Monday, June 10, 2013

ယဉ်ပါးခြင်း


ကြီးလာကတည်းက..ပုံစံခွက်ထဲကြီးပြင်း..၊

နားလည်စပြုတဲ့အရွယ်ကတည်းက..
ငါတို့ဟာ..တိုင်းပြည်ရဲ့ကယ်တင်ရှင်တွေ..ဆိုတဲ့.
လော်ဘီသံကိုနားယောင်..၊

ဆင်ခြင်တတ်တဲ့အချိန်ရောက်ကတည်းက..၊
ဆရာကြီးလေသံနဲ့
ငါတို့မရှိရင် တိုင်းပြည်ဘာဖြစ်မယ်ဆိုတဲ့ ..
တလွဲဆင်ခြင်မှုတွေ..၀င်ရောက်..၊

လုပ်တတ်ကိုင်တတ်တဲ့အရွယ်ရောက်ကတည်းက..
တိုင်းပြည်ကိုချစ်တယ်ဆိုပြီး..
ငါ့အတွက် ၉၉ % ၊ တိုင်းပြည်အတွက် ၁ %..
လုပ်တာတွေကို..အားကျ..၊

ဝယ်တတ်ခြမ်းတတ်တဲ့အရွယ်ရောက်ကတည်းက..
တိုင်းပြည်အတွက်ဆိုပြီး...
တန်ဘိုးအမှန် ၂၀ ၊ ပိုတင်တာ ၁၀၀..
တွေကို...လေးစား..၊

လုပ်ပိုင်ခွင့်ရှိတဲ့အရွယ်ရောက်ကတည်းက..၊
ပြည်သူ့အတွက်ဆောင်ရွက်တယ်..ဆိုပြီး..၊
လူသိတာ.. ၅၀ ၊ လူမသိတဲ့..Undertable ၅၀..
တွေကို....နှစ်ခြိုက်..၊

သူများပြောတာသာယာတတ်တဲ့အရွယ်ကတည်းက..၊
" မလွဲမရှောင်သာလို့လုပ်တာပါ..၊
မဖြစ်မနေမို့ လုပ်လိုက်တာပါ..၊
ဘယ်လို့မှ မလုပ်လို့မရလို့လုပ်တာပါ....."
ဆိုတဲ့နှမ်းဖြူးစကားတွေ၊.ပျားရည်နဲ့ဝမ်းချစကားတွေကို 
သာယာ..၊

ငါလုပ်ချင်လွန်းလို့မဟုတ်ဘူး..၊
လူမရှိလို့လုပ်တာ ...ဆိုတဲ့ တော်ကီတွေကိုလဲ..
ခုံမင်စွာ အားပေး.....၊

ပြည်သူကရွှေးကောက်တင်မြှောက်တယ်ဆိုပြီး..၊
ကြိုတင်မဲ.လိမ်မဲတွေနဲ့ လေးဘက်ပစ်ပြီး..
အာဏာရနေတာတွေကို.
အသားလွတ်..အထင်ကြီး....

----------------

ဒီလူတွေ..
ဒီလို ဟာမျိုးတွေကိုပဲ....၊
"ယဉ်ပါး"နေကြမှတော့..၊

ပါတီထောင်နိုင်ငံရေးလုပ်တဲ့သူက..
သမ္မတဖြစ်ချင်တယ်..လို့..
ပွင့်လင်းစွာနဲ့ပြောတာကို..
မှန်ကန်စွာ ကြေငြာတာကို..

အံသြတာတွေ..၊
လှောင်ပြောင်တာတွေ..၊
ဝေဘန်တာတွေ
မကြိုက်တာတွေ..
လုပ်နေကြတာ..

မဆန်းပါဘူးနော်..၊

ငိငိငိငိငိ...ငှိငှငှိ