Thursday, November 29, 2012

မြန်မာနိုင်ငံ၏ လက်ရှိ "အုပ်ချုပ်ရေး" အခြေနေ

နိုင်ငံ၏အုပ်ချုပ်ရေးတွင်ကား မတစ်ထောင် တစ်ကောင်ဖွား ကျားဆိုမှကျားဆိုသည့် စစ်တိုက်ဖို့ သင်ကြားပေးထားသောလူများက ဦး ဆောင်ကြ၏။ နေရာတကာတွင် သူတို့ဦးဆောင်၏။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် အထက်ပုဂ္ဂိုလ်အဖြစ်ဖြင့် အထက်က၀င်လာကြ၏။ အောက်က မ၀င်ချင့် ၀င်ချင်နှင့် ၀င်လာသောသူများလဲရှိ၏။ ဒရိုင်ဘာမှအစ နိုင်ငံ့ဥသျှောင်အထိ မင်းမူကြကုန်၏။ မည်သို့ မည်ပုံ ခိုးဝှက်ကြရ မည်ကို လက်ဆင့်ကမ်းကြ၏။ တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်ဖြင့် အလှည့်ကျခိုးကြလေကုန်၏။ မခန့်မှန်းနိုင်သော ငွေကြေးဥစ္စာဓနများကို ဘုန်းပြီးသကာလ ခုနှစ်ရက်တစ်ပတ် ဒုလ္လပဘုန်းကြီးပြောင်းရုံဖြင့် အနှောင့်အယှက်မရှိ လူထွက်နိုင်၏။ မိမိတို့နှင့် သဘောထားမတူညီသော လူများကို ကြူပင်ခုတ် ကြူငုတ်ပင်မကျန်အောင် နှိမ်နင်းကြ၏။ အောက်တန်းကျတာ နည်းနည်းမြင့်သေးတယ်ဟု ထင်မြင်ယူဆကြသော လူများ ရှိကြလေကုန်၏။

နောက်ဆုံးအနေဖြင့် အတည်မပြုနိုင်သေးသော သမိုင်းအထောက်အထားများအရ အုပ်ချုပ်သူ လူတန်းစားများကား အုပ်ချုပ်ရေးဘက်တွင် သာမက အလုံးစုံသောနေရာများတွင် နေရာယူဖို့ ကြိုးစားကြလေ၏။ နိုင်ငံ၏ မရှိဆင်းရဲသားများ လုပ်ကိုင်စားသောက်ရသည့် အိမ်သားကျင်း တူးသောလုပ်ငန်းများ၊ ဆိုက်က္ကားနင်းသောလုပ်ငန်းများ၊ ရေစည်လှည်းတွန်းသော လုပ်ငန်းများ၊ ခေါင်းရွက်ဗျက်ထိုးဈေးသည်များ အစရှိ သည့် အခြေခံလူတန်းစားလောကတွင်ပါ တွင်ကျယ်ဖို့ ကြိုးစားကြကုန်၏။ နိုင်ငံကာကွယ်ဖို့ လူသာမန်များ လုပ်နိုင်ခဲလှစွာသော စစ်ဗိုငလ်ကြီး များအား ထိုနယ်ပါယ်များတွင် နေရာယူနိုင်ရန်အတွက် အနာဂတ်မျိုးဆက်များကို မွေးထုတ်ဖို့ စာတွေ့ လက်တွေ့ သင်ကြားခဲ့ကြသည်ဟု ဆိုကြ၏။ ထိုသူတို့၏ ရည်ရွယ်ချက်မှာကား ရန်ကုန်တိုင်း အိမ်သာကျင်းတူး ၀န်ကြီး၊ မန္တလေးတိုင်း ဆိုက်က္ကားဥက္ကဌ၊ နေပြည်တော် ရေစည် လှည်းတွန်းအတွင်းရေးမှူး စသည်ဖြင့် ရည်ရွယ်ရင်း ရှိခဲ့ပုံရလေတော့သည်။

အသောက အသောက အသောက