
ကံစမ်းမဲဖောက်ပေးသော
ယဉ်ကျေးမှုသည် စီးပွားရေး နယ်ပယ်မှ တရားပွဲသို့အထိ ပျံ့နှံ့ လာပြီဟု မင်္ဂ
လာတောင်ညွန့်မြို့နယ် ရှိ တရားနာပရိသတ်တစ်ဦးက ပြော
သည်။မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန် တော်ကလေး (အရှေ့ပိုင်း ရပ်ကွက်) ၉၁
လမ်း၊ ပုညသမ္ဘာ ရဓမ္မာရုံ၏ ဆဋ္ဌမမြောက် အထူး တရားပွဲကို ဇန်နဝါရီ ၁၁ မှ ၁၃ ရက်
အထိ ကျင်းပခဲ့ပြီး နောက်ဆုံး နေ့တွင် တရားနာ ပရိသတ်များ အား ကံစမ်းမဲ
ဖောက်ပေးခဲ့သည်။ အဆိုပါကံစမ်းမဲအစီအစဉ် တွင် တရားလာရောက်နာသူများ သာ ကံ
စမ်းခွင့်ရှိပြီး ၁၄ လက်မ တီဗီ၊အီးဗီဒီ၊ ကက်ဆက်၊ ပန်းကန်၊ အဝတ်ဘီရို၊
စောင် စသည့် လူသုံး ကုန်ပစ္စည်းများကိုမဲဖောက်
\ပေးခဲ့သည်။”ကျွန်မတို့လမ်းက ကျင်းပတဲ့ တရားပွဲကိုစည်ကားစေချင်တာရယ်၊
ဗုဒ္ဓဘာသာ မဟုတ်တဲ့သူတွေပါ စိတ် ဝင်စားမှုရှိလာအောင်ရယ်ကြောင့်
ကံစမ်းမဲအစီအစဉ်ကို ထည့်တာပါ” ဟု ၉၁ လမ်းနေ ပြည်သူတစ်ဦးက
ပြောသည်။ပြီးခဲ့သည့်နှစ် တရားပွဲတွင် ဘုရားဆင်းတုတော် ၉ ဆူကို
ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင် တရားပွဲဖြစ်မြောက်ရေး အတွက်
မတည်အလှူရှင်နှင့် လမ်းသူလမ်းသားများ၏ ထည့်ဝင် အလှူငွေ
ပိုမိုရရှိသည့်အတွက် အိမ်သုံးပစ္စည်းများကို ကံစမ်းမဲ
ဖောက်ပေးခြင်းဖြစ်ကြောင်း တရား ပွဲကျင်း ပသူများနှင့် ဓမ္မာရုံ ဂေါပက
အဖွဲ့ဝင်များမှာ ကံစမ်းမဲအစီ အစဉ်တွင် ပါဝင်ခွင့်မရှိကြောင်း
၎င်းကထပ်လောင်း ပြောသည်။ကန်တော်ကလေးတွင် တစ် လမ်းနှင့် တစ် လမ်း
တရားပွဲများကို အပြိုင် လုပ်ကြလေ့ရှိပြီး မိမိလမ်း၌ လုပ်သောတရားပွဲ
စည်ကားစေရန် အတွက် ကံစမ်းမဲ အစီအစဉ် ထည့်သွင်းခြင်းဖြစ်နိုင်ကြောင်း
ကန်တော် ကလေးတွင် နေထိုင်သူ တစ်ဦးကပြောသည်။’ ‘ငါတို့ ငယ်ငယ်ကတည်းက
တရားပွဲတွေအများကြီး နာဖူးခဲ့ပါ တယ်ဟယ်၊ ဆရာတော်ကြီးတွေ ဟောတဲ့တရားတွေ
နာလို့ ကောင်း မှကောင်း၊ ဒါပေမဲ့ ခုလိုကံစမ်းမဲ ဖောက် ပေးတာတော့ တစ်ခါမှ
မကြားဖူးပေါင်တော်၊ ခေတ်ကိုက ကံစမ်းမဲခေတ်မို့လို့လားတော့ မပြော တတ်ဘူး၊
တရားပွဲ တောင်ကံစမ်းမဲ ဖောက်နေကြတာ” ဟု ရှေ့မီ နောက်မီ အဖွားတစ်ဦးက ၄င်း၏
အမြင်ကိုပြောသည်။
Facebookမှ
0 comments:
Post a Comment