Showing posts with label နာရေးမှတ်တမ်း. Show all posts
Showing posts with label နာရေးမှတ်တမ်း. Show all posts

Thursday, December 08, 2011

ဘဘဦးလွင်(၁၉၂၄-၂၀၁၁) ကွယ်လွန်

ဦးလွင် (ဗိုလ်မှူးကြီးမောင်လွင် - အငြိမ်းစား)

အတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။ သုံးခွမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ အဖွဲ့ဝင်၊
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ။

၁၉၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် အဖ ဦးဘသာနှင့် အမိ ဒေါ်သိန်းတို့မှ မွေးဖွား သည်။ ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ ၁၉၄၂ ခုနှစ်၊ ရန်ကုန်မြို့တွင် သူငယ်တန်းမှ ဆယ်တန်းအထိ ပညာသင်ကြားခဲ့သည်။

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)၊ ဗမာ့မျိုးချစ်တပ်မတော် (PBF) တို့တွင် ပါဝင်ခဲ့သည်။ BDA ပထမအပါတ် ဗိုလ်သင်တန်းဆင်း၊ ဂျပန်ပြည် ဘုရင့်တပ်မတော် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ် သည်။

၁၉၄၆ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိဖြစ်လာပြီး ၁၉၄၆-၅၈ ခုနှစ်တွင် သနက(၅)၊ အမှတ် (၇) ခြေလျင် တပ်ပေါင်းစုဌာနချုပ်၊ ကချင်(၁)၊ ခမရ(၁ဝ၄)တို့တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန် ထမ်း ဆောင်ခဲ့သည်။
၁၉၅၂ မှ ၁၉၅၄ ခုနှစ်အထိ အဆင့်မြင့် စစ်သင်တန်းများကို အင်္ဂလန်ပြည် စစ်တက္ကသိုလ်များတွင် တက်ရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်သံမှူး (အမေရိကန် ပြည်ထောင် စု)၊ ၁၉၆၃ ခုနှစ်တွင် လပခ ဒုတိယတိုင်းမှူး၊ ၁၉၆၄ ခုနှစ်တွင် ရတခ တိုင်းမှူး၊ ၁၉၆၉ ခုနှစ်တွင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ၁၉၇၁ တွင် တပ်မတော်မှ ပြန်တမ်းဝင်အရာရှိ အလုပ်ဝတ္တရားများကို ပြန်လည်အပ်နှံခွင့်ပြုခဲ့သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ ၁၉၇၄ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်၊ ၁၉၇၇ ခုနှစ်တွင် တတိယအကြိမ် ပါတီညီလာခံ၌ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ရွေးချယ်မခံတော့ဘဲ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးမှ နိုင်ငံတော်ကောင်စီဝင်၊ ၁၉၈ဝ ပြည့်နှစ်တွင် အနားယူခဲ့သည်။ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်၊ သီရိပျံချီဘွဲ့တို့ ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဘဏ္ဍာရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီးထိန်း သိမ်းခံရပြီးနောက် ၁၉၉၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် အလုပ်အမှု ဆောင်အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၁၉၉၅ ခုနှစ်၊ အောက်တိုဘာက ၉ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၌ အတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၂ဝဝ၃ ခုနှစ်၊ မေ ၃ဝ ဒီပဲယင်း အရေးအခင်းကြီး ဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ၂ဝဝ၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဇနီးမှာ ဒေါ်တင်တင်မလေး (၂၀၁၀-နိုဝင်ဘာလ-၁၄ အသက်၈၈နှစ် ကွယ်လွန်)ဖြစ်ပြီး သမီး ဒေါ်စုစုလွင်၊ သား ဦးကျော်ဆန်းလွင်တို့ ထွန်းကားခဲ့ သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်သူ ဘဘ ဦးလွင် အသက် (၈၈) နှစ်သည် ၆.၁၂.၂၀၁၁ ရက်နေ့ ည (၈း၄၀) နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) မှ သိရှိရသည့်အတွက် ယင်းည (၉း၀၀) နာရီအချိန်တွင် ဘဘ ဦးလွင် နေထိုင်ရာ ရန်ကုန်မြို့၊ အမှတ် (၁၅/က)၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ်နေအိမ်သို့ အသင်းသားများသွားရောက်၍ ကူညီမှုကို ပြုလုပ် ပေးခဲ့သည်။

ဘဘ ဦးလွင်၏ ကျန်ရစ်သော ရုပ်အလောင်းအား နေအိမ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အအေးစနစ်သုံး Cool Box ပေါ်သို့ ၀ိုင်းဝန်းချီပိုးကာ ထားရှိခဲ့သည်။ ထို့ကြောင့် နာရေးကိစ္စ များအား လာရောက်နှစ်သိမ့် မေးမြန်းသူတို့အတွက် အသုဘရှုရန်၊ အနိစ္စတရားတို့ကို ရှုနိုင်ရန်အတွက် အဆင်ပြေခဲ့သည်။ ၈.၁၂.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
.

Thursday, December 09, 2010

သေမှာကိုမေ့နေကြပြီလား

သေမှာကိုမေ့နေကြပြီလား

    ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့သည် ကျွန်တော့်အတွက်၊ ကျွန်တော်တို့အသင်းနာရေးကူညီမှုအသင်း(ရန်ကုန်) အတွက်၊ ဗမာပြည်သူလူထုတစ်ရပ်လုံးအတွက် မဟာဆုံးရှုံးမှုတစ်ရပ် ပင်ဖြစ်တော့သည်။    ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့က ကျွန်တော် မေမြို့တွင် ကိုယ်တိုင်ဒါရိုက်တာသရုပ်ဆောင်အဖြစ် ရိုက်ကူးနေသော “ဇာတ်ကြမ်း” DVD ဇာတ်ကားကိုရိုက်ကူးနေစဉ် ကျွန်တော်တို့ ၏ လူမှုရေး၊ ဘာသာရေး၊ အနုပညာရေးတို့တွင် ရှေ့ဆောင်လမ်းပြဖြစ်သောကျေးဇူးရှင် ဘဘဦးသုခဆုံးပါးသွားကြောင်းသိရှိရသည်။ ထို့ကြောင့် ထုတ်လုပ်သူနှင့် ရုပ်ရှင်အဖွဲ့သားများ၊ သရုပ်ဆောင်များအားတောင်းပန်လျက် ဘဘဦးသုခ၏ ကျန်ရစ်သော ခန္ဓာအားသဂြိုလ်မည့်နေ့ရက်၊ ဂူသွင်းမည့် နေ့ရက် နံနက် အစောဆုံးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ လျင်မြန်သောခြေလှမ်းတို့နှင့် ပြန်လာကာဂူသွင်းသဂြိုလ်မှုပြုလုပ်ပြီးညနေလေယာဉ်ဖြင့် မိမိ၏ ရုပ်ရှင်ရိုက်ကွင်းရှိရာသို့ လေးလံသောခြေလှမ်းတို့ဖြင့် ပြန်သွားခဲ့ရသည်။

    ဘဘမှာခဲ့သည် ရှိသည်။    “မောင်ကျော်သူရေ … ကျော်သူနဲ့ သုခဆိုတာကက်ကင်း” တဲ့။    “ဒါဆိုရင် … ကျော်သူနဲ့ သချိုင်းဆိုတာလဲကက်ကင်းပေါ့” ဟု ကျွန်တော် မေးမိသည်။    “ဟုတ်လိုက်လေ … မောင်ကျော်သူရေ။ အေး ! ဘဘဆုံးရင်လဲ။ မောင်ကျော်သူဘဲစီစဉ် သဂြိုလ်ပေး” တဲ့။    ဘဘဦးသုခသည် နိုင်ငံ့ဂုဏ်ဆောင်၊ စာပေအနုပညာ၊ ရုပ်ရှင်အနုပညာ၊ ဂီတအနုပညာသည်တို့၏ လမ်းပြကြယ်ပင်ဖြစ်သည်။ ဘာသာသာသနာနှင့် ပတ်သက်၍ စွမ်းဆောင်နိုင်သောအင်အားတို့ဖြင့် စောင့်ရှောက်ခဲ့သောပုဂ္ဂိုလ်ထူးကြီးပင် ဖြစ်တော့သည်။    ဘဘဦးသုခသည် နာရေးကူညီမှုအသင်း(ရန်ကုန်)အားစတင်ဖွဲ့စည်းခဲ့သူဂုဏ်ထူးဆောင် နာယကကြီးလည်း ဖြစ်သည်။ ဘဘဦးသုခ၏ ကျေးဇူးတရားတို့ကြောင့် ဗမာပြည်သူပြည်သားတို့ “သေဆုံးသွားပါကသေသောသူသည်သုဿန်သို့ သက်သက်သာသာသွားနိုင်ခဲ့ပြီ” ဖြစ်သည်။    ထိုကဲ့သို့သောဗမာပြည်သူပြည်သားများအတွက် လူမှုရေး၊ ဘာသာရေး၊ သာသနာရေး၊ အနုပညာရေးကိစ္စရပ်များကိုရှေ့ဆောင်လမ်းပြပေးသောအဖိုးမဖြတ်နိုင်သည့် ဓူဝံကြယ်ကြီးတစ်စင်း ဖြစ်သူဘဘဦးသုခ၏ ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့တွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ ဘဘဦးသုခအား ကြည်ညို လေးစားကြသော (၇) ရက်သားသမီးများမှ ရေဝေးသုဿန်ရှိ ဘဘဦးသုခ၏ အုတ်ဂူအားရေဆေးကြောခြင်း၊ ခြုံပုတ်များ၊ မြက်ရိုင်းများကိုရှင်းလင်းခြင်း၊ ဆေးသုတ်ခြင်း၊ သံတိုင်များနှင့် ခေါင်မိုးတို့အားပွတ်တိုက်ဆေးကြောခြင်း၊ပန်းဆက်ကပ်ခြင်း၊ဘဘ၏ အုတ်ဂူရှိဓါတ်ပုံကားချပ်သည် နေလောင်မှေးမှိန်နေ၍ အသစ်ပြုလုပ်ထားသော အဝေးရောက် ဗဂျီဆရာမင်းကျော်ခိုင်ရဲ့ ရေးဆွဲပေးထားသောဘဘ၏ ပုံတူ Sketch အားစတီးပြားပေါ်တွင် ထွင်းလုပ်ထားသောလက်ရာနှင့် လဲလှယ်တပ်ဆင်ခြင်း၊ မေတ္တာပို့သကန်တော့ကြ ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ထို့ပြင် ဆရာကြီးမင်းသိင်္ခ၏ အုတ်ဂူသို့လည်းသွားရောက်၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပန်းဆက်ကပ်ခြင်းစုပေါင်းမေတ္တာပို့အမျှပေးဝေခြင်းတို့ကိုလည်း ကုသိုလ်ဖြစ် ဆောင်ရွက်ပေးခဲ့သည်။

    ဤသို့ ကျေးဇူးဆပ်ကုသိုလ်ယူပွဲ ပြုလုပ်စဉ်အချိန်ပိုင်းအတွင်း ကျွန်တော်၏ အသိဥာဏ်ထဲသို့ မေးခွန်းများဖျတ်ကနဲပေါ်လာမိသည်။

    ဘဘ၏ ကျေးဇူးတရားများမကင်းကြသောရုပ်ရှင်အနုပညာရှင်များ၊ ရုပ်ရှင် အဖွဲ့အစည်းမှ အနုပညာရှင် နာမည်ခံသူများတို့သည် ဤသို့သောအချိန်ကာလတွင် မိမိတို့၏ အတ္တကိစ္စများသာလုပ်ဆောင်နေကြသလော … ? လောဘ၊ ဒေါသ၊ မောဟတရားများ၏ ကွန်ယက်တွင် ဆို့နစ်မွန်းကြပ်နစ်မြုပ်နေကြပြီလား …? သေမှာကိုမေ့နေကြပြီလား … ? မေ့ချင်ယောင်ဆောင်နေကြပါသလား … ?ဟူသောမေးခွန်းများ ဖြစ်တော့သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများအနေဖြင့် မေ့ပစ်၍ မရနိုင်ပါ။ မေ့ချင်ဟန်ဆောင်၍လည်းမရပါ။ နှစ်စဉ်နှစ်တိုင်းဒီနေ့ ဒီအချိန် ဒီနေရာတွင် အမြဲတွေ့မြင်ကြရမည်ဖြစ်သည်။

    နောက်တစ်ချက် … ဘဘဦးသုခ၏ ကျေးဇူးတရားများကိုသတိတရဖော်ကျူးကြသောဟောပြောပွဲများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များတွင် ဘဘဦးသုခလမ်းညွှန်ချပြပေးခဲ့သောနာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် ပတ်သက်၍ တစ်လုံးတပါဒမျှ မပါရှိခြင်းသည် ဘဘဦးသု၏ ဂုဏ်ပုဒ် ကျေးဇူးတရားများကိုဖော်ကျူးကြသောရေးသားသူတို့အနေဖြင့် -

မဖော်ကျူးကြခြင်းလား … ?မရေးသားကြခြင်းလား … ?ဒါမှမဟုတ် ရေးခွင့်မရ၍လား … ?ဘဘဦးသုခ၏ သမိုင်းကိုဖွက်ထားကြခြင်းလား … ?ဘဘဦးသုခ၏ သမိုင်းကိုမြေမြုပ်ပစ်လိုက်ခြင်းလား … ?အာဏာပိုင် အဖွဲ့အစည်းများမှ ရေးခွင့်ပိတ်ထားခြင်းလား … ?စသည့် အံ့သြကုန် နိုင်ဖွယ်ရာများ ဖြစ်တော့သည်။

    ဤတွင် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ သေမည့်ရက်၊ ဘ၀တစ်ပါးသို့ ပြောင်းလဲမည့်ရက်သည် အစိုးမရချေ။ သေလျှင်မပြီးသေးပါ။ မသေခင် သင်ဘာတွေများပေးဆပ်ခဲ့ပြီးပြီလဲဟူ၍သာ ပြန်လည် မေးလိုက်ချင်ပါရဲ့။

ကျော်သူ























.

Monday, September 20, 2010

ဘဘဦးအုန်းမြင့် နောက်ဆုံးခရီးပုံရိပ် မြင်ကွင်း



ဘဘ ကောင်းရာ သုကတိလားပါစေ
ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့်၏ ဈာပန အခမ်းအနားကို ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
ရင်းမြစ်။။အမမြတ်လေးငုံ
ဘဘဦးအုန်းမြင့် ဈာပနာ အားဓာတ်ပုံများ ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

Saturday, September 18, 2010

ဘဘ သခင်အုန်းမြင့်ကွယ်လွန်ခြင်း


ဘဘ ကောင်းရာ သုကတိလားပါစေ
 


 

ထင်ရှားကျော်ကြားသော ကြယ်တစ်ပွင့် လွင့်ကြွေခဲ့ပြီ
ယနေ့ ၁၇.၉.၂၀၁၀ (သောကြာ) နေ့ နံနက် (၄း၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ် နေအိမ်၌ ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့် အသက် (၉၃) နှစ် သည် ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါသည်။
မြန်မာ့စာနယ်ဇင်းလောက၊ နိုင်ငံရေးလောက၊ ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် နီးစပ်သူတဦးဖြစ်ပြီး အကျဉ်းကျနေသူများ၏ မိသားစု ၀င်များကိုလည်း အားပေးကူညီသူများကြားတွင် သခင်အုန်းမြင့်သည် အထင်ရှားဆုံး တစ်ဦး ဖြစ်ခဲ့သည်။ ထိုသို့သော ကောင်းသတင်းများဖြင့် ထင်ရှားကျော်ကြားခဲ့သော ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့်သည် နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုလည်း နှစ်စဉ်နှစ်တိုင်း မွေးနေ့တိုင်းတွင် အလှူငွေများ လှူဒါန်းလျှက်ရှိသူ တစ်ဦးလည်း ဖြစ်သည်။
ဦးအုန်းမြင့် (ခ) သခင်အုန်းမြင့်၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် တွဲဖက်အတွင်းရေးမှူးတို့မှ ရန်ကင်းမြို့နယ် နေအိမ်သို့ သွားရောက်သယ်ဆောင်ကာ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဈာပန အခမ်းအနားကို ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း . . . .
ဘဘဦးအုန်းမြင့် နာရေးသတင်းအား ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်။ ရင်းမြစ်။။မြတ်လေးငုံ  

Friday, August 20, 2010

အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မောင် ကွယ်လွန်ခြင်း(၆)နှစ်ပြည့် အခမ်းအနား ဓာတ်ပုံမှတ်တမ်း...

အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင်ကွယ်လွန်ခြင်း(၆)နှစ်ပြည့် အခမ်းအနားကို ယနေ့ မနက်ပိုင်းက တောင်ဒဂုံ ၁၈ ရပ်ကွက်တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်...။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌဟောင်း ဦးကြည်မောင် ကိုယ်ရေးအကျဉ်း 
သြဂတ်စ်လဟာ ချစ်သူခင်သူ တန်ဘိုးရှိသူတွေကို သေမင်းကခေါ်တဲ့လလို့ ပြောရမလို ဖြစ်နေပါပြီ။ အခု သြဂတ်စ် ၁၉ ရက်နေ့ ဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှုးကြီးဟောင်း သီရိပျံချီဦးကြည်မောင် ကွယ်လွန်ခဲ့တာ ၆ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ 

ဘဘ ဦးကြည်မောင်လို့ လူငယ်တွေက ချစ်ခင်စွာ ခေါ်ဆိုခဲ့တဲ့ ဦးကြည်မောင်ကို ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အဖဦးဖိုးသိန်း၊ အမိဒေါ်ငွေခင် တို့မှ မွေးဖွားခဲ့ပါတယ်။ ၁၉၃၆ မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၁၉၃၈ တတိယ ကျောင်းသားသပိတ် မှာ ပါဝင်ခဲ့၊ ၁၉၄၁ မှာ ဘီအေ နောက်ဆုံးတန်းကို မဖြေဆိုတော့ပဲ ဘီအိုင်အေတပ်ကို ၀င်ရောက်ခဲ့ပါတယ်။
၁၉၄၃ မှ ၁၉၄၅ ထိ ဂျပန်နိုင်ငံ စစ်တက္ကသိုလ်တခုတွင် အပတ်စဉ် (၅၇) သင်တန်းပြီးဆုံးသည် ထိ သင်တန်းတက်ခဲ့ပါတယ်။ ၁၉၄၅ တွင် သနက သို့၎င်း၊ ၁၉၄၈ တွင် တပ်ရင်းမှုး ၊ ၁၉၅၁ တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချူပ် မေမြို့စစ်ဦးစီးပထမတန်း၊ ၁၉၅၃ တွင် တပ်မဟာ(၇) တပ်မဟာမှုး၊ ၁၉၅၅၊ ၅၆ တွင် အမေရိကန် စစ်တက္ကသိုလ်သို့ သင်တန်း တက်ရောက်ခဲ့ပြီး ၁၉၆၀ တွင် နေပြည်တော်စစ်ဌာနချုပ်(ရန်ကုန်)တိုင်းမှုး၊ ၁၉၆၂ တွင် တော်လှန်ရေး ကောင်စီဝင်၊ ၁၉၆၂ ၊ ၆၃ တွင် အနောက်တောင်တိုင်း စစ်ဌာနချူပ် တိုင်းမှုး အဖြစ် တာဝန်ယူခဲ့၊ စစ်တပ်နှင့် နိုင်ငံရေးကို ခွဲခြားသိမြင်သူ ဖြစ်သည့်အလျှောက် ၆၂ ခုနှစ် အာဏာသိမ်းခြင်းကို အပြင်းအထန် ဆန့်ကျင်ခဲ့တဲ့အပြင် ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီက ကြီးမှုးကျင်းပသည့် ဒူးယား နှီးနှောဖလှယ်ပွဲသို့ မတက်ရောက်ခဲ့ပဲ အမိန့်အာဏာဖီဆန်ခဲ့သဖြင့် အငြိမ်းစားပေးခြင်း ခံရပါတယ်။
၁၉၈၈ ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးတွင် ပြည်သူဖက်မှ ရပ်တည်ခဲ့၊ နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ပါဝင်ယှဉ်ခဲ့ရာ မဲရာခိုင်နှုန်း(၇၃.၁၇) ဖြင့် အရွေးချယ်ခံ ခဲ့ရပါတယ်။
၁၉၉၀ ၊ ဇူလိုင် (၂၈၊၂၉) တွင်ကျင်းပသည့် ဂန္ဓီခန်းမအစည်းအဝေး ကို အောင်မြင်အောင် ဦးဆောင်ခဲ့တဲ့ အတွက် ဂန္ဓီအစည်းအဝေးအပြီးစစ်အုပ်စုမှ ဖမ်းဆီးပြီး ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့သည်။ ၁၉၉၅ ခုနှစ် မတ်လ ၁၄ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။
 
စစ်တပ်မှ အငြိမ်းစားယူပြီးနောက် ၂၅ နှစ်အတွင်း လေးကြိမ်အဖမ်းဆီးခံခဲ့ရပြီး ထောင် ၂ ကြိမ်ကျခဲ့ရာ ထောင်တွင် စုစုပေါင်း (၇) နှစ်နေခဲ့ရတယ်။
ဦးနှောက်ကိုပို့ပေးတဲ့ သွေးပြန်ကြော ၅၀ ရာနှုန်းပဲ အလုပ်လုပ်တော့တဲ့ နောက်ဆုံး အချိန်တွေမှာတောင် လူငယ်မျိုးဆက်သစ်တွေကို စာပေသင်ကြားပေးခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ၁၄ ၊ ၈၊ ၂၀၀၄ ခုနှစ် မွန်းလွဲ (၁၂း၁၅) မှာ ရွှေတောင်ကြား(၁) ရပ်ကွက်၊ ကမ္ဘောဇ ရိပ်သာလမ်းမှာရှိတဲ့ ဘဘနေထိုင်ရာအမှတ်(၂၄) နေအိမ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။
ဓါတ်ပုံ။။
        အမြဲပေးပို့ပေးသူနှင့် ကိုစိုင်း
သတင်း။။       ဒီမိုဝေယံ ကိုယ်ရေးမှတ်တမ်းတင်။။ မခင်မင်းဇော်

Friday, July 16, 2010

ကိုဇာဂနာရဲ့ ဖခင် ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ ဈာပနအခမ်းအနား သတင်း ဓာတ်ပုံမှတ်တမ်း..


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွမ်းသူ့ပန်းခြင်း
အကျဉ်းထောင်တွင်းမှာ အကျဉ်းကျခံနေရတဲ့ သားဖြစ်သူ ကိုဇာဂနာရဲ့ လွမ်းသူ့ပန်းခြင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွမ်းသူ့ပန်းခြင်း
သတင်းဓာတ်ပုံ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
နိုင်ငံကျော် လူရွှင်တော်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် ကိုဇာဂနာ (ခ) ကိုသူရ၏ ဖခင် စာရေးဆရာမကြီး (ဒေါ်ကြည်ဦး)၏ ခင်ပွန်း ဦးအောင်သိန်း (ခ) စာရေးဆရာ နန်းညွှန့်ဆွေ အသက် (၈၇) နှစ်သည် ၁၄.၇.၂၀၁၀ (ဗုဒ္ဓဟူး)နေ့ ညနေ (၅း၀၀) နာရီအချိန်တွင် ကွယ်လွန်သွားပါ၍ ၁၅.၇.၂၀၁၀ (ကြာသပတေး)နေ့ နံနက် (၁၁း၀၀) နာရီတွင် ရန်ကင်းမြို့နယ် အမှတ် (၃) ရပ်ကွက်၊ တိုက် (၂၁၆)၊ အခန်း (၆) နေအိမ်မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ် မောင်းနှင်သယ်ဆောင်၍ ရေဝေးသုဿန်တွင် သံဃာတော်များ၊ စာနယ်ဇင်း ဆရာများ၊ အနုပညာရှင်များ၊ ဧည့်ပရိသတ်များစွာနှင့် စည်ကားသိုက်မြိုက်စွာဖြင့် မီးသင်္ဂြိုလ် ပြီးစီးခဲ့ပါသည်။ ကျန်ရစ်သူ သားဖြစ်သူ ဦးတေဇ၊ ဦးသူရ(ခ) ဇာဂနာ၊ ဒေါ်သွင်မာဦးနှင့် မြေးဖြစ်သူ မောင်မြတ်ကောင်း၊ မငယ်ဦးမွန်တို့ ကိုယ်စား ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အမှုဆောင်များ၊ အသင်းသူ/သားများမှ လွမ်းသူပန်းခြင်းများ ပို့ဆောင်ခြင်းနှင့် ဈာပနကိစ္စ အ၀၀တို့အား လိုလေသေးမရှိ ပံ့ပိုးကူညီ ဖေးမဆောင်ရွက် ခဲ့ပါသည်။
ပေးပို့ပေးတဲ့ အကိုကြီးကျော်သူအား ကျေးဇူးအထူးတင်ပါသည်။
ကိုဒီမိုဝေယံစီမှပြန်လည်ဖော်ပြပါတယ်။

Sunday, May 23, 2010

သခင်စိုးမြင့် ဈာပန အခမ်းအနား သတင်းနှင့် ဓါတ်ပုံများ

တောင်ဥက္ကလာ(၄) ရပ်ကွက် ကေတုမာလာရိပ်သာ အနောက် ၃ လမ်း အမှတ် ၅(က) နေအိမ်မှ ကားများ ၉ နာရီခွဲတွင်ရေဝေးသုဿာန်သို့စတင်ထွက်ခွာပါသည်။ပထမဦးဆုံးမိသာစုမှ ဂါရ၀ပြု ပြီး နောက် ကြွရောက်လာတဲ့ သံတမန် များနိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ဧည့်ပရိတ်သတ်များ မှ ဂါရ၀ပြုပါတယ် ထို့နောက် အခမ်းအနားအစီအစဉ်ဖြင့် ကျင်းပ ရာ အစီအစဉ် ၁ အရ မိသားစုမှ နောက်ဆုံးဂါရ၀ါပြုခြင်း အစီအစဉ် ၂ အရ တောင်ဥက္ကလာ မှ မြို့နယ်စည်းမှာ အဖွဲ့ချုပ်အဖွဲ့ဝင်များမှ နောက်ဆုံးအကြိမ် ဂါရ၀ပြုခြင်း အစီအစဉ် ၃ အရ သံဝေဂ ကထာ ဖတ်ခြင်း(ဘဘ ဦးတင်ဦးမှ ဖတ်ကြားပါသည်) အစီအစဉ် ၄ အရ သခင်စိုးမြင့် ၏ အထ္ထုပ္ပတ္တိနှင့်လုပ်ဆောင်ချက်များ ဂုဏ်ရည်များကို ဖတ်ကြားခြင်း(တာမွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းမှ ဖတ်ကြားပါသည်) အစီအစဉ် ၅ အရ သခင် စိုးမြင့်သည် တို့ဗမာ အစည်းအရုံးဝင် သခင်တစ်ဦးဖြစ်သည့်အတွက် တို့ဗမာ သီချင်းကို ကြွရောက်လာသူများကသံပြိုင် သီဆို၍ အခမ်းအနားပြီးဆုံးပါသည် (သခင်စိုးမြင့် သားမှ ဦးဆောင် သီဆို)။ထို့နောက် ကြေးစည် သခင်စိုးမြင့်၏ ဓာတ်ပုံ လွမ်းသူပန်းခြင်း ပန်းခွေများကို သားသမီးမြေးမြစ်များ နှင့်အဖွဲ့ချုပ်အဖွဲ့ဝင်များက အစဉ်လိုက်ကိုင်ဆောင်၍ နောက်ဆုံးတွင် သခင်စိုးမြင့်၏ ခေါင်းတလားကို အဖွဲ့ချုပ် လူငယ်များက ထမ်းဆောင်၍မီးသဂြိုလ် စက်သို့ပို့ဆောင် သဂြိုလ် ပါသည်။သခင်စိုးမြင့် ၏ ဈာပန သို့ မိသားစုဝင်များ နိုင်ငံခြားသံတမန်များ(အမေရိကန်၊ဗြိတိသျှ၊သြစတေးလျ)၀ါရင့်နိုင်ငံရေး သမားများ အဖွဲ့ချုပ်ခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦး ဦးဝင်းတင် ဦးဥာဏ်ဝင်း အပါအ၀င် အဖွဲ့ချုပ်အဖွဲ့ဝင်များ ဆွေမျိုးမိတ်သင်္ဂဟ များ မှ လိုက်ပါပို့ဆောင်ကြပါသည်။ဈာပန် အခမ်းအနားသည် နေ့လည် ၁၁ နာရီတွင် ပြီးဆုံးပါသည်။ U soe Myint-NLD ပေးပို့သည့် မျိုးဆက်သစ်လူငယ်များကို အထူးကျေးဇူးတင်ရှိပါသည်။ source/Fight For Free Burma

Wednesday, May 19, 2010

သုမောင်နှင့်သူ၏အနုပညာမှတ်တမ်း


အသက် ၆၂ နှစ် အရွယ်ရှိ အဆိုတော် နှင့် ရုပ်ရှင် သရုပ်ဆောင် သုမောင် သည် ၆ - ၅ - ၂၀၁၀ (တနင်္လာ)နေ့ ည ( ၉း၀၀ ) နာရီအချိန်တွင် ရန်ကုန်မြို့ သုခကမ္ဘာ ဆေးခန်း တွင် ကွယ်လွန် သွားခဲ့ပါသည်။အဆိုတော် သုမောင် အား ၁၉၅၁ မတ်လ ၁၃ ရက်နေ့ တွင် မောင်ဗလ အမည်ဖြင့် အဘ ဦးသာဓု စာရေး ဆရာ ဒါရိုက်တာ နှင့် အမိ ဒေါ်ခင်ညို တို့ မှ မွေးဖွားခဲ့သည်။ သုမောင်သည် ရုပ်ရှင် ကားကြီး ပေါင်း လေးဆယ် ကျော်တွင် သရုပ်ဆောင်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် သုမောင်သည် ၁၉၉ဝ ပြည့်နှစ် အတွက် အကောင်းဆုံး အဓိက အမျိုးသား သရုပ်ဆောင် အကယ်ဒမီ ဆုကို `ခုနှစ်စဉ်အလွမ်း´ဇာတ်ကားတွင် ရရှိခဲ့သည်။ စွယ်စုံ ရ အနုပညာရှင် သုမောင် နှင့် ပတ်သက်ပြီး လန်ဒန် မြို့ တွင် နေထိုင်သည့် ပန်းချီဆရာ နှင့် စာရေးဆရာ ထိန်လင်း က “စွယ်စုံရ အနုပညာရှင် တစ်ယောက်ပဲ ၊နယ်ပယ် သုံးရပ် လုံး မှာ ထူးချွန် အောင် မြင်တယ် ။ ဒီလူ လူ မျိုး ရုပ်ရှင် နယ် သမိုင်းမှာတော့ သူ့  အပြင် နောက် တယောက် ဆိုလို့ သူ့ ရှေ့ က သွားခဲ့ တဲ့ ကောလိပ် ဂျင်နေ၀င်းပဲ ရှိခဲ့ ဘူးတယ်။အောင်မြင်တယ်။အောင်မြင် ပေမဲ့ဘ၀င်မမြင့်ဘူးတသီးတသန့်မနေ ဘူး လူထုနဲ့တသားထဲနေတယ်။ မိတ် ဆွေ စာပေ အနုပညာ ရှင် တွေ အပေါ် မှာ လည်း စေတနာ ထားတယ်။ နောက်တခု က အစိုးရ နဲ့ မပလူးပဲ အနေမှန်မှန် နဲ့ ကိုယ့် အနုပညာ ကိုပဲ စိုက်လိုက် မတ်တတ် လုပ်ရင်း ကွယ်လွန်ချိန်ထိ ပြည်သူကို အကျိုးပြုသွားတယ် ဟု သုမောင် ၏ ရိုးရှင်း ၍ အနုပညာသမား ဆန်သော ဘ၀ ကို ပန်းချီဆရာ ထိန်လင်း က ဂုဏ်ပြု ပြောကြားသည်။ ညီဖြစ်သူ မင်းလူ မှာ လည်း နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ယောက် ဖြစ်ပြီး ထင်ရှားသော စာရေးဆရာ နှင့် ဇတ်ညွှန်းရေး ဆရာ တစ်ယောက်ဖြစ်သည်။ ထင်ရှားသော ဒါရိုက်တာ မောင် ၀ဏ မှာ သူ့ မောင် ၏ အကိုဖြစ်သည်။ သုမောင်သည် စာအုပ်ပေါင်း ၃၀ ကျော်ကို ပြုစုခဲ့ပြီး ထင်ရှားသည့် စာအုပ်များမှာ အရက်သမား အမှား တစ်ရာ၊ကွမ်းစကား၊အချစ်လား သူဖျားနေတယ် ၊အချစ် နှင့် သူ၏ ကိုကို ၊အချစ်သစ်ပင် နှင့် မျိုးရိုးထဲမှာ ဆိုးပေကြီးများ မှာ ထင်ရှားသည့် စာအုပ်များ ဖြစ်သည်။ သူ၏ စာအုပ်အချို့ အား ရုပ်ရှင် အဖြစ် ပြန်လည် ရိုက်ကူးရာ တွင် အချစ် နှင့် သူ ၏ ကိုကို မှာ လူကြိုက် များသည်။ ထိုစာအုပ် အား ဒါရိုက်တာ ဦးကြီးမြင့် က ရုပ်ရှင် အဖြစ် အသက် သွင်း ခြင်းဖြစ်သည်။ ၁၉၇၇ ခုနှစ်၊ နိုဝင်ဘာလထုတ် ရှုမ၀ မဂဇင်း တွင် `ငယ်အိပ်မက်´ ဝတ္ထုကို `သုမောင်´ အမည်ခံ၍ ရေးသား ဖော်ပြခဲ့ရာမှ ယနေ့တိုင် `သုမောင်´ အမည် ထင်ရှားခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် `အချစ်´ အမည်ရှိ လုံးချင်း ဝတ္ထုကို စတင် ရေးသားရာမှ လုံးချင်း ဝတ္ထု အများဆုံး ရေးသားသူ ဖြစ်လာသည်။ ကွယ်လွန်ချိန် တွင် ဇနီးသည် ဒေါ်အေးအေးမေ (အေးဘုံ)၊ သားသမီးများ ဖြစ်သော စိုးအိမ်သူ၊ ရုပ်ရှင် သရုပ်ဆောင် နှင့် အဆိုတော် ဖိုးသောကြာ ထိန်ထိန်သာ၊ ထိပ်သား ဟူသော သားသမီး လေးယောက်ကျန်ရှိသည် ။ သုမောင် သည် ရန်ကုန် မြို့ ၏ ပြင်းထန် လွန်းသည့် အပူဒဏ်ကြောင့် လွန်ခဲ့သီတင်းပတ် က စပြီး ခန္တာကိုယ် တွင်းရေဓာတ် ခမ်းခြောက် မှု ဖြစ်ရာမှ ယမန် နေ့ ညနေ က စပြီး အမောဖောက် ကာ သတိလစ်လာသည် ဟု သိရသည်။ ၂၀၀၉ ခုနှစ် မေလ ထုတ် ရွေအမြူတေ မဂဇင်းမှ သုမောင် ၏ ဆွေရယ် မျိုးရယ် ချစ်ကြိုး သွယ်သွယ် နှောင်ဖွဲ့ချီတယ် ၀တ္ထုတို ဖတ်ချင်ပါက ဤနေရာတွင် ကလစ်နှိပ်ပါ 

သုမောင်၏ အနုပညာများ




သုမောင် + ခင်သီတာထွန်း (၁၉၈၆ ရုပ်ရှင်)
အပိုင်း-၁



အပိုင်း-၂

အပိုင်း-၃

အပိုင်း-၎

အပိုင်း-၅

စစ်ကိုင်းတောင်

ရှေးရေစက်

နဂါးနီ

လကဆုန်

ဖုန်းမောင့်သက်လယ်

လူချွန်လူကောင်း

မာနရှင်

ချစ်မိုးစွေ

ပပဝင်း

လှမဉ္ဇူ

လက်တွေ့ သူဌေးဝါဒ

ကိုယ့်ရပ်ဌာနေ

ဘရဏီ

တောင်တော်ရွှေပုပ္ပါး

ချစ်တယ်

မန်းတောင်ရိပ်ခို (မြို့မအဖွဲ့နှင့်အတူ)
ရုပ်သံများစုစည်းတင်ပြသူ။။ Dr.ကြိုင်လှမောင်မောင် သတင်း။။FNG