Monday, August 26, 2013

ဦးပိုင် ကိုခုတုံးလုပ်အကျိုးမြတ်ထုတ်နေသူများ


ကျွန်တော်သည် မူဆယ်-မန်းလေးလမ်း(ရှမ်းပြည်မြောက်ပိုင်းလမ်း)၌ ကုန်တင်ယာဉ်မောင်းဆွဲနေသော ယာဉ်မောင်းတစ်ဦးဖြစ်ပါသည်။

အကြောင်းအရင်းမှာ တရုတ်ပြည်မှဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာပြည် မှဦးပိုင်ကုမ္ပဏီသို့ ပူးပေါင်းဆောင်ရွက်သည် မုံရွာ့  လက်ပံတောင်းတောင်နှင့် ပုလဲ ကြေးနီစီမံကိန်းတွင် အသုံးပြုသည့် ယမ်း(ခေါ်) နမိုးနီးယား ကုန်ကြမ်းပစ္စည်းများကို တရုတ်ပြည်မှမြန်မာပြည် မုံရွာကြေးနီစီမံကိန်းသို့ သယ်ဆောင်ရာတွင် ထိုယမ်း(ခေါ်)နမိုးနီးယားကုန်ကြမ်းများနဲ့ အတူအကောက်ခွန်မဲ့(Dutyမဲ့)တန်ဖိုးရှိcarryပစ္စည်းများသယ်ဆောင်နေ
ပါသဖြင့်အများပြည်သူနဲ့တာဝန်ရှိပုဂ္ဂိုလ်များကိုတင် ပြစေချင်ပါသည်။

ထို(dutyမဲ့)carryပစ္စည်းများသယ်ဆောင်ခြင်းကိုနယ်စပ်စစ်ဆေးရေးဂိတ်ဖြစ်သည့် ၁၀၅မိုင်ဂိတ်နှင့်လမ်းကြောအတွင်း၌ dutyများစစ်ဆေးသော mobileအဖွဲ့များက သိရှိသော်လည်းပဲ စစ်ဆေးအရေး ယူခြင်းမရှိပါ။

ဤသည်မှာဦးပိုင်ကုမ္ပဏီကိုခုတုံးလုပ်၍ ဗိုလ်မှူးအရာရှိများနှင့် စီးပွားရေးသမားများ(ကားဂိတ်များ)ကအကျိုးမြတ်ထုတ်နေကြပါသည်။

၎င်းကုန်ပစ္စည်းများမှာတစ်လလျှင်နှစ်ကြိမ်မှသုံးကြိမ်ထိတစ်ကြိမ်လျှင် တွဲကား(၂၂ဘီး)အစီးရေ ၂၀မှ၂၅စီးနှုန်းသယ်ဆောင်နေပါသဖြင့် အခြားသောdutyကုန်များရှားပါးနေပါသည်။

ထို့ကြောင့်ကျွန်တော်တို့dutyကုန်တင်ဆောင်သောကားများအတွက်ကုန်များရှားပါး၍ကားခဈေးနှုန်းကျဆင်းမှုများနဲ့အခက်အခဲကြုံနေရပါသည်။

ထို့ကြောင့် ဤအခက်အခဲမှလွတ်မြောက်စေရန် တာဝန်ရှိသူများထံသို့ တင်ပြပေးစေချင်ပါသည်။

(ပြည်သူတစ်ဦး)
.