Monday, January 31, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အင်တာနက်စာမျက်နှာ(ဟုန်းပေ့)ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်၏ နူတ်ခွန်းဆက် သဝဏ်လွှာ


ေဒါ်ေအာင်ဆန်းစုြကည်၏ နူတ်ခွန်းဆက် သဝဏ်လွှာ
မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပ ပြည်သူ့ကွန်ယက်ကြီး ဖွဲ့ရာမှာ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်၊ ကျယ်ပြန့် ခြင်းက အဓိကဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  မူဝါဒတွေ၊ လုပ်ကိုင်လှုပ်ရှားမှုတွေကို ကမ္ဘာတဝှမ်း သိရှိနိုင်စေမဲ့ အင်တာနက်စာမျက်နှာ တခုပေါ်ပေါက်လာတာကို သိပ်ကိုကျေနပ်မိပါတယ်။ ဒီစာမျက်နှာမှ တဆင့် မြန်မာနိုင်ငံဒီမိုကရေစီရေးကို အားသန်စွာ ထောက်ခံနေသူများ၊ ဒီမိုကေရစီရေးနဲ့ အဖွဲ့ချုပ်အကြောင်းကို ပိုမိုသိရှိလိုသူများနဲ့ ကျွန်မတို့ဆက်သွယ်ခြင်းအားဖြင့် ကျွန်မတို့အားလုံး မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကေရစီပြည်ထောင်စုကြီး ပိုပြီးမြန်ဆန်စွာ ပေါ်ထွန်းလာနိုင်မယ်လို့ ထင်မိပါတယ်။ ဒီအင်တာနက်စာမျက်နှာဖြစ်ပေါ်လာရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်ကြတဲ့ သူတွေအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
ေဒါ်ေအာင်ဆန်းစုြကည်၏ နူတ်ခွန်းဆက် သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အင်တာနက်စာမျက်နှာ အင်္ဂလိပ်လိုကြည့်ရန်
မြန်မာလိုကြည့်ရှူ့ရန်.

0 comments: