Wednesday, November 28, 2012

ဖေ့ဘွတ်သတင်းလေးတစ်ပုဒ်ကြိုက်လို့ ရှယ်လိုက်တာ.. "လိုက်" လုပ်လိုက်တာနဲ့ ထောင်(၁၅)နှစ်ကျသွားနိုင်တဲ့ ဆက်သွယ်ရေးဥပဒေပါ

Like ရဲ့ ဥပဒေ
.......................
ဖေ့ဘွတ်သတင်းလေးတစ်ပုဒ်ကြိုက်လို့ ရှယ်လိုက်တာ..
"လိုက်" လုပ်လိုက်တာနဲ့ ထောင်(၁၅)နှစ်ကျသွားနိုင်တဲ့ ဆက်သွယ်ရေးဥပဒေပါဗျာ..၊
ကျွန်တော်တို့လို ပြုပြင်ရေးသတင်းတွေ ဆောင်းပါးတွေ ကာတွန်းတွေဆိုရင် ထောင်တစ်သက် လွတ်ရက်မရှိ ဖြစ်ကြရတော့မှာပါ၊ဒီမိုကရေစီရေး၊လွတ်လပ်စွာ ဝေဖန်ခွင့်၊လွတ်လပ်စွာ ဆန္ဒဖေါ်ထုတ်ခွင့်၊လွတ်လပ်စွာ မျှဝေခွင့်တွေကို ထိခိုက်လာပြီဆိုကို မြန်မာ့ဒီမိုကရေဒီရေး လုပ်ဆောင်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ပါတီ အဖွဲ့အစည်းတွေ ကျွန်တော်တို့လို အွန်လိုင်းမီဒီယာသမားများကိုယ်စား ကန့်ကွက်ပေးသင့်ပါတယ်..။

သတင်းစာထဲကြေငြာထားတဲ့ ဆက်သွယ်ရေး ဥပဒေမူကြမ်း .............
(က) နိုင်ငံတော်၏ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး နှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှူ ကို ထိခိုက်စေမည့် ပြုလုပ်မှူ တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း။
(ခ) နိုင်ငံတော်၏ လုံးခြုံရေး ၊ တရားဥပဒေစိုးမိုးရေး နှင့် နယ်မြေအေးချမ်းသာယာရေး၊တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊နိုင်ငံတော်၏စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှူနှင့် စပ်လျဉ်းသည့် နိုင်ငံတော် လျှို့ဝှက်ချက်နှင့် သက်ဆိုင်သော သတင်းအချက်အလက် တစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း။
ကျူးလွန်တဲ့သူကို ထောင်ဒါဏ်(၃)နှစ်ကနေ (၁၅)နှစ် တဲ့။

....နောက်ထပ် အဲဒီအခန်းမှာပဲ ပုဒ်မ ၆၆ မှာ
(က) မမှန်ကန်သော သတင်းအချက်အလက်များ ကို မရိုးမဖြောင့် သဘောဖြင့် လက်ခံခြင်း ၊ ပို့လွှင့်ခြင်း ၊ ဖမ်းယူခြင်း ၊ ဆက်သွယ်ခြင်း ၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း ၊ သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း ။
(ခ) မိမိနှင့် မသက်ဆိုင်သော သတင်းအချက်အလက်ကို မရိုးမဖြောင့် သောသဘောဖြင့် ခွင့်ပြုချက်မရှိဘဲ လက်ခံခြင်း ၊ ကြားဖြတ်ဖမ်းယူခြင်း ၊ ပို့လွင့်ခြင်း ၊ ထုတ်လွင့်ခြင်း ၊ ဆက်သွယ်ခြင်း ၊ ဖြန့်ချိခြင်း နှင့် ပေးဝေခြင်း ။
၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်နိုင်တဲ့ ပြစ်မှူများဖြစ်ပါတယ်၊

ကပ္ပိယ သာဂိ ( ၂၈.၁၁.၂၀၁၂ )..ကို မှီငြမ်းပါတယ်...(ဟာဂျူလီ-ကသာ)