အမကြီးမဗေဒါဘလော့မှပြန်လည်မျှဝေပါတယ်
ကျွန်မရဲ့ဘလော့က်ကိုဆုံးမဖို့ ရေးထားတာလေးကိုဖတ်လိုက်ရတော့ ဘာဖြစ်လို့လည်းလို့ထပ်ခါထပ်ခါ စဉ်းစားမိ တယ်..။ မိမိဘလော့က်မှာ မိမိအတွေးလေးတွေ ကိုပဲတင်ပြနေမိပြီး ဘယ်သူ့ကိုမှ စော်ကားတာမျိုးတွေ မလုပ်မိဘူးလို့ ဆဝါးမိပါတယ်..။ တခုတော့ ရှိပါတယ်..။ ကျွန်မက ဒီမိုကရေစီ ဆိုတဲ့ အယူအဆကို ပိုင်ဆိုင် လက်ခံထားပြီး ဆုံးမမဲ့ သူများကတော့ လူတစုရဲ့အကျိုးစီးပွား သို့တည်း မဟုတ်လည်း နိုင်ငံခြားသား တယောက်ကို အိမ်ထောင် ပြုခဲ့တဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်လို့ အခုလို ရေးတာလို့ပဲ နားလည်ပါတယ်..။ အမှန်ကတော့ ဒီမိုကရေစီ ဆိုတာကို ကျွန်မရော ကျွန်မကို ဆုံးမမဲ့ သူများရော လိုချင်နေတယ်လို့ အပြည့်အဝ ကျွန်မလက်ခံထား ပါတယ် ....။
ကျွန်မကို ဆုံးမမဲ့ သူများဟာ မြန်မာ စစ်အစိုးရနဲ့ အလွမ်းသင့်တဲ့ နိုင်ငံတခုမှာ ပညာသင်ယူနေတဲ့ မောင်ငယ် များသာဖြစ်မယ်လို့ယူဆပါတယ်…။ ဘာဖြစ်လို့ အဲလိုပြောသလဲ ဆိုတော့ ရုရှက စာဖတ် ပရိသတ် မောင်ငယ် နှစ်ယောက် တိုးလာတဲ့ အတွက်ရော.. အခုလိုပြောတဲ့သူများဟာ အဲလိုနေရာမျိုးမှာရှိတက်တယ်ဆိုတာ ကနဦး အစကတည်းက သိထားတာကြောင့် ပြောခြင်းသာ ဖြစ်ပါတယ်...။ တကယ်လို့များ မောင်ငယ်များသာ အဲဒီမှာ နေထိုင် ပညာ သင်နေ သူများ သာဖြစ်မယ် ဆိုရင် ပြောချင်တာလေးတွေရှိတယ်..။ မောင်လေးအရွယ်တွေမို့ မောင်ငယ်များလို့ခေါ်တာလည်း စိတ်မဆိုးပါနဲ့.. မင်းတို့တွေ ထဲမှာ ( PHD) လုပ်နေတဲ့သူက အလွန်ဆုံး ရှိမှ (၃၀) လောက်တွေပဲ မလား..။ အခု ရေးမဲ့ အချက်များဟာလည်း မင်းတို့ လက်ရှိ ဖြစ်နေတာလေးတွေကို နှိုင်းနှိုင်း ချိန်ချိန် ရေးထားတာပါ..။ မင်းတို့နားလည်ထားတဲ့အချက်တွေဖြစ်သလို မင်းတို့ ပြောင်းလဲ စေချင်တဲ့ အခြေအနေ လေးတွေလည်း ပါနိုင်ပါတယ်..။
၁..။ မောင်ငယ်တို့ ကိုင်ဆောင်ထားတဲ့ မြန်မာခရီးသွား စာအုပ် ( passport )လေးတွေနဲ့ မင်းတို့ဟာ ရုရှ ပြည်ကြီးမှာ တကယ်ရော လွတ်လွတ် လပ်လပ် သွားလာ နေထိုင်နိုင်တဲ့ တန်ဖိုးထားခံရတဲ့ လူများ အဖြစ် အသိ မှတ်ပြုခံပါရဲ့လား…။ တနေရာကနေ တနေရာကို သွားလာရင် ရုရှတွေက မင်းတို့ကို လေးလေးစားစားနဲ့ တန်ဖိုးထားပြီး ဆက်ဆံ ခံရဘူးပါရဲ့လား..။ ကျောင်းခန်းထဲမှာ မြန်မာပြည် သားမှန်း သိလို့ စော်ကားခံရ တာမျိုးတွေ ဘယ်နှစ်ကြိမ်လောက် ခံစားရဘူးပါသလည်း..။ …တနေရာကနေ တနေရာကို သွားမယ် ဆိုရင်တောင် စစ်ဆေးလွန်းလို့ မင်းတို့တွေ အပြင်ထွက်ဖို့ စိတ်ညစ် ကြရတယ်မလား..။ ကိုယ့်အစိုးရ ကနေ အသိအမှတ်ပြု တန်ဖိုး ထားပြီး လွတ်လိုက်တဲ့ မင်းတို့ဟာ လူတယောက်ရဲ့ တန်ဖိုးပျောက်ဆုံး နေရတယ်ဆိုတာ အဲဒီမှာ နေထိုင်တဲ့သူတွေ ပိုသိခံစားရ မယ်လို့ထင်ပါ တယ်..။ နောက်ပြီးတော့ သူတို့ဆီမှာနေထိုင်နေတဲ့အချိန် တွေမှာ ကိုယ့်ရဲ့ဘဝလုံခြုံမှု ဆိုတာကို ဘယ်သူကသေချာအာ မခံထား သလဲဆိုတာ စဉ်းစားစေချင်ပါတယ်..။ တကယ် ရောလုံခြုံပါရဲ့လားလို့လည်း ကိုယ့်ကိုကိုယ်မညာတမ်း စဉ်းစားစေချင်ပါတယ်…။
၂..။ မိမိရဲ့ကိုယ်ပိုင် အတွေးတခုကို တွေးမိလို့ပြောချင်တယ်.. ရေးချင်တယ် ဆိုရင်ရော တကယ်ပဲ ပြောရဲ ဆိုရဲတဲ့ အခြေအနေတွေရော မင်းတို့မှာ ရှိရဲ့လား..။ ကိုယ်က အတွေးလေးကိုပဲ ပြောစေအုံး.. တစုံတယောက်ရဲ့ ပယောဂကြောင့် ဒေါ်လာ ၂၀၀ .. ၃၀၀ လောက်ရ နေတဲ့ ကိုယ်ရယ် ..မိဘများရယ်ကို ဒုက္ခပေးမဲ့ အာဏာရှင် များကို မသိစိတ်ကရော
သိစိတ်ကပါကြောက်နေရာတယ်ဆိုတာ မင်းတို့တွေ အသိဆုံးဖြစ်မှာပါ..။ `ထားလိုက်ပါတော့လေ ငါနဲ့လည်း မဆိုင်ဘူး.. ငါလုပ်လို့လည်း ဘာမှ မဖြစ်သွားဘူး` လို့ မင်းတို့တွေ သိရက်နဲ့ လက်လျှော့ထားကြရတဲ့ အရာတွေရှိတယ်မလား..။ ဒီတော့ ကိုယ်ဘာခံစားနေရတယ်ဆိုတာကိုလည်း ကိုယ့်စိတ်ကိုမညာတမ်း ကိုယ့်ကိုကိုယ် ဝေဖန်ရဲ စဉ်းစားကြည့် စေချင်ပါတယ်..။ အမှန်တော့လည်း မင်းတို့လည်း တလကို ဒေါ်လာ ၃၀၀ နဲ့အထက်မှာ ပညာ အဆင့်အတန်းကို မှီပြီး စားသောက် နေထိုင်နေရတဲ့ လူငယ်လူရွယ် တွေပဲမလား..။ အဲဒါကြောင့် ကိုယ့်ထမင်းအိုး မကွဲယုံဘဲ အာဏာရှင် သဘောကျ ပေါက်တက် ကရတွေ ပြောနေ လုပ်နေမယ်ဆိုရင် အတော်လေးမှား နေတယ်ဆိုတာ ပြောချင်ပါတယ်..။
၃..။ မင်းတို့ သင်ကြားနေရတဲ့ ကျောင်းတွေမှာရော မြန်မာပြည်က ပညာလာသင်တယ် ဆိုပြီး ပညာတက် တွေကရော တန်ဖိုထားကြပါ ရဲ့လား..။ မင်းတို့တွေ စိတ်ထဲမှာ အောက်သီး အောက်သက် ကလေးတွေ ခံစားနေရတာတွေ ရှိကြတယ်မလား..။ ရေးထားတဲ့ စာတမ်းတွေကို ပရော်ဖက်ဆာ တွေက လေးလေးစား စားရော နားထောင် ပေးကြပါရဲ့လား…။ လိုချင်တဲ့ ပညာရေးကိုရော တကယ် အဆင့်အတန်း မီအောင် သင်ယူရပါ ရဲ့လား။ ဆရာတွေကရော လေးလေးစားစား ကြည့်ပေးကြပါရဲ့လား..။ မလေးမစားလုပ်ခဲ့ရင် အဲဒါဘာဖြစ်လို့ ဆိုတာမျိုး မင်းတို့တွေးကြည့်ဘူးလား …။ လူတယောက်ရဲ့ အရည်အသွေးကို တန်ဖိုးထားတဲ့ နိုင်ငံများမှာ ဆရာ ကိုတောင် အချက်အလက်နဲ့ အကျိုးကြောင်း ပြပြန် ဝေဖန်နိုင်ပါတယ်..။ အခုဟာက ခိုးကြောင် ခိုးဝှက် ပညာ သင်နေရတဲ့ အခြေအနေ တခုမှာ ကိုယ့်တိုင်းပြည် အစိုးရရဲ့ တန်ဖိုး အားနည်းမှုကြောင့် ကိုယ့်ကို တန်ဖိုးမထား တာမျိုးတွေ အနှိမ်ခံ အခွဲခြားခံ အဆက်ဆံ ခံရတယ် ဆိုရင် မှန်မလားပဲ..။ နှလုံးရည်သတ္တိရှိမယ် ဆိုရင် အပြန်ပြန် အလှန်လှန် သေသေချာ ချာ စဉ်းစားစေချင်ပါတယ်..။
၎..။ တကယ်တော့ ရုရှ အာဏာပိုင်များဟာ ဘယ်လို လူမျိုးတွေလည်း ဆိုတာ.မင်းတို့တွေ သိမှာပါ..။ မင်းတို့ကို လွတ်လိုက်တဲ့ အစိုးရနဲ့ သိပ်မကွာပါဘူး..။ ရုရှမြေမှာ ပြဿနာ တခုခုတက်ခဲ့ရင် အာဏာပိုင်များကို တိုင်ရဲတဲ့ (ခဲ့)တာမျိုးတွေ မင်းတို့ လုပ်ရဲပါရဲ့လား ..။ တကယ်တော့ ရုရှ အစိုးရဟာ အာဏာရှင် တပိုင်းပဲ မလား..။ လွတ်လပ် တဲ့သတင်းစာ ထုတ်လုပ်ခွင့်နဲ့ စာနယ်ဇင်းတွေကို ပိတ်ပင် ထားတယ်.. လူ့အခွင့်ရေးလှုပ်ရှားမှုတွေကို ဟန့်တား တယ်..။လူ့အခွင့်အရေး လေးစားတဲ့နိုင်ငံများနဲ့ သိပ်မတည့်ဘူး..။ သူတို့အတွက် အန္တရယ်ရှိရင် အသက်ကိုလည်း သတ်ပစ်တာတွေ ရှိခဲ့တယ်မလား..။ အဲလို နိုင်ငံမျိုးကနေ လူတွေကိုလူလိုလေးစားတဲ့စိတ်… လူသားချင်း စာနာတဲ့ စိတ်တွေ.. စစ်မှန်တဲ့ ကောင်းမြတ်တဲ့ တန်ဖိုးထားမှုတွေ ..ပြဿနာ တခုကိုတရားဥပဒေနဲ့ စည်းကမ်းတ ကျဖြေရှင်းတာမျိုး အစရှိတာတွေကို မင်းတို့တွေဆီ မသယ်ဆောင် ပေးလာနိုင်ပါဘူး..။ မင်းတို့လည်း ဒါကိုသိမှာ ပါ..။ ဒါကိုလည်း ထပ်ခါထပ်ခါ စဉ်းစားစေချင်တယ်..။
၅..။ အမ သိသလောက်တော့ မင်းတို့တွေဟာ အင်မတန်မှ ယဉ်ကျေးတဲ့ ကလေးတွေ.. မင်းတို့ရဲ့မိဘများဟာ လည်း မင်းတို့ကို တခု ခုဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့ပညာသင်ဖို့လွတ်လိုက်ကြတာပါပဲ..။ မင်းတို့တွေတိုင်းပြည် တခုအောက်မှာ ခုလောက် အောက်ကျ နောက်ကျနဲ့ နေနေရတာမျိုးကို သိရင် ရင်ကွဲမယ်.. ဒါမှ မဟုတ်လည်း စိတ်ထိခိုက်ကြမယ် လို့ထင်ပါတယ်..။ မင်းတို့တွေအများစုဟာ ဘာသာတရား ကိုင်းရှိုင်းတယ် ဆိုတာ လည်း ကောင်းတဲ့ အလုပ်တွေဆိုတော့ ဘာလေးဘဲ ဖြစ်ဖြစ် စဉ်းစဉ်းစားစား ချင့်ချိန်တက်ရင် ကောင်းမယ် ထင်ပါတယ်..။
၆..။ မြန်မာ စစ်အစိုးရရဲ့ ဇာတ်လမ်းတွေ… ပညာမတက် စာမတက် စစ်သားတွေ ဘယ်လိုအခြေအနေမျိုး ရှိနေ တယ်ဆိုတာမင်းတို့ အများကြီးသိမှာပါ..။ နောက်မင်းတို့မိဘတွေ.. ဆွေမျိုးတွေ ဘာကိုစားပြီး ဘယ်လို အသက် ရှင်နေထိုင်နေကြရတယ်ဆိုတာ မင်းတို့တွေသိမယ်ထင်ပါတယ်..။ မင်းတို့တွေ စစ်အစိုးရအတွက် ဘယ်လောက် ပဲဖားရေးရေး.. မင်းတို့တနေ့ကြရင်… သူတို့နဲ့ အယူအဆ မတူတဲ့ တနေ့… ကိုယ့်အကျိုး စီးပွားကို ထိလာလို့ ပြန်ပြောမိတဲ့ တနေ့ကြရင် မင်းတို့တွေကို အာဏာရှင်တွေက ဘယ်လို မျက်နှာကိုမှ မထောက်ပဲဒုက္ခပေး လိမ့် မယ်..။ သူတို့အတွက် အမှန်တရားဆိုတာ သူတို့ပြောတဲ့စကားသာဖြစ်တယ်ဆိုတာ မင်းတို့ သိသင့်တယ်။ တကယ်တော့ မင်းတို့တွေဟာ မလုံခြုံတဲ့ စစ်ဖိနပ် အောက်မှာ (အာဏာရှင် တွေအောက်မှာ) နေနေကြရတဲ့ အတွက် လုံခြုံမှုတို့.. ငြိမ်းချမ်းရေး အနှစ်သာရ လူကို တန်ဖိုးထား လေးစားမှု ဆိုတာတွေကို တကယ်မသိ မခံစားတက်သူတွေပဲဖြစ်ပါတယ်..။ မင်းတို့ရဲ့ မျိုးဆက်သစ် တွေကို လူကို လူလို တန်ဖိုးထား လေးစား တက်တဲ့ အသိုက်အမြုံလေးထဲမှာ ရှိစေချင်တယ်.. နေစေချင်တယ် ဆိုရင်ဖြင့် မင်းတို့ အခုလို ပေါက်ကရရေး.. ပြောနေ တာတွေကို သေသေချာချာလေး ပြန်စဉ်းစားသင့်တယ်..။
မိန်းမတယောက် အာဏာပိုင်စိုး သွားမှာကိုကြောက်လို့ အတင်းအဓမ မဟုတ်တရုတ်တွေ လျှောက်ရေးကြတဲ့ အထိ အသိညဏ်နဲ မိုက်မဲတဲ့ သူတွေ အဆင့်လောက်နဲ့ ကိုယ့်ကိုယ်ကို မနစ်မွန်းစေပါနဲ့..။ မင်းတို့ပေါက်က ရလုပ်ထားတဲ့ စာမျက်နှာတွေကိုလည်း အသိတရား ရှိရှိနဲ့ ရပ်တန့်ဖို့ တောင်းပန်ပါတယ်။ မင်းတို့ ကြိုက်တာကို ရေးခွင့်ဖော်ပြခွင့် ရှိတယ်ဆိုပေမဲ့ လူတယောက် သိက္ခာ ကျလောက်အောင် လူမြင် မကောင်းတဲ့ပုံတွေ မင်းတို့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ အဲဒီလိုဖော်ပြထားတဲ့ အတွက် တကယ် သိက္ခာ ကျတာဟာလည်း မင်းတို့သာလျှင် ဖြစ်တယ် ဆိုတာကိုလည်း သေသေချာချာ စဉ်းစားစေချင်တယ်..။
နိဂုံး ပြောချင်တာကတော့ လူတွေကိုတန်ဖိုးမထားတဲ့ စစ်အစိုးရရဲ့ လက်အောက်မှာ မင်းတို့တွေအားလုံးဟာ အချိန်မရွေး ဒုက္ခ ဖြစ်နိုင်တယ် ဆိုတာကို အပြန်ပြန် အလှန်လှန် စဉ်းစားကြပါလို့ ပြောချင်ပါတယ်..။ တိုင်းပြည်ကို ချစ်ကြတာချင်းအတူတူ ဒီမိုကရေစီကို လိုချင်တာချင်းအတူတူ.. မင်းတို့ငါတို့တွေ အခုကတည်းကမတူတာ တွေကို အပြန်အလှန်နားလည်တဲ့စိတ်.. နားထောင်နိုင်တဲ့စွမ်းရည်… တန်ဖိုးထားတက်တဲ့ အသိတရားတွေ.. မှားနေတယ်လို့ယူဆတာတွေကို အချက်အလက်တွေနဲ့ ပိုင်နိုင်စွာ ထောက်ပြ ဝေဖန် တက်သူတွေ ဖြစ်အောင် …မင်းတို့ရန်သူလို့သတ်မှတ်ထားတဲ့ သူတွေနဲ့ဘေးချင်းယှဉ်ပြီး မင်းတို့ယုံကြည်ရာကို သတ္တိရှိရှိပြောရဲတဲ့သူ တွေဖြစ်အောင် အခုကတည်းကကြိုးစားသွားကြရအောင်လို့ ပြောရင်းအဆုံးသတ်ပါတယ်..။
တိုင်းပြည် အတွက် ပညာကောင်းတွေ သင်ကြားနိုင်ကြပြီး မှန်မှန်ကန်ကန် အသုံးချတက်ပါစေလို့ ဆန္ဒပြုရင်း….. ။
မဗေဒါ
skip to main |
skip to sidebar
Saturday, April 17, 2010
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
ဗမာ့ဘောလုံး သမိုင်း တစ်နေ့သောအခါက ကျွန်ုပ်သည် လူမှုရေးလုပ်ငန်းများ တစ်နေ့တာ ပြီးဆုံးသွားချိန် ကျွန်ုပ်၏ နေအိမ် ဘုရားခန်းအတွင်း အဓိဌာန်...
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
လက်ရှိအစိုးရရဲ့ အကြီးဆုံးအတိုက်အခံ NLD ရဲ့ ရွေးကောက်ပွဲဝင်မှု ရလာဒ်တွေကို ပြန်ငဲ့ကြည့်ရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနဲ့ အမတ် ၈၀ ရာခ...
-
မြန်မာနိုင်ငံမှ မြင်တွေ့ခွင့်ရနိုင်သော ကြယ်မိုးရွာသွန်းမှုလာမည့် မေလ ၆ ရက်နေ့၌ ဖြစ်ပေါ်ရန် ရှိကြောင်း နက္ခတ်ပညာရှင် အသိုင်းအ၀ိုင်းမှ သတင်းရ...
-
အာဏာရှင်တွေ ည၈နာရီရောက်တိုင်း ကြေးစည်သံကြား ခွေးမခံသာသလို ဗန်းထုသံကြား လဒမခံသာရအောင် မောင်းကြဟေ့ ဟဲ့ခွေး ရှုးရှုး
-
======================================== ကျော်ကြီး(MDY) ကျွန်တော်တို့မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်ကနောက်ဆုံးထုတ်ပြန်သည့် စာရင်းအရ ကမ္ဘာ့ အဆင်းရဲဆု...
-
Shwe Pa Yit ဒီဝတ္တုတိုထဲကလို.. ပါဝါရိမ်းဂျားကြိုက်တဲ့ကောင်လေးရဲ့... ဖေဖေလို.မျိုး.. တာဝန်သိတဲ့ ဘဘတွေ..၊ တိုးတိုင်းပြည်မှာ များသည်ထက်များလာအေ...
-
စောက်အလ္လာ နှင့် -ီးမိုဟာမက် ***မြန်မာတိုင်းရင်းသား ဗုဒ္ဓဘာသာဝင် နှင့် မွတ်ဆလင်မဟုတ်သော အခြားဘာသာဝင် မြန်မာတိုင်းရင်းသားများအားလုံး သိစေရန် ...
-
မြန်မာစစ်တပ်၏ လူအခွင့်အရေး ချိုးဖောက်မှုများအပေါ် အခြေခံ၍ ရိုက်ကူးထားသော ရမ်ဘို အပိုင်း၎ ( Rambo Iv: Pearl of the Cobra) တွင် မြန်မာစစ်ဗိုလ်အ...
-
(၁) ငါတို့ မြန်မာတွေကြည့်ေ နမှန်းသိလို့.. မြန်မာ-ဗီယက်နမ် ဘောလုံးပွဲထုတ်လွှင့်မှုထဲမှာ.. မင်းတို့ရဲ့ မီးရောင်ထိန်နေတဲ့ မြို့ကြီးတွေ လမ်းမြ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988

0 comments:
Post a Comment