Wednesday, October 02, 2013

ယနေ့ အကြိုက်ဆုံး သုံးသပ်ချက်

Lynn Wai Oo
တပ်မတော်လို လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုကို
ကျွန်တော်တို့ လို ဘာမှမရှိတဲ့ တစ်နေ့စာတစ်နေ့ ရှာစားနေရတဲ့
ပြည်သူတွေက ဖြိုခွဲနိုင်စွမ်းရှိတယ်လို့
မြင်နေပုံထောက်ရင်
ပြည်သူကို တပ်မတော်ဘက်က
ငါကလွဲပြီး ဘယ်သူ့မှမယုံဘူးဆိုပြီး
ရန်သူတစ်ယောက်လို တံဆိပ်မကပ်ရုံတမယ်ပဲ ကျန်တော့တယ်လို့ မထင်ဘူးလား ...

အမှန်က ဒီပြဿနာတွေရဲ့ မူလဇစ်မြစ်က
အာဏာရှင်စနစ်ဆိုးဗျ ...

ပြည်သူတွေချည်းပဲ ခံရတာလားဆိုတော့ မဟုတ်ဘူး ...
လှိမ့်ပိမ့်နေအောင် ခံခဲ့ရတဲ့အထဲမှာ
တပ်မတော်အောက်ခြေပိုင်းက ရဲဘော်လေးတွေ ...
သူတို့ကို မှီခိုနေရတဲ့ မိသားစုတွေ ...ဒါတွေပါ ပါတယ် ...

ဒါကို ဘယ်လိုငြင်းငြင်း ငြင်းလို့မရဘူး ...

ကျွန်တော်တို့ ထောက်နေရတဲ့ ရည်ရွယ်ချက်က
် တပ်မတော်ကို ပြိုကွဲစေချင်တာမဟုတ်ဘူး ...

တပ်မတော်ကို ပြည်သူနဲ့ ပေါင်းစည်းစေချင်တာ ...
အာဏာကို လက်ကိုင်တုတ်သဖွယ် အသုံးချပြီး
တစ်တိုင်းပြည်လုံးရော ပြည်သူလူထုကိုပါ ဒုက္ခပေးခဲ့တဲ့
စစ်အာဏာရှင် လောင်းရိပ်ဆိုးကနေ
တပ်မတော်ကိုပါ ရုန်းထွက်ခဲ့စေချင်တာ .,

ဒါ တပ်မတော်ကို ပြိုကွဲစေချင်တာတဲ့လား ...
ခင်ဗျားတို့မို့ ပြောထွက်လေတယ် ...

ကိုယ်က စွတ်ကာနေပေမယ့်
အောက်ခြေပိုင်း စုတ်ပြတ်သတ်နေတဲ့ အနေအထားတွေ
စာအုပ်လိုက်ရောင်းနေကြရရှာတဲ့
စစ်မှုထမ်းဟောင်းတွေရဲ့ ဘဝတွေ
ခင်ဗျားတို့ သိသိကြီးနဲ့ ငါမှန်တယ် ငါမှန်တယ် ဖင်ပိတ်ကုန်းအော်နေကြလို့ ပြောနေကြတာ ...

နောက်ပြီး ဟိုနေ့ကပဲ
နာမည်ကြီး တစ်ယောက်မန့်ထားတာတွေ့တယ် ..

တပ်မတော်ဟာ နောက်ပိုင်းမှာ
တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကို
အနိုင်တိုက်နိုင်တဲ့ အစွမ်းရှိနေပြီလို့
ဂုဏ်ယူဝံ့ကြွားတဲ့လေသံနဲ့ မန့်ထားတာတွေ့တယ် ...

သူမသိလိုက်ဘူး .,
သူ့စကားထဲမှာတင် အဖြေတစ်စွန်းတစ်စ ပါသွားတယ် ...
ဒီလောက် အင်အားကောင်းရဲ့နဲ့
တိုင်းပြည် ငြိမ်းချမ်းရေးရအောင် တောက်လျောက် မလုပ်လာနိင်ခဲ့တာ
တပ်မတော်ဟာ ရုပ်ပိုင်းဆိုင်ရာ
အင်အားတွေ တိုးတက်လာသလောက်
စိတ်ပိုင်းဆိုင်ရာနဲ့ သက်ဆိုင်တဲ့
ခေါင်းဆောင်မှု စီမံခန့်ခွဲမှု အရည်အချင်းတွေ
တော်တော် ညံဖျင်းတယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ် ...

အဲဒီတစ်ယောက်ကတော့
အားရဝမ်းသာနဲ့ ကာကွယ်လိုက်တာ ဖြစ်ပေမယ့်
ကျွန်တော်ကတော့ ဖင်ပေါ်သွားခြင်းလို့ပဲ မြင်တယ် ...

ကျွန်တော်တို့ငယ်ငယ်တုန်းက
အချင်းချင်း စနေနောက်နေကြ စကားလေးပါ ...
တစ်ယောက်ယောက်တစ်ခုခု စားနေပြီဆိုရင်
အားရပါးရစား ... ရပ်ကွက်လဲစောင့်ရှောက် ...
ကလေးတွေလဲ မနှောင့်ယှက်နဲ့လို့
အချင်းချင်း စလေ့ရှိတယ် ...

အဲဒီစကားကို သူတို့ကို ပြောချိန်တန်ပြီလားဆိုတာ
စဉ်းစားရတော့မယ် ...