Sunday, April 18, 2010

ဘဘသန်းရွှေရဲ့ ယောယုဝခရီး



သေမထူး နေမထူး ဘုရင်ရူး သန်းရွှေရေ၊ (မြို့ တည်ထောင် နန်းတု ဆောက်ကာ ဂူမှာ မပုန်းနဲ့၊ ကျက်သရေဟာ မင်းနဲ့ မထိုက်လို့ ခွေးသားရေလေးနဲ့ ဗေဒင်မမေးနဲ့ ဆန် ကုန်မယ်၊ ယတြာလည်း ဆုံးလို့ မကယ်နိုင်တယ်။) ၂ (အများပြည်သူတွေ စုကာ ၀ိုင်း၊ ကန့်ကွက်ကြသူတိုင်း စစ်ကားများနဲ့ မြို့ထဲ လှည့်လို့ရယ်၊ မညှာမတာပဲ အသေ ပစ်သတ်ကြတယ်။) ၂ မြို့တည်ထောင် နန်းတု ဆောက်ကာ ဂူမှာ မပုန်းနဲ့ ကျက်သရေဟာ မင်းနဲ့ မထိုက်လို့ ခွေးသားရေလေးနဲ့ ဗေဒင်မမေးနဲ့ ဆန် ကုန်မယ်၊ ယတြာလည်း ဆုံးလို့ မကယ်နိုင်တယ်။ (ယောယုဝ ငရဲပြည်က ယမမင်းကြီး လာ စောင့်နေတယ်။ ပရပိုက်ကြီးတောင် မဆန့်ပါကွယ်၊ အ၀ီဇိငရဲကို ဆင်းရုံပဲဗျ။ ကိုယ် ပြုသမျှ ကံအကြောင်း မလှရင် လူမိုက်ကြီးတွေ မရှက်နဲ့ကွယ်။) ၂ မြို့တည်ထောင် နန်းတု ဆောက်ကာ ဂူမှာ မပုန်းနဲ့ ကျက်သရေဟာ မင်းနဲ့ မထိုက်လို့ ခွေးသားရေလေးနဲ့ ဗေဒင်မမေးနဲ့ ဆန် ကုန်မယ်၊ ယတြာလည်း ဆုံးလို့ မကယ်နှိုင်တယ်။ (သေမထူး နေမထူး ဘုရင်ရူး သန်းရွှေရေ .................. ယတြာလည်း ဆုံးလို့ မကယ်နိုင်တယ်။)
တေးရေး၊ တေးဆို - ထက်အောင်ရှိုင်း
source/Burma Today

0 comments: