Thursday, June 27, 2013

အကြိုက်ဆုံးပိုစ်

Credit Ryo Miyaichan 

အမေစုက မသီတာထွေးကိစ္စ မိထ္ထီလာကိစ္စ လားရှိုးကိစ္စ စတဲ့ ကိစ္စတွေမှာ ဘာမှ ထိထိရောက်ရောက် ဝင်မပြောခဲ့ဘူး။ ဟုတ်ပြီ။ ရခိုင်ကိစ္စကနေ စပြောရအောင်။ သူ့အနေနဲ့ အဲဒီ ကိစ္စမှာ ဘာပြောသွားလဲ။ လူနည်းစုကို လူများစုက ညှာတာရမယ်လို့ ပြောသွားတယ်။ သူအဲလိုပြောတာ ကုလားတွေ မှန်တယ် ရခိုင်တွေ မှားတယ်လို့ ဘက်တဘက်ကို နင်းပြီး မပြောသွားဘူးနော်။ တဖက်နဲ့ တဖက် တိုက်ခိုက်မှုတွေ ရပ်ပြီး ပြသနာကို ပြေပြေလည်လည် ဖြေရှင်းဖို့ အသားပေးပြောသွားတယ်။ အဲဒီ အချိန်ကို ပြန်ကြည့်ပါ။ ရခိုင်တင်မကဘူး တနိုင်ငံလုံးက မြန်မာတွေ ကုလားတွေကို ဒေါသထွက်နေတာ။ တကယ်လို့များ အမေစုသာ အဲဒီကိစ္စမှာ ရခိုင်တွေ ဘက်က မှန်တယ် ကုလားတွေဖက်က မှားတယ်လို့ ပြောကြည့် ဘာဖြစ်သွားမယ် ထင်လဲ။ အခြေအနေတွေဟာ ဆိုးသထက် ဆိုးကုန်မှာ။ (အမှန်တိုင်း ဝန်ခံရရင် အဲဒီတုန်းက ကျွန်တော်ပါ သွေးဆူနေတာ။) ခုလို တတိုင်းပြည်လုံးက အားကိုးတဲ့ ခေါင်းဆောင်က အဲဒီစကားမျိုးပြောခဲ့မယ်ဆိုရင် ကျွန်တော်တို့ အားလုံး ငါတို့မှန်တယ်ကွဆိုပြီး ရှိသမျှ ကုလားတွေနဲ့ ပြသနာဖြစ်လိုက်ကြမယ် ဖြစ်ခြင်း။ ထိန်းမနိုင်သိမ်းမရ ဖြစ်လိုက်မယ် ဖြစ်ခြင်း။ အဲလိုမျိုးဆို ခုလို အချိန်မှာ မြို့တွေ ရွာတွေတိုင်းဟာ အိမ်မဲ့ယာမဲ့ မီးခိုးတအူအူနဲ့ ဆောက်တည်ရာမဲ့ ဘဝတွေ ပျက်စီးကုန်မယ့် မြင်ကွင်းကို မြင်ကြည့်စမ်းပါ။ 
ယနေ့ အကြိုက်ဆုံး ပို့စ်

အမေစုဟာ သာမန် ခေါင်းဆောင် မဟုတ်ပါဘူး။ အာဏာမရှိပေမယ့် သူ့သြဇာဟာ တတိုင်းပြည်လုံးကို တော်တော်လေး ညောင်းပါတယ်။ ဒီကိစ္စဟာ သူ့အတွက် ထောင်ချောက်တစ်ခုဖြစ်သလို တတိုင်းပြည်လုံးအတွက် ထောင်ချောက်ဆိုတာ သူနားလည်တယ်။ အစောက ပြောသလို သူသာ စကားလွန်သွားရင် ခုချိန် မတည်ငြိမ်မှုကို အကြောင်းပြပြီး စစ်အာဏာပြန်သိမ်းလို့ရတယ်။ ဒီလိုထောင်ချောက်တွေ မြင်လို့သာ လူနည်းစုကို လူများစုက ညှာတာရမယ်ဆိုပြီး ပြောလိုက်တာ။ သူ့ရဲ့ ဒီစကားဟာလည်း ပေါက်ထွက်တော့မယ့် လူထုရဲ့ ဒေါသကို အတိုင်းတာတခုထိ တားဆီးနိုင်ခဲ့ပါတယ်။ 

နောက် မိထ္ထီလာကိစ္စမှာ သူဘာပြောခဲ့လဲ။ အဲဒီကိစ္စမှာလည်း သူဟာ ဘက်တဘက်ကို မလိုက်ဘဲ တရားဥပဒေစိုးမိုးဖို့ ပြသနာဖန်တီးသူတွေကို ပြင်းပြင်းထန်ထန်ကိုင်တွယ်ဖို့ဆိုပြီး ပြောခဲ့တယ်။ သူ ဒီလောက်ဘဲ ပြောလို့ရတယ်။ အများကြီးပြောရင် သူ့စကားကြောင့် မီးစပိုကြီးသွားရင် အမေစုကြောင့် တိုင်းပြည် ဂျောက်ထဲကျသွားတယ်ဆိုပြီး အပြစ်ပုံချရင် ဘယ်လိုလုပ်မလဲ။ နောက် သူက အာဏာရ ပုဂ္ဂိုလ်မဟုတ်တော့ ဒီကိစ္စကို သူ့ စိတ်တိုင်းကျ မကိုင်တွယ်နိုင်ဘူး။ သူ့ပါးစပ်က ပြောတာ အပြောဘဲရှိမယ် အဓိက ကိုင်တွယ်တဲ့သူက ဦးသိန်းစိန်။ အဲလောက်ဆို ဒီကိစ္စ ဘယ်သူ တာဝန်အရှိဆုံးလဲဆိုတာ သဘောပေါက်။ အဲလိုနဲ့ ဒီကိစ္စ ပြီးတာ မကြာသေးဘူး လားရှိုးကိစ္စဖြစ်လာပြန်ပြီ။ ဒီလောက်ဆိုရင်တော့ နားလည်လိုက်တော့ ပြသနာ မဖြစ်ဖြစ်အောင် ဖန်တီးနေတဲ့ အဖွဲ့အစည်းတစ်ခု ရှိနေပြီဆိုတာ။ ပြသနာတိုင်းရဲ့ ဦးတည်ချက်ဟာ တိုင်းပြည်မတည်မငြိမ်ဖြစ်ဖို့နဲ့ အမေစုကို ထောင်ချောက်ဆင်ဖို့ဆိုတာ အရမ်းသိသာလွန်းနေပြီ။ တစ်ခုပြီး တစ်ခုဖန်တီးနေတာ ဘယ်သူတွေလဲဆိုတာ စဉ်းစားကြည့်။ 

ဟောကြည့် ခုလဲ ထပ်ပေါ်လာပြီ အမျိုးစောင့်ဥပဒေ။ ဒီဥပဒေဟာ လူ့အခွင့်အရေး ချိုးဖောက်တာရယ် အမျိုးသမီးတွေရဲ့ ဆန္ဒကို ဥပက္ခာပြုတာရယ် ပါဝင်နေတယ်။ ဒီဥပဒေကို ခေတ်နဲ့ လျော်ညီအောင် ပြုပြင်ဆွဲလို့ရသော်လည်း မပြင်ဘဲ ဒီအတိုင်းတင်ပြဖို့သာ စိတ်အားထက်သန်နေကြတယ်။ ဆရာတော်တွေ ပါဝင်တာမှန်ပေမယ့် မသမာသူတစု ဘေးက ပြသနာမကြီးကြီးအောင် လုပ်နေတာ ထင်ရှားတယ်။ ဒီဥပဒေကို ကြားကတည်းက သိလိုက်ပါတယ် ဒါဟာ ဘယ်သူ့ကို ဦးတည်မှန်းဆိုတာ။ နောက်ပိုင်း တဖြေးဖြေး ဒေါ်စုကို တိုက်ဖို့ အင်နဲ့ အားနဲ့ လှုပ်ရှားလာတာ ထင်ရှားတယ်။ တကယ်လည်း ဒေါ်စုက ဒီဥပဒေကို အားနည်းချက်ရှိနေတယ်ဆိုတာ ထောက်ပြလိုက်တယ်။ ဂွင်ထဲလဲရောက်လာရော အကုန်လုံး ဝိုင်းလှော်ဖို့ ပြင်နေတဲ့အချိန်မှာဘဲ တိုင်းမ်း မဂ္ဂဇင်းက ဦးဝီရသူကို Face of The Buddhist Terror ဆိုပြီး မျက်နှာဖုံးပေါ်တင်လိုက်တယ်။ 

အဲဒါလဲ တက်လာရော အားလုံးဟာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတယ်။ ဗုဒ္ဓဘာသာကို စော်ကားတယ်ဆိုပြီး ဒေါသထွက်ကြပေါ့။ ရှုံ့ချမယ်ဆိုပြီး လုပ်ကြပေါ့။ ဒါပေမယ့် မကြာပါဘူး ဦးဝီရသူရဲ့ အင်တာဗျူးနဲ့ တိုင်းမ်းအပေါ် တုံ့ပြန်မှုလည်း ထွက်လာရော လူအများစုက လှုပ်နိုးခံရလိုဖြစ်သွားတယ်။ ဦးဝီရသူကို ဦးဇင်းတပါးဖြစ်လို့ မဝေဖန်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေပါ ဝေဖန်လာတယ်။ အမျိုးသားရေးကို ဦးတည်ပေမယ့် ဦးဝီရသူရဲ့ hate speech တွေကြောင့် အမျိုးကာကွယ်တာထက် ဘာသာခြားကို မုန်းတီးစိတ်ဖြစ်လာတာကိုလည်း သိရှိလာတယ်။ ဆရာတော်တွေ တချို့လည်း ဦးဝီရသူကို ဗုဒ္ဓရဲ့ အယူဝါဒနဲ့ တော်တော်လေး သွေဖယ်နေတာကို ထောက်ပြလာတယ်။ ဒီ တိုင်းမ်းကိစ္စပေါ်လာလို့လည်း အမေစုတော်တော်လေး သက်သာသွားတယ်။ ကျွန်တော့အမြင် ဒီကိစ္စမှာ ဦးဝီရသူရဲ့ အပြစ်လုံးလုံး မဟုတ်ဘဲ မသမာသူတွေက နောက်က ပြသနာပိုကြီးအောင် လှုံ့ဆော်မှုတွေရောပါတယ်လို့ မြင်တယ်။ ဘာကြောင့်လည်းဆို တခြား မိုးပြာဂိုဏ်းတို့တောင် ဗုဒ္ဓအဆုံးအမနဲ့ သွေဖယ်နေလို့ ဖမ်းခံရတာတွေ့ဖူးတယ်။ နောက် ဒယ်အိုးဆရာတော်ဆို အစိုးရထိလို့ ဟောခွင့်ပိတ်ခံရ မြို့ပြင် နှင်ထုတ်ခံရတဲ့အထိ နှိမ်နင်းတာတွေရှိတယ်။ ကိုးဘွဲ့ရ ဆရာတော်ကိုရော တရားဟောခွင့် ပိတ်ထားတယ်လို့ ကြားတယ်။(ဘာကြောင့်လဲ အတိအကျတော့ မသိပါ) အစိုးရက အဲလိုမျိုးတွေတောင် လုပ်ပြီး ခုလို ပြသနာပိုကြီးနိုင်တဲ့ ဦးဝီရသူကို ဘာကြောင့် လွတ်ထားပေးလဲဆိုတာ တွေးကြည့်ရင် နားလည်မှာပေါ့။ ဆရာတော်ကို ကြည်ညိုလို့လား ဒါမှမဟုတ် ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာလားဆိုတာ။ 

အဲတော့ စဉ်းစားကြည့် ခု ဖြစ်သမျှ ပြသနာတိုင်းဟာ အမေစုကို ဦးတည် ပစ်မှတ်ထားပြီး လုပ်ဆောင်နေကြတာ သူမရဲ့ သြဇာပါဝါကို လျော့ချဖို့ ကြံစည်နေကြတာ သိသာလွန်းနေတာဘဲ။ သမ္မတဖြစ်ချင်တယ်လို့ ပြောထားတဲ့ သူမက အမိုက်ခံပြီး လူထုအမျက်ရှစေမယ့် လမ်းရွေးပါ့မလား။ မတတ်သာလွန်းလို့ ပြသနာ မကြီးထွားစေချင်လွန်းလို့သာ ရွေးရတာ။ သူ့မှာလည်း ပြည်သူတွေနဲ့အတူ ရင်ထဲမှာ ငိုကြွေးနေပါတယ်။ ဟန်ဆောင်ကောင်းလွန်းတဲ့ ဒေါ်စုရဲ့ ပူဆွေးဝမ်းနည်းမှုကို ခင်ဗျားတို့ မမြင်ပေမယ့် ကျွန်တော်ကတော့ လက်ပတောင်းတုန်းက ပါဂျဲရိုးနောက်ခန်းမှာ ငိုင်နေတဲ့ အမေစုကိုတွေ့ပြီး သူမရဲ့ ဖော်မပြနိုင်တဲ့ ဝမ်းနည်းမှုကို တွေ့ခဲ့ရတယ်။ ခင်ဗျားတို့ သူ့ကို ချစ်တယ်ဆို ဘယ်လို ချစ်တာမျိုးလဲ။ ကျွန်တော်ကတော့ နားလည်မှုရှိတဲ့ အချစ်မျိုး မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာကို ခံစားမိတဲ့ အချစ်မျိုးနဲ့ ချစ်တာ။ ခင်ဗျားတို့ သူ့ကို တကယ်ချစ်တယ်ဆိုရင် ဝန်ပိအောင်လုပ်တာတွေ ရပ်ပါတော့။ အသက် ၆၈ နှစ်ဆိုတဲ့ အမျိုးသမီးကြီးကို ပြသနာပေါင်းစုံထဲ ဆွဲနှစ်နေတာတွေ ရပ်ပါတော့။ သူမကို ချစ်ရင် သူမအပေါ် အရင်ထက် နားလည်မှု ပိုရှိပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဘာလို့လဲဆို နောက်ထက် မဖော်ပြနိုင်တဲ့ ပြသနာပေါင်းစုံဟာ သူမကို ဦးတည်ဖို့ အသင့်အနေအထားမှာ ရှိနေတယ်ဆိုတာ သေချာလို့ဘဲ။

smin oo ခင်ဗျားမေးတာ သိပ်ကောင်းတဲ့မေးခွန်းဘဲ။ ဒီမေးခွန်းကို ဖြေချင်နေတာ ကြာပြီ။ ကောင်းပြီ။ အမေစုက မသီတာထွေးကိစ္စ မိထ္ထီလာကိစ္စ လားရှိုးကိစ္စ စတဲ့ ကိစ္စတွေမှာ ဘာမှ ထိထိရောက်ရောက် ဝင်မပြောခဲ့ဘူး။ ဟုတ်ပြီ။ ရခိုင်ကိစ္စကနေ စပြောရအောင်။ သူ့အနေနဲ့ အဲဒီ ကိစ္စမှာ ဘာပြောသွားလဲ။ လူနည်းစုကို လူများစုက ညှာတာရမယ်လို့ ပြောသွားတယ်။ သူအဲလိုပြောတာ ကုလားတွေ မှန်တယ် ရခိုင်တွေ မှားတယ်လို့ ဘက်တဘက်ကို နင်းပြီး မပြောသွားဘူးနော်။ တဖက်နဲ့ တဖက် တိုက်ခိုက်မှုတွေ ရပ်ပြီး ပြသနာကို ပြေပြေလည်လည် ဖြေရှင်းဖို့ အသားပေးပြောသွားတယ်။ အဲဒီ အချိန်ကို ပြန်ကြည့်ပါ။ ရခိုင်တင်မကဘူး တနိုင်ငံလုံးက မြန်မာတွေ ကုလားတွေကို ဒေါသထွက်နေတာ။ တကယ်လို့များ အမေစုသာ အဲဒီကိစ္စမှာ ရခိုင်တွေ ဘက်က မှန်တယ် ကုလားတွေဖက်က မှားတယ်လို့ ပြောကြည့် ဘာဖြစ်သွားမယ် ထင်လဲ။ အခြေအနေတွေဟာ ဆိုးသထက် ဆိုးကုန်မှာ။ (အမှန်တိုင်း ဝန်ခံရရင် အဲဒီတုန်းက ကျွန်တော်ပါ သွေးဆူနေတာ။) ခုလို တတိုင်းပြည်လုံးက အားကိုးတဲ့ ခေါင်းဆောင်က အဲဒီစကားမျိုးပြောခဲ့မယ်ဆိုရင် ကျွန်တော်တို့ အားလုံး ငါတို့မှန်တယ်ကွဆိုပြီး ရှိသမျှ ကုလားတွေနဲ့ ပြသနာဖြစ်လိုက်ကြမယ် ဖြစ်ခြင်း။ ထိန်းမနိုင်သိမ်းမရ ဖြစ်လိုက်မယ် ဖြစ်ခြင်း။ အဲလိုမျိုးဆို ခုလို အချိန်မှာ မြို့တွေ ရွာတွေတိုင်းဟာ အိမ်မဲ့ယာမဲ့ မီးခိုးတအူအူနဲ့ ဆောက်တည်ရာမဲ့ ဘဝတွေ ပျက်စီးကုန်မယ့် မြင်ကွင်းကို မြင်ကြည့်စမ်းပါ။ 