ချင်းတွင်းမြစ်ရေသည် ယခုနှစ်တွင် မုံရွာမြို့၌ စံချိန်တင်ကျဆင်းခဲ့ကာ မြစ်ညာမှမိုးရွာသွန်းမှုအပေါ် မူတည်ကာ အတက်အကျပုံမှန် မရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒဌာန (မုံရွာ)မှ ပြောပြချက်အရသိရသည်။
''ချင်းတွင်း မြစ်ရေဟာ မုံရွာဝန်းကျင်မှာ အနိမ့်ဆုံးရေမှတ်အနေ နဲ့ ၁၉၇၁ ခုနှစ် ဧပြီ ၆ ရက်နေ့မှာ ၈၄ စင်တီမီတာအထိ စံချိန်တင်ထားခဲ့တော့ ဒီနှစ် ၂၀၁၀ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်း၆နာရီကနေ နေ့ ၁၂နာရီအထိ ၁၈ စင်တီမီတာ အထိ ကျဆင်းခဲ့လို့ စံချိန်တင်ပြီး မြစ်ရေကျဆင်းခဲ့ပါတယ်။ အမြင့်ဆုံးရေမှတ်ကတော့ ၂၀၀၂ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့က ၁၀၉၉ စင်တီမီတာဖြစ်ပါတယ်''ဟု မိုးလေ ၀သနှင့်ဇလဗေဒဌာန(မုံရွာ)မှတာဝန် ရှိသူတစ်ဦးက ပြောပြခဲ့သည်။
''မတ် လ ၃၁ ရက်နေ့ က အနိမ့်ဆုံးကျဆင်းခဲ့ရာကနေ ဧပြီ ၃၀ ရက် နေ့မှာ ၂၂၉ စင်တီမီတာအထိ တက်ခဲ့ပြီးနောက် တဖြည်းဖြည်းပြန်ကျလာတာ မေလ ၈ ရက်နေ့မှာ ၁၅၄ စင်တီမီတာရှိပါတယ်''ဟု ဆက်လက်ပြောပြခဲ့သည်။
source/11journal

0 comments:
Post a Comment