Saturday, August 03, 2013

“၂၅နှစ်”


* ပြောမယုံ ဘယ်ကြုံဖူးကြားဖူးဦးမှာလဲ အဲ့ဒါကမ္ဘာ့သမိုင်းမှာ လေကြောင်းတိုက်ပွဲတို့ ရဲ့ အစနေ့ ရက်ပေါ့။ ပြီးတော့ .. မတရားသိမ်းပိုက်ထားသူတို့ သောကကြုံရတဲ့နေ့ ရက် ၈ရက်၈လ၁၉၄၀ပြည့်နှစ် အဲ့ဒီနေ့ အဲ့ဒီည ဂျာမဏီက လန်ဒန်မြို့ ကို နေရာမလပ်ဗုံးမိုးတွေနဲ့ ရွာသွန်းချနေချိန် ကိုယ့်တိုင်းပြည်ကိုယ်ပြန်ရယူဖို့  အသက်၂၅နှစ်အရွယ် ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းနဲ့  အပေါင်းအဖေါ်လူငယ်လေးတို့ နှစ်ဦး စွန့် စားခန်းစဖွင့်ခဲ့ကြတယ်။ *ပြောမယုံ ဘယ်ကြုံဖူးကြားဖူးဦးမှာလဲ အဲ့ဒါကမ္ဘာ့သမိုင်းမှာ တစ်ပါတီစနစ်တွေကိုဖြိုလဲတဲ့ အစနေ့ ရက်ပေါ့၊ ပြီးတော့ .. မတရားသိမ်းပိုက်ထားသူတို့ သောကကြုံရတဲ့နေ့ ရက် ၈ရက်၈လ၁၉၈၈ခုနှစ် အဲ့ဒီနေ့ အဲ့ဒီည ပြည်သူက အစိုးရကို နေရာမလပ်ကြွေးကြော်သံတွေနဲ့ ဆန္ဒဖေါ်ပြနေချိန် ဒီမိုကရေစီတိုင်းပြည်ပြန်ရယူဖို့  အလွန်ဆုံးရှိလှအသက်၂၅နှစ်အရွယ်မျှ ကျောင်းသားလူငယ်ခေါင်းဆောင်တွေနဲ့  အဖြူအစိမ်းဝတ်မကျန်ရဟန်းရှင်လူမိဘပြည်သူအားလုံး စွန့် စားခန်းစဖွင့်ခဲ့ကြတယ်။ *ပြောမယုံ ဘယ်ကြုံဖူးကြားဖူးဦးမှာလဲ ........... ...................... . ............................... ၈ရက်၈လ၂၀၁၃ခုနှစ် အဲ့ဒီနေ့ အဲ့ဒီည ပြည်သူက အစိုးရကို နေရာမလပ်ကြွေးကြော်သံတွေနဲ့ ဆန္ဒဖေါ်ပြနေချိန် ငြိမ်းချမ်းတဲ့တိုင်းပြည်ပြန်ရယူဖို့  ၂၅နှစ်တာသက်တမ်းသင်ခန်းစာတွေနဲ့  လမ်းမထက်ကသွေးစက်တွေကိုစင်ပေါ်တင်မီးဆလိုက်ထိုးပြဖို့  စွန့် စားခန်းစဖွင့်ခဲ့ ကြတယ်။ ကိုမျိုး(မြန်မာစာ)