ်းနာ ကိုယ်သာသိပါ အမေရယ် ” တဲ့
ခဲတံကို တံတွေးဆွတ်ယင်းပြော
တောကအမေတွေဆီ စာလှမ်းလှမ်းရေးတတ်တဲ့
စားပွဲထိုး ၊ အိမ်ဖော်
လက်ပွေ့သည်လေးများ ပျော်စံရာမြို့။
“ မီဂါစီးတီး ” ဆိုတာ အဲ့ဒီမြို့ကြီးပါဘဲ။
( ၃ )
အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
တိုက်ပျော်၊ သေပျော်
ကျနော်အထင်ကြီးတဲ့ သူရဲကောင်းတွေရှိတယ်။
အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
ဟိန်းသံဟောက်သံမကြောက်တတ်တဲ့
ရဲရဲတောက်လူငယ်တွေရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
စည်းအထပ်ထပ် ၊ ရိုးအကာကာ
ပါဝါ ၅၄ လည်းရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
အပြန်နောက်ကျတဲ့သားကို
တံခါးဝခါးထောက်
မျက်နှာမာမာနဲ့ ငေါက်တတ်တဲ့
ကျနော့် မွေးမေမေ ရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
မှီခိုသူ ....
အမေ တစ် ၊ ညီ တစ် ၊ ညီမလေး တစ်
ကျနော်ချစ်ရတဲ့ အိမ်ကလေးရှိတယ်။
ဘာဘဲဖြစ်ဖြစ်
“ ရန်ကုန် ” ကိုတော့ စစ်မရှုံးစေချင်ဘူး
အဲ့ဒီ မီဂါစီးတီး မဟာရန်ကုန် ဆိုတာကြီးကို
ကျနော် ချစ်တယ် ။
မားဆိုး ( ၂၅၊ ၀၁၊ ၂၀၁၀ )
Post by Ye Thurein Min
.
Labels:
ကဗျာ
ဂျပန်လွှတ်တော်ရှေ့ မြန်မာ့အရေးအား တိုက်တွန်း တောင်းဆိုဆန္ဒပြပွဲ ဒုတိယနေ့
နအဖ စစ်အုပ်စုမှ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကျင်းပမည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်နိုင်ငံ အစိုးရနှင့်တကွ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်ပြုခြင်း မပြုလုပ်ရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဒုတိယမြောက်ဆန္ဒပြလှုပ်ရှားမှုကို ဒီကနေ့၂၇-၁-၂၀၁၁နေ့တွင် နေ့လည်၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်း ဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်း။။ သတင်းနှင့်ပြန်ကြားရေးဌာန (NLD(LA)JB)
Labels:
ဆန္ဒပြ/လှုတ်ရှားမှု မှတ်တမ်း
Thursday, January 27, 2011
ယတြာကိုမလေးမစား လုပ်မှုနဲ့ ပုဒ်မအသစ်ထွင်ပြီးထောင်ချမယ် (နံနက် ၈ နာရီ ၅၅ မိနစ် နော်)
![]() |
Labels:
သတင်း(ပြည်တွင်း)
တချိန်တော့ လူတိုင်းကြုံရမှာပဲ
တချိန်တော့ လူတိုင်းကြုံရမှာပဲ
အမှန်တရားကို မေ့ကာမျက်နှာလွှဲ
ရှင်သန်ခြင်းလည်း မင်းအတွက်အခိုက်အတန့်လေးပါပဲ
ပိုင်ဆိုင်သမျှ တစ်ဘဝစာပဲ
သေရင် ပြစ်ထားခဲ့ရတာပဲ ဘာထူးလဲ
...* အချိန်ရှိခိုက် မင်းမျက်လုံးကို ဖွင့်
လိုအပ်ချက်တိုင်းအတွက် နားကိုစွင့်
စာနာခြင်းကင်းမဲ့တဲ့ လူ့ဘဝ အဓိပါယ်မဲ့
လူလူချင်း ချစ်မေတ္တာထား
ကူညီဖေးမကြမယ် ဒို့အနာဂါတ်အတွက်
ကျန်ရစ်သော ဘဝများစွာအတွက်
အတူလက်တွဲ အားပေးကာ ဆက်ချီတက်မယ် ....။
(ဟန်ထူးလွင် - Big Bag)
Labels:
တေးဂီတ
ဂျပန်လွှတ်တော်ရှေ့တွင်မြန်မာနိုင်ငံလွှတ်တော်အရေးဆန္ဒပြတောင်းဆို
ထိုတောင်းဆိုပွဲသို့ ဂျပန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ(DJP)၏ အထက်လွှတ်တော် အမတ်လည်း ဖြစ်သော၊ အလုပ်သမားရေးရာ ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ လည်းဖြစ်သော၊ ဂျပန်နိုင်ငံ သံမဏိနှင့် စက်ရုံ အလုပ်သမားများ အဖွဲ့၏(JAM)၏ ဥက္ကဋ္ဌ လည်းဖြစ်သော မစ္စတာ TSUTA YATTARO၊ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံ အားပေးနေသော ဂျပန်အမတ်များ သမဂ္ဂ(GIREN)၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ အထက်လွတ်တော် အမတ် (ဂျပန် ဒီမိုကရက်တစ်ပါတီ) Mr.Azuma KONNOနှင့် ဂျပန်နိုင်ငံရှိ မြန်မာ့အရေးကို ထောက်ခံ အားပေးကြသော အဖွဲ့အစည်းအချို့မှ ဂျပန်လူမျိုးများလည်း လာရောက် အားပေး ထောက်ခံခဲ့ကြပါသည်။
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေ အင်အားစုများမှ စစ်အစိုးရအား မတရား ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ မဆိုင်းမတွ လုပ်ဆောင်ရန် ဂျပန်နိုင်ငံ အနေနဲ့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ တိုက်တွန်း ပြောဆိုမှုတွေ လုပ်ပေးဖို့ ဂျပန်ဘာသာဖြင့်လွှတ်တော်ရှေ့ တွင် ကြွေးကြော် တောင်းဆိုခဲ့ကြပါသည်။
ဆန္ဒပြပွဲကို ၂၆ ရက်၊ ၂၇ ရက်၊၂၈ရက်နေ့များအထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။သတင်းမှတ်တမ်း။ Mai Kyaw Oo၊ Aye Nandar Aung
ဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်း။သတင်းနှင့်ပြန်ကြားရေးဌာန(NLD(LA)JB)
ရုပ်သံမှတ်တမ်းများဆက်လက်ကြည့်ရှူ့လိုပါကဒီမှာနှိပ်.
Labels:
ဆန္ဒပြ/လှုတ်ရှားမှု မှတ်တမ်း
Wednesday, January 26, 2011
ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ (ဒုတိယနေ့) တိုက်တွန်းတောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနား
Labels:
ဆန္ဒပြ/လှုတ်ရှားမှု မှတ်တမ်း
Tuesday, January 25, 2011
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လှုတ်ရှားမှုမှတ်တမ်းများ (RFA)မှ
ချင်းပြည်နယ်မှာ NLD ဆန်လှူ၊ ရှမ်းပြည်မှာ ရှေ့နေကွန်ယက်ဖွဲ့ RFA 2011-01-23
ချင်းပြည်နယ်တောင်ပိုင်းက စားနပ်ရိက္ခာရှားပါးတဲ့ ကျေးရွာတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့ ဆန်တွေ သွားရောက်ကူညီမယ့် အဖွဲ့တဖွဲ့ ဟာ ဒီကနေ့ ကန်ပက်လက်မြို့ကို ဆန်ကားတစီးနဲ့ အတူ ရောက်ရှိသွားပြီလို့ သိရပါတယ်။ မနက်ဖြန် နောက်ထပ်ဆန်ကားတစီး ရောက်ရှိမှာဖြစ်ပြီး ဆန်တွေကို စတင်ဝေပေးမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။ “ဒီနေ့ တနင်္ဂနွေနေ့ မနက်မှာ ဆန်ကားတစီး ရောက်သွားပြီ။ နောက်တစီးက လမ်းမှာ စက်နည်းနည်း ချွတ်ယွင်းနေလို့ မနက်ဖြန်မနက်မှာ ရောက်မယ်ပြောတယ်။ သူတို့နဲ့ အဆက်အသွယ်ရပြီး သူတို့ဆီ တက်သွားပြီ။ ဝေမယ့်အိပ်တွေရဲ့ တဝက်နီးပါး အိတ် ၇ ရာကို ကန်ပက်လက် မြို့နယ် ဥက္ကဌ ဦးစံခင်ရဲ့အိမ်မှာ သေသေချာချာ သိမ်းဆည်းထားတယ်။ ဆန်အိတ်ပေါင်း ၁၂၅ဝ ဖြန့်ဝေဖို့ရှိတယ်။ အားလုံး ပေါင်း ကျပ် သိန်း ၂ ရာကျော်ဖိုး။ အဲဒါ မနက်ဖြန် စတင် ဝေခြမ်းနိုင်ဖို့အတွက် သူတို့ စတင်လုပ်နေတယ်။ မနက်ဖြန် စပြီး လိုအပ်တဲ့ရွာတွေကိုဝေမယ်”
အဲဒီ အကူအညီပေးရေး အဖွဲ့နဲ့အတူ NLD က ကဗျာဆရာ ဖျာပုံနီလုံဦး၊ ချင်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ပူးဇော်ဘွဲ့နဲ့ လူငယ်တချို့နဲ့ အတူ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာစောနိုင်လည်း လိုက်ပါသွားပါတယ်။
အလားတူ ချင်းပြည်နယ် ထန်တလန်မြို့နယ်က စားနပ်ရိက္ခာ ရှားပါးတဲ့ အိန္ဒိယနယ်စပ်အနီးက ကျေးရွာတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့ ဆန်အကူအညီ ပေးဖို့အတွက် တခြားအဖွဲ့တဖွဲ့လည်း ရန်ကုန်မြို့ကနေ အဲဒီဒေသကို ဒီကနေ့ထွက်ခွာသွားပြီလို့သိရပါတယ်။
အဲဒီအဖွဲ့မှာ NLD ချင်းပြည်နယ် ဥက္ကဌ ပူးဗာလီယန်း နဲ့အတူ့ ဒီမိုကရက်ပါတီ- မြန်မာ က ဦးနေဖူးဘဆွေ၊ ဇိုမီး အမျိုးသားကွန်ဂရက်အဖွဲ့က ကိုတင်ဇာထန်တို့ ပါဝင်တယ်လို့သိရပါတယ်။ ဒီအတောအတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တွေနဲ့ အကျဉ်းသားတွေကို ကူညီနိုင်ဖို့ အတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဥပဒေအကြံပေး ဦးအောင်သိန်းနဲ့ ဦးသိန်းဟန်တို့ ဒီကနေ့ တောင်ကြီးမြို့ကို ရောက်ရှိနေပြီး ဥပဒေရေးရာအရ ကူညီ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဒေသခံရှေ့နေတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
တောင်ကြီးမြို့က NLD အဖွဲ့ဝင် ရှေ့နေတွေ အပြင် တခြား ရှေ့နေတွေနဲ့ပါ တွေ့ဆုံပြီး ဥပဒေရေးရာတွေ၊ ကွန်ယက်ဖွဲ့ရေး တွေ ဆွေးနွေးခဲ့ကြကြောင်း ဦးအောင်သိန်းက RFA ကို ပြောပါတယ်။ NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့က မြန်မာပြည် အနှံ့အပြားမှာ ရှိတဲ့ စေတနာ့ဝန်ထမ်း ရှေ့နေတွေကို တွေ့ဆုံဆွေးနွေး နေရာမှာ ပြီးခဲ့တဲ့ လဆန်းပိုင်းကလည်း မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေကို သွားရောက်ခဲ့ပြီး ဒေသခံရှေ့နေတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုတွေကို ထိုင်းက ကူညီမည် RFA 2011-01-23
ထိုင်းနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေကို အကူအညီပေးမယ့် အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ကတိပြု ပြောဆိုခဲ့တယ်လို့ သောကြာနေ့က တနာရီကြာ တွေ့ဆုံခဲ့စဉ် ထိုင်းနိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံအတွက် အပြုသဘော ဆောင်တဲ့ ထင်ရှားသူ၊ လူမျိုးစုတွေကို ကိုယ်စားပြုသူ အတိုက်အခံခေါင်းဆောင် ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး သတင်းရပ်ကွက်နဲ့ နီးစပ်သူတွေကို ကိုးကားပြီး MCOT သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ မြင့်မားလာရေးအတွက် အဓိက ခြေလှမ်းဖြစ်တယ်လို့ ယုံကြည်ကြောင်း၊ ထိုင်းနိုင်ငံ အနေနဲ့လည်း မြန်မာနိုင်ငံကို အကူအညီပေးဖို့ အသင့်ရှိနေ ကြောင်း ပြောဆိုပါတယ်။
ပီးခဲ့တဲ့ အပတ်က အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေး ကနေ မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ချမှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ပိတ်ဆို့မှု တွေကို ပြန်လည် သုံးသပ်သင့်တယ်လို့ တောင်းဆိုခဲ့တာကိုလည်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးအတွက် စစ် အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးကို ပြင်ဆင်ထားကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါ တယ်။
ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒီတွေ့ဆုံမှုဟာ ရင်းနှီးချစ်ကြည်မှုရှိတဲ့ တွေ့ဆုံပွဲဖြစ်ကြောင်းသာ ပြောဆိုပြီး အသေးစိတ် ထုတ်ပြန်တာ မရှိသေးပါဘူး။
မိဘမဲ့ကလေး တွေအတွက် စာရေးကိရိယာ လှူဒါန်း RFA 2011-01-22
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ လူငယ် ကွန်ယက်အဖွဲ့တွေ ပေါင်းပြီး ချို့တဲ့သူ ကလေးတွေနဲ့ မိဘမဲ့ကလေး တထောင်ကျော်အတွက် စာအုပ်စာတမ်းနဲ့ စာရေးကိရိယာတွေ ဒီကနေ့ စုပေါင်း လှူဒါန်း ခဲ့ကြပါတယ်။
ရန်ကုန်တိုင်း သံလျင်မြို့က ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ သီလရှင်ကျောင်း ၁ ကျောင်း၊ စုစုပေါင်း ၃ ကျောင်းမှာ ပညာ သင်နေတဲ့ မူလတန်း ကလေးတွေကို လှူဒါန်းခဲ့ကြတာပါ။ အဲဒီလို လှူဒါန်းရာမှာ ကလေးတွေကို အာဟာရ တိုက်ကျွေးပြီး မျက်လှည့်နဲ့ ပျော်ရွှင်စရာ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
လူငယ်ကွန်ယက်တွေရဲ့ အခုလှုပ်ရှားမှုနဲ့ ပတ်သက်လို ကိုယ်တိုင် ပါဝင်လှုပ်ရှားနေတဲ့ အမျိုးသား လူငယ်ကွန်ယက်အဖွဲ့က ကိုမျိုးရန်နောင်သိမ်းက RFA ကို အခုလို ပြောပါတယ်။ ကျနော်တို့ စာရေးကိရိယာတွေ လှူဒါန်းတယ်၊ အာဟာရ ကျွေး တယ်။ ပြီးတော့ ကိုစိုးမြတ်သူတို့ ဦးဆောင်တဲ့ နယ်စည်းမခြား လူရွှင်တော်များ အဖွဲ့ Clown Show ပေါ့။ Clown Show ဆိုတာ ကလေးတွေကို ရီစရာလေးတွေ လုပ်ပြတာပေါ့။ ပြီးတော့ မြန်မာပုံပြင် ပြောသူများအဖွဲ့က ကလေးတွေ စာရိတ္တ မြင့်ဖို့ ပုံတွေ ပြောတယ်။ နောက် Game တွေ ကစားပေးတယ်။ အဖွဲ့ ၃ဝ ကျော်လောက်ရှိမယ် အဲဒီအလှူနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သာကေတမြို့နယ် အဖွဲ့ဝင် ဒေါ်စမ်းနွဲ့ကလည်း အခုလို ပြောပြပါတယ်။
ကလေးတွေအတွက် ဗလာစာအုပ် တကျောင်းကို ၁ ထောင်ကျော်ကျော်လောက်ပေါ့။ ဘောပင်၊ ကွန်ပါထဲမှာ သုံးတဲ့ ထောက်ချွန်၊ ခဲတံ၊ ချွန်စက်၊ ခဲဖျက် အကုန်အစုံပေါ့ ဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်သူ လူငယ်ပေါင်း အယောက်တရာကျော် ရှိပြီး ခန့်မှန်းခြေ လှူဒါန်းပစ္စည်း စုစုပေါင်း ကျပ်ငွေ ၈ သိန်းဖိုးလောက် ရှိမယ်လို့ သိရပါတယ်။
NLD စာသင်ကျောင်း ဆက်လက် ဖွင့်ခွင့်ရ RFA 2011-01-22
ကျောင်းဖွင့်ခွင့် တားဆီးခံထားရတဲ့ လှိုင်သာယာက ‘အမေ့အိမ်’ အခမဲ့ ကလေးစာသင်ကျောင်းကို ဆက်လက်ဖွင့်လှစ်ခွင့် ရရှိတဲ့အတွက် ကျေးဇူးတင်ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က လှိုင်သာယာမြို့နယ် (၁၄) ရပ်ကွက် မေခ လမ်း ဦးမင်းလွင်ရဲ့ ခြံဝင်းအတွင်းမှာ ‘အမေ့အိမ်’ လို့ အမည်ပေးထားတဲ့ အခမဲ့ စာသင်ကျောင်းကို NLD က ဦးဆောင်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် ပညာရေး ဝန်ကြီးဌာနက တားမြစ်တဲ့အတွက် နောက်တနေ့မှာ ပိတ်ထားခဲ့ရပါတယ်။
ဒီလို တားမြစ်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လှိုင်သာယာ NLD အတွင်းရေးမှူး ဦးအေးဗိုနဲ့ ပညာရေးဌာန တာဝန်ရှိသူတွေ မနေ့က ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ဖွင့်လှစ်ခွင့် ရရှိခဲ့တာပါ။
ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းကြတဲ့အတွက် နှစ်ဘက်စလုံးကို အထူး ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချ ပြောဆိုကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။
ကျောင်းဖွင့်ခွင့် စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဖွင့်ခွင့်မရှိဘူးလို့ ပညာရေးဌာနက တားမြစ်ခဲ့တာ ဖြစ်ပေမယ့် ဒီကျောင်းဟာ အခကြေးငွေယူပြီး ဖွင့်တာ မဟုတ်တဲ့အတွက် တခြား ပုဂ္ဂလိက စာသင်ကျောင်းတွေနဲ့ မတူကြောင်း NLD ဘက်က ပြန်လည် ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
စုစည်းတင်ပြပေးတဲ့မဝေေ၀လှိုင်အားကျေးဇူးတင်ပါတယ်။.
Labels:
ဆန္ဒပြ/လှုတ်ရှားမှု မှတ်တမ်း
ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ တိုက်တွန်းတောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနား ဓါတ်ပုံနှင့်ရုပ်သံမှတ်တမ်းသတင်း။
နအဖ စစ်အုပ်စုမှ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကျင်းပမည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်နိုင်ငံ အစိုးရနှင့်တကွ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်ပြုခြင်း မပြုလုပ်ရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြလှုပ်ရှားမှုကို တိုကျို KASUMI KASEKI အရပ်ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့တွင် မြန်မာနိုင်ငံ ဒီမိုကရစီကွန်ယက်(ဂျပန်)NDB-Japan မှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
စစ်အစိုးရအား မတရား ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျှက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ မဆိုင်းမတွ လုပ်ဆောင်ရန် ဂျပန်နိုင်ငံ အနေနဲ့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ တိုက်တွန်း ပြောဆိုမှုတွေ လုပ်ပေးဖို့ နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့တွင် ဂျပန်ဘာသာဖြင့် ကြွေးကြော် တောင်းဆို သွားခဲ့ကြပါသည်။
ဆန္ဒပြပွဲကို ၂၄ ရက်၊ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး မနက်ဖြန် ၂၅ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက် (ဂျပန်)၏ ရပ်တည်ချက် သဘောထား တောင်းဆို စာတစောင်ကို ပေးအပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယနေ့ ဆန္ဒပြပွဲကို ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပ ပြုလုပ်သွားပြီ ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အား ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
သတင်းမှတ်တမ်း။ Mai Kyaw Oo
ဓါတ်ပုံနှင့်ရုပ်သံမှတ်တမ်း ။ သတင်းနှင့်ပြန်ကြားရေးဌာန(NLD(LA)JB) .
Labels:
ဆန္ဒပြ/လှုတ်ရှားမှု မှတ်တမ်း
Monday, January 24, 2011
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ (အာအက်ဖ်အေမှ စီစဉ်တင်ဆက်သည်) (၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၁ ရက်)
ဖြေ။ ။ စစ်မှုမထမ်းမနေရ ဥပဒေဟာ မြန်မာနိုင်ငံလူငယ် လူရွယ်တွေ နဲ့ မိမိတို့ မိသားစုဝင်တွေအတွက် အင်မတန်မှ ပူပင်စရာ တွေဖြစ်နေပါတယ်၊ အန်တီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောကတော့ ဒီလို ဥပဒေမျိုးကို ထုတ်သင့် မထုတ်သင့် သေသေချာချာ စဉ်းစားရုံတင်မက အများပြည်သူနားလည်အောင် ရှင်းပြပြီး ပြည်သူတွေရဲ့ တုန့်ပြန်မှုကိုလည်း အလေးအနက်ထားဖို့လိုပါတယ်၊ မေး။ ။ ဦးစိန် (ဂျပန်နိုင်ငံ) မြန်မာနိုင်ငံရဲ့ တရားဥပဒေ ရိုင်းစိုင်းမှုရဲ့သရုပ်ကို ဖော်ထုတ်ပြသတဲ့အနေနဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့အဖွဲ့ဟာ ဒီလို မတရားတဲ့ တရားရုံးမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုခဲ့ရင်းက ပိုမိုကြီးလေးတဲ့ အပြစ်ဒဏ်ကို ချခံရမယ်ဆိုတာ သိသိကြီးနဲ့ အမှန်တရားအတွက် သူတို့ရဲ့ ဘဝတွေကို ထပ်မံပေးဆပ်ခဲ့ကြတယ်၊ ဥပဒေရေးရာကိစ္စတွေဟာ အချက်အလက်တွေ စည်းမျဉ်း ပုဒ်မတွေနဲ့ ဘောင်ခတ်ထားပြီးထားဖြစ်လို့မိုလို့ ဆုံးရှုံးနစ်နာမှုတွေကို ခံစားမှုနဲ့ တိုင်းတာခြင်းမဟုတ်ပဲနဲ့ အချက်အလက်ပုဒ်မတွေနဲ့ တိုင်းတာဖြစ်လို့မို့ ပိုပြီးတင်းကျပ်စွာ သရုပ်ဖော်နိုင်ပါတယ်၊ ဒါကြောင့်မို့လို့ လက်ရှိတရားစွဲခံ ပုဂ္ဂိုလ်များကို ကူညီကြမယ့် အန်န်အယ်လ်ဒီဥပဒေရေးရာအထောက်အကူပြု အဖွဲ့လုပ်ငန်းများအပြင် အန်န်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အနေ နဲ့ ဘဝစုံလူငယ်များကို Rule of Law တရားဥပဒေ ရက်တိုသင်တန်းပေးနိုင်မလားဆိုတာ သိလိုပါတယ်၊ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရစဉ်ကာလမှာ အန်န်အယ်လ်ဒီလုပ်ငန်းများ နှောင့်နှေးမှုနဲ့ မြန်မာ့ဒီမိုကရေစီရေး တုံ့ဆိုင်းမှု များ ခံစားခဲ့ရပြီး ဖြစ်လို့မို့ ခုလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် နောက်တဖန် ထိန်းသိမ်းခံရပြန်ရင် ယခင်ကိစ္စအဖြစ် မျိုး အန်န်အယ်လ်ဒီ မကြုံရလေအောင် ပြင်ဆင်ထား၊ မထားသိလိုပါတယ်၊ ကျေးဇူးတင်ပါတယ်၊
ဖြေ။ ။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဥပဒေစိုးမိုးရေးကို အင်မတန်မှ အလေးထားတာကြောင့်မိုလို့ ကျမတို့ ဥပဒေသင်တန်းတွေ ဟောပြောပွဲတွေလုပ်ခဲ့ပါတယ်၊ ဒိအပြင် ခုတလောမှာဆိုရင် ဥပဒေအကြောင်း ပိုပြီးသိချင်ပါတယ် ဆိုတဲ့ အသံတွေလည်း ကျမတို့ ကြားရပါတယ်၊ ၂၈ ရက်နေ့မနက်ကလုပ်ခဲ့တဲ့ အန်န်အယ်လ်ဒီမဟုတ်တဲ့လူငယ်များနဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ဆိုလို့ရှိရင်လည်း ဒီလိုအသံတွေပေါ်ထွက် လာပါတယ်၊ ဒါကြောင့်မို့လို့ ကျမတို့ရဲ့ ဥပဒေသင်တန်းတွေ ဥပဒေဟောပြောပွဲတွေကို တိုးချဲ့ပြီးလုပ်ဖို့ အစီအစဉ်ရှိပါတယ်၊ ကျမသာ အထိန်းသိမ်းခံရခဲ့လို့ရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆက်လုပ်နိုင်အောင် ဘယ်လိုစီစဉ်ထားလဲဆိုတာကို ဖြေရမယ်ဆိုလို့ရှိရင် ကျမတို့ဟာ လူတိုင်း လူတိုင်း ဟာကိုယ်ရဲ့အနေအထားအခြေအနေကို ကြည့်ပြီးတော့ လုပ်တတ် ကိုင်တတ်အောင် သင်ပေးတာဟာ အကောင်းဆုံးပဲ လို့ ထင်ပါတယ်၊ ဒီလိုဖြစ်ရင် ဒီလိုလုပ်ဆိုပြီးတော့ အလွတ်ကျက်ပြီးတော့သင်ပေးလို့ မရပါဘူး၊ စဉ်းစားဆင်ခြင်ပြီးတော့ သေသေချာချာ လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်မယ့်စွမ်းအားတွေရှိလာအောင် ကျမတို့ ကြိုးစားပြီးတော့လုပ်ပေးနေပါတယ်၊
မေး။ ။Ms. Elke Kuijper (နယ်သာလန်) မင်္ဂလာပါ ဒေါ်အောင်ဆန်းစုကြည်၊ / I'm very happy and can I ask you a question. An order to bring real change in Burma you need Unity, Unity between different ethnic group, Unity between Burmese people in General, and there are many also many different opposition working ........ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေအမှန်တကယ်ဖြစ်ပေါ်လာဖို့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေကြားမှာရော၊ မြန်မာလူထု အချင်းချင်းကြားမှာ ရော မြန်မာ့အရေးဆောင်ရွက်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကြားမှာပါ ညီညွတ်ရေးရရှိမှဖြစ်မယ် လို့ထင်ပါတယ်၊ အဲဒီလူပုဂ္ဂိုလ် အားလုံးကို ညီညွတ်အောင် ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်ဆောင်နေပါသလဲရှင်၊ အခုလို မေးမြန်းခွင့်ရတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်ရှင်၊
ဖြေ။ ။ ပြည်ပရောက်မြန်မာအတိုက်အခံအုပ်စုတွေကြားထဲမှာ ညီညွတ်မှုရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဟော်လန်က အယ်လ်ကာရဲ့ မေးခွန်းကို ကျမတို့ပြည်တွင်းမှာ ညီညွတ်မှုရအောင် ဘယ်လိုလုပ်နေသလဲဆိုတာကို ပြောရင်းနဲ့ ဖြေပါရစေ၊ အခုဆိုရင် ကျမတို့ဟာ ပြည်သူတွေ အများပါဝင်နိုင်မယ့် နိုင်ငံရေး လူမှုရေးကွန်ယက်တခုကို ထူထောင်ဖို့ ကြိုးစားနေပါတယ်၊ အဲဒီလိုထူထောင်တဲ့နေရာမှာ တူညီတဲ့သဘောထားတွေ အပေါ်မှာ အခြေခံပြီး လုပ်ငန်းတွေကို အတူလုပ်ဖို့ စပြီးတော့ ကြိုးစားနေပါတယ်၊ အဲဒီလိုကြိုးစားတဲ့နေရာမှာ အောင်မြင်မှုအတိုင်းအတာဟာ ရသင့်သလောက် စပြီးတော့ ရနေပြီလို့ ကျမ ပြောနိုင်ပါတယ်၊ အဲဒါကြောင့်မို့လို့ အဝေးမှာရောက်နေတဲ့အတိုက်အခံအုပ်စုများဟာလည်း တူညီတဲ့လုပ်ငန်းတွေကို တွဲပြီးလုပ်ရင်းနဲ့ ပိုပိုပြီး ညီညွတ်လာအောင် ကြိုးစားကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်၊
မေး။ ။ ကိုနေလင်း (အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်) ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ၊ လူငယ်ကွန်ယက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြည်ပမှာရှိတဲ့လူငယ်တွေကြားထဲမှာ နည်းနည်းလေး ရှုတ်ထွေး နေပါတယ်၊ ကိုမျိုးရန်နောင်သိန်းက အမေစုရဲ့ လမ်းညွန်မိန့်ကြား ဦးဆောင်မှုနဲ့ အမျိုးသား လူငယ်ကွန်ယက်ကို စတင်တည်ထောင် ထားတယ်လို့ ကျနော်တို့ ကြားလိုက်ရပါတယ်၊ တချိန်တည်းမှာပဲ အန်န်အယ်လ်ဒီ လူငယ်တွေဟာလည်း လူငယ်ကွန်ယက်လုပ်ပြီးတော့ လူမှုရေးလုပ်တာတွေ၊ သွေးလှူတာတွေလုပ်တယ်လို့ ထပ်ဖတ်ရပါတယ်၊ ကျနော်တို့ ပြည်ပမှာရှိနေတဲ့လူငယ်တွေအနေနဲ့ ပြည်တွင်းနဲ့ ချိတ်ဆက်ပြီး လုပ်ရှားမယ်ဆိုရင် နည်းနည်းလေး အမြင် ရှုတ်ထွေးမှုတွေဖြစ်လာပါတယ် ၊ ဘယ်သူနဲ့ ချိတ်ဆက်ပြီးလှုပ်ရှားမလဲဆိုတာကအစပေါ့၊ ဖြစ်နိုင်ရင် အန်တီစု အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းလေး ရှင်းပြစေချင်ပါတယ်ခင်ဗျာ၊ အန်တီစုကျမ်းမာပါစေ၊
ဖြေ။ ။ ကွန်ယက်ရဲ့သဘောတရားကတော့ အစုအဖွဲ့တွေ လူပုဂ္ဂိုလ်တွေဟာ မိမိတို့ ရည်ရွယ်ချက်နဲ့ လက်တွေ့ကျကျ လုပ်ဆောင်နေမှုတွေ အပေါ်မှာအခြေခံပြီး တဦးနဲ့ တဦးဆက်သွယ်ချင်းအားဖြင့် အင်အားကြီးမားခိုင်မာတဲ့ ပြည်သူ့ကွန်ယက် ကြီးတခုပေါ်လာဖို့ဖြစ်ပါတယ်၊ မြန်မာနိုင်ငံထဲမှာရှိတဲ့ လူငယ်အစုအဖွဲ့တွေ ဆက်သွယ်တဲ့အခါမှာ အန်န်အယ်လ်ဒီနဲ့ ပတ်သက်တဲ့အဖွဲ့ အန်န်အယ်လ်ဒီနဲ့ မပတ်သက်တဲ့ အဖွဲ့ရယ်လို့ ခွဲခြားတာမျိုးမဟုတ်ပဲ တူညီတဲ့ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေပေါ်မှာ အခြေခံပြီး ဆက်သွယ်ရမှာ ဖြစ်ပါတယ်၊ တဖွဲ့နဲ့ ဆက်သွယ် ထားလို့ နောက်တဖွဲ့နဲ့ မဆက်သွယ်ရ ဘူးဆိုတာလည်းမဟုတ်ပါဘူး၊ ဆက်သွယ်မှုတွေနည်းနည်း များများ ၊ အရေးကြီးတာက ခိုင်မာပြီး ပြည်သူ့ဒီမိုကရေစီရေးအတွက် အကျိုးရှိဖို့သာ လိုပါတယ်၊ အခုအချိန်မှာ အရင်ကမသိခဲ့ရတဲ့ လူငယ်အဖွဲ့ကလေးတွေ ပေါ်လာနေတာ တွေ့ရလို့ ဆက်သွယ်နိုင်တဲ့အဖွဲ့တွေအများကြီးလို့ ပြောနိုင်ပါတယ်၊
မေး။ ။ ဦးကျော်သိန်းစိုး (အင်ဒီယားနားပြည်နယ်) ကျောင်းဆရာတစ်ဦး ကျနော့်နာမည် ဦးကျော်သိန်းစိုးပါ၊ ကျနော် မြန်မာလူမျိုးပေါင်းခုနှစ်ထောင်လောက်ရှိတဲ့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းòမိ့မှာ နေပါတယ်၊ ကျနော် မြန်မာကလေးများ ပညာရေးတိုးတက်စေရန်အတွက် ပညာရေးပံ့ပိုးပေးသည့်လုပ်ငန်းကို အင်ဒီယားနားတက္ကသိုလ် မှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ဦးဆောင်ညွန်ကြားမှုပေးနေသူတဦးဖြစ်ပါတယ်၊ ကျနော် ၂ဝဝ၄ ခုနှစ်ကနေစပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ ဒီမိုကရေစီရေးóကိးပမ်းနေပုံကို သိမြင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပညာရေးပွဲတော်လို့ အမည်သတ်မှတ်ပြီးတော့ နှစ်စဉ် ဒေါ်စုရဲ့မွေးနေ့ မှာ ဒီတက္ကသိုလ်ကြီးမှာ တခမ်းတနားပြုလုပ်ပေးနေသူဖြစ်ပါတယ်၊ ကျနော်ရဲ့အလုပ်က မြန်မာကလေးများကို ပညာရေးပံ့ပိုးပေးတဲ့ အလုပ်ဖြစ်တဲ့ အတွက် ဒီòမိ့မှာရှိတဲ့မြန်မာကလေးပေါင်း တထောင့်ခြောက်ရာလောက်ဟာ မြန်မာနိုင်ငံရဲ့အကြောင်းကို အကန့်အသတ်နဲ့သော်လည်းကောင်း ဃဃနန မသိပဲဖြစ်နေတဲ့အတွက်သော်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့ကို ဘာပြောလိုပါ သလဲ၊ မြန်မာမိဘတွေကိုလည်း အမှာစကား ပေးပါ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ဖြေ။ ။ ကျမဟာ လူငယ်တွေပညာရေးကို အလွန်အရေးထားတာမို့ ဦးကျော်သိန်းစိုးက နှစ်စဉ် ကျမရဲ့မွေးနေ့မှာ ပညာရေး ပွဲတော်ကျင်းပပေးတယ်ဆိုတာကို ကျေးဇူးတင်တယ်၊ ကျေနပ်မိပါတယ်၊ တော်တော့ကိုကျေးဇူးတင်ပါတယ်၊ ဦးကျော်သိန်းစိုးရဲ့ ပညာရေး ပံ့ပိုးမှုလုပ်ငန်းတွေကိုလည်း အင်မတန်မှ လေးစားဂုဏ်ယူမိပါတယ်၊ မြန်မာနိုင်ငံက ကလေးတွေ နားလည်စေချင်တာကတော့ ဘယ်လို အကြောင်း ကြောင့်ပဲ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတာဖြစ်စေ ဖြစ်စေ ကိုယ့်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထားတတ်ရင် ကိုယ်ဟာပိုမို ပြီး တော့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်လာမှာပါ၊ ကိုယ့်ရဲ့ ဇစ်မြစ်ကို မငြင်းပယ်ပါနဲ့၊ မိဘတွေကလည်း ကလေးတွေဟာ အမြင်ကျယ်ပြီး မတူတဲ့ယဉ်ကျေးမှုတွေကို ခြုံငုံနားလည် သဘောပေါက်နိုင်အောင်သင်ပေးပါ၊ တနိုင်ငံအတွက်သာမဟုတ်ပဲ လူသားတို့နေထိုင်ရာ ဤကမ္ဘာကြီး အတွက် တန်ဖိုးရှိနိုင်တဲ့ သားသမီးတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးစေချင်ပါတယ်၊
မေး။ ။ စောဘလက်ဆင်ပါ၊ (အမေရိကန်ပြည်ထောင်စု) ကျနော် စောဘလက်ဆင်ပါ၊ အန်တီစုကို ကျနော်မေးချင်တာက ကျနော်တို့ ပြည်ပမှာ နိုင်ငံရေးခိုလှိုခွင့်နဲ့ နေထိုင်သူတွေ၊ ကိုယ့်မွေးရပ်မြေ အမိမြန်မာနိုင်ငံကို ပြန်လာချင်ပေမယ့် ဖမ်းဆီးမှုတွေ ရှိနိုင်တယ်ဆိုတာ သံသယဖြစ်စရာပါပဲ၊ ပြည်ပမှာ ခိုလှုံရင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီဆောင်ရွက်ရင်း အာရုံစိုက်ရင်းနဲ့ မြန်မာနိုင်ငံကိုလုံးဝပြန်မရောက်ရှာကြသူတွေလည်း ရှိပါတယ်၊ ကျနော်သိချင်တာက မြန်မာ့နိုင်ငံရေး ဘယ်လိုအခြေအနေမျိုးအထိ တိုးတက်ဖြစ်ထွန်းလာတဲ့အခါကျမှပဲ ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေ ခိုလှုံနေတဲ့သူတွေဟာ အမိမြေကို သံသယကင်းကင်းနဲ့ ပြန်လာနိုင်မှာလဲဆိုတာ သိချင်လို့ပါခင်ဗျာ၊ အန်တီစုကျမ်းမာပါစေ၊ ကြံဆောင်သမျှ မုချအောင်မြင်ပါစေ၊ ကျေးဇူးတင်ပါတယ်၊
ဖြေ။ ။ စောဘလက်ဆင်ဆိုတဲ့နာမည်လေးကို အန်တီ သိပ်ပြီးတော့သဘောကျမိပါတယ်၊ ဘုရားသခင် ကောင်းချီး မြောက်များစွာကို ခံယူရတဲ့ပုဂ္ဂိုလ်ဆိုတဲ့အဓိပ္ပါယ်ပေါ့နော်၊ စောဘလက်ဆင်မေးလိုက်တဲ့မေးခွန်းကလည်း မေးသင့်တဲ့မေးခွန်းပါ၊ နည်းနည်းလေး တော့လည်း ဝမ်းနည်းစရာကောင်းပါတယ်၊ နိုင်ငံခြားမှာ ခိုလှိုနေရတဲ့ ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေ ဘယ်တော့ မြန်မာနိုင်ငံကို အေးအေးချမ်းချမ်း လုံလုံ ခြုံခြုံနဲ့ ပြန်လာနိုင်မလဲဆိုတော့ တကယ်တော့ ဒီမှာ လုံလောက်တဲ့ နိုင်ငံရေးအာမခံချက်တွေရှိတဲ့ အခါမှပဲ ဖြစ်နိုင်မယ့် ကိစ္စပါ၊ ဒါကြောင့်မိုလို့ အန်တီတို့အနေနဲ့ အန်တီတို့နိုင်ငံသူ နိုင်ငံသားတွေ ဘယ်မှာပဲ ရောက်နေ ရောက်နေ ပြန်လာချင်တဲ့အချိန်မှာ ပျော်ပျော်ရွှင်ရွှင် လုံလုံခြုံခြုံ ယုံယုံကြည်ကြည်နဲ့ ပြန်လာနိုင်မယ့်အခြေအနေကို အမြန်ဆုံး ဖန်တီးနိုင်အောင်လို့ ကြိုးစားနေပါတယ်လို့တော့ ပြောပါရစေ။ .
Friday, January 21, 2011
ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ(တိုကျို)
နအဖ စစ်အုပ်စုက လာမည့် ဒီဇင်ဘာ(၃၁)ရက်နေ့မှာ စစ်အာဏာရှင်စနစ်ကို တရားဝင် ကျင့်သုံးဖို့ လွှတ်တော် ခေါ်ယူကျင်းပသွားမည် ဖြစ်ပါသည် လွှတ်တော်ခေါ်တိုင်း ဒီမိုကရေစီအစစ် ပေါ်လာမည်မဟုတ်
မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ နီးပါး ရှိနေခြင်းဟာ၊ မြန်မာပြည်သူ ပြည်သားများ ကျွန်ဘဝမှ မလွတ်မြောက်နိုင်သေးဘဲ၊ လွတ်လပ်ရေး ဆိတ်သုဉ်းနေကြောင်း မီးမောင်းထိုးပြလျှက်ရှိနေပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ပထမ အဆင့် အနေနဲ့ နိုင်ငံရေး အကျဉ်းသား(၂၀၀၀)ကျော်အား ချွင်းချက်မရှိ ပြန်လွှတ် ပေးရန်အတွက် ယခုလို တောင်းဆိုသည့် ဆန္ဒပြ လှုပ်ရှားမှုများ ကျင်းပပြုလုပ်ရကြောင်းကို ကျင်းပရေးတာဝန်ခံ ဦးမြတ်သူမှ ရှင်းလင်း ပြောကြားသွားပါသည်။
၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ဒုတိယ အကြိမ်မြောက် ကိုမင်းကိုနိုင် နှင့် ကျောင်းသား ခေါင်းဆောင်များ မတရား အဖမ်းဆီးခံ ကြရသည့် လစဉ် ၂၁ ရက်နေ့ ကျရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်ဆောင် သွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် အင်အား ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဓါတ်ပုံ။။ကေသီသိန်း .
Labels:
ဆန္ဒပြ/လှုတ်ရှားမှု မှတ်တမ်း
Thursday, January 20, 2011
ဆောင်းဦးလှိုင်ရဲ့ ပျံသန်းသွား သီချင်းနားဆင်ကြစို့
ဆောင်းဦးလှိုင်ရဲ့ ပျံသန်းသွား
ဂီတပညာရှင်များ
သီဆိုပေးထားသောလူမှုရေး၊ ငြိမ်းချမ်းရေးသီချင်းများကို အလှူရှင်များအတွက်
(ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏
လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏
သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှုများ ပြုလုပ်လျှက်ရှိရာ
ယနေ့ ၁၉.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့) တွင်
မြောက်ဒဂုံမြို့နယ်ရှိနာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးအသစ်ပေါ်တွင်
တေးရေး/ဆိုဆောင်းဦးလှိုင် သီဆိုတီးခတ်ထားသော “ပျံသန်းသွား” အမည်ရှိ
တေးသီချင်းအား ရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်။
“ပျံသန်းသွား”
ရေး/ဆို/တီး - ဆောင်းဦးလှိုင်
ပျံသန်းသွား/ကြမယ်
မမောနိုင်ဘူး xxx ဘယ်လိုခက်ခဲလူသားတို့အတွက် xxx သယ်ဆောင်လာခဲ့
မြင့်မြတ်တဲ့နှလုံးသားတွေနဲ့ xxx ယုံကြည်ချက်အတိုင်းxxx ခရီးဆက်လာ/နေမယ်
အမှန်တရားဘက်ကရပ်တည်နေမယ် xxx မလွယ်ကူနိုင်လည်း ဖြတ်သန်းရဲတယ် xxx ရှင်သန်ချိန်ခဏ လူ့ဘ၀ရဲ့နေ့ရက်များ xxx စာနာစိတ်ထားအများအတွက်ကူမယ်
(ငါ့လက်ကိုတွဲခွန်အားပေးမယ့်
xxx လိုနေတာဂရုဏာများနဲ့ မေတ္တာတရားပဲ xxx
လောကရဲ့အကျိုးတစ်ထောင့်တစ်နေရာကနေ xxx သယ်ဆောင်ကာပျံသန်းသွားစို့
လက်တွေတွဲလို့)
မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ
ဗြဟ္မစိုရ်တရားလေးပါးကိုလက်ကိုင်ပြု၍ အမှန်တရားနှင့်
ငြိမ်းချမ်းရေးလမ်းကြောင်းကို ဦးတည်လျှောက်လှမ်းနေကြသော ကျွန်တော်တို့
နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် လူမှုရေးသမားစစ်စစ်များအတွက် ဤ
“ပျံသန်းသွား” တေးသီချင်းသည် မဟာ အားဆေးတစ်ခွက်ပင် ဖြစ်တော့သည်။
ဆောင်းဦးလှိုင်၏ သီချင်းစာသားထဲကအတိုင်း ကျွန်တော်တို့ လူမှုရေးသမားများ လက်ချင်းတွဲကာ အများပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ဖေးမကူညီပေး ကြရန် လိုအပ်ပေတော့သည်။
အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)
အမှတ် (၁၃/က)၊ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ ၈၆၄ ၀၂၂၀၊ ၀၉ ၈၅၀ ၁၆၅၆
သုခကုသိုလ်ဖြစ်ဆေးခန်း
၅၈၃၅၁၄
.
အမှတ် (၁၃/က)၊ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ ၈၆၄ ၀၂၂၀၊ ၀၉ ၈၅၀ ၁၆၅၆
သုခကုသိုလ်ဖြစ်ဆေးခန်း
၅၈၃၅၁၄
Labels:
တေးဂီတ
Wednesday, January 19, 2011
စစ်အစိုးရတပ်မှ တပ်ပြေးတစ်ဦး ပစ်သတ်ခံရ
သတင်း - ကန္တာရ၀တီတိုင်း(မ်)
ကရင်နီပြည်နယ် အမှတ် ၂ ခရိုင်မှ တပ်စွဲထားသည့် စစ်အစိုးရတပ် ပွိုင့် ၂၂၂ ခလရ ၇၂ မှ အသက် ၂၂ နှစ်ရှိ တပ်သား တစ်ဦး လက်နက်များ ယူဆောင်ပြီး ကရင်နီတပ် ရှိရာသို့ ဦးတည်၍ ထွက်ပြေးနေစဉ် စစ်တပ်ဘက်မှ ပြန်လှည် ဖမ်းဆီးရမိကာ ပစ်သတ်ခြင်း ခံရသည်။

ဇန်န၀ါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် တပ်တွင်းမှ ထွက်ပြေးပြီး ၁၁ ရက်နေ့ ည ၅ နာရီ အချိန်လောက်တွင် ပွိုင့် ၈၈၈ ကာကင်းကုန်းနှင့် ပွိုင့် ၂၂၂ ကုန်းကြားတွင် ခလရ ၇၂ မှ ပြန်လည်ဖမ်းမိပြီး ထိုနေရာပင် ပစ်သတ်လိုက်သည်ဟု ကရင်နီတပ်မတော် စစ်ဦးစီးဌာနမှ ပြောပြချက်အရ သိရသည်။
ထိုတပ်သားသည် တပ်ခွဲမှူး၏ 9MM တလက်နှင့် MA4 တလက် ယူဆောင်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။ “အနိုင်ကျင့်ခံရတော့ မခံနိုင်လို့ ထွက်ပြေးတယ်။ သူက တိုင်းရင်းသား ဖြစ်တယ်လေ။ သူက တိုင်းရင်းသား ရှမ်း၊ ကရင်၊ ကယားတို့ဆို တပ်မှာ သူများ နည်းနည်း ဖိနှိပ်ထားတယ်” ဟု ကရင်နီစစ်ဦးစီးဌာနမှ ထောက်လှမ်းရေး အရာရှိ တဦးက ပြောသည်။
မြန်မာစစ်သားများသည် အထက်အရာရှိများ၏ ဖိနှိပ်ချုပ်ချယ်မှုကို မခံနိုင်သည့်အပြင် အချို့မှာလည်း ပြန်ရမည့် ရက်စေ့သော်လည်း မပြန်ရသည့် စစ်သားများမှာ တပ်တွင်းမှ ထွက်ပြေးရန် မကြာခဏ ကြိုးပမ်းလေ့ရှိကြသည်ဟု ဆိုသည်။
.

ကာကင်းကုန်းမှ စစ်အစိုးရတပ် တပ်စခန်း

ရွာသားများအား အမည်မသိ လက်နက်ကိုင် လူတစ်စု ပြန်ပေးဆွဲ - ကျပ်သိန်းချီဖြင့် ပြန်ရွေးခိုင်း
သတင်း - သျှမ်းသံတော်ဆင့်သတင်း
သံလွင်အရှေ့ခြမ်း မိုင်းယောင်းမြို့နယ်အတွင်း ကျေးလက်ရွာသားများအား အမည်မသိပြောက်ကျား စစ်ဝတ်လက်နက်ကိုင် လူတစ်စု မကြာခဏ ပြန်ပေးဆွဲ ကျပ်ငွေသိန်းချီ ရွေးခိုင်းကြောင်း စုံစမ်း သိရှိရပါသည်။
“တောလည်သွားတဲ့ ရွာသားတွေ ဖမ်းထားပြီး မိဘဆွေမျိုးကို ပြန်ရွေးခိုင်းတယ်။ ပြန်ပေးဆွဲတဲ့ သဘောပေါ့။ ၇ ယောက် ၈ ယောက်လောက် ခံရပြီးပြီဆိုဘဲ” ဟု ကျိုင်းတုံရောက် မိုင်းယောင်းဒေသခံ တစ်ဦးက ပြောပါသည်။
မိုင်းယောင်းမြို့အနီးတ၀ိုက် တောလည်ထွက် ကျေးလက်သားများအား မျက်နှာဖုံး အုပ်ထားသော မီးခိုးရောင် ပြောက်ကျား စစ်ဝတ် လက်နက်ကိုင် လူတစ်စုက လွန်ခဲ့သော ၂ ပတ်ခန့်မှ စ၍ ပြန်ပေးဆွဲနေခြင်း ဖြစ်သည်။
“အစတုန်းကတော့ လေးငါးသောင်းဘဲ တောင်းတယ်။ တဖြည်းဖြည်းနဲ့ နောက်တော့ ၅ သိန်း ၁၀ သိန်းအထိ တောင်း လာတယ်။ ရွာသူကြီးကို ဖမ်းခေါ်သွားပြီး ပိုက်ဆံတောင်းတာမျိုးလဲ ရှိတယ်။ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ဆိုတာလဲ မသိဘူး” ဟု ၎င်းက ဆက်လက် ပြောပါသည်။
ထိုကိစ္စကြောင့် ချမ်းသာချောင်လည်သည့် ဒေသခံအချို့ တာချီလိတ်ဖက် ပြောင်းရွှေ့နေထိုင်ကြသည်မှာ မိသားစု ၂၀-၃၀ ခန့်ရှိပြီ ဖြစ်သည်ဟု ဆို၏။
“ကျုပ်တို့ သျှမ်းတပ်ဖွဲ့က မဟုတ်ပါဘူး။ ကျနော်တို့တပ်ဖွဲ့ဝင်တွေလဲ မီးခိုးရောင်ပြောက်ကျားစစ်ဝတ်စုံမဝတ်ဘူး။ ထိုင်း က အစိမ်းရောင်ပြောက်ကျားစစ်ဝတ်စုံဘဲဝတ်တယ်” ဟု SSA တောင်ပိုင်း အမှတ် (၁) စစ်ဒေသ (ကျိုင်းတုံစစ်ဒေသ) တပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
လွန်ခဲ့သည့် ၂၀၁၀ ဒီဇင်ဘာ ၂၆ ရက်က တပ်ရင်းနံပါတ်တံဆိပ်မပါဘဲ နအဖစစ်သား ၄-၅ ယောက် မီးခိုးရောင် ပြောက်ကျားစစ်ဝတ်စုံဝတ်၍ မိုင်းယောင်းအရှေ့မြောက်ဘက် ၅ မိုင်အကွာ မိုင်းယုသွားလမ်း ဝမ့်တပ်ကျေးရွာအုပ်စု ဝမ့်လျဲန့်နှင့်ဝမ့်အန်ကြား၌ စပါးခွန်၊ ဘီးခွန်ကောက်နေသည်ဟု တာချီလိတ်ရောက် မိုင်းယောင်းကုန်သည်တစ်ဦးကလည်း ပြောပါသည်။
“မိုင်းယောင်းကနေ မိုင်းယုကိုသွားတဲ့ စပါးတင်ကားတွေကို ဘီးခွန်၊ စပါးခွန်ကောက်တယ်။ သူတို့လဲမီးခိုးရောင် ပြောက်ကျား စစ်ဝတ်စုံဝတ်ထားတာ”
မိုင်းယောင်းဒေသ စပါးအထွက်ကောင်းသဖြင့် မိုင်းယုသို့ လယ်သမားများက စပါးသွားရောင်းကြကြောင်း၊ မိုင်းယုမှ တဆင့် နမ့်လွေချောင်းကိုကျော်ပြီး မိုင်းလားနယ်သို့ ပို့ဆောင်ကြောင်း၊ မိုင်းလားတပ်ဖွဲ့နယ်မြေသို့ ဆန်စပါးမဝင်စေ ရန် ဖြတ်တောက်ခြင်းလည်းဖြစ်ကြောင်း၊ နယ်ခြားစောင့်တပ်လုပ်ရန် ငြင်းဆန်သည့် မိုင်းလားတပ်ဖွဲ့နှင့် နအဖတို့ စစ်ရေးအရ တင်းမာလာသော ၂၀၀၉ နှစ်ဦးပိုင်းမှစ၍ ကျေးလက်လူထုက နအဖ၏လူအခွင့်အရေးချိုးဖေါက်မှုဒဏ် ပိုမို ခံလာရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရပါသည်။
“မိုင်းယောင်းလယ်သမားတွေ ဈေးနှိမ်ခံရတဲ့ တာဝန်ကြေစပါးသွင်းတာ မပြည့်သေးလို့ သွင်းနေကြရတုန်း။ အာဏာပိုင် တွေနဲ့ ရွာသူကြီးတွေ ပူးပေါင်းပြီး ရိုက်စားတာလဲရှိတယ်” ဟု ၎င်းကဆက်လက်ပြောပါသည်။
မိုင်းယောင်းအခြေစိုက်နအဖစစ်တပ်များက ကျေးလက်လူထုအား ရွာပြင်ရှိလယ်ယာသို့ ညအိပ်ခွင့်မပြုဘဲ နေ့ချင်းပြန် ခိုင်းကြောင်း၊ တောင်ယာသို့ ဆန်၊ ထမင်း လုံးဝယူသွားခွင့်မပြုကြောင်း၊ သတ်မှတ်ထားသည့်အချိန် ရွာသို့ပြန်မရောက် လာလျှင် ဒဏ်ငွေပေးဆောင်ရကြောင်းလည်း သိရှိရပါသည်။
ခမရ ၃၃၄၊ ၃၃၅၊ ၃၁၁ နှင့် ၅၇၃ တို့သည် မိုင်းယောင်း အခြေစိုက်တပ်များ ဖြစ်ကြပြီး စကခ ၁၈ (မိုင်းဖြတ်) လက်အောက်ခံများ ဖြစ်ကြသည်။
.

မိုင်းယောင်းမြို့ တည်နေရာ
Labels:
သတင်း(ပြည်တွင်း)
Tuesday, January 18, 2011
သန်းရွှေ ညောင်းလိုက် - Justin ပါပီ (Canada)
.သန်းရွှေ ညောင်းလိုက် by yeyintanada
Justin ပါပီ (Canada)ရေးဖွဲ့ သီဆိုသည်. . . .
အိုဝူ ၀ါးးးးးးးးး အိုဝူ ၀ါးးးးးးးးး
အိုဝူ ၀ါးးးးးးးးးဟိုးးးးးးးး
အကုန်လုံးလဲကုန်ပီ~~~~တနိုင်ငံလုံးလဲမွဲပီ
သူရှောက်လုပ်နေတာ ဘာတခုမှဖြစ်မလာ
စစ်သားကြီးတွေလဲ~~ဖွတ်ကြားဖြစ်သွားပီ
တကယ်ဆိုဗိုလ်ချုပ်တွေဘဲ အကုန်သူဌေးဖြစ်သွားတယ်
လေကတော့ ကျယ်တယ်~~နယူကလီးယားလုပ်မတဲ့ 
လောက်လေးဂွတောင်မှ~~အလုံအလောက်မရှိတာ
ဗမာပြည်စစ်သားတွေလဲ ပဲဟင်းတွေဘဲစား
ဒီကမ္ဘာမှာအတော်ဆုံး ကလိမ်ကကျစ်အကျဆုံးလူ
ကျနော်ပြောမယ်~~~~
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံးမေတ္တာပို့ တယ် ညောင်းတော့ 
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံး တောင်းဆိုကြပီ မြန်မြန်သာ ညောင်းတော့ 
အာနာတကယ်ရူး အာနာအရမ်းမက်တဲ့ သူ
အရာရာကို သေနပ် ကိုင်ပီးဘဲ ဖြေရှင်းတတ်သူ
ဘယ်သူဘာပြောပြော မမှုဘူး အရှက်မရှိတဲ့ မျက်နှာရူး
ဒီကမ္ဘာမှာ တယောက်ထဲဘဲရှိတယ် ပြိုင်လာရင်အရှုံးပေးရမယ်
အာနာတည်မြဲဘို့  ဘာကိုပင် လုပ်ရလုပ်ရ
သူသာလျှင် အမြဲတမ်းဘဲဆရာကြီးလုပ်ချင် ခက်တယ်
အမြန်သာ ညောင်း ညောင်း ညောင်း~~~
ဒီကမ္ဘာ လောကတခုလုံး စိတ်ချမ်းသားသွားရအောင်

တတိုင်းပြည်လုံး တောင်းဆိုကြပီ မြန်မြန်သာညောင်းတော့ 
Rap..
၈၈မှာအာနာသိမ်းတယ်~~စစ်တပ်ကိုအိတ်ထဲထဲ့ ခါ~~ကြံ့ ဖွန့် ကိုပါတီဖွဲ့ ပီး
နာဂစ်မုန်တိုင်းမှာအခွင့် အရေးယူတယ်~~~အခြေခံဥပဒေကိုဝါးရင်းဒုတ်ကိုင်ပီး
ဂီရိရွေးကောင်ပွဲကို တရားမ၀င်လုပ်တယ်~~တကမ္ဘာလုံးမှာပထမဆုံးသော
ကြိုတင်မဲတွေကို အိတ်နဲ့ ထဲထဲ့ ပီးတော့ ~~အနိုင်ရအောင်သူအတင်းလုပ်တယ်
အကြံပက်စက်တဲ့ နေရာမျိုးမှာ~~ ဒေ၀ဒတ် တောင်ဆရာတင်ရမယ်
ဒီတသက်မှာအာနာမရရင်~~ကိုယ့် ကိုယ်ကို သတ်သေပလိုက်မယ်
သူလုပ်သမျှ~~So amazing~~and now my heart is Breaking
ကျနော်ပြောမယ်~~~~
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံးမေတ္တာပို့ တယ် ဒိုးတော့ 
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံး တောင်းဆိုကြပီ မြန်မြန်သာညောင်းတော့ 
ရေးရေးရေး~~~~ရေးရေးရေး~~~အာနာရူးကြီး
ရေးရေးရေး~~~~ရေးရေးရေး~~~ရှင်ဘုရင်ရူးကြီး
ရေးရေးရေး~~~~ရေးရေးရေး~~~မင်္ဂလာချုပ်ကြီး
အမြန်သာ ညောင်းတော့ 
အသံဖိုင်ရယူရန်

Posted in
Music
by ရဲရင့်(ကနေဒါ)
Labels:
တေးဂီတ
Sunday, January 16, 2011
လွှတ်တော်သုံးရပ် ခေါ်ယူတော့မယ်..လွှတ်တော်ဆိုင်ရာ ဥပဒေစာအုပ်များ လွှတ်တော် ကိုယ်စားလှယ်များ လက်ထဲ ယခုထိ မရောက်ရှိသေး
သတင်း -
ခိုနူမ်းထုန် သတင်းဌာန
စစ်အစိုးရသည် ဇန္န၀ါရီလ ၃၁ ရက်နေ့တွင် လွှတ်တော်သုံးရပ်ကို ခေါ်ယူတော့မည်
ဖြစ်သော်လည်း လွှတ်တော်ဆိုင်ရာ ဥပဒေစာအုပ်များ လွှတ်တော် ကိုယ်စားလှယ်များ
လက်ထဲ ယခုထိ မရောက်ရှိသေးကြောင်း သိရသည်။
ရန်ကုန်မှာတော့ တအုပ်ကို ကျပ်ငွေ ၂၃၀၀ – ၂၅၀၀ ခန့်နဲ့ ရနိုင်တယ်လို့တော့ ပြောကြတာပဲ၊ ပြည်သူမပြောနဲ့၊ ကျတော် တို့ လွှတ်တော်ကိုယ်စားလှယ်တွေတောင်မရသေးဘူး၊ အနီးကပ်မှပဲ ၀ယ်ရတော့မှာပေါ့ဟုချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှ ပြည်နယ်ကိုယ်စားလှယ် ဦး နာ့ထန်းကပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း သက်ဆိုင်ရာမှာ တအုပ် ကျပ်ငွေ ၁၀၀၀ နဲ့ ၀ယ်ရကြောင်း ယခု လွှတ်တော် ဆိုင်ရာ ဥပဒေစာအုပ်များ ချင်းပြည်နယ်ရောက်ရှိလာသည့် အချိန်တွင် အနည်းဆုံး ကျပ်ငွေ ၁၀၀၀၀ ဖြင့် ရောင်းချလိမ့် မည်ဖြစ်ကြောင်း ကလေးမြို့မှ စာအုပ်ဆိုင်ပိုင်ရှင် တဦးက ပြောသည်။
” အခု ရန်ကုန်မှာ ဒီဥပဒေစာအုပ်တအုပ် ကို ကျပ်ငွေ ၈၃၀၀ နဲ့ ရောင်းချကြတယ်လို့သိရတယ်၊ ဒီရောက်ယင်တော့ ဈေးမ တင်လို့မရဘူး” ဟု အဆိုပါ စာအုပ်ဆိုင် ပိုင်ရှင်က ပြောသည်။
အဆိုပါ Union Government Law, Region or State Government Law, State Constitution ,Tribunal Law,Union Appointment Judicature Law, Pyidaungsu Hluttaw Law and Bylaw, Pyithu Hluttaw Law and Bylaw, Amyotha Hluttaw Law and Bylaw, Region or State Hluttaw Law and Bylaw, Union Judicial Law, Union Attorney -General Law, Union Auditor-General Law, State seal Law and Bylaw, Law and Bylaw on Election of President and Vice-Presidents, Self-Administered Division or Self-Administered Zone Leading Body Law, Nay Pyi Taw Council Law, State Flag Law and Bylaw, National Anthem Law and Bylaw ဥပဒေစာအုပ်များကို ဇန္န၀ါရီလ ၁၁ ရက်နေ့တွင် ပုံနှိပ်ထုတ်ဝေကြခြင်းဖြစ်သည်။
စစ်အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုနိုင်အောင် ထုတ်ဝေ ခြင်းမရှိကြောင်း ပြည်တွင်းက လာသည့် သတင်းများအရ သိရသည်။

လူငယ်နှင့် တက္ကသိုလ် ကျောင်းသားများအကြား ဆေးဝါးသုံးစွဲမှု ပိုများလာ
သတင်း -
လွတ်လပ်သော မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်အတွင်း လူငယ်များနှင့် တက္ကသိုလ် ကျောင်းသားများ အကြားမှာ
မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုများလာပြီး အကျင့်စာရိတ္တ ပျက်စီးမှုလည်း
ရှိလာသည်ဟု မွန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်က ပြောသည်။
မြင်းဆေး (ခေါ်) ယာဘ နှင့် ယခုနောက်ပိုင်းတွင် ထိုင်းနိုင်ငံမှ ဝင်လာသည့် ဘိန်းစာရွက်များ သုံးစွဲမှု ပိုများလာသည်။
“လူငယ်တွေနဲ့ တက္ကသိုလ်ကျောင်းသားတွေကြားမှာ ဆေးဝါးသုံးစွဲမှုက ဒီကနေ့အခြေအနေအရဆို များပြားလာတယ်၊ ဟိုတုန်းကဆို ဆေးသုံးစွဲတယ်ဆိုတာ သတင်းလောက်ပဲကြားတယ်၊ အခုဆို ကိုယ့်မျက်စိရှေ့မှာ ကိုယ်တိုင်မြင်နေရတယ်” ဟု မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။
လူငယ်နှင့် တက္ကသိုလ်ကျောင်းသားများကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှုအများဆုံးတွေ့မြင်နေရသည်က မော်လမြိုင်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင် အများဆုံးတွေ့ရပါသည်။
မြင်းဆေး (ခေါ်) ယာဘဆေးကို မုဒုံမြို့နယ်တွင် အများဆုံးပြန့်နှံ့နေပြီး ၄င်းမှတဆင့် လူငယ်များအကြား အလွယ်တကူ ဝယ်ယူသုံးစွဲလာကြသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် အလုပ်လုပ်နေကြသူများသည် ယစ်မူးစေသည့် ဘိန်းစာရွက်ပင်ကို မွန်ပြည်နယ်သို့ ယူပြန်လာပြီး မိမိတို့ နေအိမ် ခြံဝင်းအတွင်း စိုက်ပျိုးထားကာ ယခုနောက်ပိုင်း ကြီးထွားလာပြီး ထိုဘိန်းစာရွက်ကို သုံးစွဲသူများလာခြင်းကြောင့် စီးပွားဖြစ် ရောင်းချနေကြသည်။
မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်မှ ထွက်နေသည့် ထိုဘိန်းစာရွက်တစ်ရွက်လျှင် ကျပ် ၅၀ ဖြင့်ရောင်းချနေပြီး၊ ၄င်းကို ရေးမြို့နယ်အတွင်းတွင် တဆင့်ပြန်ရောင်းသူတို့က တစ်ရွက်လျှင် ကျပ်ငွေ ၂၀၀ ထိ ရောင်းချနေသည်ဟု ရေးမြို့နယ် ကလော့ကျေးရွာမှ ထိုဘိန်းစာရွက် သုံးစွဲခဲ့သည့်လူငယ်တစ်ဦးက ပြောသည်။
၎င်းလူငယ်၏ အဆိုအရ ထိုဘိန်းစာရွက်ကို သုံးစွဲပြီးလျှင် အလုပ်လုပ်ရာမှာ ပေါ့ပါးသွက်လပ်မှုရှိပြီး မောပန်းနွမ်းနယ်မှုဒဏ်ကို ခံနိုင်သည်။
ယခု သုံးစွဲနေကြသည့် လူငယ်နှင့် တက္ကသိုလ်ကျောင်းသားတို့သည် ထိုဘိန်းစာရွက်ကို အရွက်လိုက်ဝါးစားခြင်းမဟုတ်ဘဲ ထိုအရွက်ကို ထောင်းပြီး ရရှိလာသည့်အရည်ကို ချောင်းဆိုးပျောက်ဆေး၊ ကော်ဖီမစ်နှင့် ရောထည့်ပြီး သုံးစွဲခြင်းဖြင့် ယစ်မူးမှုအရှိန် တဖြည်းဖြည်း တက်လာသည်ဟု သုံးစွဲခဲ့ဖူးသူ လူငယ်တစ်ဦးက ပြောသည်။
“အခုလို လူငယ်တွေ ကျောင်းသားတွေ မူးယစ်ဆေးဝါးကြောင့်နဲ့ ပျက်စီးနေတာကို ဘယ်လို ကာကွယ်တာဆီးရမလဲဆိုတာကို အဖွဲ့အစည်းတွေအနေနဲ့ စဉ်းစားသင့်တယ်” ဟု မော်လမြိုင် တက္ကသိုလ်မှ မွန်ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောသည်။
ထိုမျှမက မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်မှ အထက်တန်းကျောင်းသားအများစုလည်း ဈေးနှုန်းနည်းနည်းနှင့် ယစ်မူးစေသည့် ဘိန်းစာရွက်ကို အလွယ်တကူဝယ်ယူနိုင်သည့်အတွက် အရည်ကျိုပြီး မူးယစ်ဆေးဝါးအဖြစ် သုံးစွဲနေကြကြောင်း ဒေသခံတို့၏ ပြောပြချက်ကို ကိုးကား၍ ကောင်းဝါသတင်းဌာနတွင် ဖော်ပြထားသည်။
၂၀၁၀-၂၀၁၁ ခုနှစ်အတွင်းတွင် ဘိန်းစိုက်ပျိုးချိန်မှာ မြန်မာစစ်အစိုးရတို့မှ ဘိန်းစိုက်ခင်း ၇၃၀၉.၉၃ ဧကကို ဖျက်စီးနိုင်ခဲ့သည်ဟု အစိုးရပိုင်သတင်းစာဖြစ်သည့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

နအဖလက်ထက် မြန်မာပြည်သူများဘ၀..
သတင်း -
ကောင်းဝါ သတင်းဌာန
ထိုင်းမြန်မာ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ပတ်စပို့ယူပြီး
ဘန်ကောက်ကို ပြန်တက်လာသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားအများစုသည်
ထိုင်းနိုင်ငံ နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရန်အတွက် အလုပ်သမားများ အခက်ခဲ
ကြုံတွေ့နေရပြီး ထိုင်းရဲများ၏ ဖမ်းဆီးစစ်ဆေးမှုကို ခံနေကြရသည်ဟု
အဖမ်းခံရသည့် အလုပ်သမား အချို့မှ ပြောပါသည်။
ထိုင်းဘာသာစကားကို ကောင်းကောင်း မကျွမ်းကျင်သည့် အလုပ်သမား အသစ်များသည် လူကုန်ကူး ပွဲစား များ၏ လိမ်လည်လှည့်စားမှုများကိုလည်း ခံနေကြရပြီး တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ရထားသော်လည်း တချို့ သော ထိုင်းရဲတွေ စစ်ဆေးမေးမြန်း ဖမ်းဆီးမှုများ ခံနေရဆဲဟု ဘန်ကောက်မြို့တော် အဝင်ဂိတ်တွင် အဖမ်းခံ ရသည့် နိုင်ငံကူးလက်မှတ် လုပ်ဆောင်ခဲ့သူ အမျိုးသမီးတစ်ဦးမှ ယခုလို ပြောပါသည်။
“ကုန်ကျစရိတ်တွေ ပွဲစားကိုပေးပြီမှ ပွဲစားကပြောတယ် တံဆိပ်မရိုက်လည်း သွားလို့ရတယ်ဆိုပြီတော့ ကျမတို့ ဘက်ကောက်ကို တက်လာတော့ပေါ့ ၊ ဘန်ကောက် ရဲဂိတ်ကိုလည်း ရောက်ရော ကျမအုပ်စု လူသုံးယောက်နဲ့ တခြားက ခုနှစ်ယောက်ကို ရဲက ဖမ်းဆီးလိုက်တယ်။ ပတ်စပို့မှာ ထိုင်းတံဆိပ် မရိုက်နိုပ်ထားတဲ့အတွက်ပါ၊ နေ့တိုင်း လိုလို ပတ်စပို့ရှိတဲ့သူတွေ အဖမ်းခံနေရတယ်၊ ကျမတို့ အဖမ်းခံရတဲ့အချိန်မှာ အချုပ်ခန်းမှာ လူအယောက် (၂ဝ)လောက်ရှိတယ်၊”
ယခုလို အဖမ်းခံရသည့်လူများကို ထိုင်းရဲများမှ ထိုင်းစကားကျွမ်းကျင်ပြီး ငွေပေးနိုင်သည့်သူများကိုသာ လွှတ်ပေးပြီး မပေးနိုင်သည့်သူများကို အချုပ်ခန်းမှာထားကာ မြဝတီကို ပို့သည်ဟုလည်း အဆိုပါ အမျိုးသမီးမှ ယခုလို ပြောပါသည်။
“ပတ်စပို့လုပ်တဲ့စရိတ်ကလည်းမနည်းဘူး ။ ပတ်စပို့လုပ်ပို့က (၄၅ဝဝ)ဘတ် အလုပ်လုပ်ခွင့်လက်မှတ်ရဘို့ ကို တနှစ်မှာ (၂၈ဝဝ)ဘတ်။ ထိုင်းအစိုးရကို (၂၄ဝဝ)ဘတ်။ ကိုယ့်ကို တာဝန်ယူ ပေးတဲ့လူကို တစ်လကို(၂၆၆) ဘတ်လတိုင်းပေးရမှာ ဖြစ်တယ်။ တံဆိပ်ပြန်နိုပ်ရင်တော့ နိုပ်ခ (၁၁ဝဝ) ဘတ် ပေးရဦးမယ်၊ လမ်းစရိတ် စားစရိတ်နဲ့(၂)သောင်းနီးပါကုန်တယ်။ အဲဒါကြောင့် ပတ်စပို့လုပ်ပြီလည်း သွားလာရအဆင်ပြေတယ်ဆိုပေမယ့် လခနည်းနည်းနဲ့အလုပ်လုပ်ရရင်တော့ ဘယ်လိုမှအဆင်မပြေဘူး။”
နေ့စဉ်နေ့တိုင်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများစွာသည် မိသားစုအတွက်ဝင်ငွေရှာရန်နှင့် မိသားစုများထံသို့ ငွေတချို့ပြန်ပို့နိုင်ရန် မျှော်လင့်ချက်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည့် အတွက် ယခုလို အလုပ်သမားလက်မှတ်လုပ်ဆောင်ရန်အတွက် ငွေကြေးပေးဆောင်နေရသည့်အပေါ် အခက်အခဲဖြစ် နေသည်ဟု ထိုင်းနိုင်ငံစူရပ်ဌာနေရှိ ရာဘာခြစ်အလုပ်သမားတစ်ချို့မှပြောပါသည်။
သို့သော် အကယ်၍ နိုင်ငံကူးလက်မှတ်မလုပ်လျှင် အချို့မှာအလုပ်ရှင်ကောင်းနှင့်တွေ့လျှင်မထောင်းသာ သော်လည်းအချို့မှာ၎င်းတို၏့လုပ်အားခများတရားသဖြင့်မရရှိဘဲထိန်းချုပ်ထားခြင်း ပြင်ပသို့ထွက်ခွာခွင့်မရခြင်း စသည်တို့ ထိန်းချုပ်ထားခြင်းကိုလည်းခံနေကြရသည်ဟု အလုပ်သမားများမှဆိုပါသည်။
အလုပ်သမားများအဓိကလိုအပ်ချက်ဖြစ်သည့် လုံခြုံရေး နေထိုင်ရေး လုပ်အားခတရားသဖြင့် ရရှိနိုင်ရန် အတွက် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရသဘောတူညီထားသည့် တရားဝင်အလုပ်လုပ်နေထိုင်ခွင့် ပတ်စပို့ စာအုပ် (နိုင်ငံကူးလက်မှတ်)ကို ငွေကုန်ကျခံပြီး ပွဲစားများနှင့်နည်းအမျိုးမျိုး အဆက်သွယ်အမျိုးမျိုးနှင့် သွား ရောက်လုပ် ကိုင်ကြရပြီး လုပ်အားခနှင့်မထိုက်တန်သောငွေကြေးပေးဆောင်နေရခြင်းအတွက် အခက်ခဲများ နှင့်ကြုံတွေ့နေ သည်ဟု နိုင်ငံကူးလက်မှတ်လုပ်ဆောင်သူ အလုပ်သမားတချို့မှပြောပါသည်။
(၂ဝဝ၃) ခုနှစ်ဝန်းကျင်မှစပြီ ထိုင်းအစိုးရနှင် မြန်မာအစိုးရတို့ နှစ်နိုင်ငံသဘောတူညီချက်အရတရားဝင် အလုပ်လုပ်ကိုင်ခွင့်အတွက် ယာယီနိုင်ငံကူးလက်မှတ်ကို စတင်လုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် မြဝတီ ကော့သောင်း တာချီလိတ် အစရှိသည့် နယ်စပ်မြို့နယ်များတွင် လုပ်ဆောင်ပေးနေသည်ဟု အလုပ်သမားများမှပြောပါသည်။

Wednesday, January 12, 2011
ဗိုလ်မှူးဂျလွမ်းထော ဦးစီးတပ်ဖွဲ့ မွန်ပြည်သစ်ပါတီထံ ပြန်လည် ဝင်ရောက်လာ
Type your summary here.
Type the rest of your post here.
သတင်း - ကောင်းဝါ သတင်းဌာန
ဗိုလ်မှူးဂျလွမ်းထော ဦးစီးသည့် မွန်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ယခုသီတင်းပတ်၌ မိခင် မွန်ပြည်သစ်ပါတီသို့ ပြန်လည် ဝင်ရောက်လာကြောင်း ကာယကံရှင်များနှင့် တွေ့ဆုံ မေးမြန်းချက်အရ သိရသည်။
“စက်တင်ဘာလ ၁ ရက်နေ့က စစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်သွားပြီလို့ သိရတဲ့အတွက် ကျနော်တို့အားလုံး ပါတီကို ပြန်ဝင်လာတာ ဖြစ်တယ်” ဟု ဗိုလ်မှူးဂျလွမ်းထောက ပြောသည်။Br>
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့၌ ဗိုလ်မှူးဂျလွမ်းထော ဦးစီးပြီး တပ်ဖွဲ့ဝင် ၂၀ နှင့်အတူ မွန်ပြည်သစ်ပါတီမှ ခွဲထွက်ကာ ရေးတောင်ပိုင်းဒေသနှင့် ရေဖြူမြို့နယ် တဝိုက်တွင် လှုပ်ရှားရင်း စစ်အစိုးရ တပ်ဖွဲ့အား ပြောက်ကျား စစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
“အပစ်ရပ်စဲတဲ့ကာလမှလည်း မွန်ဒေသအချို့မှာ စစ်အစိုးရက လူ့အခွင့်အရေးတွေ ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်နေတာကို မခံမရပ်နိုင်လို့ ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်ခဲ့တာ ဖြစ်တယ်” ဟု ဗိုလ်မှူး ဂျလွမ်းထောက ဆက်ပြောသည်။
“သူတို့ ခုလို ဝင်လာတာအင်အား ၂၇ ယောက်နဲ့ လက်နက် အပြည့်အစုံ ပါလာတာကို အတည်ပြုနိုင်ပါပြီ၊ နောက်လက်ကျန်တွေကိုတော့ ဗဟိုက အတည်မပြုနိုင်သေးဘူး” ဟု မွန်ပြည်သစ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီက ပြောသည်။
၁၉၉၅ ခုနှစ် အပစ်ရပ်စဲသည့် ကာလတလျှောက်တွင် လက်မခံနိုင်သဖြင့် မွန်ပြည်သစ်ပါတီမှ ၃ ဖွဲ့ခွဲထွက်မှုများ ရှိခဲ့ကြောင်း နိုင်တလညီက ဆက်ပြောသည်။
၎င်းအဖွဲ့များမှာ မြိတ်ခရိုင်တပ်ဖွဲ့၊ ဗိုလ်မှူကြီးပန်းညွန့်ဦးစီးသည့် ဟံသာဝတီ ပြန်လည်ထူထောင်ရေး ပါတီနှင့် ဗိုလ်မှူး ဂျလွမ်းထော ဦးစီးသည့် အဖွဲ့များသာ ဖြစ်ကြသည်ဟု သိရသည်။
အခြား မွန်လက်နက်ကိုင်အဖွဲ့ငယ်များမှာ မွန်ပြည်သစ်ပါတီမှ ခွဲထွက်ခဲ့ခြင်းမဟုတ်၊ အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော မွန်လက်နက်ကိုင် အဖွဲ့ငယ်များသာ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။
.

ဗိုလ်မှူး ဂျလွမ်းထော

ဖရုံကာကျွန်းအနီး ကျောက်ဆောင်တစ်ခု ရေပေါ်မှ ပေါ်ထွက်လာ
သတင်း -
နိရဉ္စရာ သတင်းဌာန
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖရုံကာကျွန်းအနီး ပယ်လယ်ပြင်တွင်
ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ထူးခြား ဆန်းကြယ်စွာ ထွက်ပေါ်လာကြောင်း သတင်း
ရရှိသည်။
ထွက်ပေါ်လာသော ကျောက်ဆောင်မှာ ရေပေါ်သို့ အမြင့် ၁၀ ပေခန့် ထိုးထွက် ဖြစ်ပေါ်နေသည်ဟု သိရသည်။
ငါးဖမ်းသမား ဘုတ်ပိုင်ရှင် ကိုလှကျော်မြင့်က “ ဒီရေ ကျသွားတဲ့ အချိန်ဆိုရင် ၁၀ ပေထိ ထိုးထွက်နေပြီး ဒီရေ တက်ချိန်ဆိုရင် လေး- ငါးပေထိ ပေါ်ထွက်နေပါတယ်။ အရင်က အဲဒီနေရာမှာ ခုလို ကျောက်ဆောင် မရှိတဲ့ အတွက် လူတွေကတော့ အနားမကပ်ရဲဘဲ ဖြစ်နေကြပါတယ်။ ခုလို ကျောက်ဆောင်ပေါ်တာက ထူးခြားဆန်းကြယ်တဲ့ အတွက် ငါးဖမ်းသမားတွေကတော့ အမျိုးမျိုး ပြောနေကြပါတယ်” ဟု ပြောသည်။
အခု ကျောက်ဆောင်ပေါ်လာသော နေရာမှာ စစ်တွေမြို့ အရှေ့တောင်ဘက်၊ ဖရုံကာကျွန်း အရှေ့ ပိုင်း၏ တောင်ဘက် ၇ မိုင်ခန့် အကွာတွင် တည်ရှိသည်ဟု သိရသည်။
အဆိုပါ
ကျောက်ဆောင်မှာ ဒီဇင်္ဘာလ နောက်ဆုံးအပတ်ခန့်က ရေပေါ်သို့ ရွှေ့လျား
ပေါ်ထွက်လာသဖြင့် အစပိုင်းတွင် ငါးဖမ်းသမားများက ရေနဂါးဟု ထင်ကာ
စက်လှေများကို ထွက်ပြေးခုတ်မောင်းခဲ့ကြကြောင်း နောက်ပိုင်းတွင်သာ
ကျောက်ဆောင်ဟု သိရှိသဖြင့် အနီးအနားမှ သွားရောက်ကြည့်ရှု့ခဲ့ကြသည်ဟု သူက
ပြောသည်။
“အခုတော့ လူတွေက အနားကို စက်လှေနဲ့ သွားကြည့်ကြတယ်။ ဒါပေမယ့် သိပ်အနီးကပ်ပြီးတော့ မသွားရဲကြဘူး။ လူတွေကတော့ ရေအောက်မှာ မီးတောင်ရှိနေတဲ့ အတွက် မီးတောင်ပေါက်ကွဲမယ့် အနေအထားကြောင့် ခုလို မြင့်တက်လာတာ ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုနေကြပါတယ်” ဟု သူက ဆက်ပြောသည်။
အဆိုပါ ဖရုံကာကျွန်း အနီးတ၀ိုက်တွင် ရွံ့မီးတောင်များ အများအပြား တည်ရှိနေပြီး ရေအောက်တွင်လည်း မီးတောင်များ ပျံ့နှံ့ တည်ရှိနေကြောင်း သိရသည်။ အဆိုပါ နေရာ အနီး တ၀ိုက်တွင် ငါးများ အထူးကျက်စားသဖြင့် ပြည်တွင်း ငါးဖမ်းသမားများသာမက ပြည်ပ ငါးဖမ်းသမားများလည်း တန်ကေးခေါ် စက်လှေကြီးများကို အသုံးပြုကာ ငါးများကို ဖမ်းဆီးကြသည်ဟု သိရသည်။
ယခုကဲ့သို့ ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ရွှေ့လျား ထွက်ပေါ်လာခြင်းကို စစ်တွေတွင် သိရှိသူ နည်းပါးနေသေးကြောင်း သူက ဆက်ပြောသည်။
.

ငါးဖမ်းသမား ဘုတ်ပိုင်ရှင် ကိုလှကျော်မြင့်က “ ဒီရေ ကျသွားတဲ့ အချိန်ဆိုရင် ၁၀ ပေထိ ထိုးထွက်နေပြီး ဒီရေ တက်ချိန်ဆိုရင် လေး- ငါးပေထိ ပေါ်ထွက်နေပါတယ်။ အရင်က အဲဒီနေရာမှာ ခုလို ကျောက်ဆောင် မရှိတဲ့ အတွက် လူတွေကတော့ အနားမကပ်ရဲဘဲ ဖြစ်နေကြပါတယ်။ ခုလို ကျောက်ဆောင်ပေါ်တာက ထူးခြားဆန်းကြယ်တဲ့ အတွက် ငါးဖမ်းသမားတွေကတော့ အမျိုးမျိုး ပြောနေကြပါတယ်” ဟု ပြောသည်။
အခု ကျောက်ဆောင်ပေါ်လာသော နေရာမှာ စစ်တွေမြို့ အရှေ့တောင်ဘက်၊ ဖရုံကာကျွန်း အရှေ့ ပိုင်း၏ တောင်ဘက် ၇ မိုင်ခန့် အကွာတွင် တည်ရှိသည်ဟု သိရသည်။

“အခုတော့ လူတွေက အနားကို စက်လှေနဲ့ သွားကြည့်ကြတယ်။ ဒါပေမယ့် သိပ်အနီးကပ်ပြီးတော့ မသွားရဲကြဘူး။ လူတွေကတော့ ရေအောက်မှာ မီးတောင်ရှိနေတဲ့ အတွက် မီးတောင်ပေါက်ကွဲမယ့် အနေအထားကြောင့် ခုလို မြင့်တက်လာတာ ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုနေကြပါတယ်” ဟု သူက ဆက်ပြောသည်။
အဆိုပါ ဖရုံကာကျွန်း အနီးတ၀ိုက်တွင် ရွံ့မီးတောင်များ အများအပြား တည်ရှိနေပြီး ရေအောက်တွင်လည်း မီးတောင်များ ပျံ့နှံ့ တည်ရှိနေကြောင်း သိရသည်။ အဆိုပါ နေရာ အနီး တ၀ိုက်တွင် ငါးများ အထူးကျက်စားသဖြင့် ပြည်တွင်း ငါးဖမ်းသမားများသာမက ပြည်ပ ငါးဖမ်းသမားများလည်း တန်ကေးခေါ် စက်လှေကြီးများကို အသုံးပြုကာ ငါးများကို ဖမ်းဆီးကြသည်ဟု သိရသည်။
ယခုကဲ့သို့ ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ရွှေ့လျား ထွက်ပေါ်လာခြင်းကို စစ်တွေတွင် သိရှိသူ နည်းပါးနေသေးကြောင်း သူက ဆက်ပြောသည်။
Labels:
ထူးခြားဖြစ်စဉ်
စစ်အစိုးရက DKBA စခန်းကို သိမ်းယူရန် ကြိုးစား
သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBAတပ်ဖွဲ့ အခြေစိုက်သည့် တပ်စခန်း တစ်ခုအား စစ်အစိုးရ တပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဖက် ဖလူးဒေသရှိ တာ့ကိုကျိုးစခန်းအား ယမန်နေ့ နံနက်ပိုင်းမှစ၍ စစ်အစိုးရတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ယင်းစခန်းအား ယနေ့နံနက် ၃ နာရီ အချိန်ခန့်က အင်အားအလုံးအရင်းဖြင့် စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု DKBA ခွဲထွက် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နုတ်ခမ်းမွေးခေါ် ဗိုလ်မှူးကြီး စောလားပွယ်၏ အနီးကပ် အရာရှိတစ်ဦးက ယခုလို ပြောသည်။
“မနေ့ညကတော့ သူတို့အတင်းတက်လုံးတယ်။ မရတော့ ပြန်ဆုတ်သွားတယ်ပေါ့နော်။ မနက် (၃)နာရီလောက်ကနေ (၄)နာရီခွဲလောက်ထိပေါ့။ တက်လာတဲ့လူတွေကို ပြောင် (အကာအကွယ်မဲ့) ကြီးမှာ ပစ်ချတယ်ဆိုတော့ တော်တော်လေးတော့ ထိတယ်လေ။ သယ်ထုတ်တာတွေလည်း မြင်နေရတယ်။ မှန်းတာကတော့ အဲဒီမှာ (၁၅)ယောက်၊ အယောက်(၂၀)၀န်းကျင် လောက်တော့ ရှိမယ်ထင်တယ်။”
ထို့အပြင် ယနေ့နံနက်(၈)နာရီအချိန်ခန့်မှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး မွန်းလွဲပိုင်းအချိန်အထိ လက်နက်ကြီး အလုံး(၃၀)ခန့် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆက် ပြောသည်။
ယခုဖြစ်ပွားနေသည့်တိုက်ပွဲ၌ အကျဉ်းသားများအား ပေါ်တာအထမ်းသမားများအဖြစ် စစ်အစိုးရ တပ်က အသုံးပြုနေသည်ဟု အမည်မဖော်လိုသည့် (DKBA)တပ်မှူးတစ်ဦးက ယခုလိုပြောသည်။
“သေခြာတယ် ခေါ်သုံးနေတယ်နော်။ ဘယ်လိုလဲဆိုတော့ ကျနော်တို့ အပေါ်ကုန်းကနေ လှမ်းမြင်ရတယ်လေနော်။ အဲဒီအကျဉ်းသားသမားတွေရော လူနာတွေကို ထမ်းရပို့ရသယ်ရတယ် လေနော်။”
လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်မှစ၍ အင်းစိန်၊ မော်လမြိုင်နှင့် ဖားအံ အကျဉ်းထောင်များမှ ထုတ်ယူလာသည့် အကျဉ်းသား (၈၀၀)ခန့်ရှိပြီး ၎င်းတို့အား စစ်မြေပြင်၌ အထမ်းသမားအဖြစ် အသုံးပြုမည်ဟုခန့်မှန်းရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)အဖွဲ့၏ စစ်ကော်မရှင် အတွင်းရေးမှူး ကိုခင်ကျော်က ယခုလိုပြောသည်။
“ဘာကြောင့်လည်းဆိုတော့ လောလောဆယ် တိုက်ပွဲဖြစ်နေစဉ်တလျှောက်လုံးမှာ ပုံမှန်သုံးနေတဲ့ ယာဉ်သုံးတဲ့လမ်းတွေက သူတို့သုံးလို့မရဘူး၊ လုံခြုံမှုမရှိဘူးလို ဖြစ်နေတဲ့အခါကျတော့ စစ်ချီ စစ်တက်လမ်းကြောင်းတွေက တောတောင်တွေပေါ် အများဆုံး အားထားပြီးတော့ အသုံးပြုရမယ့် သဘောဖြစ်တော့ အဲဒီတောတောင်တွေမှာ ယာဉ်တွေက အသွားအလာလုပ်လို့မရတော့ အဲဒီအထမ်းသမားတွေကိုဘဲ အဓိက အသုံးပြုမယ့်သဘောတော့ ရှိတယ်။”
ထို့အပြင် လွန်ခဲ့သည့်ရွေးကောက်ပွဲကာလကစတင်၍ ဒီဇင်ဘာလကုန်ပိုင်းအထိ ကရင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲပေါင်း (၅၆)ကြိမ်အနက် တိုက်ပွဲကြီး အကြိမ်(၂၀)ခန့် ဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်မှ အရာရှိနှစ်ဦးအပါအ၀င် လူပေါင်း(၆၀)ခန့် ကျဆုံးခဲ့ကာ(၁၅၀)ကျော် ဒဏ်ရာရခဲ့ပြီး မဟာမိတ်တပ်ဖက်မှ (၃)ဦးကျဆုံး၍ (၉)ဦး ဒဏ်ရာရခဲ့သည်ဟု သိရကြောင်းဆက်ပြောသည်။
လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းကစ၍ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် တိုက်ပွဲများ တွင် စစ်အစိုးရဖက်မှ တပ်ရင်း (၁၈)ရင်းခန့် အင်အားတိုးမြှင့်လာပြီး မကြာမီထိုးစစ်ကြီး အနေနှင့် ဆင်နွဲလာနိုင်ကြောင်း ကိုခင်ကျော်က သုံးသပ်ပြောဆိုသည်။
“အခုလောလောဆယ် တရက်နှစ်ရက်လောက်ကစပြီးတော့ ရန်သူ့ရဲ့ လှုပ်ရှားမှုက ထိုးစစ်အပြုအမူ ဖက်ကို နည်းနည်းပါလာတယ်။ ပြီးတဲ့အခါကျတော့ ရန်သူသွေးတိုးစမ်းလှုပ်ရှားမှုတွေ ရှိလာတဲ့ အခါကျတော့ ထိုးစစ်အပြုအမူတော့ နည်းနည်းစလာပြီပေါ့။ မကြာခင်မှာတော့ ထိုးစစ်တခုခုကို စမယ့်သဘောတော့ ရှိမယ်လို့ ကျနော်သုံးသပ်တယ်။ အထူးသဖြင့်တော့ DKBA နဲ့ အခုဖြစ်နေတဲ့ စစ်ပွဲဂွင်နဲ့ ပတ်သက်လို့ပေါ့နော်။”
ယခုဖြစ်ပွားနေသည့် တိုက်ပွဲများတွင် (DKBA) တပ်ဖွဲ့နှင့်အတူ ကရင်အမျိုးသား အစည်းအရုံး (KNU)လက်အောက်ခံ တပ်ဖွဲ့များနှင့် (ABSDF) တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့သည်။
.

Labels:
သတင်း(ပြည်တွင်း)
တိုက်ပွဲအတွင်း နအဖတပ်မှ ကလေးစစ်သား အများစု သေဆုံးခဲ့
သတင်း -
ကေအိုင်စီ
ကရင်ပြည်နယ် ဝေါ်လေဒေသတွင် နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား နေ့စဉ်
ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖဘက်က ထိခိုက်သေဆုံးသူများထဲတွင်
အများစုမှာ ကလေးစစ်သားများ ဖြစ်ကြသည်ဟု ယမန်နေ့က KNU ထံသို့ ထွက်ပြေး
ရောက်ရှိလာသည့် နအဖ ကလေးစစ်သား တဦးက ထုတ်ဖော်ပြောဆိုသည်။
အသက်
၁၇နှစ်အရွယ် တပ်သား အောင်ကိုလင်းသည် နအဖ စကခ(၈) လက်အောက်ခံ
ခမရ(၄၀၉)တပ်ရင်းမှဖြစ်ပြီး ယခုလ ၇ရက်နေ့ မနက် ၄နာရီတွင် ၎င်း၏တပ်စခန်းမှ
ထွက်ပြေးကာ KNU တပ်ရင်း(၁၀၁) ထံသို့ ယမန်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး
ယခုလပိုင်းအတွင်း နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား
ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ၌ ၎င်းကိုယ်တိုင်တွေ့ကြုံခဲ့ရမှုများကို ပြန်
လည်ပြောပြခဲ့သည်။
၎င်းက “ကျနော်တို့တပ်ဖွဲ့တွေ အပစ်ခံရပြီဆိုရင် အရင်ဆုံးသေတာ ကျနော့်အရွယ်လို စစ်သားတွေပါပဲ။ တခေါက်က ဆွဲမိုင်း တွေနဲ့ ကျနော်တို့စစ်ကြောင်း ၀ိုင်းပစ်ခံရတယ်။ တခါတည်း အယောက် ၂၀ကျော်လောက် ထိတယ်။ ခြေပြတ်လက်ပြတ်၊ ရုပ် ပျက်ဆင်းပျက်တဲ့လူတွေလည်းရှိသလို တချို့ကောင်တွေ နှစ်ပိုင်း၊ သုံးပိုင်း ပြတ်သွားတဲ့လူတွေလည်း ရှိတယ်။ အထူးသဖြင့် ကလေးစစ်သားတွေပါ။ ကျနော်လည်း နည်းနည်းထိတယ်။”ဟု ပြောသည်။
ထိုတိုက်ပွဲများအတွင်း ပွဲချင်းပြီး သေဆုံးသွားခဲ့သည့် စစ်သည်များရှိသလို အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် လည်း ဆေးဝါးအလုံအလောက်မရှိသောကြောင့် ဒဏ်ရာများကို ဖြစ်သလိုကုသရပြီး တပ်တွင်းရိက္ခာ ပြတ်လပ်မှုများကြောင့် ထွက်ပြေးလာရခြင်းဖြစ်ကြောင်း တိုက်ပွဲပေါင်း ၁၀ခုကျော် တွေ့ကြုံခဲ့ရသူ အောင်ကိုလင်းက ဆိုသည်။
“စခန်းထဲမှာ ရိက္ခာကုန်တာပေါ့နော်။ အထက်ကလည်း ရိက္ခာလာမချပေးဘူး။ လူတွေကလည်း ထင်ရာစိုင်းကြပြီး ရွာထဲဆင်း၊ ရွာသားတွေရဲ့ ဆန်ကို အတင်းတောင်းယူစားတယ်။ မရရင် ပေါ်တာဆွဲတယ်။ အဲလို ကိုယ်ထင်ရာကိုယ်စိုင်းနေတဲ့ တပ်ရင်းမှာ မနေချင်တော့ဘူး။ စိတ်ကလည်း ကျဉ်းကြပ်တော့ ထွက်ပြေးလာတယ်။ တပ်ထဲမှာတော့ ကျနော့်အရွယ်တပ်သားတွေ ၂၀ ကျော် ရှိတယ်။ သူတို့လည်း အများစုက ထွက်ပြေးချင်နေကြတယ်။”ဟု ပြောသည်။
စစ်သားအဖြစ် အဓမ္မ စုဆောင်းခံရသူ စစ်သက်တမ်း ၂နှစ်ရှိ တပ်သားအောင်ကိုလင်းသည် ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့က ဝေါ်လေကျေးရွာ၌ ဖြစ်ပွားခဲ့သည့် မုဒိမ်းလူသတ်မှုမှာ ၎င်းတို့တပ်ရင်းမှ တပ်ကြပ်ကြီးစိုးသန်းနှင့် သူ၏တပည့် ၃ဦးတို့၏ လုပ်ရပ်ဖြစ်ကြောင်း အောင်ကိုလင်းက ယခုလို ပြောသည်။
“သူတို့လမ်းမှာ ထိပ်တိုက်တွေ့တော့ ကုပ်ဆွဲလိုက်တယ်။ ဆရာကြီးစိုးသန်းက ပထမ လုပ်တာပေါ့။ သူက တယောက်ပေါ့နော်။ သူ့နောက်လိုက်တပည့် ၃ယောက်ကတော့ အခြားတယောက်ကိုပေါ့။ ဆရာကြီးလုပ်တဲ့အမျိုးသမီးကိုတော့ ခေါင်းဖြတ်ပြီး သတ် ပစ်လိုက်တယ်။ သူ့တပည့်တွေ လုပ်တဲ့တယောက်ကတော့ ဒီအတိုင်းပဲ သတ်လိုက်တယ်။”ဟု ပြောသည်။
ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် နအဖတပ်ရင်းများ၏ အခြေချရာ စခန်းပတ်ပတ်လည်တွင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား တပ်မတော် ABSDF တပ်ဖွဲ့ဝင်များ၏ ၀ိုင်းရံထားမှုကြောင့် ရိက္ခာပြတ်လပ်သည့်ပြဿနာများ ကြုံတွေ့နေရသည့်အပေါ် တပ် မှူးတပ်သားများမှာ ၎င်းတို့တပ်တွင်းမှ မကြာခဏ ထွက်ပြေးလျှက်ရှိသည်။

Monday, January 10, 2011
မြန်မာပြည်ဝယ် အသက်ပြည့်သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေ စတင်တော့မည်(ရုပ်သံ)
အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂ နှစ်ကနေ ၃ နှစ် စစ်မှု မထမ်းမနေရ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ဥပဒေအရ စစ်မှုထမ်းလို့ မရတဲ့ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် ရှိသူတွေက လွဲလို့ အသက်ပြည့်သူတိုင်း ဒေသဆိုင်ရာ အာဏာပိုင်တွေဆီမှာ စစ်မှုထမ်းဖို့ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်ဖို့ ပျက်ကွက်ရင်ဖြစ်စေ စစ်မှု မထမ်းရအောင် ရှောင်လွှဲဖို့ ကြိုးစားရင်ဖြစ်စေ အဲဒီလို ကျူးလွန်သူဟာ ထောင်ဒဏ် ၅ နှစ်ထိ ကျခံရမယ်လို့လည်း သိရပါတယ်။
ရုပ်သံ။။NHK
ရုပ်သံ။။NHK
Labels:
သတင်း(ပြည်တွင်း)
(၆၃)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား တိုကျိုမြို့တွင် ကျင်းပပြုလုပ်သည့် သတင်းဓါတ်ပုံ။
၂၀၁၁ ခုနှစ် ဇန္န၀ါရီလ (၉)ရက်။
ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ကရက်(လွတ်မြောက်နယ်မြေ-ဂျပန်)မှ တိုကျို Takadanobaba အရပ်ရှိ ,Shogatsu CENTER 4F , ၌ (၆၃)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား ကို ယနေ့ နံနက် ၉း၃၀ နာရီမှ ၁၂း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ကြပြီး ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ တာဝန်ရှိသူများတို့မှ တက်ရောက် ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်း။။ကိုမိုင်ကျော်ဦး
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum
Labels:
သတင်း(ပြည်ပ)
၁၂ ကြိမ်မြောက် ကရင်နှစ်သစ်ကူးအခမ်းအနား တိုကျိုမြို့တွင် ကျင်းပပြုလုပ်သည့် ဓါတ်ပုံမှတ်တမ်း။
ဓါတ်ပုံ။။ဇေယျာမင်းထွန်း
Labels:
သတင်း(ပြည်ပ)
Sunday, January 09, 2011
ပေ
ဒိုင်း...ဒိုင်း....ဒိုင်း...
နားနှစ်ဖက်ကို ခပ်နာနာဖိအုပ်ထားလိုက်မိခဲ့ သောလက်ဖ၀ါးအစုံကိုဖြည်းညှင်းစွာ
ပြန်ဖွင့်ပြီးချိန်တိုင်အောင်ပေါက်ကွဲသံတွေကြားနေရဆဲ၊ယမ်းညှော်နံ့ တွေပင်ရှုရှိုက်
နေရသေးသလိုရင်ထဲတစ်ဆို့ ဆို့ ကြီးခံစားရဆဲ။
ဒီညကိုလွန်မြောက်လျှင်နိုဝင်ဘာ၁၃ဆိုသည့် နေ့  ရက်ကိုလွန်မြောက်သွား
ပြန်ပြီဆိုပေမဲ့ နောက်နှစ်မှာတစ်ဖန်ပြန်ကြုံရပေဦးမည်။အကြောင်းတော့ မဟုတ် ၊
နောင်နှစ်မှာကိုယ့် ဘ၀ဟာ တူအဖြစ်ကိုသိသိသာသာကြီးရောက်နေနိုင်ကောင်းသည်။
သို့ သော်တစ်ခုပဲ စိုးရိမ်စရာရှိသည်က ကိုယ်ဘ၀ကိုကြိုးစားပမ်းစားတူဖြစ်စေနိုင်ခဲ့ 
ပါလျှက် တစ်ဖက်သူ၏ ဘ၀မှာ ပေအဇြစ်လျှောမကျ လာခဲ့ သေးလျှင်ကော....။
ဟူး....
လေပူမှုတ်ထုတ်လိုက်ပေမဲ့ ရင်ထဲ ကအပူလျှော့ မသွားသလို ရင်ထဲတစ်ဆို့ 
ဆို့ ကြီးပင်ခံစားလာရပြန်သည်။
တူဖြစ်လျှင်နှံ၊ပေဖြစ်လျှင်ခံ ဟူသောစကားက ဥပဒေသ မဟုတ်သော်ငြား
တူဖြစ်လျှင့်ထုနိင်မည်ဟုအကြွင်းမဲ့ ယုံစားထားခဲ့ ဖူး၏။ နောက်ထပ် ယုံစားထား
ခဲ့သေးသည်က တူဖြစ်နေရစဉ်မှာ ပေဘ၀ရောက်နေသူရရှာသူတွေကိုမညှာမတာ
ထုခဲ့ နှံခဲ့ သူ တွေ တူသက်မရှည်နိင်ဆိုခြင်းကိုဖြစ်၏။
နောင်နှစ် ကိုယ် တူဖြစ်လို့ မှသူ ပေမဖြစ်သေးလျှင်လည်းကိစ္စမရှိသေး၊နောက်
ထပ်နောင်နှစ်တွေထပ်ခါထပ်ခါစောင့်ပါဦးမည်၊ယခုပင်စောင်ခဲ့ ရသည်မှာဆယ်စုနှစ်
၂စုကျော်လွန်ခဲ့ ပြီမဟုတ်ပါလား။
x x x
` စိုးမိုးကဏန်းကကိုး၊ရာသီသင်္ကေတက လက်မနှစ်ဖက်ကားပြီး အမြီးထောင်
ထားတဲ့ ကင်းမြီးကောက် တစ်ကောင် ပုံသဏ္ဍန်၊အဲ့ ဒီကင်းမြီးကောက်ဗြိစ္ဆာရာသီဖွားတွေ
ဟာ စိတ်ခံစားချက်ပြင်းတယ်။ လုပ်ဆောင်မှုတိုင်းအရှိန်အဟုန်နဲ့ ပြီးစီးတဲ့ အထိဆောင်
ရွက်တက်တယ်။ဇွဲကြီးတာအပြင် အမှတ်သညာကောင်းပြီးအတေးအမှတ်ကြီးတယ်။´
`ဟား..ဟား...ဟား...´
ရေဒီယို က နိစ္စဓူဝ ဗေဒင်ကဏ္ဏအသံလွှင့် နေသူဗေဒင်ဆရာသာ အကြားအမြင်ရ
လျှင် ကိုယ်ရယ်သံကိုကြားရမည်၊
`Scorpio ရာသီဖွားမဟုတ်ခဲ့ ရင် ကော မြီးကောက်တစ်ကောင်မဟုတ်ခဲ့ ရင်ကော
ဒီအရေးကိုအတေးအမှတ်မထားတော့ ဘူးတဲ့ လား´
` ငါဘယ်တော့ မှမမေ့ ဘူးကွ....ဟား..ဟား...ဟား...´
ရယ်ရင်းကျလာသေားမျက်ရည်တွေကို မသုတ်တော့ ပါ။ ခန္ဓာရှိနေသရွေ့ မျက်
ရည်သာမကသွေးတို့ လည်းယိုစီးကျနေရဦးမည်မဟုတ်လား။
မျက်စေ့ ရှေ့မှာမြင်ခဲ့ ရသော လမ်းမထက်မှာကျရသည့် သူငယ်ချင်းတို့ သွေးတွေ
အတွက် စိတ်ကိုတင်းလိုက်သည်။ သမိုင်းစက်ဝိုင်းတစ်ပတ်ပြန်လည်လာတော့ မည်က
သေချာနေ၏။
ကိုယ်တွေအလှည့်မှာလည်း ပထမ ကမ္ဘာစစ်တုန်းက ဂျာမနီ၏ရှုံးကြွေးအဖြစ်နောက်မျိုး
ဆက် မှာပြင်သစ်အပေါ်ဟစ်တလာကြီးက ကျကျနနကြီးပြန်ဆပ်စေလိုက်ပုံမျိုးအကြွေးဆပ်
စေလိုသည်။ဒုတိယကမ္ဘာစစ် မှာ အရေးသာလာသည်နှင့် ဟစ်တလာကပြင်သစ်ကိုတိုက်သည်၊
နိင်ပွဲသမိုင်းစက်ဝိုင်းတစ်ပတ်ပြန်လည်သည်နှင့် ဇွန်၂၁ရက်နေ့ ပထမ ကမ္ဘာစစ်တွင်ဂျာမနီစစ်
ရှုံးနိမ့့်လက်နက်ချအညံ့ ခံကြောင်းရထားပေါ်တွင်စာချုပ်လက်မှတ်ရေးထိုးခဲ့ ရသလိုထိုစဉ်က
သက်သေအဖြစ်နှင့်ဂျာမနီ၏အရှုံးကိုပြုံးပြုံးကြီးအရသာခံခဲ့ သောပြင်သစ်အားဂျာမနီထံစစ်ရှုံး
နိမ့့်လက်နက်ချအညံ့ ခံကြောင်းရထားပေါ်တွင်ပင်တစ်ဖန်ပြန်စာချုပ်လက်မှတ်ရေးထိုးစေကာ
လက်စားချေ မှု့ ကဘယ်မျှအကွက်ကျလှပါဘိ။ထိုသို့ သော လက်တုန်ပြန်ပုံမျိုးကိုအားကျသည်၊
သို့သော်စစ်အာဏာရှင်ဟစ်တလာကိုတော့ လုံးဝ(လုံးဝ)သဘောမကျပါ။၊ဟစ်တလာမှမဟုတ်ပါ
ဘူးလေ၊ဘယ်စစ်အာဏာရှင်ကိုမှသဘောမကျနိင်ပါ။
(ဆက်လက်ဖေါ်ပြပါမည်)
ကိုမျိုး(မြန်မာစာ)

ဆောင်းပါး
Saturday, January 08, 2011
ဒေါ်စုရည်မှန်းသောအနာဂတ်အတွက် ဆောင်ရွက်ရမည့် ကျွန်တော်တို့၏တာဝန်များ
ဒေါ်စု၏ပြောဆိုညွှန်ပြမှုများကိုလေ့လာကြည့်လျှင်
ဒီမိုကရေစီစံနစ်နှင့် သာယာဝပြောသော လူဘောင် တည်ဆောက်ရေးကို
ဦးတည်နေကြောင်း ထင်ရှားပေါ်လွင်နေပါသည်။ ဤသည်မှာ မြန်မာနိုင်ငံအ တွက်
ဒေါ်စုရည်မှန်းသော အနာဂတ်ဟု ယေဘူယျအားဖြင့်ဆိုနိုင်ပါသည်။ ပြည်သူအများစု၏
အနာ ဂတ်ရည်မှန်းချက်ဆိုလျှင်လည်း ငြင်းစရာမရှိနိုင်ပါ။
ဒီမိုကရေစီဆိုသည်မှာ
ပြည်သူမှ ပြည်သူ့အတွက်ဖြစ်သော တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး
လေးစားလိုက်နာခြင်းရှိသည့် ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ပါသည်။
Democracy is the Good governance For People From People with Rule of Law and respect of Human Rights.
“ပြည်သူမှ
ပြည်သူ့အတွက်”ဆိုသဖြင့် အုပ်ချုပ်ရေးတွင် ပြည်သူအားလုံး
“တိုက်ရိုက်”ပါဝင်ဆောင်ရွက် နိုင်ကြရမည်မဟုတ်ပါ။ ပြည်သူများကို
အမှန်တကယ်ကိုယ်စားပြုသူများဖြင့်သာ နိုင်ငံကိုအုပ်ချုပ်စေမှာ ဖြစ်ပါသည်။
ထို့ကြောင့်ပင် “အုပ်ချုပ်သူအစိုးရကို ပြည်သူကထိန်းရမှာဖြစ်တယ်”လို့
ဒေါ်စုက ထောက် ပြခဲ့ပါသည်။ ပြည်သူအများ၏ဘဝများကို
မိမိတို့သဘောကျဆောင်ရွက်မည့် လူတစု၏လက်တွင် “ဝ”
ကွက်မအပ်နိုင်ပါကြောင်းထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။
ယခုတကြိမ်လွတ်မြောက်လာလာခြင်း
ဒေါ်စု အလေးပေးပြောသွားသောစကားမှာ “ညီညွတ်ရေး”အ တွက်ပင် ဖြစ်ပါသည်။
အနာဂတ်ရည်မှန်းချက်ပြည့်ဝအောင် ညီညွတ်ရေးအုတ်မြစ်ကို ချကြရမှာဖြစ်ပါ သည်။
ကျစ်လစ်ခိုင်မာသော “ညီညွတ်ရေး”ကို ကျွန်တော်တို့
အပြီအပြင်တည်ဆောက်ကြရမည်ဖြစ်ပါ သည်။
- ညီညွတ်ရေး
လွတ်မြောက်လာပြီးနောက်တရက်မှစ၍
ညီညွတ်ရေး၊ ဆက်သွယ်ရေး၊ အရည်အချင်းမြှင့်တင်ရေးများ အတွက်ကို ဒေါ်စုသည်
အခါအခွင့်ရတိုင်း ထည့်သွင်းပြောဆိုသွားပါသည်။ သူကိုယ်တိုင်လည်း ဆက်
သွယ်ရေးကို အလွှာအသီးသီးနှင့်တတ်အားသမျှဆောင်ရွက်လျက်ရှိနေပါသည်။
ဒေါ်စုလွတ်လွတ်ခြင်း နှုတ်ခွန်းဆက်စကားအဖြစ် အဓိကပြောသွားသည်မှာ “စည်းလုံးမှုညီညွတ်ခြင်းရှိ ကြပါ” ဟူ၍ ဖြစ်ပါသည်။
စည်းလုံးညီညွတ်ခြင်း အတွက်
အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်စိတ်ဝင်စားခြင်း၊ အပြန်အလှန်ယုံကြည်ခြင်း၊ အကျိုးတူပူးပေါင်းရွက်ဆောင်ခြင်း၊ ရိုးသားသစ္စာရှိခြင်း ရှိရမှာဖြစ်ပါတယ်။
ရိုးသားခြင်းဆိုရာတွင် - တည်ကြည်မှုနှင့် ပညာသီလပြည့်ဝမှုရှိရမှာဖြစ်ပါသည်။ ဘက်လိုက်
မြှောက်စား၊ ဟောက်စား၊ မောက်ကြွား၊ ခေါက်ထားမှု (marginalization) မရှိပါ။ လူကိုခင်တော့ မူပြင်၊ လူကို မုန်းတော့ မူကိုသုံးခြင်းမရှိပါ။ လက်သင့်ရာ စားတော်ခေါ်ခြင်း (nepotism) မရှိပါ။ လှည့်ပတ်ပြောဆို လုပ်ကိုင်ခြင်းမရှိပါ။ အယောင်ဆာင်ခြင်း မရှိပါ။
သစ္စာ
ဆိုရာတွင်- မှန်ကန်ခြင်း၊ မလိမ်မညာခြင်း၊ မဖြားယောင်းမမြှူဆွဲခြင်း၊
အရှိကိုအရှိအ တိုင်း သုံးသပ်ဖော်ပြခြင်း၊ အပုပ်မချခြင်း၊ နောက်ကျော
ဓါးနှင့်မထိုးခြင်း၊ မကြွားဝါခြင်း၊ အတွေးဘဝင် မြောက်ပြီး
သွေးနားထင်မရောက်ခြင်း(ဘဝင်မမြင့်ခြင်း)တို့ဖြစ်ပါသည်။
ဤသည်တို့ကိုအခြေခံကာ
ကျစ်လစ်စစ်မှန်သည့် ညီညွတ်ရေးကို တည်ဆောက်ကြရမှာ ဖြစ်ပါသည်။ ယင်းအချက်သည်
“ ၂၁ ရာစု ပင်လုံညီလာခံ”နှင့် “အမျိုးသားပြန်လည် ရင်ကြားစေ့ရေး” တို့အတွက်
လွန်စွာအရေးကြီးလှပါသည်။
- ဆက်သွယ်ရေးကွန်ယက်
ဆက်သွယ်ရေးဆိုရာမှာ
ဆွေးနွေးရေးနှင့် မျှဝေရေးအတွက် ထိတွေ့ဆက်ဆံစကားပြောဆိုရေး (Keep in
touch)ဖြစ်နေရမှာဖြစ်ပါသည်။ ယင်းအတွက် ဒေါ်စုက ဆက်သွယ်ရေးကွန်ယက်များပင်
တတ်နိုင် သရွေ့ပြုလုပ်ကြရန်တိုက်တွန်းထားပါသည်။
ကျွန်တော်တို့မှာ
အခြေခံဆက်သွယ်ရေးကွန်ယက်ရှိနေပြီးသားပါ။ အဖွဲ့၏အီးမေးလ်အုပ်စု၊ အဖွဲ့၏
အင်တာနက်စာမျက်နှာ၊ အဖွဲ့ဝင်အချို့၏အင်တာနက်စာမျက်နှာများရှိနေပါသည်။
“ယာဟူးမက်ဆင် ဂျာ၊ ဂျီတော့ခ်၊ ဗွီဇက်အို၊ စကိုက်ပီ” စသည့်
ဆက်သွယ်ရေးလမ်းကြောင်းများလည်းပွင့်နေပြီးသားပါ။ ယင်းတို့ကို
ထိရောက်စွာအသုံးပြုဆောင်ရွက်ကြရမှာဖြစ်ပါသည်။ ငွေကုန်ကြေးကျ၊ လူပင်ပန်းမှု၊
အချိန်ပေးရမှု များစွာသက်သာသော ဆက်သွယ်နိုင်မှုများဖြစ်ပါသည်။
အဖွဲ့၏အီးမေးလ်အုပ်စုတွင်လည်း
အဖွဲ့အတွက်ဖြစ်စေ၊ နိုင်ငံနှင့်လူမျိုးအတွက်ဖြစ်စေ ကောင်းမွန်စေ မည့်
အကြံဉာဏ်ကောင်းများကိုတင်ပြဆွေးနွေးကြလျှင်ပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။
တလတကြိမ် ကျင်းပမည့် အချိန်တိကျမှုနှင့် အချိန်အပြည့်အဝသုံးနိုင်မှု
မရှိနိုင်မည့် အစည်းအဝေးကို စောင့်ဆိုင်းနေ ရန်မလိုပဲတင်ပြသင့်ပါသည်။
တင်ပြမှုအပေါ် ဗဟိုအလုပ်အမှုဆောင်ကော်မီတီ၊ အလုပ်အမှုဆောင် ကော်မီတီ၊
အလုပ်ကောက်မီတီနှင့်အဖွဲ့ဝင်များမှလည်း အပြန်အလှန်ပါဝင်ဆွေးနွေးသင့်ပါသည်။
လူချင်းဆုံမှ ပြောဆိုဆွေးနွေးမှု ပြုလုပ်ရန်မလိုပါ။
အချိန်စောင့်နေစရာမလိုပါ။
- အရည်အချင်းမြှင့်တင်ရေး
ဒေါ်စုကပြောပါသည်။ “လူတော်ရယ် လူညံ့ရယ်လို့ ကျမကတော့ လက်မခံပါ။ သင်လို့ရတဲ့သူနဲ့ သင်လို့ မရတဲ့သူလို့ပဲ မြင်ပါတယ်” ဟူ၍ဖြစ်ပါသည်။
အရည်အချင်းမြှင့်တင်ရေးအတွက်
‘လုပ်ငန်းဆောင်ရွက်ရေးဆွေးနွေးပွဲများ’(workshops)၊ ဟောပြော
ဆွေးနွေးပွဲများ၊ သိသင့်သိထိုက် ဘတ်သင့်ဘတ်ထိုက်သော
စာအုပ်စာတန်းများထုတ်ဝေဖြန့်ချိရေးများ ကို
အသေအချာဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
- ပံ့ပိုးရေး
ပြည်တွင်းနှင့်နယ်စပ်မှာ
လိုအပ်ချက်တွေကအများကြီးပါ။ လိုအပ်ချက်များကို ပြည့်စုံစွာ ပံ့ပိုးနိုင်မှု
မရှိနိုင်ပါ။ တတ်နိုင်သလောက်ကိုသာ ပံ့ပိုးနိုင်မှာဖြစ်ပါတယ်။
ဘဏ္ဍာရေး
ခိုင်မာတောင့်တင်းရေးနှင့် ဘဏ္ဍာရေးလျာထားချက်များ
အပြီအပြင်ချမှတ်ဆောင်ရွက်ရမှာ ဖြစ်ပါသည်။ ပကတိပုံမှန်ဝင်ငွေ၊
အရေးပေါ်အခြေအနေပြအမှတ်များကို စိစစ်သတ်မှတ်ကြရမှာဖြစ်ပါ သည်။
ခန့်မှန်းဘဏ္ဍာရေးလျာထားချက်များမှ ပိုလျှံငွေများအနက် ပံ့ပိုးမှုအတွက်
စီစဉ်နိုင်မည်ဖြစ်ပါ သည်။ (ရလမ်းကိုရှာ ယိုပေါက်ကိုပိတ်ကြရမှာဖြစ်ပါသည်။)
အထူးပံ့ပိုးရေးအတွက် သီးခြားရန်ပုံငွေရှာဖွေရေးများကိုလည်း ဖြစ်နိုင်ခြေအရှိဆုံးအစီအစဉ်များကို ကြံဆဆောင်ရွက်ကြရမှာဖြစ်ပါသည်။
ပံ့ပိုးချင်ဇောနှင့် အဖွဲ့ရန်ပုံငွေတိုးပွါးရန် အဖွဲ့ဝင်သစ်များလက်ခံခြင်းမှာ တဒင်္ဂဖြေရှင်းမှုသာဖြစ်ပါမည်။
ပံ့ပိုးမှုပြုဆောင်ရာတွင် တာဝန်ယူမှု၊ ထင်သာမြင်သာရှိမှု နှင့် ကြည့်ရှုအကဲဖြတ်ခံနိုင်မှုများရှိရန် အထူး လိုအပ်ပါသည်။ (Accountability, transparency, monitoring & evaluation)
ထို့ကြောင့် ဒေါ်စု၏အနာဂတ်ရည်မှန်းချက်များအတွက် ဆောင်ရွက်ရမည့် ကျွန်တော်တို့၏တာဝန်များ မှာ -
ကျစ်လစ်စစ်မှန်သော ညီညွတ်ရေးတည်ဆောက်ရန်
ဆက်သွယ်ရေးကွန်ယက်များကို ထိရောက်စွာအသုံးချရန်
အရည်အချင်းမြှင့်တင်မှုများ အားထုတ်ဆောင်ရွက်ရန်
ပံ့ပိုးမှုများထောက်ကူပေးရန် တို့ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ယင်းတာဝန်များကို
စံနစ်တကျ စည်းကမ်းရှိစွာ ကျေပွန်ကြရန်လည်း အထူးလိုအပ်လှပါသည်။
ဒေါ်စုမှပြောခဲ့ပါသည်။ “ကျွန်မ တာဝန်ကိုမကြောက်ပါ။
တာဝန်မကျေမှာကိုပင်ကြောက်ပါတယ်”ဟူ၍။
လေးစားစွာဖြင့်
မောင်မောင်လှကြိုင်
Labels:
ဆောင်းပါး
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။

ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
ဂတိတည်တယ် မတည်ဘူး ဆိုတာဘူးပေါ်သလိုပေါ်သွားတော့ မယ် မေး။ ။အခုအစိုးရ တွေကြားမှာ အလှည့်ပြောင်းတွေ ကြားနေရတယ်။ အဲဒါက အပစ်ခတ်ရပ်စဲရေး နဲ့ ပြီးငြိမ်...
-
လက်ရှိအစိုးရရဲ့ အကြီးဆုံးအတိုက်အခံ NLD ရဲ့ ရွေးကောက်ပွဲဝင်မှု ရလာဒ်တွေကို ပြန်ငဲ့ကြည့်ရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနဲ့ အမတ် ၈၀ ရာခ...
-
(63) နှစ်မြောက် အာဇာနည်နေ့ အောင်ဆန်းဇာနည် ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား၊ ဇာတိ...
-
စစ်သားပဲကွာ စစ်တိုက်ရင်းသေတာ ဘာဆန်းလဲ.. အသက်နဲ့ ခန္ဓာ လှူထားပြီးပြီမို့လား.. သေတော့ ဒါနမြောက်သွားတာပေါ့.. ဘာရေးကြီး ခွင်ကျယ်လုပ်နေရမှာလဲ.. သေ...
-
ဒေါ်အောင်ဆန်းစုကြည်ဧ။် နေ့စဉ်လှူပ်ရှားမှုများကို ခွန်ဒီးယမ်ဟူသော အမည်ဝှက်တစ်ခုမှ တစ်ဆင့် အင်တာနက်ပေါ်တွင် သိခွင့်ရကြသည်။ မေမေ၊ ချစ်မေ စသော ထပ်...
-
ဗမာ့ဘောလုံး သမိုင်း တစ်နေ့သောအခါက ကျွန်ုပ်သည် လူမှုရေးလုပ်ငန်းများ တစ်နေ့တာ ပြီးဆုံးသွားချိန် ကျွန်ုပ်၏ နေအိမ် ဘုရားခန်းအတွင်း အဓိဌာန်...
-
ချင်းပြည်နယ်မှာ NLD ဆန်လှူ၊ ရှမ်းပြည်မှာ ရှေ့နေကွန်ယက်ဖွဲ့ RFA 2011-01-23 ချင်းပြည်နယ်တောင်ပိုင်းက စားနပ်ရိက္ခာရှားပါးတဲ့ ကျေးရွာတွေကိ...
-
The Express Times ========================== စာအုပ် ၀ါသနာအိုးတွေ အတွက် .. အရမ်း ကို Smart ကျတဲ့ Links .. ========================== မာတိကာ...
-
Hlaing Bwa shared အမျိုး၊ဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရေး's photo. ဒီ Islam Jihad စစ်ပွဲဟာဘယ်တော့ ပြီးမှာ လဲ။ ဘယ်တော့ငြိမ်းချမ်းမှာလဲ ...
-
Shwe Pa Yit ဒီဝတ္တုတိုထဲကလို.. ပါဝါရိမ်းဂျားကြိုက်တဲ့ကောင်လေးရဲ့... ဖေဖေလို.မျိုး.. တာဝန်သိတဲ့ ဘဘတွေ..၊ တိုးတိုင်းပြည်မှာ များသည်ထက်များလာအေ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988