Monday, September 30, 2013

လွမ်းမနေနဲ့

  • အရင် စစ်အာဏာရှင် စနစ်အောက်က စစ်ဗိုလ်တစ်ယောက်နဲ့ လက်ရှိ ဒီမိုကရေစီ စနစ်အောက်က စစ်ဗိုလ်တစ်ယောက်နဲ့ အနေအထားချင်း မတူတာတော့ အမှန်ပဲ..
    ၂ ပွင့် ၃ ပွင့်တွေ အသာထား... ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီး အဆင့်တွေရဲ့ PA တွေ ကြားမှာတောင် အရင် ခေတ်ကောင်းစဉ်က ဆိုတဲ့ စကားကို လွမ်းသလို ဆွေးသလို တမ်းတသလို ခဏခဏ ကြားနေရတော့ ကျွန်တော်တော့ ကြိတ်ပြီး ၀မ်းသာရတယ်.... 

    NLD က မယ်မယ်ရရ အာဏာရ ပါတီ မဖြစ်သေးခင်... အရင် စစ်ဗိုလ်ချုပ်ကြီးတွေ အရပ်ဝတ်လဲပြီး ခပ်တည်တည်နဲ့ တိုင်းပြည်ကို ကသန်းကယန်း ယိုင်တိယိုင်တိုင် ဦးဆောင်နေရချိန်မှာတောင် အရင်လို သူတို့ကို လှည့်မကြည့်အား အခွင့်အရေး မပေးအားတော့ လူတွေက အားငယ်စိတ်ဝင်လာပုံရတယ်. 

    ငါတို့ခေတ် မဟုတ်တော့ဘူး အမြင့်ဆုံး ရည်မှန်းချက် တပ်ချုပ်ကြီး အနည်းဆုံး တိုင်းမှူးလောက် မှန်းထားတဲ့ ကိုယ့်ရည်မှန်းချက်ကြီးလည်း အရောင်မှေးမှိန်လာတယ်... ဒါတောင် NLD က အာဏာရ ပါတီ မဟုတ်သေးဘူး... NLD သာ အာဏာရ ပါတီဖြစ်သွားရင် ငါတို့တော့ ခွေးဖြစ်ရ ချည်သေးရဲ့ ဆိုတဲ့ သောက်တလွဲ အကြောက်တရားကလည်း ခေါင်းထဲ စွဲနေတယ်ဆိုတာ ရေးနေကြတဲ့ စာတွေထဲ ထင်ဟပ်နေတယ် 

    NLD ဟာ စစ်တပ်နဲ့ အတိုက်အခံဖြစ်နေတာ မဟုတ် 
    စစ်အာဏာရှင်စနစ်ဆိုးရဲ့ အကြွင်းအကျန်တွေနဲ့သာ
    အတိုက်အခံဖြစ်နေတာ ဖြစ်တယ် .. ဒီလိုအနေအထားမှာ အွန်လိုင်းပေါ်က တပ်မတော်သား ဆိုတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ၈၀ % လောက်က NLD ဆိုတာနဲ့ ကိုယ့်ကို ကိုက်စားတော့မယ့် ဘီလူးသဘက်ကလို အကြောက်အကန် ငြင်းဆန်နေကြတာ မြင်တော့ ရီစရာကောင်းသလို သနားဖို့လည်းကောင်းတယ်... ဒီမိုကရေစီ စနစ်နဲ့ ရှေ့ကို ဆက်သွားဖို့ ဆန္ဒ လုံးလုံး မရှိပဲ ပြန်မျှော်လင့်လို့ရသေးတဲ့ စစ်အာဏာရှင်စနစ်ကို မျက်စောင်းထိုးနေတယ်... 

    ဒီလို စိတ်မျိုးတွေနဲ့ပဲ လာမယ့် ၂၀၁၅ မှာ NLD ပါတီရဲ့ အခန်းကဏ္ဍ အင်အား အာဏာ ကြီးထွား မလာအောင် စွမ်းစွမ်းတမံ အသက်ပေးလို့ အွန်လိုင်းမှာ Propaganda ဆန်ဆန် လုပ်နေကြတာ အတော့်ကို သိသားလွန်းနေပါတယ်.... ယုတ္တိရှိအောင်လည်း လုပ်ကြပါ... အရင်လို ခေတ်မျိုး ပြန်မရနိုင်တော့ဘူးဆိုတ့ ပကတိ အမှန်တရားကို လက်ခံလိုက်တာ အကောင်းဆုံးပါပဲ... ပြည်သူက မွေးတဲ့စစ်သား ပြည်သူတွေအတွက် အသက်ပေး ကာကွယ်နေတဲ့ စစ်သား ပြည်သူ့ တပ်မတော်သား.. ဘာညာသာ ပြောနေတာ.. 
    လတ်တလော ပြည်သူအများစုက လိုလားကြောင်း သိသာနေတဲ့ NLD ပါတီကျမှ .. ဟင့်အင်းဆိုတော့.... ?