Saturday, May 22, 2010

ကျောင်းတွေကဖွင့်တော့မယ် ကျောင်းအပ်ခ၊ စာသင်ခုံခ တွေကဈေးကြီး

လူ့အခွင့်အရေး လှုပ်ရှားသူ လမ်းပြကြယ် ဦးအေးမြင့်က ပဲခူး၊ ဖြူး၊ ဝေါ၊ သနတ်ပင် မြို့နယ်များ အတွက် အရေးပေါ် ရေ အခက်ခဲများ လိုက်လံ ကူညီရင်း၊ ကျောင်းအပ်နှံဖို့ အခက်ခဲရှိနေသော ကျောင်းသားများ စာသင်ခုံ မရှိသော ကျောင်းများကိုလည်း တတ်အားသမျှ သူ့အဖွဲ့က ဆောင်ရွက်ပေးနေရကြောင်း မောက္ခကို ရင်ဖွင့်လာသည်။
“တနေ့က ဝေါမြို့နယ်က တောစွန် အမက ကျောင်းကို ကျောင်းသားတွေအတွက် စာရေးစားပွဲနဲ့ ခုံ ၅၀ လှုခဲ့ရတယ်။ ပျဉ်းကတိုး အခိုင်အခန့် တလုံးဆိုရင် ၁၅၀၀၀ကျပ် ကျတယ်။ တောနယ်တခွင်လုံးမှာ ဆင်းရဲတဲ့ ကျောင်းတွေချည်းပဲ။ စာရေးခုံက အကျိုးအပြတ် အပဲ့အဆွေးတွေ၊ ကလေးတွေက အင်္ဂတေကြမ်းခင်းပေါ်မှာ ထိုင်နေကြရတာ။ လုပ်ကြပါဦး ၀ိုင်းကြပါဦး၊ ရွာတွေ ရေငတ်တာက တမျိုး၊ ကလေးတွေ ရှေ့ရေးက တမျိုး” ဟု ဘေးမှ ရပ်ကြည့်မနေအားသူ လမ်းပြကြယ်ကြီးက ပြောပါသည်။
“ကျောင်းတွေကလည်း ဖွင့်တော့မယ်၊ မူလတန်းက စာအုပ်ဘိုး အပါအ၀င် ၃၅၀၀ကျပ်၊ လေးတန်းလောက်ဆို ၄၀၀၀ ကျပ်လောက်ကျမယ်။ ဒါပေမဲ့ အဲဒီ့ငွေကို မပေးနိုင်လို့ ကျောင်းတွေမှာ အပ်မယ့်ကျောင်းသား မရှိဖြစ်နေတယ်” လို့ လမ်းပြကြယ်က မောက္ခကနေ သတင်းပါးပြီး ကိုယ့် နီးစပ်ရာ နီးစပ်ရာ အမျိုးသား ပညာရေး ကလေးအားလုံး အတွက် ၀ိုင်းဝန်းကြဖို့ နှိုးဆော်ခိုင်းပါသည်။ မောက္ခပြည်တွင်းသတင်း  Type the rest of your post here.

0 comments: