Sunday, September 01, 2013

ယနေ့အကြိုက်ဆုံးဟာသ ဖတ်ဖြစ်အောင်ဖတ်ပါ


ဆရာကြီး ။ ။ ဟေ့ကောင်တွေ မင်းတို့အားလုံး သတိဝီရိယ နဲ့နေကြ။
ဘိုကေနဲ့ကောင်လေးများ ။ ။ ဟုတ်ကဲ့ပါ ဆရာကြီး။

ဆရာကြီး ။ ။ ပြီးတော့ မင်းတို့ကို ပညာတွေ သင်ပေးထားပြီး လူလားမြောက်အောင် ပျိုးထောင်ပေးတာ ငါ ဆိုတာမမေ့နဲ့။ နိုင်ငံခြားလွှတ်တာလည်းငါ။ ယူနီဖောင်းဝယ်ပေးတာလည်းငါ။ သိုင်းသင်ပေးတာလည်းငါ။ ယုတ်စွ အဆုံး မင်းတို့ အွန်လိုင်းသုံးပြီး စော်တွေရတာတောင်မှ ငါ့ကျေးဇူးမကင်းဘူးဆိုတာ မမေ့နဲ့။ ကျေးဇူးလည်း မကန်းကြနဲ့။

ဘိုကေနဲ့ကောင်လေးများ။ ။ ဟုတ်ကဲ့ပါ ဆရာကြီး။

ဆရာကြီး ။ ။ ကုသိုလ်လည်း ရ ၀မ်းလည်း ၀ ဆိုတာ ကြားဖူးကြသလား?
ဘိုကေနဲ့ကောင်လေးများ ။ ။ ဟုတ်ကဲ့ ကြားဖူးပါတယ် ဆရာကြီး

ဆရာကြီး ။ ။ တို့တွေ နှစ် ၂၀ ကျော် ကြိုးစားရင်း နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေ အသည်းအသန်လုပ်ကြလို့ ကြီးပွားသွားတဲ့ မင်းတို့ စီနီယာတွေကို နမူနာယူကြ?

ဘိုကေနဲ့ကောင်လေးများ ။ ။ ဟုတ်ကဲ့ ပါ ဆရာကြီး။

ဆရာကြီး ။ ။ ပြီးတော့ကွာ လမ်းကြုံရင် ၈ပူးတို့ ကုလားမ စုကြည်တို့ကို ဖြစ်ခဲ့သမျှကို သင်ပုန်းချေလိုက်တော့လို့ ပြောပေးကြစမ်းကွာ။ ငါ့ပါးစပ်နဲ့မတန်လို့ သိပ်မပြောချင်ဘူး။
ဘိုကေနဲ့ကောင်လေးများ ။ ။ ဟုတ်ကဲ့ပါဆရာကြီး။

ဆရာကြီး ။ ။ အဲဒီ ဟာတွေက ကောင်းတာမဟုတ်ဘူး မင်းတို့တွေလည်း အရောမ၀င်ကြနဲ့ ကြားသလား?
ဘိုကေနဲ့ကောင်လေးများ ။ ။ ဟုတ်ကဲ့ ကြားပါတယ်ဆရာကြီး။

ဆရာကြီး ။ ။ မေးစရာရှိသလား?
ဘိုကေနဲ့ကောင်လေးများ။ ။ မရှိပါဘူး ဆရာကြီး။
အုပ်စုထဲမှ အသံတစ်သံ ။ ။ ဟုတ်ကဲ့ ရှိပါတယ် ဆရာကြီး

ဆရာကြီး ။ ။ မေးပါ။ လို တိုရှင်း မေးပါ။ အချိန်က ညနေစောင်းနေပြီ။
အုပ်စုထဲမှ အသံတစ်သံ ။ ။ ဟိုလေ ဘာကို သတိဝီရိယထားရမှာလဲ မသိလို့ပါ။

ဆရာကြီး ။ ။ လက်ပန်တောင်းတို့ မြစ်ဆုံ တို့ တရုတ်ပြည်ပို့တဲ့ ဂက်စ် ကိစ္စ တို့ ရွှေဝါရောင်တို့ ငါးလောင်းပြိုင်တို့ ဒီပဲယင်းတို့ အစဖော်တဲ့ကောင်ကို သတိဝီရိယနဲ့စောင့်ကြည့်ထားဖို့ပြောတာ ရှင်းသလား? အဲလိုကောင်တွေ့ရင် အပြတ်သာရှင်းလိုက်။ မင်းတို့နောက်မှာ ငါရှိတယ်။ ကြားလား။

အုပ်စုထဲမှ အသံတစ်သံ ။ ။ ဟုတ်ကဲ့ ရှင်းပါပြီ ဆရာကြီး။ ကြားပါတယ် ဆရာကြီး။

ဆရာကြီး ။ ။ အေး နောက်ထပ်မေးစရာကျန်သေးလား?
ဘိုကေနဲ့ကောင်လေးများ ။ ။ မကျန်တော့ပါဘူး ဆရာကြီး။

အုပ်စုထဲမှ အသံတစ်သံ ။ ။ ဟုတ်ကဲ့ ကျန်ပါသေးတယ်ဆရာကြီး။

ဆရာကြီး ။ ။ မေးကွာ မြန်မြန်။
အုပ်စုထဲမှ အသံတစ်သံ ။ ။ ဆရာကြီးက ဒီလောက်စရိတ်စက တွေကြီးမားနေတဲ့ကြားက အားလုံးကို ပျိုးထောင်နိုင်အောင် ၀င်ငွေတွေ ဘယ်လိုများရှာခဲ့တယ် ဆိုတာလေး အတိုချုပ်ပြီး သိချင်ပါတယ်။

ဆရာကြီး ။ ။ သြော် ... ဒါလား။ အဟမ်း ... အင်း ....... ငါ့မိန်းမက နဂိုကတည်းက သိပ်ချမ်းသာလို့ပါ။ သူတို့တမျိုးလုံး သိပ်ချမ်းသာတယ်။ အခုဆိုရင် ငါ့အမျိုးတွေတောင် ချမ်းသာတဲ့ ဓါတ်တွေကူးကုန်ပြီ။ နောက်ပိုင်းမှာလည်း စစ်တိုက်ရင်းချမ်းသာလာတဲ့ မျိုးဆက်တွေ မြန်မာပြည်မှာ တိုးပွားလာတော့မယ်။ မင်းတို့လည်း လက်ဆင့်ကမ်း မျိုးပွားကြ။

အုပ်စုထဲမှ အသံတစ်သံ ။ ။ ဟုတ်ကဲ့သိပါပြီဆရာကြီး။ ကျွန်တော်လည်း ဆရာကြီးလို အားလုံးကို ပျိုးထောင်နိုင်အောင်ကြိုးစားပါ့မယ်။

ဆရာကြီး ။ ။ အေးကောင်းတယ် .. မင်းတော်တယ်။ ပြိးတော့ သားတို့ကို မှာချင်တယ်။ အထက်အမိန့်ကိုလည်းအားလုံး နာခံတတ်အောင် ကြိုးစားကြရမယ်။ ဘယ်လိုအမိန့်မျိုးကိုမဆို နာခံရမယ်။ လိုအပ်ရင် တိုင်းပြည်အတွက် အသက်ကို ပေးရမယ်။ သားတို့တတွေဟာ တိုင်းပြည်ရဲ့သားကောင်းတွေဖြစ်တယ်။ ဒါကြောင့် ကားပဲမောင်းခိုင်းခိုင်း ကျောင်းပဲ ကြိုခိုင်းခိုင်း ထမင်းပဲချက်ခိုင်းခိုင်း ဖိနပ်ကြိုးပဲ ချည်ခိုင်းခိုင်း ခွေးပဲထိန်းခိုင်းခိုင်း မညည်းမညူ အမိန့်ကို နာခံကြဖို့လိုတယ်။ မေးစရာ ကျန်သေးလား?

ဘိုကေနဲ့ကောင်လေးများ ။ ။ မကျန်တော့ပါဘူး ဆရာကြီး။
အုပ်စုထဲမှ အသံတစ်သံ ။ ။ ဟုတ်ကဲ့ ကျန်ပါသေးတယ် ဆရာကြီး။

ဆရာကြီး ။ ။ မြန်မြန်မေးစမ်းကွာ!!!!!
အုပ်စုထဲမှ အသံတစ်သံ ။ ။ ဟိုလေ ဒေါ်စု တို့ ၈ပူးတို့က ဘာတွေမကောင်းတာလဲ သိချင်လို့ပါ။

ဆရာကြီး ။ ။ ဟာကွာ ... ဒီလောက်တောင် တုန်းရသလားကွ။ မင်းကန်းနေသလား။ ငါတို့တွေ တရုတ်နဲ့လည်း ကောင်းကောင်းအလုပ်မလုပ်ရဘူး။ ငါတို့ကို ဆန့်ကျင်လို့ ခဏခဏ ထောင်ထဲ ထည့်နေရတာ မင်းမမြင်ဘူးလားကွ။ အားလုံးကို သတိ ထပ်ပေးမယ်နော် အဲဒီ ဟာတွေနဲ့ မရောနဲ့ ကြားလား။

ဘိုကေနဲ့ကောင်လေးများ ။ ။ ကြားပါတယ် ဆရာကြီး

ဆရာကြီး ။ ။ မေးစရာ ကျန်သေးသလား?
ဘိုကေနဲ့ကောင်လေးများ ။ ။ မကျန်တော့ပါဘူး ဆရာကြီး။
အုပ်စုထဲမှ အသံတစ်သံ ။ ။ ကျန်ပါသေးတယ်ဆရာကြီး။

ဆရာကြီး ။ ။ မြန်မြန်မေးစမ်းကွာ !!! ဒါနောက်ဆုံးပဲ!!!!

အုပ်စုထဲမှ အသံတစ်သံ ။ ။ ဟိုလေ ... ဆရာကြီးတို့ပဲ သူတို့ကို သွားသွားလုပ်ပြီးတော့ ... ဆရာကြီးတို့ ကိုယ်တိုင်မပြောပဲ ကျွန်တော်တို့ကို သင်ပုန်းချေ ဖို့ ပြောခိုင်းတာ သင့်တော်ပါ့မလား ဆရာကြီး?

ဆရာကြီး ။ ။ တောက်!!! ဒီကောင် အတော်လျှာရှည်တဲ့ကောင်ပဲ .. ဘယ်ကောင်လဲ မင်းအမှတ်စဉ်ပြောစမ်း။ ကျန်တဲ့ကောင်တွေ အကုန်လုံးထိုင်။ အခုမေးတဲ့ကောင်ပဲ ဆက်ရပ်နေစမ်း။

"၀ုန်း" ... (ကောင်လေးများ အားလုံး ထိုင်ချလိုက်သံ)

ဆရာကြီး ။ ။ ဘယ်မှာလဲ ခုန မေးတဲ့အကောင် ... ရပ်စမ်း!!!!
ဘိုကေနဲ့ကောင်လေးများ ။ ။ " "

ဆရာကြီး ။ ။ မေးနေတယ်လေ။ ဘယ်မှာလဲ ခုန မေးတဲ့အကောင် ... အခု မတ်တပ် ရပ်စမ်း!!!!
ဘိုကေနဲ့ကောင်လေးများ ။ ။ " "

ဆရာကြီး ။ ။ ဟို မအေပေး ထရပ်စမ်း လို့ပြောနေတယ်လေ!!!!
ဘိုကေနဲ့ကောင်လေးများ ။ ။ " "

ဆရာကြီး ။ ။ တောက်!!!! ပြုစု ပျိုးထောင် လာတဲ့ ကျေးဇူးကိုမှ မထောက်!!!!
ဘိုကေနဲ့ကောင်လေးများ ။ ။ " "

ဆရာကြီး ။ ။ မင်းတို့ ကျပ်ကျပ် သတိထားကြပါ!!!!
ဘိုကေနဲ့ကောင်လေးများ ။ ။ " "

ဆရာကြီး ။ ။ #$%'"@!###!!!!!

-------------------------------------------------------------------
ဂီတမှုး အနဂ္ဂ ၊ ဇေယျာသော် တို့ အဖွဲ့ရဲ့ ငါတို့အဖွဲ့ကို လာမထိနဲ့ အက်ဆစ်နဲ့ ပက်ခံရမယ် ... ဆိုတဲ့ သီချင်းဖြင့် တဖြည်းဖြည်း မှိန်ပြီးမှ ပိတ်ရန်။ ... စကားပြော နောက်ခံတေးအဖြစ် .. ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ် သီချင်းကို ခပ်တိုးတိုး ပလေး ရန်။

ဦးအောင်ကြီး ရဲ့ အတွေးပုံရိပ်