လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရှေ့နေကြီး ဦးဥာဏ်ဝင်းသို့မှာကြားချက် (၉)ချက်
၁။ NLD မပါလို့ဘယ်သူ့ကိုမဲထည့်ရမလည်းဆိုရင် ကိုယ်ကြိုက်တဲ့ပါတီမပါရင် မဲမထည့်ပဲနေပါ။
၂။ ပြည်ပသတင်းတွေမှာကော ပြည်တွင်းစာနယ်ဇင်းတွေမှာပါ ပြည်သူတွေနားမလည်တာကို အခွင့်အရေးယူပြီး
လှည့်စားပြောနေတာတွေကို့ ကန့်ကွက်တယ်။
၃။ ဘီဘီစီ မြန်မာပိုင်းဌာနမှာ ရန်ပုံငွေနည်းနေတဲ့အတွက် ရပ်တည်ရခက်နေတာကို စိတ်မကောင်းကြောင်း။
၎။ ရွေးကောက်ပွဲ ရက်ကို အချိန်တိုလေ ကပ်ပြီးကြေငြာတာဟာ မကောင်းဘူး။
၅။ ပြည်သူတွေအနေနဲ့ အခုထွက်နေတဲ့ဥပဒေတွေကို နားလည်ရမယ်။ နားမလည်ပဲနဲ့မဲသွားထည့်ရင် ဘာမှအဓိပ္ပါယ်မရှိဘူး။
၆။ မဲဆွယ်စည်းရုံးရေးတို့ ရွေးကောက်ပွဲဥပဒေတို့နဲ့ဆန့်ကျင်ပြီး မသမာမှုတွေရှိရင် ပြည်သူတွေအနေနဲ့ တရားစွဲရမယ် ရဲစခန်းကိုတိုင်ရမယ်။
၇။ ရွေးကောက်ပွဲနဲ့ပက်သက်ပြီး သတင်းရယူခွင့် ၊သတင်းထုပ်ပြန်ခွင့် မရှိဘူး... အဲ့ဒါကိုကန့်ကွက်တယ်။
၈။ ၂၀၀၈ ဖွဲ့စည်းပုံအရေ၏၂၀၁၀ရွေးကောက်ပွဲကိုလုပ်တယ် အဲ့ဒီကထွက်လာမယ့် သမ္မတကို လွှတ်တော်က
မလွှမ်းမိုးနိုင်ဘူး သမ္မတ ကပဲအားလုံးကို လွှမ်းမိုး ချုပ်ကိုင်သွားမှာ ဖြစ်တယ်။
၉။ အခုထွက်နေတဲ့ဥပဒေတွေက တရားမျှတမှုမရှိဘူး အဲ့ဒါတွေကိုတောင် မလိုက်နာနိုင်ရင် ဒါဟာမင်းမဲ့စရိုက်ပဲ။မလွှမ်းမိုးနိုင်ဘူး သမ္မတ ကပဲအားလုံးကို လွှမ်းမိုး ချုပ်ကိုင်သွားမှာ ဖြစ်တယ်။
ပေးပို့လာသူ မြတ်လေးငုံ
0 comments:
Post a Comment