Monday, November 11, 2013

ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အတွက် ယတြာ

ကံဇာတာ နိမ့်လျှက်ရှိနေသော ဦးသန်းရွှေ၏ ယတြာများက လက်ရှိကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် ခိုက်စရာများ ပါဝင်လာသည် ၊

ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်တို့၏ ယတြာများကြောင့် စစ်တပ်နှင့် မြန်မာပြည်သူများ အကြား အထင်အမြင်လွဲမှားမှုများ ၊ နားလည်မှုလွဲမှားမှုများ ၊ သွေးထွက်သံယိုဖြစ်မှုများ ကြုံလာရနိုင်သည်ဟု ဝေဒကျွမ်းကျင်သူ ပညာရှင်များက သတိပေးလိုက်သည် ၊

ဦးသန်းရွှေ၏ ယတြာများကို ကာကွယ်သောအနေနှင့် ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်မှလည်း သဘဝယတြာများ ပြန်ချေ သင့်သည်ဟု ဝေဒကျွမ်းကျင်သူ ပညာရှင်များက တညီတညွတ်တည်း တိုက်တွန်းလိုက်သည် ၊

ပြန်ချေမည့် ယတြာအရ ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် လက်ရှိ နာမည်အပြင် အခြားနာမည်တစ်ခုကို ထပ်မံ မှည့်ဆိုခေါ်တွင်ရမည်ဖြစ်သည် ၊

အဆိုပါ နာမည်အသစ်တိုး မှည့်ခေါ်ခြင်းကို လာမည့် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့မတိုင်မှီတွင် အပြီးဆောင်ရွက်ရမည်ဖြစ်သည် ၊

ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အတွက် ယတြာအဖြစ် ထပ်တိုးမှည့်ဆိုခေါ်တွင်ရမည့် နာမည် နောက်တစ်မျိုးမှာ သန်းရွှေနိုင် ဟုသော နာမည်ပင်ဖြစ်သည် ဟု သတင်းရရှိသည် ၊