Sunday, January 09, 2011

ပေ

  ဒိုင်း...ဒိုင်း....ဒိုင်း...
        နားနှစ်ဖက်ကို ခပ်နာနာဖိအုပ်ထားလိုက်မိခဲ့ သောလက်ဖ၀ါးအစုံကိုဖြည်းညှင်းစွာ
ပြန်ဖွင့်ပြီးချိန်တိုင်အောင်ပေါက်ကွဲသံတွေကြားနေရဆဲ၊ယမ်းညှော်နံ့ တွေပင်ရှုရှိုက်
နေရသေးသလိုရင်ထဲတစ်ဆို့ ဆို့ ကြီးခံစားရဆဲ။
        ဒီညကိုလွန်မြောက်လျှင်နိုဝင်ဘာ၁၃ဆိုသည့် နေ့  ရက်ကိုလွန်မြောက်သွား
ပြန်ပြီဆိုပေမဲ့ နောက်နှစ်မှာတစ်ဖန်ပြန်ကြုံရပေဦးမည်။အကြောင်းတော့ မဟုတ် ၊
နောင်နှစ်မှာကိုယ့် ဘ၀ဟာ တူအဖြစ်ကိုသိသိသာသာကြီးရောက်နေနိုင်ကောင်းသည်။
သို့ သော်တစ်ခုပဲ စိုးရိမ်စရာရှိသည်က ကိုယ်ဘ၀ကိုကြိုးစားပမ်းစားတူဖြစ်စေနိုင်ခဲ့ 
ပါလျှက် တစ်ဖက်သူ၏ ဘ၀မှာ ပေအဇြစ်လျှောမကျ လာခဲ့ သေးလျှင်ကော....။
       ဟူး....
       လေပူမှုတ်ထုတ်လိုက်ပေမဲ့ ရင်ထဲ ကအပူလျှော့ မသွားသလို ရင်ထဲတစ်ဆို့ 
ဆို့ ကြီးပင်ခံစားလာရပြန်သည်။
       တူဖြစ်လျှင်နှံ၊ပေဖြစ်လျှင်ခံ ဟူသောစကားက ဥပဒေသ မဟုတ်သော်ငြား
တူဖြစ်လျှင့်ထုနိင်မည်ဟုအကြွင်းမဲ့ ယုံစားထားခဲ့ ဖူး၏။ နောက်ထပ် ယုံစားထား
ခဲ့သေးသည်က တူဖြစ်နေရစဉ်မှာ ပေဘ၀ရောက်နေသူရရှာသူတွေကိုမညှာမတာ
ထုခဲ့ နှံခဲ့ သူ တွေ တူသက်မရှည်နိင်ဆိုခြင်းကိုဖြစ်၏။
       နောင်နှစ် ကိုယ် တူဖြစ်လို့ မှသူ ပေမဖြစ်သေးလျှင်လည်းကိစ္စမရှိသေး၊နောက်
ထပ်နောင်နှစ်တွေထပ်ခါထပ်ခါစောင့်ပါဦးမည်၊ယခုပင်စောင်ခဲ့ ရသည်မှာဆယ်စုနှစ်
၂စုကျော်လွန်ခဲ့ ပြီမဟုတ်ပါလား။
                                  x         x         x
       ` စိုးမိုးကဏန်းကကိုး၊ရာသီသင်္ကေတက လက်မနှစ်ဖက်ကားပြီး အမြီးထောင်
ထားတဲ့ ကင်းမြီးကောက် တစ်ကောင် ပုံသဏ္ဍန်၊အဲ့ ဒီကင်းမြီးကောက်ဗြိစ္ဆာရာသီဖွားတွေ
ဟာ စိတ်ခံစားချက်ပြင်းတယ်။ လုပ်ဆောင်မှုတိုင်းအရှိန်အဟုန်နဲ့ ပြီးစီးတဲ့ အထိဆောင်
ရွက်တက်တယ်။ဇွဲကြီးတာအပြင် အမှတ်သညာကောင်းပြီးအတေးအမှတ်ကြီးတယ်။´
        `ဟား..ဟား...ဟား...´
        ရေဒီယို က နိစ္စဓူဝ ဗေဒင်ကဏ္ဏအသံလွှင့် နေသူဗေဒင်ဆရာသာ အကြားအမြင်ရ
လျှင် ကိုယ်ရယ်သံကိုကြားရမည်၊
       `Scorpio ရာသီဖွားမဟုတ်ခဲ့ ရင် ကော မြီးကောက်တစ်ကောင်မဟုတ်ခဲ့ ရင်ကော
ဒီအရေးကိုအတေးအမှတ်မထားတော့ ဘူးတဲ့ လား´
       ` ငါဘယ်တော့ မှမမေ့ ဘူးကွ....ဟား..ဟား...ဟား...´
         ရယ်ရင်းကျလာသေားမျက်ရည်တွေကို မသုတ်တော့ ပါ။ ခန္ဓာရှိနေသရွေ့ မျက်
ရည်သာမကသွေးတို့ လည်းယိုစီးကျနေရဦးမည်မဟုတ်လား။
         မျက်စေ့ ရှေ့မှာမြင်ခဲ့ ရသော လမ်းမထက်မှာကျရသည့် သူငယ်ချင်းတို့ သွေးတွေ
အတွက် စိတ်ကိုတင်းလိုက်သည်။ သမိုင်းစက်ဝိုင်းတစ်ပတ်ပြန်လည်လာတော့ မည်က
သေချာနေ၏။
       ကိုယ်တွေအလှည့်မှာလည်း ပထမ ကမ္ဘာစစ်တုန်းက ဂျာမနီ၏ရှုံးကြွေးအဖြစ်နောက်မျိုး
ဆက် မှာပြင်သစ်အပေါ်ဟစ်တလာကြီးက ကျကျနနကြီးပြန်ဆပ်စေလိုက်ပုံမျိုးအကြွေးဆပ်
စေလိုသည်။ဒုတိယကမ္ဘာစစ် မှာ အရေးသာလာသည်နှင့် ဟစ်တလာကပြင်သစ်ကိုတိုက်သည်၊
နိင်ပွဲသမိုင်းစက်ဝိုင်းတစ်ပတ်ပြန်လည်သည်နှင့် ဇွန်၂၁ရက်နေ့ ပထမ ကမ္ဘာစစ်တွင်ဂျာမနီစစ်
ရှုံးနိမ့့်လက်နက်ချအညံ့ ခံကြောင်းရထားပေါ်တွင်စာချုပ်လက်မှတ်ရေးထိုးခဲ့ ရသလိုထိုစဉ်က
သက်သေအဖြစ်နှင့်ဂျာမနီ၏အရှုံးကိုပြုံးပြုံးကြီးအရသာခံခဲ့ သောပြင်သစ်အားဂျာမနီထံစစ်ရှုံး
နိမ့့်လက်နက်ချအညံ့ ခံကြောင်းရထားပေါ်တွင်ပင်တစ်ဖန်ပြန်စာချုပ်လက်မှတ်ရေးထိုးစေကာ
လက်စားချေ မှု့ ကဘယ်မျှအကွက်ကျလှပါဘိ။ထိုသို့ သော လက်တုန်ပြန်ပုံမျိုးကိုအားကျသည်၊
သို့သော်စစ်အာဏာရှင်ဟစ်တလာကိုတော့ လုံးဝ(လုံးဝ)သဘောမကျပါ။၊ဟစ်တလာမှမဟုတ်ပါ
ဘူးလေ၊ဘယ်စစ်အာဏာရှင်ကိုမှသဘောမကျနိင်ပါ။
 (ဆက်လက်ဖေါ်ပြပါမည်)
ကိုမျိုး(မြန်မာစာ)
.

0 comments: